
Pages
Thursday, July 11, 2019
ချောင်းရေကြီး မှုကြောင့်ပျက်စီးခဲ့သည့် တောင်ငူမြို့နယ်၊ အင်တဲကျေးရွာရှိ ချောင်းဖြူချောင်း တာပေါင်အား ပြန်လည် ပြုပြင်

ဖမ်းဆီးခံ တပ်ဖွဲ့ ဝင်များကို လွှတ်ပေးသဖြင့် ကျေးဇူးတင်ဟု RCSS ပြော
ဖမ်းဆီးခံ၊ အကျဉ်းကျခံနေရသော တပ်ဖွဲ့ဝင်များ၊ ကျေးလက်ပြည်သူ စုစုပေါင်း ၃၀ ခန့်ကို အစိုးရ လွတ်ငြိမ်းခွင့် ပေးလိုက်သဖြင့် ကျေးဇူးတင်ကြောင်း ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)မှ ဗိုလ်ချုပ် ဘောင်ခေးက ယနေ့ နေပြည်တော်တွင် ပြောသည်။ အစိုးရ၏ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) နှင့် RCSS တို့ကြား ယနေ့ တွေ့ ဆုံပွဲတခုကို နေပြည်တော်ရှိ NRPC ရုံးတွင် ပြုလုပ်ခဲ့ရာ RCSS ကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဘောင်ခေးက အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။
ထိုင်းမြန်မာနယ်စပ်မှာ ထိုင်းရဲတပ်ဖွဲ့ နှင့် မူးယစ်ဂိုဏ်း တိုက်ပွဲဖြစ်ရာဘ စိတ်ကြွဆေးပြား (၅)သန်း ဖမ်းမိ


ရေကြည်မြို့နယ်၌ ကြပ်တိုက်ထားသော ဆင်သရေ (၅၂)ပိသာနှင့် တရားခံ နှစ်ဦးဖမ်းမိ
ဗုဒ္ဓဘာသာ ကမ္ဘာသို့ပြန့်ပွားစေရန် နိုင်ငံပေါင်း ၁၂နိုင်ငံပူးပေါင်းထားသည့် အာရှဗုဒ္ဓဘာသာအသင်းချုပ်ရုံးအား ရန်ကုန်တွင် ဖွင့်လှစ်

ဂျိုလိုကျွန်း ဗုံးခွဲမှုဟာ ဖိလစ်ပိုင်လူမျိုး ပထမဆုံး ပါဝင်တဲ့ အသေခံတိုက်ခိုက်မှုလို့ စစ်တပ် ပြော
ဖိလစ်ပိုင်နိုင်ငံမှာ ပြီးခဲ့တဲ့လက ဖြစ်ပွားခဲ့တဲ့ အသေခံဗုံးခွဲတိုက်ခိုက်မှုဟာ ပထမဆုံး ဖိလစ်ပိုင်လူမျိုး အသေခံ ဗုံးခွဲသမားတွေရဲ့လုပ်ရပ်ဖြစ်တယ်လို့ လုံခြုံရေးတပ်ဖွဲ့က ပြောဆိုပြီး၊ ရှေ့မှာ အစ္စလာမ်မစ် အစွန်းရောက်တွေက အခုလို လုပ်ရပ်မျိုးတွေ ဖော်ဆောင်လာဖွယ်ရှိကြောင်း သတိပေးလိုက်ပါတယ်။ ဇွန်လ ၂၈ ရက်နေ့က နိုင်ငံတောင်ပိုင်း ဂျိုလိုကျွန်းပေါ်က စစ်တပ်စခန်းတစ်ခုအနီးမှာ ဖိလစ်ပိုင်နိုင်ငံသားနှစ်ဦးက အသေခံဗုံးခွဲခဲ့ကြလို့ စစ်သား ၃ ဦးနဲ့ အရပ်သား ၂ ဦး သေဆုံးခဲ့ပါတယ်။
တောင်ကြီးမြို့ အမျိုးသမီးနှင့်ကလေး ဆေးရုံကြီးတွင် H1N1 လူနာ ၂ ဦးတွေ့ရှိ
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ အမျိုးသမီးနဲ့ ကလေးဆေးရုံကြီးမှာ ရာသီတုပ်ကွေးရောဂါ H1N1 positive လူနာ ၂ ဦးတွေ့ရှိတယ်လို့ ဇူလိုင် ၁၀ ရက်က ရှမ်းပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ဒီဗွီဘီကို ပြောပါတယ်။ ဇူလိုင် ၉ ရက်က ၆ နှစ်အရွယ်ကလေးငယ်တဦး ရောဂါဖြစ်ပွားတာ စတင်တွေ့ရှိပြီး ဇူလိုင် ၁၀ ရက်မှာ မောင်နှမချင်းကူးစက်တဲ့အတွက် နောက်ထပ် ကလေးငယ် တဦးမှာ ရောဂါ ထပ်မံတွေ့ရှိတာ ဖြစ်ပါတယ်။ ရှမ်းပြည်နယ် တခုလုံးမှာတော့ H1N1 positive လူနာ ၇ ဦးတွေ့ရှိထားတယ်လို့ ရှမ်းပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ပြောပါတယ်။
တက္ကသိုလ်များလွတ်လပ်စွာလုပ်ပိုင်ခွင့်ရရှိရန် ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း
ပြည်နယ်တိုင်း ၅ ခုတွင် မိုးရွာသဖြင့် နေအိမ်၊ ကျောင်းနှင့် လမ်းတံတားများ ပျက်စီးဆုံးရှုံး
ယူကရိန်းနှင့် နေတိုး ကမ်းတက်မရိမ်းတပ် စစ်ရေးလေ့ကျင့်
ယူကရိန်းနဲ့ နေတိုး ကမ်းတက် မရိမ်းတပ်တွေဟာ ယူကရိန်းနိုင်ငံ တောင်ပိုင်းက ကမ်းခြေနဲ့ ပင်လယ်ပြင်တွေမှာ ဆက်ပြီး စစ်ရေးလေ့ကျင့်နေပါတယ်။ “Sea Breeze 2019” လို့ နာမည်ပေးထားတဲ့ နိုင်ငံပေါင်းစုံ ပူးတွဲ စစ်ရေးလေ့ကျင့်မှုမှာ နိုင်ငံပေါင်း ၁၉ နိုင်ငံက စစ်သည် အယောက် ၃၀၀၀ ကျော်၊ စစ်သင်္ဘော ၃၃ စီးနဲ့ လေယာဉ် ၂၆ စီးတို့ ပါဝင် လေ့ကျင့်နေတာပါ။ ယူကရိန်းနိုင်ငံရဲ့ ပင်လယ်နက်ဆိပ်ကမ်းမြို့ သြဒက်စာမှာ ဇူလိုင် ၁ ရက်ကနေ ၁၂ ရက်ထိ လေ့ကျင့်နေတဲ့ စစ်ရေးလေ့ကျင့်မှုလည်း ဖြစ်ပါတယ်။
RCSS နှင့် အစိုးရတွေ့ဆုံဆွေးနွေး၊ ငြိမ်းချမ်းရေးလမ်းစဉ် သွေဖည်သွားအောင်လုပ်နေသူများကို သတိပေး
အစိုးရရဲ့ဦးဆောင်မှုနဲ့လုပ်နေတဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို လမ်းကြောင်းမှန်ကနေ သွေဖည်သွားအောင် လုပ်ဆောင်နေသူတွေရှိနေတယ်လို့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ဒုဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက ပြောပါတယ်။ ဇူလိုင် ၁၁ ရက်က နေပြည်တော်ရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန အဆောက်အအုံမှာ ပြုလုပ်တဲ့ ရှမ်းပြည်တပ်မတော်တောင်ပိုင်း SSA/ RCSS အဖွဲ့တာဝန်ရှိသူတွေနဲ့ တွေ့ဆုံတဲ့ အစည်းအဝေး အဖွင့် အမှာစကား ပြောကြားစဉ်မှာ ပြောဆိုခဲ့တာပါ။
မြောက်ကိုရီးယား အလုပ်သမားပါတီ တာဝန်ရှိသူများ တရုတ်နိုင်ငံသို့ သွားရောက်
အာဖရိကဒေသတွင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ရန်ပုံငွေထောက်ပံ့ရန် ကုလအတွင်းရေးမှူးချုပ် တောင်းဆို
အာဖရိကဒေသမှာ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး စီမံကိန်းအတွက် ရန်ပုံငွေများများ ထောက်ပံ့ကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ဇူလိုင် ၁၀ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။ ဒါပေမယ့် အာဖရိက အစိုးရတွေ အနေနဲ့လည်း ဆင်းရဲနွမ်းပါးမှု၊ ဖိနှိပ်မှုနဲ့ လျစ်လျူရှုမှုတွေကို ပိုပြီး လျှော့ချသင့်တယ်လို့ ဂူတာရက်စ်က ဆက်ပြောခဲ့ပါတယ်။ ဟာကွက်တွေကြောင့်မဟုတ်ဘဲ ပြည်တွင်းပဋိပက္ခတွေနဲ့ အာဏာ အလွဲသုံးစားမှုတွေကြောင့် အကြမ်းဖက်ဝါဒတွေ ပေါ်ပေါက်လာလေ့ ရှိတယ်လို့လည်း ဂူတာရက်စ်က ထောက်ပြ ဝေဖန်ခဲ့ပါတယ်။
ဘန်ကောက်တွင် အရက်မူးပြီးအိပ်နေသည့် မြန်မာ ၁ ဦး ကားကြိတ်ခံရပြီး သေဆုံး
ထိုင်းနိုင်ငံ၊ ဘန်ကောက်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက အရက်မူးပြီး သူများအိမ်ရှေ့မှာ သွားအိပ်နေ တဲ့ မြန်မာအလုပ်သမား ၁ ဦး ကားကြိတ်ခံရလို့ သေဆုံးသွားပါတယ်။ ဘန်ကောက် ခန်းနားယောင်းနယ်မြေရဲစခန်းက အများပြည်သူကို ဖွင့်ပြလိုက်တဲ့ စီစီတီဗွီကင်မရာထဲမှာ ဇူလိုင် ၈ ရက် ညနေ ၅ နာရီ ၁၀ မိနစ်အချိန် ရာမ်းအင်ထရာလမ်း အိမ်အမှတ် ၇၉/၈ ရှေ့မှာ လူတယောက် မှောက်လျက်အနေအထားနဲ့ အိပ်နေတာ မြင်တွေ့ရပါတယ်။
ရေနံတင်သင်္ဘော သိမ်းယူခဲ့မှု နောက်ဆက်တွဲအကျိုးဆက် ရင်ဆိုင်ရမည်ဟု ဗြိတိန်ကို အီရန် ပြော
ဗြိတိန်အစိုးရအနေနဲ့ အီရန် ရေနံတင်သင်္ဘောကို သိမ်းယူခဲ့တာနဲ့ ပတ်သက်ပြီး နောက်ဆက်တွဲ အကျိုးဆက်တွေ ရင်ဆိုင်ရမယ်လို့ အီရန်သမ္မတ ဟာဆန် ရိုဟာနီက ဇူလိုင် ၁၀ ရက်နေ့မှာ ပြောပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်က စပိန်နိုင်ငံတောင်ဘက်ပိုင်းက ဗြိတိန်ပိုင် ဂျီဘရော်တာကျွန်း ရေပြင်မှာ ခုတ်မောင်းလာတဲ့ အီရန်ရေနံတင်သင်္ဘောကို ဗြိတိန်ရေတပ်က သိမ်းဆည်းခဲ့တာပါ။ အီရန်နိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ဒဏ်ခတ်မှု စည်းမျဉ်းချိုးဖောက်ပြီး ဆီးရီးယားနိုင်ငံကို ရေနံတင်ပို့ဖို့ ကြိုးစားတယ်ဆိုတဲ့ သံသယကြောင့် အခုလို အသိမ်းခံခဲ့ရတာပါ။
ရေနံထွက်ကုန်ထုတ်လုပ်မှု လျှော့ချရေးက ဈေးနှုန်းတည်ငြိမ်ရေး ကူညီနိုင်မည်ဟု အီရတ် ပြော
ရေနံရောင်းချတဲ့ နိုင်ငံများအသင်း အိုပက်အဖွဲ့ဝင် နိုင်ငံတွေအကြား ရေနံထွက်ကုန် ထုတ်လုပ်မှုကို ၂၀၂၀ မတ်လကုန်ထိ လျှော့ချရေး သဘောတူညီချက်ဟာ ဈေးနှုန်းမတည်ငြိမ်မှုကို ရင်ဆိုင်ပြီး ဈေးကွက်ကို တည်ငြိမ်အောင်လုပ်ရာမှာ ကူညီလိမ့်မယ်လို့ အီရတ် ရေနံဝန်ကြီးက ဇူလိုင် ၁၀ ရက်မှာ ပြောပါတယ်။ အီရတ်မြို့တော် ဘဂ္ဂဒက်က စွမ်းအင်ညီလာခံအတွင်း အခုလို ပြောလိုက်တာပါ။
မြစ်ကြီးနားမြို့ ဧရာဝတီ မြစ်ရေ မြင့်တက်မှု အနည်းငယ် ကျဆင်းလာ
မြစ်ကြီးနားမြို့တွင် ဧရာဝတီမြစ်ရေ မြင့်တက်လာမှု ယနေ့ ဇူလိုင် ၁ရက် နေ့လယ် ၁၂ နာရီခွဲ တိုင်းတာချက်အရ ၁၁၃၇ စင်တီမီတာ ရှိပြီ အနည်းငယ် စတင်ကျဆင်းလာကြောင်း သိရသည်။ ယမန်နေ့ ဇူလိုင် ၁၀ ရက်နေ့ ည ၁၂နာရီအချိန်ကရေအမှတ် ၁၁၅၁ အထိ အမြင့်ဆုံး ရောက်ရှိခဲ့ရာ ယနေ့ နေ့လယ် ၁၂ နာရီ ခွဲ တိုင်းတာချက်အရ ၁၁၃၇ အထိ ကျဆင်းခဲ့ကြောင်း ကချင်ပြည်နယ် မိုးလေ၀သ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန မှ ဦးစီးအရာရှိ ဦးနိုင်လင်းထွေးမှသိရသည်။
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ 11 July 2019
ပေါ်ဆန်း (စပါး)
ဒေးဒရဲကုန်စည်ဒိုင်မှာ ပေါ်ဆန်း (စပါး) တင်း ၁၀၀ ကို ၈၉၃၀၀၀ ပေါက်ဈေးရှိပြီး ၁၇၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ဖျာပုံကုန်စည်ဒိုင်မှာ ပေါ်ဆန်း (စပါး) တင်း ၁၀၀ ကို ၉၀၂၀၀၀ ပေါက်ဈေးရှိပြီး ၁၈၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ဒေးဒရဲနဲ့ ဖျာပုံကုန်စည်ဒိုင် ၉၀၀၀ ကျပ် ဈေးကွာခြားပါတယ်။
ဧည့်မထ (ဆန်)
ပုသိမ်ကုန်စည်ဒိုင်မှာ ဧည့်မထ (ဆန်) တအိတ်ကို ၂၄၅၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ် ဈေးတက်လာပါတယ်။ မြောင်းမြကုန်စည်ဒိုင်မှာ ဧည့်မထ (ဆန်) တအိတ်ကို ၂၄၀၀၀ ပေါက်ဈေးရှိပါတယ်။ ပုသိမ်နဲ့ မြောင်းမြကုန်စည်ဒိုင် ၅၀၀ ကျပ် ဈေးကွာခြားပါတယ်။
ဒေးဒရဲကုန်စည်ဒိုင်မှာ ပေါ်ဆန်း (စပါး) တင်း ၁၀၀ ကို ၈၉၃၀၀၀ ပေါက်ဈေးရှိပြီး ၁၇၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ဖျာပုံကုန်စည်ဒိုင်မှာ ပေါ်ဆန်း (စပါး) တင်း ၁၀၀ ကို ၉၀၂၀၀၀ ပေါက်ဈေးရှိပြီး ၁၈၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ဒေးဒရဲနဲ့ ဖျာပုံကုန်စည်ဒိုင် ၉၀၀၀ ကျပ် ဈေးကွာခြားပါတယ်။
ဧည့်မထ (ဆန်)
ပုသိမ်ကုန်စည်ဒိုင်မှာ ဧည့်မထ (ဆန်) တအိတ်ကို ၂၄၅၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ် ဈေးတက်လာပါတယ်။ မြောင်းမြကုန်စည်ဒိုင်မှာ ဧည့်မထ (ဆန်) တအိတ်ကို ၂၄၀၀၀ ပေါက်ဈေးရှိပါတယ်။ ပုသိမ်နဲ့ မြောင်းမြကုန်စည်ဒိုင် ၅၀၀ ကျပ် ဈေးကွာခြားပါတယ်။
တအန်းလူမျိုးများအပေါ် RCSS က ငါးနှစ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှု ၆၂ မှုရှိ
တအန်း(ပလောင်) လူမျိုးများအပေါ် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS က ၂၀၁၅ ခုနှစ်မှ ၂၀၁၉ ဇွန်လ အတွင်း လူ့အခွင့်အရေးချိုးဖောက်မှု (၆၂) မှုရှိပြီး နစ်နာသူ(၁၇၃) ဦးရှိသည် ဟု တအန်းလူ့အခွင့်အရေးဆိုင်ရာကွန်ရက်ကပြောသည်။ တအန်းလူ့အခွင့်အရေးဆိုင်ရာကွန်ရက်၏ RCSS ၏ လူ့အခွင့်အရေးချိုးဖောက်မှုများ အစီရင်ခံစာ ကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့၊ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီတွင်ပြုလုပ်ခဲ့သည်။
လှိုင်သာယာမြို့နယ်အတွင်း လူဦးရေ တွက်ဆမှုအရ စက်မှုဇုန်များတွင် နယ်မြေရဲစခန်း တစ်ခုနှင့် ရဲကင်းတစ်ခု ထပ်မံတည်ဆောက်ရန် ဖွဲ့စည်းပုံ ချမှတ်ထားကြောင်း လုံ/နယ်ဝန်ကြီး ပြောကြား
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်အတွင်း လူဦးရေ တွက်ဆမှုအရ စက်မှုဇုန်များတွင် နယ်မြေရဲစခန်း တစ်ခုနှင့် ရဲကင်းတစ်ခု ထပ်မံတည်ဆောက်ရန် ဖွဲ့စည်းပုံ ချမှတ်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်စိုးမိုးက ဇူလိုင် ၁၀ ရက်တွင် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန် အစည်းအဝေး ၁၃ ရက်မြောက်နေ့တွင် ပြောကြားသည်။
စည်းကမ်းမဲ့ယာဉ်များ ဖမ်းဆီးရာတွင် ဝန်ထမ်းအချို့က ဒဏ်ကြေးများ လျှော့ပေါ့တောင်းယူပြီး ゞင်းတို့၏အိတ်ထဲ ရောက်ရှိနေသဖြင့် နိုင်ငံတော်ဘဏ္ဍဍာငွေ နစ်နာကြောင်း လွှတ်တော်ကိုယ်စားလှယ် ပြောကြား
စည်းကမ်းမဲ့ယာဉ်များ ဖမ်းဆီးရာတွင် ဝန်ထမ်းအချို့မှ ဒဏ်ကြေးလျှော့ပေါ့ တောင်းယူပြီး ゞင်းတို့၏အိတ်ထဲ ရောက်ရှိနေသဖြင့် နိုင်ငံတော်ဘဏ္ဍဍာငွေ နစ်နာကြောင်း မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ၁၁ ရက်မြောက်နေ့ အစည်းအဝေး၌ မေးမြန်းစဉ် ယင်းကဲ့သို့ ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။
အွန်လိုင်းပေါ်တွင် ပျံ့နှံ့ခဲ့သော နျူကလီးယားဓာတ်ပေါင်းဖို ထုတ်လုပ်နိုင်ရန် ကြိုးစားဟူသောစကားမှာ Official စကားမဟုတ်ကြောင်း ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ပြောကြား
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်က စဉ့်လုပ်ငန်းရှင်အား နျူကလီးယားဓာတ်ပေါင်းဖို ထုတ်လုပ်နိုင်ရန် ကြိုးစားခိုင်းဟု ခေါင်းစဉ်ဖြင့် အွန်လိုင်း Page တစ်ခုက ဖော်ပြလိုက်သောသတင်းမှာ အွန်လိုင်းပေါ်တွင် ချက်ချင်းပျံ့နှံ့ခဲ့ပြီး အဆိုပါပြောဆိုမှုမှာ Officail စကားမဟုတ်ဘဲ ရင်းနှီးစွာပြောဆိုသော စကားသာဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်က ပြောကြားသည်။
မိုင်းအန္တရာယ်ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုးခုတွင် သေဆုံးမှုနှင့် ဒဏ်ရာရရှိမှုများ ဆက်တိုက်ရှိနေပြီး ရခိုင်ပြည်နယ်၌ အမြင့်ဆုံးဖြစ်ဟုဆို
မိုင်းအန္တရာယ်ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုးခုတွင် သေဆုံးမှုနှင့် ဒဏ်ရာရရှိမှုများ ဆက်တိုက်ရှိနေပြီး ရခိုင်ပြည်နယ်တွင် အမြင့်ဆုံးဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းက ပြောကြားသည်။ ဇူလိုင် ၁၀ ရက်က နေပြည်တော်ရှိ မင်္ဂ္လာသီရိဟိုတယ်တွင် ပြုလုပ်သည့် မိုင်းအန္တရာယ် အသိပညာပေးရေးလုပ်ငန်းအဖွဲ့၏ ၂၁ ကြိမ်မြောက် ပုံမှန်ညှိနှိုင်းအစည်းအဝေးတွင် ပြန်လည်ထူထောင်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းက သတင်းမီဒီယာများ၏ မေးမြန်းမှုကို အထက်ပါကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
မဟာအောင်မြေ ကျောက်မျက်ရတနာ ဈေးအတွင်း အင်တာနက် ဝန်ဆောင်မှုအတွက် ဆက်သွယ်ရေး ကုမ္ပဏီများအား တင်ဒါခေါ်မည်

မန္တလေးတွင် ကျူးကျော်နေအိမ် ၂၅၀ ကျော်အား စည်ပင်နှင့်ရဲတပ်ဖွဲ့မှ အင်အားသုံးဖျက်သိမ်းရာမှ ဒေသခံများနှင့် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့မှ သေနတ်ပစ်ဖောက်ထိန်းသိမ်းခဲ့ရကာ ရဲတပ်ဖွဲ့ဝင် ငါးဦးခန့်နှင့် ဒေသခံအချို့ ထိခိုက်ဒဏ်ရာရ


တရုတ်နိုင်ငံဘက် နာနတ်သီးတင်ပို့ ရောင်းချခွင့်ရရှိရန် ရှမ်းတောင်သူများ တောင်းဆို
နာနတ်သီးဝယ်ယူမှုကို တရုတ်နိုင်ငံဘက်ကနေ ပိတ်ဆို့လိုက်တဲ့အတွက် ရှမ်းပြည်နယ်မြောက်ပိုင်းက နာနတ်စိုက် တောင်သူတွေ ဒုက္ခရောက်နေပြီး ဒီပြဿနာကို နှစ်နိုင်ငံ တာဝန်ရှိသူတွေ ညှိနှိုင်းဖြေရှင်းပေးဖို့ တောင်သူတွေက တိုက်တွန်းလိုက်ပါတယ်။ သီပေါ၊ လားရှိုးနဲ့ တန့်ယန်းမြို့နယ်တွေမှာ နာနတ်နဲ့ ပြောင်းသီးနှံတွေကို အဓိက စိုက်ပျိုး ကြတာဖြစ်ပြီး တရုတ်နိုင်ငံနယ်စပ်ကနေ လွန်ခဲ့တဲ့ ၁၀ နှစ်ခန့်က စတင်ပြီး တနှစ်ကို ခန့်မှန်း တန်ချိန် ၃၀၀၀၀ ခန့်အထိ တင်ပို့ရောင်းချနေကြတာပါ။
ဂန့်ဂေါမြို့နယ်တွင် အင်ကြင်းကျောက်များ တရားမ၀င် တူးဖော်သယ်ယူ ရောင်းဝယ်နေ
လူကုန်ကူးသူများက နာမည်ပျက်ရှိသည့် ကလေးများနှင့် ကလေးမွေးဖူးသူများကို ပစ်မှတ်ထားလာ
လူကုန်ကူးသူတွေဟာ ရပ်ရွာအတွင်း နာမည်ပျက်ရှိတဲ့ ကလေးငယ်တွေနဲ့ ကလေးမွေး ဖူးတဲ့ အမျိုးသမီးတွေကို ပြောင်းလဲပစ်မှတ်ထားလာကြတယ်လို့ ပြန်လည်ထူထောင်ရေး ဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းက ပြောပါတယ်။ ဇူလိုင်လ ၁၀ ရက်က နေပြည်တော်မှာ ကျင်းပတဲ့ လူကုန်ကူးမှုနဲ့ သက်ဆိုင်တဲ့ကိစ္စရပ်များ စီမံဆောင်ရွက်ခြင်းနှင့် တရားစွဲဆိုခြင်းဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းမှာ ပြောသွားတာပါ။
လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရသည့် ကလေးများအတွက် တရားရုံးစရိတ်နှင့် လူမှုကူညီထောက်ပံ့မှု ဒီချုပ်ရုံးများတွင် ရယူနိုင်ဟုဆို
လိင်ပိုင်းဆိုင်ရာ ကျူး လွန်ခံရသည့် ကလေးများအတွက် တရားရုံးကုန်ကျစရိတ်နှင့် လူမှု ရေးထောက်ပံ့မှုများကို တိုင်းနှင့် ပြည်နယ် အသီးသီးရှိကော်မတီ ခွဲများတွင် အသိပေးအကူအညီ တောင်းခံနိုင်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအမျိုးသမီး လုပ်ငန်းကော်မတီဥက္ကဋ္ဌဒေါက်တာမေ၀င်းမြင့်က ပြောသည်။ေ ငွကြေး ထောက်ပံ့နိုင်ရန် ရန်ပုံငွေဆိုင်ရာ ဘဏ်အကောင့် တစ်ခုကို ဒီချုပ်ဗဟိုအမျိုးသမီး လုပ်ငန်းကော်မတီဝင်များ၏ ကမ ကထပြုထည့်သွင်းမှုဖြင့် ဖွင့်လှစ် ထားကြောင်း ၎င်းကပြောသည်။
ဦးဝီရသူ အမှုလာရောက်ရင်ဆိုင်ရန် မစိုးရိမ်တိုက်သစ်တွင် ဝရမ်းကပ်၊ နာရီပိုင်းအတွင်း ၀ရမ်းကြက်ခြေခတ်ခံရ
မန္တလေးမြို့ မဟာအောင်မြေမြို့နယ် စိန်းပန်းရပ်ကွက်ရှိ မစိုးရိမ်တိုက်သစ် ကျောင်းတိုက်အရှေ့၊ ကျောင်းတိုက်ဝင်းအတွင်းရှိ ဦးဝီရသူဖောင်ဒေးရှင်းရုံးခန်းအရှေ့ နှင့် စိန်ပန်းအုပ်ချုပ်ရေးမှူးရုံး နေရာ (၃)နေရာတွင် နိုင်ငံတော်အကြည်အညိပျက်စေမှုဖြင့် တရားစွဲဆိုခြင်းခံထားရသူ ဦးဝီရသူအနေဖြင့် လာရောက်အမှုရင်ဆိုင်ရန် တရားရုံးကြေညာချက်(အရပ်အခေါ် ၀ရမ်း)ကပ်ခြင်းကို ဇူလိုင် ၁၁ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ “ဖမ်းဝရမ်း ချိတ်ပိတ်တာမျိုးမဟုတ်ပါဘူး။ ဆရာတော် ဝီရသူကို လာရောက်ရင်ဆိုင်ဖြေရှင်းစေရန်အတွက်ပါ”ဟု တာဝန်ရှိသူတဦးက ပြောသည်။
ရွှေတိဂုံစေတီတော်၌ တရုတ်နိုင်ငံသား ၁ ဦးမှ Drone ယာဉ် ၁ စင်း လွှတ်တင်၍ သိမ်းဆည်းပြီး ကျူးလွန်သူကို အရေးယူခြင်းမရှိ
ရွှေတိဂုံစေတီတော်၌ တရုတ်နိုင်ငံသား ၁ ဦးမှ Drone ယာဉ် ၁ စင်း လွှတ်တင်၍ သိမ်းဆည်းထားကြောင်း ဇူလိုင်(၁၁)ရက်၌ ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်လိုက်သည်။ ဒဂုံမြို့နယ်၊ ရွှေတိဂုံစေတီတော်လုံခြုံရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် စေတီတော်လုံခြုံရေးတာဝန်ကျ ဦးတင်အောင်မိုးတို့ ပါဝင်သောပူးပေါင်းအဖွဲ့သည် ရွှေတိဂုံစေတီတော် အရှေ့ဘက် ဓါတ်လှေကားထိပ်၌ DJL Mavic Air အမျိုးအစား Drone ယာဉ် ၁ စင်း လွှတ်တင်နေသော တရုတ်နိုင်ငံသား Wu Ru(၃၀)နှစ်အား တွေ့ရှိခဲ့သည်။ ထို့အတူ Drone ယာဉ် ၁ စင်း၊ မန်မိုရီစတစ် 64 GB ၁ ခု၊ Battery ၂ ခု၊ ရီမု ၁ ခု တို့အား သိမ်းဆည်းခဲ့ပြီး ၎င်းအား ခေါ်ယူမေးမြန်းခဲ့ရာ စေတီတော်သို့ ဘုရားလာဖူးစဉ် Drone ယာဉ်ဖြင့် အပျော်တမ်းမှတ်တမ်းတင် ဗီဒီယိုရိုက်ကူးခြင်းဖြစ်ကြောင်း သိရှိရ၍ အလားတူ နောက်နောင် ထပ်မံမပြုလုပ်ရန် ရှင်းလင်းပြောကြားပြီးနောက် ပြန်လည်စေလွှတ်ခဲ့သည်။
ရခိုင်မှာ မိုးရွာသွန်းမှုကြောင့် လေးမြို့မြစ်ရေ စိုးရိမ်ရေမှတ်ကျော်လွန်
ရခိုင်ပြည်နယ်မှာ မိုးရွာသွန်းမှုများနေတာကြောင့် လေးမြို့မြစ်ရေဟာ ဒီနေ့မနက်ပိုင်းအထိ စိုးရိမ်ရေမှတ်အထက် ၁ ပေခန့်ထိမြင့်တက်နေတယ်လို့ မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမောင်သာစိန်က RFA ကို ပြောပါတယ်။ မိုးဆက်ရွာရင် ထပ်ပြီးမြင့်တက်လာနိုင်ခြေရှိတာကြောင့် ရေတက်လာရင် ကုန်းမြင့်တွေကို အရေးပေါ် ပြောင်းရွှေ့ဖို့ ရပ်ကျေးရွာအုပ်ချုပ်ရေးမှူးတွေကနေတဆင့် ညွှန်ကြားပြီး နှိုးဆော်ထားတယ်လို့လည်း ပြောပါတယ်။
အငှားယာဉ်မောင်းအား ကာရာအိုကေအခန်းတွင်းထားခဲ့ကာ ကားခိုးယူသွားသူကို ဖော်ထုတ်ဖမ်းဆီး
အမှုမှာ ၉-၇-၂၀၁၉ ရက်နေ့ ည(၈)နာရီ အချိန်ခန့်တွင် တရားလို ကို----သည် YGN FF/---- Fielder ခဲရောင်(အငှားယာဉ်)အား ဗဟန်းမြို့နယ်၊ အနောက်မြင်းပြိုင်ကွင်းလမ်းအတိုင်းမောင်းနှင်လာစဉ် တာမွေမီးပွိုင့်အနီးအရောက် အမျိုးသားတစ်ဦးမှ ကားငှားသဖြင့်ရပ်ပေးခဲ့ကြောင်း၊ အဆိုပါ အမျိုးသားမှ ကားအား(၅)နာရီခန့် အသုံးပြုမည်ဖြစ်ကြောင်းနှင့် ကလပ်သို့သွားမည်ဖြစ်ကြောင်းပြောကာ ငှားသဖြင့် လိုက်ပါခဲ့ကြောင်း၊ ကားငှားသူအမျိုးသားမှာ ကားပေါ်အရောက်တွင် အမည်မသိအမျိုးသမီးတစ်ဦးထံ ဖုန်းဆက်ပြီး မိန်းကလေး(၂)ဦးအား ခေါ်ဆောင်ရန်အတွက် ကျားကွက်သစ်ရပ်ကွက်သို့ မောင်းခိုင်းခဲ့ကြောင်း၊
မလေးရှားတွင် ဒုက္ခသည်အတု ဖန်တီး၍ ဘင်္ဂါလီများကို လူမှောင်ခိုသွင်းနေ
ကုလသမဂ္ဂ၏ ဒုက္ခသည်အကူအညီပေးရေးဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်သော UNHCR ၏ ကတ်ပြားအတုများဖြင့် ဘင်္ဂါလီ ( မူရင်းရိုဟင်ဂျာဟုဖော်ပြ ) များအား မလေးရှားနိုင်ငံအတွင်းသို့ လူမှောင်ခိုသွင်းလျက်ရှိသည်ကို နိုင်ငံတစ်ဝှမ်း ၃ နေရာ၌ ရဲတပ်ဖွဲ့က ၀င်ရောက်စီးနင်းစဉ် ဖော်ထုတ် နိုင်ခဲ့သည်ဟု မလေးရှားအခြေစိုက် Star Online က ယမန်နေ့ ရေးသားသည်။ြေ မာက် ဆာဘာရမ်းပီရိုင်တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးရမိသော ဘင်္ဂါလီ ၅ ဦးတို့အနက် ၂ ဦးမှာ လူကုန်ကူးသူများဟု သံသယရှိပြီး၊ လူကုန်ကူးခံရသူ ဘင်္ဂါလီ ၂ ဦး၊ UNHCR ကတ်ပြားအတုများနှင့် ကတ်ပြားဖြန့်ဝေသူ ဒုက္ခသည် အကူအညီပေးရေး အေးဂျင့်အတု တစ်ဦးကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း မလေးရှား ပီနန်ရဲတပ်ဖွဲ့၏ ဗုဒ္ဓဟူးနေ့ သတင်းထုတ်ပြန်ချက်၌ ပါရှိသည်။
မန္တလေးမြို့တွင် ကျူးကျော်ရှင်းလင်းရာမှ ရုန်းရင်းဆန်ခတ်ဖြစ်ပွားပြီး ရဲတပ်ဖွဲ့ဝင်အချို့ ဒဏ်ရာရ
မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် လေယာဉ်ကွင်းဟောင်း အရှေ့ဘက်တွင် ကျူးကျော်ရှင်းလင်းရာမှ ရဲတပ်ဖွဲ့နှင့် ဒေသခံများပဋိပက္ခဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ ယနေ့(ဇူလိုင်၁၁)တွင် ရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ချမ်းမြသာစည်လေယာဉ်ကွင်းဟောင်း အရှေ့ဘက်ခြမ်းရှိ ကျူးကျော်နေထိုင်သွားကို ဖယ်ရှားရှင်းလင်းရာမှ ပဋိပက္ခဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ခဲဖြင့်အထုခံရက ရဲတပ်ဖွဲ့ဝင် (၃)ဦးခန့် ထိခိုက်ဒဏ်ရာ ရခဲ့ခြင်းဖြစ်သည်။ လက်ရှိအချိန်ထိ အဆိုပါနေရာတွင် နှစ်ဖက် တင်းမာနေဆဲဖြစ်သည်။
"ကိုအောင်ကြီး မဟုတ်ကြောင်း ထင်ရှားနေပါလျက် ကိုအောင်ကြီးကို ဒီလိုစွဲတင်တဲ့အထိဖြစ်လာအောင် ဘာကြောင့် လဲ ၊ ဘယ်သူတွေရဲ့ လက်ရာလည်း ကျနော်တို့ ဖွင့်ချသွားမယ်"
နေပြည်တော် ဗစ်တိုးရီးယားအမှုမှာ သံသယ တရားခံ အောင်ကြီး၏ ရှေ့နေ အဖြစ် ဆောင်ရွက်မည့်တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော် နှင့် ဆက်သွယ်မေးမြန်းချက်
တစ်နိုင်ငံလုံး စိတ်ဝင်စားနေသည့် နေပြည်တော် ဗစ်တိုးရီးယား အမှုတွင် သံသယ တရားခံ ကိုအောင်ကြီးကို ရဲတပ်ဖွဲ့ က ယူဆ တရားရုံးတင်ထားသော်လည်း ကိုအောင်ကြီးမဟုတ်ဟု ယူဆမှုများ စွာကလည်း လူထုကြားတွင် ထွက်ပေါ်နေသည်။ သံသယ တရားခံ ကိုအောင်ကြီး၏ ရှေ့နေအဖြစ် မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေများအသင်းမှ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်ကို ရန်ကုန်ခေတ်သစ်က ဆက်သွယ်မေးမြန်းထားပါသည်။
တစ်နိုင်ငံလုံး စိတ်ဝင်စားနေသည့် နေပြည်တော် ဗစ်တိုးရီးယား အမှုတွင် သံသယ တရားခံ ကိုအောင်ကြီးကို ရဲတပ်ဖွဲ့ က ယူဆ တရားရုံးတင်ထားသော်လည်း ကိုအောင်ကြီးမဟုတ်ဟု ယူဆမှုများ စွာကလည်း လူထုကြားတွင် ထွက်ပေါ်နေသည်။ သံသယ တရားခံ ကိုအောင်ကြီး၏ ရှေ့နေအဖြစ် မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေများအသင်းမှ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်ကို ရန်ကုန်ခေတ်သစ်က ဆက်သွယ်မေးမြန်းထားပါသည်။
ဦးဝီရသူ၏ ကျောင်းတိုက်အတွင်း ကပ်ထားသည့် ဝရမ်းစာဆုတ်ဖြဲခံရ
မစိုးရိမ်တိုက်သစ်ဆရာတော် ဦးဝီရသူ နေထိုင်တဲ့ ကျောင်းတိုက်မှာ သက်ဆိုင်ရာက လာရောက်ကပ်ထားတဲ့ ၀ရမ်းစာကို သံဃာတချို့က ကြက်ခြေခတ်တွေပြုလုပ်ပြီး ခွာယူစုတ်ဖြဲ ပစ်လိုက် ပါတယ်။ မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်ရှိ မစိုးရိမ်တိုက်သစ်ဆရာတော် ဦးဝီရသူ နေထိုင်တဲ့ ကျောင်းတိုက်ရှိ ကြော်ငြာသင်ပုန်းမှာ မဟာအောင်မြေမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းနဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူးဝင်းနိုင်အပါအ၀င် သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဇူလိုင် ၉ ရက်မှာ ၀ရမ်းလာကပ်ခဲ့တာပါ။
ကာတာလေကြောင်းကုမ္ပဏီက ဘိုးရင်း ကုန်တင်လေယာဉ် ၅ စီးဝယ်ရန် လက်မှတ်ရေးထိုး
ကာတာ လေကြောင်းကုမ္ပဏီဟာ ဘိုးရင်းကုမ္ပဏီဆီကနေ ကုန်တင်လေယာဉ် ငါးစီးဝယ်ဖို့ ဇူလိုင် ၉ ရက်ေန့က အိမ်ဖြူတော်မှာ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ကာတာ လေကြောင်းကုမ္ပဏီဟာ သူတို့ရဲ့ လေကြောင်းခရီးစဉ်တွေကို ကမ္ဘာတဝန်း ဖြန့်ကြက်ဖို့ ကြိုးစားနေချိန်မှာ ဘိုးရင်း 777 ကုန်တင်လေယာဉ်တွေကို ဝယ်ဖို့ အခုလို စာချုပ် ချုပ်လိုက်တာပါ။ အမေရိကန်နိုင်ငံကို အင်္ဂါနေ့က ရောက်လာတဲ့ လက်ရှိအာဏာရ ကာတာစော်ဘွား ရှိတ်တာမင် ဘင် ဟာမတ် အယ်လ်တာသ်နီကို အမေရိကန်သမ္မတက အိမ်ဖြူတော်မှာ လက်ခံကြိုဆိုခဲ့ပါတယ်။ အဲဒီခေါင်းဆောင်နှစ်ယောက် တွေ့ဆုံမှုအတွင်း ကာတာနဲ့ အမေရိကန်ကုမ္ပဏီတွေအကြား ကာကွယ်ရေး၊ စွမ်းအင်နဲ့ လေကြောင်းပျံသန်းမှုဆိုင်ရာ စီးပွားရေး သဘောတူညီချက်တွေကိုလည်း လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
နိုင်ဂျီးရီးယားတွင် ရှီးယိုက်မွတ်စလင်များနှင့် ရဲတပ်ဖွဲ့ ပစ်ခတ်မှုဖြစ်၊ ဆန္ဒပြသူ ၂ ဦး သေဆုံး
နိုင်ဂျီးရီးယား အမျိုးသားလွှတ်တော် အဆောက်အအုံ အပြင်ဘက်မှာ ဇူလိုင် ၉ ရက်နေ့က ဆန္ဒပြ ရှီးယိုက် မွတ်စလင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေအကြား ပစ်ခတ်မှုဖြစ်ပြီး ဆန္ဒပြသူနှစ်ယောက် သေဆုံးခဲ့ပါတယ်။ ထိပ်တိုက်တွေ့ဆုံမှုအတွင်း သေနတ်ဒဏ်ရာရတဲ့ ရဲတပ်ဖွဲ့ဝင်နှစ်ယောက် အပါအဝင် နောက်ထပ် ရဲတပ်ဖွဲ့ဝင် ၆ ယောက်လည်း ဒဏ်ရာရခဲ့တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ပစ်ခတ်မှုနဲ့ပတ်သက်ပြီး ရှီးယိုက် မွတ်စလင်တွေနဲ့ ရဲတပ်ဖွဲ့တို့ အပြန်အလှန် အပြစ်ဖို့နေကြသလို အမျိုးသားလွှတ်တော်ကိုလည်း ပိတ်ထားရပါတယ်။
တိုက်စစ်မှူး ဘာလော့တယ်လီကို ခေါ်ယူရန် ဝက်စ်ဟမ်း ကြိုးပမ်း
ဝက်စ်ဟမ်းအသင်းဟာ အီတလီတိုက်စစ်မှူးဟောင်း ဘာလော့တယ်လီကို ခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။ အသက် ၂၈ နှစ်ရှိ ဘာလော့တယ်လီဟာ မနှစ်က ပြင်သစ်ကလပ် မာဆေးအသင်းမှာ တနှစ်စာချုပ်နဲ့ ပါဝင်ကစားပြီး လက်ရှိအချိန်မှာတော့ အသင်းလက်မဲ့ ဖြစ်နေတာပါ။ ဘာလော့တယ်လီဟာ မာဆေးအသင်းမှာ စုစုပေါင်း ၁၂ ပွဲကစားခဲ့ပြီး ၈ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ဝက်စ်ဟမ်းအသင်းဟာ တိုက်စစ်မှူး အာနော်တိုဗစ်ကို တရုတ်ကလပ် ရှန်ဟိုင်းအသင်းဆီ ရောင်းချလိုက်တဲ့အတွက် တိုက်စစ်မှူးတဦး လိုအပ်နေတာပါ။ ဘုန်းမောက်က ဝီလ်ဆင်၊ ဆယ်လ်တာဗီဂို တိုက်စစ်မှူး မက်ဆီဂိုမက်ဇ်တို့ကို ချိတ်ဆက်ခဲ့ပေမယ့်လည်း အဆင်မပြေဖြစ်ခဲ့တာကြောင့် ဘာလော့တယ်လီကို ပစ်မှတ်ထားလာတာဖြစ်ပြီး အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခွင့်ရမှာ ဖြစ်ပါတယ်။ ဘာလော့တယ်လီဟာ မန်စီးတီး၊ လီဗာပူးအသင်းတွေနဲ့အတူ ပရီးမီးယားလိဂ် ၄ ရာသီအတွင်းမှာ ပွဲစဉ် ၇၀ ကစားခဲ့ပြီး ၂၁ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ကချင်ပြည်နယ်တွင် မိုးကြီးမည်
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းနဲ့ ကချင်ပြည်နယ်တို့မှာ ဒီနေ့ကကနေ နောက် ၃ ရက်အတွင်း မိုးကြီးနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတိပေး ထုတ်ပြန် လိုက်ပါတယ်။ အိန္ဒိယနိုင်ငံဘက်က တိုးဝင်လာတဲ့ မုတ်သုံလေဖိအားနည်းမြှောင်တန်းဟာ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသတွေကို ဖြတ်သန်းနေတာကြောင့် ဒီနေ့ နေ့လယ်ကနေ နောက် ၇၂ နာရီ (၃ ရက်) အတွင်း စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ကချင်ပြည်နယ်တို့မှာ နေရာအနှံ့အပြားမိုးရွာပြီး နေရာကွက် မိုးကြီးတာ၊ ဒေသအလိုက်မိုးကြီးတာတွေ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ မိုးကြီးတဲ့အခါ ၂၄ နာရီအတွင်း မိုးရေချိန် ၃ လက်မကနေ အထက် ရွာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
အမေရိကန်က ဟစ်ဇ်ဘိုလာဥပဒေပြုအမတ်များကို အမည်ပျက်စာရင်းတွင် ပထမဆုံးအကြိမ်ထည့်သွင်း
အမေရိကန်ဘဏ္ဍဍာရေးဝန်ကြီးဌာနက လက်ဘနွန်ပါလီမန်မှ ဟစ်ဇ်ဘိုလာဥပဒေပြုအမတ်နှစ်ဦးကို ဇူလိုင် ၉ ရက်က အမည်ပျက်စာရင်း ထည့်သွင်းခဲ့သည်။ ယင်းသည် အီရန်မဟာမိတ်အဖွဲ့၏ ရွေးချယ်တင်မြှောက်ခံထားရသော နိုင်ငံရေးသမားများကို အမေရိကန်က ပစ်မှတ်ထားပြီး အမည်ပျက်စာရင်းတွင် ပထမဆုံးအကြိမ် ထည့်သွင်းမှုဖြစ်သည်။
Victoria အမှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့ ဂုဏ်သိက္ခာ ကျဆင်းစေရန် စွပ်စွဲချက်များ၊ ဆူပူဆန္ဒပြစေရန် လှုံ့ဆော်အရေးအသားများ၊ အလှူခံသည်ဟု အကြောင်းပြ၍ Bank Account ဖွင့် တရားမဝင် အလှူခံနေမှုများနှင့် ဆက်စပ်မှုများကို ဆက်လက် စိစစ်ဖော်ထုတ် အရေးယူမည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထုတ်ပြန်
Victoria အမှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့ဂုဏ်သိက္ခာ ကျဆင်းစေရန် စွပ်စွဲချက်များ၊ ဆူပူဆန္ဒပြစေရန် လှုံ့ဆော်အရေးအသားများ၊ အလှူခံသည်ဟု အကြောင်းပြ၍ Bank Account ဖွင့် တရားမဝင် အလှူခံနေမှုများနှင့် ဆက်စပ်မှုများကို ဆက်လက် စိစစ်ဖော်ထုတ် အရေးယူမည်ဖြစ်ကြောင်း ဇူလိုင် ၁၀ ရက် ညပိုင်းတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
ဗစ်တိုးရီးယား အမှုနဲ့ DNA သက်သေ
ဗစ်တိုးရီးယား အမှုမှာ ဖမ်းဆီး တရားစွဲထားတဲ့ သံသယတရားခံ အောင်ကြီးနဲ့ ပတ်သက်ပြီး ဒုရဲချုပ် အောင်နိုင်သူ ရှင်းလင်းတဲ့ အခါ DNA သက်သေဟာ ယုံကြည်ကိုးစားလောက်ဖွယ် အခြေအနေမှာ ရှိမနေဘူးလို့ ပြောခဲ့ပါတယ်။ အကြောင်းကတော့ အခင်းဖြစ်တဲ့နေ့က ဗစ်တိုးရီးယားလေး ဝတ်ဆင်ထားတဲ့ ဘောင်းဘီကို မိခင်က ရေထဲထည့်မိခဲ့တဲ့ အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီအမှုမှာ ရဲက ထုတ်ပြောထားသလောက် DNA စစ်ဆေးမှု လုပ်ခဲ့တဲ့ တခြားသူ အနည်းဆုံး နှစ်ယောက် ရှိပါတယ်။
တနေ့တခြား တင်းမာလာတဲ့ အီရန်နဲ့ အမေရိကန်တို့ စစ်ပွဲဆင်နွှဲကြတော့မှာလား
အီရန်၊ ယီမင် အနီးနား ပတ်ဝန်းကျင်က ပင်လယ်ရေပြင် လုံခြုံရေးအတွက် အမေရိကန်အစိုးရက နိုင်ငံတကာ စစ်ရေး မဟာမိတ်အဖွဲ့ထူထာင်ချင်တယ်လို့ ပြောလိုက်ပါတယ်။ ပင်လယ်ပြင်မှာ လွတ်လပ်စွာ သွားလာခွင့် အတွက် အာမခံချက်ရှိစေချင်လို့ အဲသလို နိုင်ငံတကာ စစ်ရေး မဟာမိတ်အဖွဲ့ထူထောင်ချင်တာလို့ အမေရိကန် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂျိုးဆက် ဒွန်းဖို့က ဆိုပါတယ်။ မေလနဲ့ ဇွန်လမှာ ရေနံ သင်္ဘော ၆ စင်း အတိုက်ခိုက်ခံခဲ့ရတာနဲ့ ပတ်သက်ပြီး အမေရိကန်က အီရန်ကို အပြစ်တင်ခဲ့ပါတယ်။
လားရှိုးမြို့တွင် ကျပ်သိန်း ၃ထောင်ကျော် ဘိန်းဖြူ များ ဖမ်းဆီးရမိ

စစ်အစိုးရလက်ထက် တစ်ဖက်သတ်ထိန်းသိမ်းသည့် လုပ်ပိုင်ခွင့်ကို ထိုင်းအစိုးရသစ်က ဆက်လက်ထိန်းသိမ်း
ထိုင်းအရပ်ဘက်အစိုးရသစ်သည် စစ်အစိုးရခေတ်က လုံခြုံရေးဆိုင်ရာထိန်းချုပ်မှုအချို့အား ပြန်လည်ဖြေလျှော့ပေးခဲ့သော်လည်း ဝေဖန်သူများအား တစ်ဖက်သတ် ဖမ်းဆီးထိန်းသိမ်းနိုင်သည့် အခွင့်အာဏာကို ဆက်လက်ထိန်းသိမ်းမည်ဖြစ်ရာ စစ်အုပ်ချုပ်ရေးအမိန့်ကို ကြံ့ကြံ့ခံလာခဲ့သော လူ့အခွင့်အရေးအဖွဲ့များက သတိပေးခဲ့ကြသည်။ လက်ရှိဝန်ကြီးချုပ်ဖြစ်လာသော ပရာယွတ်ချန်အိုချာက ၂၀၁၄ ခုနှစ်တွင် အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း လူ ၂၀ဝ၀ နီးပါးသည် စစ်ဘက်တရားရုံးများ၌ ရုံးတင်စစ်ဆေးခံခဲ့ရသည်။
ကျောက်ဖြူမြို့နယ်တွင် အသက် ၄ နှစ်အရွယ် မိန်းကလေးငယ် ၁ ဦး အဓမ္မပြုကျင့်ခံရ
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် ဂုံးချိန်ကျေးရွာအုပ်စု၊ စေပုပ်ကေကျေးရွာမှာ ဇူလိုင် ၉ ရက်က အသက်၎ နှစ်အရွယ် မိန်းကလးငယ်တဦးကို တရွာတည်းနေသူတဦးက အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့တယ်လို့ ကျောက်ဖြူမြို့မရဲစခန်းက ပြောပါတယ်။ အခင်းဖြစ်တဲ့နေ့က အဆိုပါကလေးငယ်ရဲ့ မိဘတွေက လယ်တောထဲ ကန်းစွန်းရွက် သွားခူးဖို့ အတွက် ကလေးငယ်ကို အဒေါ်ဖြစ်သူထံ အပ်နှံထားခဲ့ပါတယ်။
ဗြိတိန်ဘီလျံနာ ဒိုင်ဆန်က စင်ကာပူ၏ ဈေးအကြီးဆုံး မိုးထိတိုက်ခန်းကို ဒေါ်လာ ၅၄ သန်းနှင့် ဝယ်ယူ

လစ်ဗျားတွင် စစ်ဘုရင်ဟက်ဖ်တာ၏ စခန်း၌ ပြင်သစ်ဒုံးများတွေ့ရှိခဲ့

စစ်အုပ်ချုပ်ရေးကိုအဆုံးသတ်ရန် ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာညွှန်ကြား
ထိုင်းစစ်တပ်အစိုးရခေါင်းဆောင် ၀န်ကြီးချုပ် ပရာယွတ် ချန်အိုချာဟာ ၎င်းရဲ့ အရပ်သားအစိုးရသစ် ကျမ်း သစ္စာ ကျိန်ဆိုမှု မတိုင်ခင်မှာစစ်အုပ်ချုပ်ရေးကိုအဆုံးသတ်ဖို့ ဇူလိုင်လ ၉ ရက်နေ့ကညွှန်ကြားခဲ့တယ်လို့ သိရပါ တယ်။
စီးပွားရေးဆိုင်ရာ စီမံခန့်ခွဲမှုပြဿနာ
ဘဏ္ဍဍာရေးစီမံမှုအလွဲများ ဖြစ်ပေါ်သည့် ဖြစ်ရပ်အမျိုးမျိုးကိုကြည့်လျှင် ဘဏ္ဍဍာရေးစီမံမှုအလွဲ၏ သက်ရောက်ပုံကိုလည်းကောင်း၊ ဘဏ္ဍဍာရေးစီမံမှုကို ကောင်းစွာဆောင်ရွက်ခြင်းသည် စီးပွားရေးတစ်ရပ်၏ အောင်မြင်မှုအတွက် အရေးကြီးပုံကိုလည်းကောင်း ကောင်းစွာနားလည်နိုင်သည်။ ဘဏ္ဍဍာရေးစီမံခန့်ခွဲမှုသည် လုပ်ငန်းတစ်ရပ်အောင်မြင်ရန်အတွက် အမြဲပင်အချက်အချာကျပြီး စီးပွားရေးတစ်ရပ် ကောင်းစွာအလုပ်ဖြစ်ရန်အတွက် အလွန်အရေးကြီးသည်။ ကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်တို့သည်သာ ဘဏ္ဍဍာရေးစီမံခန့်ခွဲမှုအပေါ်၌ မှီခိုနေရသည်မဟုတ်ဘဲ လူ့အဖွဲ့အစည်းတစ်ရပ်လုံး၊ တစ်နိုင်ငံလုံးသည် ဘဏ္ဍဍာရေးစီမံခန့်ခွဲမှုအပေါ်၌ တည်မှီနေသည်မှာ အမှန်ပင်ဖြစ်သည်။
မြန်မာနိုင်ငံမြောက်ဖျားပိုင်း ဒေသများတွင် မိုးကြီးသဖြင့် ဧရာဝတီမြစ်ရေ ရုတ်တရက်မြင့်တက်ပြီး ပျက်စီးဆုံးရှုံးမှုများရှိနေ
မြန်မာနိုင်ငံမြောက်ဖျားပိုင်းဒေသများတွင် မိုးကြီးသဖြင့် ဧရာဝတီမြစ်ရေ ရုတ်တရက် မြင့်တက်ပြီး ပျက်စီးဆုံးရှုံးမှုများ ရှိနေကြောင်း သတင်းရရှိသည်။ လက်ရှိတွင် မြန်မာနိုင်ငံမြောက်ဘက်အကျဆုံးမြို့နယ်ဖြစ်သည့် နောင်မွန်မြို့နယ်သို့ ဆက်သွယ်ရေးများ ပြတ်တောက်နေပြီး ရွာချင်းဆက် ကြိုးတံတားအများစုမှာ ရေထဲမျောပါသွားသည့် အခြေအနေဖြစ်နေကြောင်း နောင်မွန်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးချန်တန်ခင်က ဆိုသည်။
ခန္တီးမြို့နယ်၌် ချင်းတွင်းမြစ်ရေ စတင်မြင့်တက်နေပြီး ကျေးရွာအချို့တွင် ရေစတင်ဝင်ရောက်သဖြင့် လူနေအိမ်များ ပြောင်းရွှေ့နေရ

၂၀၁၉ ခုနှစ်အတွင်း ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကျင်းပနိုင်ရေး မျှော်မှန်းလုပ်ဆောင်နေကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ပြောကြား
၂၀၂၀ ပြည့်နှစ်တွင် ရွေးကောက်ပွဲကမ်ပိန်းကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် အာရုံစိုက်မှု နည်းပါးနိုင်သည့်အတွက် ၂၀၁၉ ခုနှစ်အတွင်း ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) စုပင်လုံ အစည်းအဝေးကျင်းပနိုင်ရေး မျှော်မှန်းလုပ်ဆောင်နေကြောင်း ဇူလိုင် ၉ ရက်တွင် ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ၌ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးနှင့် သတင်းမီဒီယာများတွေ့ဆုံ စဉ် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
အခြေခံဥပဒေလေ့လာ သုံးသပ်ချက် အစီရင်ခံစာကို ယခုတစ်ပတ်အတွင်း အပြီးရေးဆွဲမည်
ပူးပေါင်း ကော်မတီမှ ၂ဝဝ၈ ခြေ/ဥပါ ပြဋ္ဌာန်းချက်များအပေါ် လေ့လာသုံးသပ်ချက်အစီရင်ခံစာကို ယခုတစ်ပတ်အတွင်း အပြီးရေးဆွဲသွားမည် ဖြစ်ကြောင်းယင်းကော်မတီ အ တွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးကပြောသည်။ြ ပည်ထောင်စုမြန်မာနိုင်ငံ တော်၊ ဖွဲ့စည်းပုံအခြခံဥပဒေ (၂ဝဝ၈)ခုနှစ် ပြင်ဆင်ရေးပူး ပေါင်းကော်မတီ အစည်းအဝေးကို ဇူလိုင်၈ရက်တွင် နေပြည်တော်၌ ပြန်လည်စတင် ကျင်းပခဲ့ပြီးအစီ ရင်ခံစာရေးဆွဲရေး လုပ်ငန်းစဉ်ကို ယနေ့စတင် ဆောင်ရွက်ကြောင်း ဒေါက်တာမြတ်ဉာဏစိုးက ဆက် လက်ပြောသည်။
အောင်လံမြို့ မြို့အထွက်လမ်းကို ငွေကျပ်သိန်း ၁၅ဝဝ အကုန်အကျခံကာ စက်တင်ဘာလအပြီး လမ်းအဆင့်မြှင့်တင်သွားမည်

အင်းစိန်ထောင် အနီးတွင် စုပေါင်း ရာဇဝတ်တရားရုံး စီမံကိန်း စတင်ဖော်ဆောင်နေပြီဟု ဝန်ကြီးချုပ် ဆို
အင်းစိန် ထောင်အနီးတွင် စုပေါင်းရာဇဝတ် တရားရုံးစီမံကိန်းကိုစတင်အကောင် အထည်ဖော်နေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တွင် ဇူလိုင် ၈ ရက်က ပြုလုပ်သည့် နိုင်ငံတစ်ဝန်း မှုခင်း စီမံခန့်ခွဲမှု အစီအစဉ်ရှင်းလင်းပွဲ၌ ၎င်းင်းက ပြေကြားခဲ့ခြင်းဖြစ်သည်။ ”တရားစီရင်ရေးမဏ္ဍိုင် ပိုမိုအားကောင်းလာပြီး တရားဥပဒေ စိုးမိုးရေးကို တိုးမြှင့်ဆောင်ရွက်နိုင် ဖို့ စုပေါင်းရာဇဝတ်တရားရုံးတစ်ခု ကို အင်းစိန်အကျဉ်းထောင်ရဲ့လမ်းမဘေးတစ်ဖက်ခြမ်းမှာတည် ဆောက်နိုင်ဖို့ ဆောင်ရွက်ခဲ့တယ်။ ပြီးခဲ့တဲ့ ၂ဝ၁၈-၁၉ ဘဏ္ဍာနှစ်မှာ ၁ ဒသမ ၆ ဘီလီယံ လျာထားပြီး စတင်အကောင်ထည်ဖော်နေပြီဖြစ် ပါတယ်။
ရှစ်လေးလုံး (၃၁)နှစ်ပြည့် အခမ်းအနားတွင် လက်ရှိနိုင်ငံရေးကို ထင်ဟပ်စေမည့် ကြေညာချက် ထုတ်မည်
ရှစ်လေးလုံးအ ရေးတော်ပုံ(၃၁)နှစ်ပြည့်အခမ်းအနားတွင် လက်ရှိနိုင် ငံရေး အ ခြေအနေကို ထင်ဟပ်စေမည့် ကြေညာချက်တစ်ရပ် ထုတ်ပြန် မည်ဖြစ်ကြောင်း သိရသည်။ လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံ ရေးအခြေအနေများပေါ်တွင် အ ပြန်ပြန်အလှန်လှန် သုံးသပ်ကာ ဖြစ်သင့်သည့်အချက်များ ပြောနိုင် ရန်ရည်ရွယ်ထားကြောင်း ၈၈ မျိုး ဆက်ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးမြအေးကပြောသည်။
မြန်မာနိုင်ငံ ဆင်းရဲရခြင်းမှာ တောင်သူလယ်သမားများ ဆင်းရဲခြင်းကြောင့်ဖြစ် တောင်သူလယ်သမားများ ချမ်းသာလာမှ တိုင်းပြည် ချမ်းသာလာမည်ဟု သူရဦးရွှေမန်း ဆို
မြန်မာနိုင်ငံ ဆင်းရဲရခြင်းမှာ တောင်သူလယ်သမားများ ဆင်း ရဲခြင်းနေကြောင့်ဖြစ်ပြီး တောင်သူလယ်သမားများ ချမ်းသာလာမှ တိုင်းပြည်ချမ်းသာလာမည်ဟု သူရဦးရွှေမန်းက ပြောကြားလိုက်သည်။ ဇူလိုင် ၈ ရက် ပဲခူးတိုင်းဒေသကြီး အုတ်ဖိုမြို့တွင်ကျင်းပသည့် ပြည်ထောင်စုကောင်းကျိုးပါတီတွေ့ဆုံပွဲများတွင် ၎င်းင်းကအထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ကြောင်း ယင်းပါတီက သတင်း ထုတ်ပြန်သည်။
သီတာဆိပ်မှတ်တိုင်အနီး ကား(၈)စီး ဆင့်တိုက်
သီတာဆိပ်မှတ်တိုင်အနီးမှာ ဒီကနေ့ July 9 နေလယ်ပိုင်းက ကားတစ်စီး ဘီးပေါက်ရာကနေ ကား ၈ စီး ဆင့်တိုက်မှု ဖြစ်ပွားခဲ့တယ်လို့ ကိုယ်တိုင်မြင်တွေ့သူတစ်ဦးက ပြောပါတယ်။ ယာဉ်တိုက်မှုကြောင့် ဒဏ်ရာသူ ၄ ယောက်ရှိပြီး ဆေးရုံကို ပို့ဆောင်ထားတယ်လို့လည်း သိရပါတယ်။
‘ကျနော် မက်ဒရစ်ကို ရောက်လာတာက ကိုယ့်သမိုင်း ကိုယ်ရေးမလို့ပါ။ ဂျာအိုဖီးလစ်လို့ လူတွေ မှတ်မိနေအောင် လုပ်ဆောင်သွားမှာပါ။’ - ဖီးလစ်
ကမ္ဘာ့အမြင့်ဆုံးလမ်းတွေပေါ်မှာ ပင်ပန်းဆင်းရဲစွာ အလုပ်လုပ်ကြရတဲ့ အိန္ဒိယအလုပ်ကြမ်းသမားများ
အင်းစိန်၊ ဗဟိုလမ်းမတွင် ဖြစ်ပွားသော အကြမ်းဖက်၊အဓမ္မပြုရန် ကြံစည်ခံရသူ အမျိုးသမီးနှင့် တွေ့ဆုံမေးမြန်းမှု
အင်းစိန်မြို့နယ်ထဲမှ ဗဟိုလမ်းမကြီးပေါ်တွင် အသက်(၃၅)နှစ်အရွယ် အမျိုးသမီးတစ်ဦးကို အမျိုးသားတစ်ဦးမှ ထိုးကြိတ်ကာ အဓမ္မပြုကျင့်ရန်ကြိုးပမ်းခဲ့သည်ဆိုသည့် ဖြစ်စဉ်တစ်ခု ဇူလိုင်လ (၄)ရက်နေ့ ည(၁၀)နာရီခွဲ အချိန်ခန့်က ဖြစ်ပွားခဲ့သည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သတ်၍ မဇ္ဈိမသတင်းဌာနမှ မျက်မြင်သက်သေများနှင့် ကာယကံရှင်အမျိုးသမီးအား သွားရောက်တွေ့ဆုံ မေးမြန်းခဲ့သည်။ ကျူးလွန်ခံရသူ အမျိုးသမီးသည် အသက်(၃၅)နှစ်အရွယ် အိမ်ထောင်သည် အမျိုးသမီးတစ်ဦးဖြစ်ပြီး ပညာထူးချွန်သည့် ၉တန်းကျောင်းသားတစ်ဦး၏ မိခင်ဖြစ်သည်ဟု သိရသည်။ ကျူးလွန်ခံရသည့် အမျိုးသမီးသည် အဆိုပါနေ့က ည ၁ဝနာရီခွဲအချိန်ခန့်တွင် ဗဟိုလမ်းမကြီးအတိုင်း လမ်းလျှောက်လာစဉ်တွင် အခင်းဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
တရားမဝင်အလှူခံမှု ပထမအဆင့်အဖြစ် သက္ကမိုးညိုအား ဥပဒေနှင့်အညီဆောင်ရွက်ခဲ့ခြင်းဟု ရဲတပ်ဖွဲ့ ထုတ်ပြန်
ဗစ်တိုရီးယားအမှုကိစ္စနှင့်ပတ်သက်ပြီး တရားမဝင်အလှူခံမှုများ၏ ပထမအဆင့်အဖြစ် သက္ကမိုးညို အကောင့် ပိုင်ရှင်အား စုံစမ်းဖော်ထုတ်ပြီး ဥပဒေနှင့်အညီသာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဇူလိုင် ၁၀ ရက် ည ၇ နာရီခန့်တွင် ထုတ်ပြန်လိုက်သည်။ “Victoria အတွက် အလှူခံသည်ဟု အကြောင်းပြ၍ Bank Account ဖွင့် တရားမဝင်အလှူခံနေမှုများ၏ ပထမအဆင့်အနေဖြင့် သက္ကမိုးညို အကောင့် ပိုင်ရှင်အား ကြိုတင်လျို့ဝှက်စုံစမ်းဖော်ထုတ်ခဲ့ပြီး မည်သူ မည်ဝါ သိရသည်နှင့် ဥပဒေနှင့်အညီသာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ ဆက်စပ်ပတ်သက်မှုများကိုလည်း ဆက်လက် စိစစ်ဖော်ထုတ် အရေးယူသွားမည် ဖြစ်ပါကြောင်း၊ Victoria ကိစ္စ အကြောင်းပြုပြီး ငွေအလှူခံမှုသည် ရိုးသားမှု ရှိလျှင်တော့ မပြောလိုပါ။ ရိုးသားမှုမရှိလျှင် လက်မခံဘဲ စိစစ်အရေးယူပါမည်” ဟု ရဲတပ်ဖွဲ့မှ လူမှုကွန်ရက်တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ဂျပန်နိုင်ငံမှာ ပညာသင်ပြီး အလုပ်လုပ်ဖို့ ကျောင်းသားခေါ်ယူ
ဂျပန်နိုင်ငံရဲ့ လူမှုဖူလှုံရေးကောလိပ်မှာ Full Scholor နဲ့ ပညာသင်ပြီး ဂျပန်နိုင်ငံမှာ အလုပ်လုပ်ကိုင်ဖို့ ကျောင်းသားအယောက် ၂ဝ လောက် ခေါ်ယူသွားမယ်လို့ သိရပါတယ်။ အသက် ၂ဝ မှ ၃၅ နှစ်အတွင်းရှိ တက္ကသိုလ်ဝင်တန်းအောင်မြင်ထားသူများလျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။ သွားရောက်မယ့် ကျောင်းသားတွေအနေနဲ့ ဂျပန်နိုင်ငံက ကောလိပ်မှာ ကျန်းမာရေးစောင့်ရှောက်မှုဘာသာရပ်ကို သင်ယူရမှာဖြစ်ပြီး သက်ကြီးရွယ်အိုစောင့်ရှောက်ရေးလုပ်ငန်းတွေမှာ အနည်းဆုံး ၅ နှစ်တာ ဝင်ရောက်လုပ်ကိုင်ရမှာဖြစ်တယ်လို့ သိရပါတယ်။ ဂျပန်နိုင်ငံသို့ ကျန်းမာရေးစောင့်ရှောက်မှု ပညာသင်စေလွှတ်ပြီး အလုပ်လုပ်ကိုင်စေတဲ့ အစီအစဉ်ကို မြန်မာနိုင်ငံက Yamato High Grade ဂျပန်ဘာသာစကားသင်တန်းကျောင်းနဲ့ ဂျပန်နိုင်ငံက လူမှုဖူလှုံရေးကောလိပ်ကျောင်း၊ ကျောင်းသားစောင့်ရှောက်ရေးအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်လျှက်ရှိပြီး ဇူလိုင်လ ၁ဝ ရက်နေ့က ရန်ကုန်မြို့၊ Melia Hotel မှာ သဘောတူလတ်မှတ်ရေးထိုးခဲ့တာပါ။
တူရကီမှာ ဆီးရီးယားဒုက္ခသည်တွေကို တိုက်ခိုက်မှုတွေ ဖြစ်ပွားလာ၍ စိုးရိမ်ကြောက်လန့်မှုတွေ မြင့်တက်
တူရကီနိုင်ငံဟာ ကမ္ဘာပေါ်မှာ ဒုက္ခသည်တွေကို အများဆုံး လက်ခံရာ နိုင်ငံဖြစ်ပြီး ဆီးရီးယားဒုက္ခသည်ပေါင်း ၃ ဒသမ ၅ သန်းကို နိုင်ငံထဲမှာ လက်ခံထားပြီး ဒီအထဲက ငါးသိန်းနီးပါးဟာ မြို့တော် အစ္စတန်ဘူလ်မှာ ရှိနေကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် မကြာသေးမီက ဖြစ်ပွားတဲ့ ဆူပူအကြမ်းဖက်မှုတွေမှာ တူရကီနိုင်ငံက ဒုက္ခသည်တွေနဲ့ ゞင်းတို့ရဲ့ လုပ်ငန်းတွေကို တိုက်ခိုက်ခံလာရတာတွေကြောင့် စိုးရိမ်ကြောင့်လန့်မှုတွေ အရှိန်မြင့် ဖြစ်ပွားလာပါတယ်။
စိတ်ဖိစီးနေပြီလား
တစ်နေ့တာမှာ မိသားစုတာဝန်တွေကြောင့်ဖြစ်ဖြစ် အလုပ်ကိစ္စတွေကြောင့်ဖြစ်ဖြစ် စိတ်ဖိစီးနေပြီလား။ လူရယ်လို့ဖြစ်လာတဲ့အခါစိတ်ဖိစီးမှုနဲ့ ခပ်ကင်းကင်းနေဖို့ဆိုတာက လွယ်ကူလှတဲ့ အရာတစ်ခုတော့ မဟုတ်ပါဘူး။ ဒီတော့ ရှောင်လွှဲဖို့ခက်တဲ့ စိတ်ဖိစီးမှုကို အကောင်းဆုံးကျော်ဖြတ်နိုင်မှ နောက်ထပ်နောက်ထပ်သော ဖိစီးမှုတွေကနေ ကင်းဝေးမှာလေ။ ဒီတော့ ရှောင်လွှဲရခက်တဲ့ စိတ်ဖိစီးမှုကို အကောင်းဆုံးကျော်ဖြတ်ရအောင်လား။
အဖမ်းခံရသည်ဆိုသော ရခိုင်စင်ကာပူအသင်းသား ၂ ဦး ပြန်ရောက်
စင်ကာပူတွင် ဖမ်းဆီးခံရပြီး ပြည်နှင်ဒဏ်ပေးခံသော ရခိုင်စင်ကာပူအသင်းသား ၂ ဦး ဇူလိုင် ၁၀ ရက်ညပိုင်းက ရန်ကုန်သို့ ပြန်လည်ရောက်ရှိ ။ AA စစ်ဦးစီးချူပ်၏ ညီ အပါအဝင် ရခိုင်စင်ကာပူအသင်းသား ၆ ဦးကို ဇူလိုင် ၉ ရက်နေ့နှင့် ၁၀ ရက်နေ့တို့တွင် စင်ကာပူရဲတပ်ဖွဲ့နှင့် လူဝင်မှုကြီးကြပ်ရေးတို့ ပူးပေါင်းဖမ်းဆီးခဲ့သည်။ လက်ရှိတွင် ပြည်နှင်ဒဏ်ပေးခံရသူ ၄ ဦးပြန်ရောက်လာဟု ကြားသိရသော်လည်း လေဆိပ်တွင် ၂ ဦးသာ တွေ့မြင်ခဲ့ရသည်။
သက္ကမိုးညို အကောင့်ပိုင်ရှင် ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ဝင်းကိုကိုသိန်းကို ရဲတပ်ဖွဲ့က ပုဒ်မ ၃၄(ဃ)ဖြင့် အမှုဖွင့်
နေပြည်တော်မှာ ဖြစ်ပွားခဲ့တဲ့ victoria အမှုမှာ လိင်အကြမ်းဖက်ခံ ကလေးငယ်ဘက်ကနေ ရေးသားနေတဲ့ သက္ကမိုးညို လူမှုကွန်ယက်အကောင့်ပိုင်ရှင်ဖြစ်သူ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ဝင်းကိုကိုသိန်းကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ ပုဒ်မ ၃၄(ဃ) နဲ့ အမှုဖွင့်ဖမ်းဆီးလိုက်ပါတယ်။
တောင်အာဖရိကကို ၂ ဂိုး ၁ ဂိုးဖြင့်နိုင်ပြီး နိုင်ဂျီးရီးယား အာဖရိကနိုင်ငံများဖလား ဆီမီးတက်
အာဖရိကနိုင်ငံများဖလား ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် နိုင်ဂျီးရီးယားနဲ့ တောင်အာဖရိက အသင်းတို့ မနေ့ကယှဉ်ပြိုင်ရာ နိုင်ဂျီးရီးယားက ၂ ဂိုး ၁ ဂိုးနဲ့နိုင်ပြီး ဆီမီးဖိုင်နယ် တက်ရောက်သွားပါတယ်။ နိုင်ဂျီးရီးယားအသင်းဟာ ၁၆ သင်း ရှုံးထွက်အဆင့်မှာ ကင်မရွန်းအသင်းကို ကျော်ဖြတ်လာသလို တောင်အာဖရိကအသင်းကလည်း နာမည်ကြီး အီဂျစ်ကို အနိုင်ယူပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်းလာတာပါ။ နိုင်ဂျီးရီးယားအသင်းဟာ အစ်ဂ်ဟာလို၊ မူဆာ၊ အိုင်ဝိုဘီ၊ အန်ဒီဒီ စတဲ့ အဓိက ကစားသမားတွေနဲ့ ပွဲထွက်လာပါတယ်။
မက်ဘီဆက်ရှိနေမည်ဟု အာမမခံကြောင်း ပီအက်စ်ဂျီညွှန်ကြားရေးမှူးဖွင့်ဟ
ပြင်သစ်ကြယ်ပွင့် မက်ဘီ ပီအက်စ်ဂျီတွင် ဆက်ရှိမည်ဟု အာမမခံနိုင်ကြောင်း ပီအက်စ်ဂျီ အားကစားညွှန်ကြား ရေးမှူး လီယိုနာဒိုက ထုတ်ဖော်ပြောကြားသည်။ မက်ဘီသည် ပီအက်စ်ဂျီ ဦးစားပေးကစားသမားဖြစ်သော်လည်း ၎င်းပီအက်စ်ဂျီတွင် ဆက်ရှိနေမည်လားဆိုခြင်းနှင့် ပတ်သက်၍ ပရိသတ်များကို ကတိမပေးနိုင်ဟု လီယိုနာဒိုကပြောသည်။
‘Spirit’လို့နာမည်ပေးထားတဲ့ သီချင်းသစ်ကိုဘီယွန်စေးမိတ်ဆက်
တစ်ကိုယ်တော်အခွေထုတ်တဲ့ EXO အဖွဲ့မှ ဘိတ်ဟွန်း
ပေါ့ဂ်ဘာနှင့် လူကာကူကို ကမ်းလှမ်းမှုမရှိဟု မန်ယူနည်းပြဆိုးလ်ရှားပြောကြား
အိုးလ်ထရက်ဖို့ဒ်မှထွက်ခွာ မည်ဟု သတင်းထွက်နေသော ပေါ့ဂ်ဘာနှင့်လူကာကူအပါအဝင် မည်သည့်ကစားသမားများကိုမျှ ကမ်းလှမ်းမှုမရှိသေးကြောင်း မန် ယူနည်းပြဆိုးလ်ရှားက ထုတ် ဖော်ပြောကြားသည်။ ပြင်သစ်ကွင်းလယ်လူ ပေါ့ဂ် ဘာ (၂၆) နှစ်သည် မဝေးသောအ ချိန်အတွင်း မန်ယူမှ ထွက်ခွာမည် ဟု ထင်ကြေးပေးခံထားရပြီး ၎င်း သည် မန်ယူမှထွက်ခွာရန်ပြင်ဆင် ထားကြောင်း ပေါ့ဂ်ဘာ၏အေး ဂျင့်မီနိုရိုင်အိုလာက များမကြာမီ ကပြောကြားထားသည်။
ဂျူဗင်တပ်သို့ ဟီဂူအင်ပြန်ရောက်လာစဉ် အသင်းမှမထွက်ရန် ပရိသတ်များက တောင်းဆို
ဂျူဗင်တပ်နှင့် သဘောတူထားသော်လည်း ဒီလိုက် အေဂျက်ဇ်နှင့် လေ့ကျင့်ခန်းဆင်း
နောက်တန်းလူ ဒီ လိုက်သည် ဂျူဗင်တပ်နှင့်သဘော တူညီမှု ရရှိထားပြီဟု ၎င်း၏အေး ဂျင့်က ထုတ်ဖော်ပြောကြားထား သော်လည်း မက်သစ်ဒီလိုက်သည် အေဂျက်ဇ်အသင်းနှင့် လေ့ကျင့် ခန်းဆင်းနေသည်။ ပီအက်စ်ဂျီ၊ မန်ယူနှင့်ချိတ် ဆက်ပြောဆိုမှုများ ရှိသော်လည်း ဂျူဗင်တပ်သည် အေဂျက်ဇ်အ သင်းခေါင်းဆောင်ကို ခေါ်ယူရန် ထိပ်ဆုံးမှ ရေပန်းစားနေသည်။
ဆီရီနာ၊ ဟာလက်၊ ဆဗစ်တိုလီနာနှင့် ဘာဆိုရာတို့ ဝင်ဘယ်ဒန်ဆီမီးဖိုင်နယ်တက်ရောက်
ရခိုင်ဒေသ တိုက်ပွဲများကြောင့် ခြောက်လအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု ၁၉၅ မှုရှိဟု ထုတ်ပြန်
တပ်မတော်နှင့် ရခိုင် လက်နက်ကိုင်အဖွဲ့ (AA)တို့ တိုက်ပွဲဖြစ်နေသည့် ခြောက်လ အတွင်း ပြည်သူသုံးသောင်းကျော် လူ့အခွင့်အရေး ချိုးဖောက်ခံရ ကြောင်း ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအ စည်းအရုံး (AASYC)က ထုတ် ပြန်သည်။ ၂၀၁၈ ဒီဇင်ဘာမှ ၂၀၁၉ မေလအထိ ခြောက်လအတွင်း တပ်မတော်နှင့် ရခိုင်လက်နက် ကိုင်အဖွဲ့ (AA)တို့ ဖြစ်ပွားသော တိုက်ပွဲများကြား ပြည်သူများ ထိခိုက်ခြင်းကို စာရင်းပြုစုကာ ‘ရခိုင်ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ’ ခေါင်းစဉ်ဖြင့် ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်း သားနှင့် လူငယ်များအစည်းအရုံး (AASYC)က ဇူလိုင် ၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ဗစ်တိုးရီးယားအမှုအပါအ၀င် သက်ငယ်မုဒိမ်း ထိရောက်စွာအရေးယူပေးရန်ထားဝယ်တွင် ဆန္ဒဖော်ထုတ်
ဗစ်တိုးရီးယားအမှု တရားမျှတမှု ရရှိစေဖို့ ရည်ရွယ်တဲ့ စုပေါင်းပန်းချီဆွဲပွဲ
We are the world, We are the Children ခေါင်းစဉ်နဲ့ စုပေါင်းပန်းချီဆွဲပွဲကို အင်းစိန်မြို့နယ်၊ မင်္ဂလာလမ်းမှာရှိတဲ့ Artissmile Art House မှာ ဒီနေ့ ကျင်းပခဲ့တာပါ။ သမီးငယ်လေး ဗစ်တိုးရီးယားအတွက် အမှုမှန်ပေါ်ပေါက်ရေး လှုပ်ရှားမှုအနေနဲ့ ဒီပန်းချီဆွဲပွဲကို ကျင်းပခဲ့တာပါ။ ပန်းချီဆရာ ၂၀ ခန့်က ဒီစုပေါင်းပန်းချီဆွဲပွဲမှာ ပါဝင်ရေးဆွဲပေးခဲ့ကြတာ တွေ့ရပါတယ်။ ပန်းချီဆရာအများစုက ဗစ်တိုးရီးယားလေးနဲ့ သက်ဆိုင်တဲ့ ကလေးပုံတွေကို ရေးဆွဲခဲ့ကြတာလည်း တွေ့ရပါတယ်။ နေပြည်တော်က မူကြိုကျောင်းတစ်ခုမှာ အဓမ္မပြုကျင့်ခံရတဲ့ ဗစိတိုရီးယားလေးအမှုမှာ အမှုန်ပေါ်ပေါက်စေဖို့ တရားမျှတမှု ရရှိစေဖို့အတွက် မြို့ကြီးတော်တော်များများမှာ ဆန္ဒထုတ်ဖော်ပွဲတွေ ပြုလုပ်ခဲ့ကြတာပါ။
စိတ်ဝင်စားနေတဲ့ ကောင်မလေး ရှိနေပြီဆိုတဲ့ ဘန်နီဖြိုး
တရုတ်နိုင်ငံသားများကိုယ်တိုင် ပြည်တွင်းသို့ လာရောက်လူကုန်ကူးမှုများလုပ်နေဟု ညွှန်ချုပ်ပြော တရားစွဲဆိုရာတွင် လူကုန်ကူးခံရသူများ ပူးပေါင်းပေးရန် တိုက်တွန်း
တရုတ်နိုင်ငံသား များကိုယ်တိုင် ပြည်တွင်းသို့ဝင် ရောက်နေထိုင်ပြီး အမျိုးသမီးများ ကို တောင်းရမ်းကာ လူကုန်ကူးမှု ကျူးလွန်နေသည့် ပုံစံများရှိလာ သည်ဟု လူမှုဝန်ထမ်း၊ ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူ ထောင်ရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းကပြော သည်။ ဇူလိုင် ၁၀ ရက်က နေပြည် တော်ရှိ Grand Amara Hotel ၌ လူကုန်ကူးမှုနှင့် သက်ဆိုင်သော ဖြစ်ရပ်များ စီမံဆောင်ရွက်ခြင်း နှင့် တရားစွဲဆိုရေးလုပ်ငန်းစဉ် များနှင့် ပတ်သက်၍ ပြုလုပ်သော သင်တန်းဖွင့်ပွဲအခမ်းအနား မိန့် ခွန်းတွင် ၎င်းကအထက်ပါအတိုင်း ထည့်သွင်းပြောကြားခြင်း ဖြစ် သည်။
မိုးသည်းထန်စွာ ရွာသွန်းသောကြောင့် ဆင်သေ-လဟယ်ကားလမ်း မြေသားပြိုကျကာ လမ်းပိတ်ဆို့
မိုးသည်းထန်စွာ ရွာသွန်းသောကြောင့် ဆင်သေမြို့နှင့် လဟယ်မြို့သို့ ဖောက်လုပ်ထား သည့် ကားလမ်းနေရာအချို့၌ ဇူလိုင် ၉ ရက်တွင် မြေသားပြိုကျ၍ လမ်းပိတ်ဆို့နေကြောင်း ခန္တီးမြို့ နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမောင်တေးက ပြောသည်။ ‘‘မနက်က မိုးတွေအရမ်းရွာ ပြီး ဆင်သေ-လဟယ်ကားလမ်း က မြေသားပြိုကျပြီး လမ်းပိတ်သွားတာပါ။ လမ်းဘေးက သစ်ပင်တစ်ပင်လဲပြီး ကားတစ်စီးပေါ် ပိလို့ ပျက်စီးတာတော့ ရှိတယ်။ လူထိခိုက်ဒဏ်ရာရတာ မရှိဘူး။ လောလောဆယ် ဆိုင်ကယ်တွေကတော့ တွန်းသင့်တဲ့နေရာ တွန်းပြီး သွားလို့ရတယ်။ ကားတွေက တော့ သွားလို့ မရသေးဘူး’’ ဟု ၎င်းက ပြောသည်။
ယင်းမာပင်နှင့် မော်လိုက်တွင် အင်အား အနည်းငယ်ရှိ ငလျင်နှစ်ကြိမ်လှုပ်
ယင်းမာပင်နှင့် မော် လိုက်မြို့တွင် အင်အားအနည်း ငယ်ရှိသော ငလျင်နှစ်ကြိမ်လှုပ်ခတ်ပြီး ထိခိုက်ပျက်စီးမှု မရှိ ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနဦးစီးမှူး ဦးစ၀ီလီဖရန့် က ပြောသည်။ မော်လိုက်မြို့တွင် ရစ်ခ်ျတာ စကေး ၄ ဒသမ ၄ အဆင့်နှင့် ယင်းမာပင်မြို့၌ ၄ ဒသမ ၃ အဆင့် ငလျင် ဇူလိုင် ၉ ရက် နံနက်တွင် လှုပ်ခတ်ခဲ့သည်။ ‘‘လှုပ်တာကိုတော့ ခံစားရ တယ်။ ဒါပေမဲ့ ထိခိုက်မှု မရှိဘူး။ မိုးကရွာနေတော့ မြေပြိုမှုဘေးကို စိုးရိမ်တာတွေ ရှိပေမယ့် ထူးခြား မှု မရှိပါဘူး’’ဟု ဦးစ၀ီလီဖရန့်က ပြောသည်။
ဘီးလင်းမြစ်ရေတက်မှုကြောင့် ကယ်ဆယ်ရေးစခန်းငါးခု ဖွင့်လှစ်ထား ကယ်ဆယ်ရေးစခန်းသို့ လူဦးရေ ၇၀၀ ကျော် ပြောင်းရွှေ့
မွန်ပြည်နယ် ဘီးလင်းမြို့နယ်တွင် ဘီးလင်းမြစ်ရေ တက်မှုကြောင့် ကယ်ဆယ်ရေး စခန်းငါးခုဖွင့်လှစ်ကာ လူ၇၀၀ ကျော် ရေဘေးရှောင်စခန်း၌ ပြောင်းရွှေ့နေကြောင်း ဘီးလင်းမြို့နယ် ကွပ်ကဲရေးရုံးမှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။ ဘီးလင်းမြစ်ရေ စိုးရိမ်အ မှတ် ၁,၀၂၂ စင်တီမီတာ ရှိကာ ဇူလိုင် ၉ ရက်တွင် ၉၇၇ စင်တီမီတာထိ ရောက်ရှိနေသဖြင့် အိမ်ထောင်စု ၂၃ စု၊ လူ ၁၀၄ ဦးကို ကယ်ဆယ်ရေးစခန်း သုံးခုဖွင့်၍ ပြောင်းရွှေ့ထားကြောင်း၊ ဇူလိုင် ၁၀ ရက် နံနက်တွင် မြစ်ရေစိုးရိမ် အမှတ် ၉၆၃ စင်တီမီတာရှိကာ ရေကျသော်လည်း ရေဘေးစခန်း ငါးခု ဖွင့်လှစ်ပြီး အိမ်ထောင် စု ၁၇၆ စုမှ လူ ၇၄၃ ဦးထိ ရှိလာကြောင်း ဘီးလင်းမြို့နယ် ကွပ်ကဲရေးရုံးက ထုတ်ပြန်သည်။
ပရိသတ်တွေအတွက် တစ်ကိုယ်တော်ခွေကို အရှုံးခံပြီးထုတ်တယ်ဆိုတဲ့ ဝိုင်းစုခိုင်သိန်း
မြစ်ငါးစင်းရေတက်လာ၍ မြစ်ကမ်း တစ်လျှောက် နေထိုင်သူများသတိပြုရန်လို ဒေသအချို့ နေရာကွက်မိုးကြီးနိုင်
မြို့ခြောက်မြို့၌ ရေကြီး နစ်မြုပ်မှု ကြုံတွေ့နေရစဉ် ဧရာဝ တီနှင့်ချင်းတွင်းမြစ်အပါအဝင် မြစ်ငါးစင်းရေတက်လာ၍ မြစ် ကမ်းဘေးဒေသများ ရေဘေးသ တိပြုရန် မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတိ ပေးချက် ထုတ်ပြန်သည်။ အလယ်ပိုင်းဒေသမှအပ မြန်မာနိုင်ငံဒေသအများအပြား တွင် ဇူလိုင်လဆန်းကစတင်ကာ မိုးကောင်းပြီးနောက် မွန်ပြည် နယ် ဘီးလင်းမြို့နယ်၊ ကချင် ပြည်နယ် မြစ်ကြီးနား၊ ဝိုင်းမော် နှင့် ဆဒုံးမြို့၊ စစ်ကိုင်းတိုင်းဒေသ ကြီး ခန္တီးနှင့် ကသာမြို့တွင် မြေ နိမ့်ပိုင်းနေရာများ၌ ရေကြီးနစ် မြုပ်မှု ကြုံတွေ့နေသည်။
H1N1 ကြောင့် သုံးဦးထပ်မံသေဆုံး
ရာသီတုပ်ကွေး (H1N1) ကြောင့် သုံးဦးထပ်မံသေ ဆုံးပြီး တစ်နိုင်ငံလုံးတွင် သေဆုံး သူ ၃၇ ဦး ရှိလာကြောင်း ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနက ယမန်နေ့တွင် သတင်းထုတ်ပြန် သည်။ ဇူလိုင် ၉ ရက်က သေဆုံးသူ ဦးရေ ၃၄ ဦးရှိရာမှ ဇူလိုင် ၁၀ ရက်တွင် သုံးဦးထပ်မံသေဆုံး ခြင်းဖြစ်သည်။ ထပ်မံသေဆုံး သည့် သုံးဦးမှာ ရန်ကုန်တိုင်းမှနှစ် ဦးနှင့် ပဲခူးတိုင်းမှတစ်ဦးဖြစ်သည်။
ရခိုင်စစ်ဘေးရှောင်စခန်းများ၌ ကျန်းမာရေးမကောင်းသူ ၇၀၀ခန့်ရှိနိုင်ဟု ကူညီရေးအဖွဲ့ထုတ်ပြန် ထက်ဝက်ကျော်မှာ(၁၀)နှစ်အောက်ကလေးငယ်များဟုဆို
ရခိုင်ပြည်နယ်အတွင်းရှိ စစ်ဘေးဒုက္ခသည်စခန်းများ၌ ဖျားနာသူများအပါအ၀င် ကျန်း မာရေးချွတ်ယွင်းနေသူ ၇၀၀ ခန့် ရှိပြီး အများစုသည် (၁၀) နှစ် အောက် ကလေးငယ်များဖြစ် ကြောင်း ကူညီရေးအဖွဲ့တစ်ခုဖြစ် သည့် ရခိုင်တိုင်းရင်းသားမျိုးနွယ် များအစည်းအရုံး (REC) က ယ မန်နေ့တွင် ထုတ်ပြန်သည်။ ယခုလအတွင်း မိုးသည်း ထန်စွာ ရွာသွန်းခြင်းနှင့်အတူ စစ် ဘေးဒုက္ခသည်စခန်းများတွင် ကျန်းမာရေး ချွတ်ယွင်းမှုများလည်း အများအပြား ဖြစ်ပေါ်နေရာ ဖျား နာခြင်း၊ အအေးမိချောင်းဆိုးခြင်း၊ ၀မ်းပျက်ဝမ်းလျှောဖြစ်ခြင်း၊ ယား နာကဲ့သို့ အရေပြားရောဂါနှင့် အ ခြားရောဂါခံစားနေရသူ အများအ ပြားရှိရာ မြောက်ဦးမြို့နယ် တိမ် ညိုတိုက်နယ်အတွင်းရှိ စခန်းခုနစ် ခုတွင် ကျန်းမာရေးမကောင်းသူ ၁၇၁ ဦးရှိသည်ဟု ဆိုသည်။
နိုင်ငံခြားဘဏ် ထပ်မံဖွင့်ခွင့်ပြုရေး အကြံပေးမည့် နိုင်ငံတကာကုမ္ပဏီတစ်ခုကို မကြာမီရွေးချယ်မည်
အသစ်ခွင့်ပြုမည့် နိုင်ငံ ခြားဘဏ်များ ရွေးချယ်ရေး နိုင်ငံတကာအကြံပေးကုမ္ပဏီတစ်ခုကို မကြာမီ ရွေးချယ်ခန့်အပ်မည်ဟု နိုင်ငံခြားဘဏ်ရွေးချယ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။ ဗဟိုဘဏ်က နိုင်ငံခြား ဘဏ်များကို ပြည်တွင်း၌ တတိယ အကြိမ်ဖွင့်လှစ်ခွင့်ပြုရေးဆောင် ရွက်ရာ၌ နိုင်ငံတကာအကြံပေး ကုမ္ပဏီတစ်ခုငှားရမ်းအသုံးပြုရန် စီစဉ်နေခြင်းဖြစ်သည်။
ထားဝယ်အထူးစီးပွားရေးဇုန်တွင် ဂျပန်က ဆိပ်ကမ်းတည်ဆောက်ရန် ညှိနှိုင်းနေ
မြန်မာနိုင်ငံ တောင်ပိုင်း ရှိ ထားဝယ်အထူးစီးပွားရေးဇုန် တွင် ပထမဦးစားပေး စီမံကိန်းသုံးခုအနက် ဂျပန်က ဆိပ်ကမ်းတည်ဆောက်မည်ဟု ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီထံမှ သတင်းရရှိသည်။ ထားဝယ်အထူးစီးပွားရေး ဇုန်ကို လမ်း၊ လျှပ်စစ်မီးနှင့် ဆိပ်ကမ်းဟူ၍ အပိုင်းသုံးပိုင်းခွဲခြား ထားရာ လမ်းကို ထိုင်းနိုင်ငံချေးငွေ ဖြင့်လည်းကောင်း၊ လျှပ်စစ်မီးကို ကိုယ်ပိုင်အစီအစဉ်ဖြင့်လည်း ကောင်း လုပ်ဆောင်ထားခြင်း ကြောင့် ဆိပ်ကမ်းတည်ဆောက် ရန် ဂျပန်နိုင်ငံနှင့် ညှိနှိုင်းနေသည်ဟု အဆိုပါကော်မတီတာဝန်ရှိသူတစ်ဦးက ပြောသည်။
ယူနန်အစိုးရ ခွင့်ပြုမိန့်ဖြင့် မူဆယ်မှ တင်ပို့သော လယ်ယာထွက်ကုန်အချို့ ဈေးနှိမ်ခံရ
နယ်စပ်မှ လယ်ယာ ထွက်ကုန်အချို့ကို ယူနန်အစိုးရ က သွင်းကုန်ခွင့်ပြုမိန့် ထုတ်ပေး သော်လည်း တရုန်ကုန်သည်များ ၏ ဈေးနှိမ်ဝယ်ယူခြင်းခံရကြောင်း မူဆယ်မြို့မှ ကုန်သည်အချို့က ပြောသည်။ ဘိန်းအစားထိုး သီးနှံခွင့်ပြု မိန့်ဖြင့် ပြောင်းဖူးစေ့တင်သွင်းခွင့်၊ ယူနန်အစိုးရခွင့်ပြုမိန့်ဖြင့် ဆန် တင်သွင်းခွင့် ရရှိထားသော တရုတ်ကုန်သည်များ၏ ဈေးနှိမ် ဝယ်ယူခြင်း ကြုံတွေ့နေရသည်ဟု ၎င်းတို့က ဆိုသည်။
ဆေးရုံက မစိုးရိမ်ရဟုဆိုကာ ပြန်လွှတ်လိုက်သည့် ကလေးငယ် နာရီပိုင်း အတွင်းသေဆုံး
ပြည်ဆေးရုံကြီးမှ မစိုးရိမ် ရဟုဆိုကာ ပြန်လွှတ်သည့် ကလေးငယ် သေဆုံးခဲ့သဖြင့် မကျေနပ်ကြောင်း ကလေး၏ မိခင် မစုနန္ဒာက ပြောသည်။ ၎င်း၏ တစ်ဦးတည်းသော သားငါးလအရွယ်ကလေးငယ်၏ ဦးခေါင်းမှ ချွေးထွက်များနေသ ဖြင့် ဇူလိုင် ၈ ရက်နံနက် ၁၁ နာရီခန့်က ပြည်ဆေးရုံကြီးပြင်ပ လူနာဌာနသို့ ပြခဲ့သော်လည်းတာ ၀န်ကျအမျိုးသမီးဆရာဝန်က မ စိုးရိမ်ရကြောင်း ပြောကာအိမ်သို့ ပြန်လွှတ်ခဲ့ကြောင်း၊ အပြန်လမ်း တွင် ကလေးသည်ညည်းညူနေ သဖြင့် လမ်းရှိဆရာဝန်တစ်ဦးထံ ၀င်ရောက်ပြသရာ ကလေးအထူး ကုဆရာဝန်နှင့်ပြရန် ၎င်းဆရာဝန် ကညွှန်ကြားသဖြင့် သွားရောက် ရာဆေးခန်းပိတ်ထားသဖြင့် မပြ ဖြစ်ခဲ့ကြောင်း ကလေးမိခင်က ပြောသည်။
အကူအညီပေးရေး ခရီးစဉ်များ ကန့်သတ်ခံရခြင်းကြောင့် ရခိုင်စစ်ရှောင်ပြည်သူများ အကျပ်အတည်းကြုံတွေ့နေဟုဆို
လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေး ရေး ကိစ္စများ သွားလာခွင့်ကို အစိုးရက ကန့်သတ်ခြင်းသည် ရခိုင်စစ်ရှောင်ပြည်သူများ ပိုမိုအခက်အခဲဖြစ်စေကြောင်း မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလှသိန်းအောင် က ဇူလိုင်၁၀ရက်တွင် ပြောသည်။ အစားအစာနှင့် အကူအညီ အချို့ဆက်လက်ပံ့ပိုးနေသော် လည်း လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး သွားလာခွင့် ကန့်သတ်မှု ရခိုင်ပြည်နယ် မင်း ပြားမြို့နယ် ကျေးလက်ဒေသ များတွင် ဆက်လက်ရှိနေဆဲဖြစ် ကြောင်း ကုလသမဂ္ဂလူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA)၏ ဇူလိုင် ပထမပတ်အတွက် မြန်မာနိုင်ငံ အစီရင်ခံစာ ၌ ဖော်ပြသည်။
သင်ရိုးဟောင်းသင်္ချာထက် သင်ရိုးသစ်သင်္ချာကို ကလေးများပိုနှစ်သက်ဟုဆို
အခြေခံပညာဒုတိယ တန်း (Grade - 2) ကျောင်းသား၊ ကျောင်းသူများသည် ယခင်အသုံး ပြုသောသင်ရိုးဟောင်း သင်္ချာ ဖတ်စာအုပ်ထက် လက်ရှိသုံးနေ သော သင်ရိုးသစ်သင်္ချာဖတ်စာ အုပ်ကို ပိုမိုနှစ်သက်သည်ဟုပညာ ရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးဒေါက်တာမျိုးသိမ်းကြီးက ပြောသည်။ အခြေခံပညာမူလတန်းသင် ရိုးသစ်များရေးဆွဲရေး ပညာရေး ၀န်ကြီးဌာနကို ပံ့ပိုးပေးနေသော ဂျပန်အပြည်ပြည်ဆိုင်ရာ ပူး ပေါင်းဆောင်ရွက်ရေးအဖွဲ့ - JICA (CREATE) အဖွဲ့၏ စစ် တမ်းကို ကိုးကားကာပြည်ထောင် စုဝန်ကြီးက ထိုသို့ပြောကြားခြင်း ဖြစ်သည်။
တရားရုံးတွင်ရှင်းရတော့မည့် သက္ကမိုးညိုနှင့် ရဲတပ်ဖွဲ့ဂုဏ်သိက္ခာ
၂၅ နှစ်အတွင်း စိုက်ပျိုးမြေအများဆုံးယူခဲ့သည့် စာရင်းတွင် မြေလွတ်၊ လပ်၊ ရိုင်း ကော်မတီနှင့် တပ်မတော်အရာရှိကြီးများ ပါဝင်ဟုဆို
လွန်ခဲ့သော ၂၅ နှစ်အတွင်း ချထားပေးသော စိုက်ပျိုးမြေဧက ၅ ဒသမ ၁ သန်းခန့်အနက် ထက်ဝက်နီးပါးကို ရယူထားသူများသည် တပ်မတော်အရာရှိကြီးများ၊ ယခင် သမ္မတဦးသိန်းစိန်လက်ထက် ဖွဲ့စည်းခဲ့သည့် မြေလွတ်၊ မြေလပ်၊ မြေရိုင်းစီမံခန့်ခွဲမှုဗဟိုကော်မတီတို့ဖြစ်သည်ဟု မဲခေါင်ဒေသတွင်း မြေယာစီမံခန့်ခွဲမှုအဖွဲ့ (MRLG) က ထုတ်ပြန်သော စစ်တမ်းစာအုပ်တွင်ဖော်ပြထားသည်။ အဆိုပါအဖွဲ့က မဲခေါင်ဒေသ မြေယာအခြေအနေ၊ အနေအထား စာအုပ်မိတ်ဆက်ပွဲကို ဇူလိုင် ၁၀ ရက်က နေပြည်တော်ရှိ Grand Amara Hotel ၌ ပြုလုပ်သော အခမ်းအနားတွင် ထုတ်ပြန်ခြင်းဖြစ်သည်။
တရုတ်နိုင်ငံသားများ ဗီဇာကင်းလွတ်ခွင့် ရရှိရေး တရုတ်သံအမတ်တောင်းဆို
တရုတ်နိုင်ငံသားများ ဗီဇာကင်းလွတ်ခွင့်ရရှိရေး မြန်မာအစိုးရဆောင်ရွက်ပေးရန် တရုတ်သံအမတ်က တောင်းဆိုသည်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် မစ္စတာချန်ဟိုင်က အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေထံ ဇူလိုင် ၉ ရက်တွင် ဗီဇာကင်းလွတ်ခွင့်ရရှိရေးနှင့် စပ်လျဉ်းပြီး တွေ့ဆုံပြောကြားသည်။
ဗစ်တိုးရီးယားအတွက် အလှူငွေကောက်ခံမှုကို တရားမ၀င်ဟု ရဲတပ်ဖွဲ့သုံးနှုန်း
သက္ကမိုးညိုအပြင် ဆက်စပ်ပတ်သက်သမျှ ဖော်ထုတ်အရေးယူဦးမည်ဟုဆို အဆိုပါထုတ်ပြန်ချက်ကို ဖေ့စ်ဘွတ်ခ်တွင် နှစ်နာရီအတွင်း Ha Ha ပေးသူ တစ်သောင်းခွဲရှိသည်
ဗစ်တိုးရီးယားအတွက် ဘဏ်ငွေစာရင်းဖွင့်ကာ အလှူငွေ ကောက်ခံမှုကို တရားမ၀င်ဟု သုံး နှုန်းလိုက်ပြီး ပထမအဆင့်အနေ ဖြင့် သက္ကမိုးညိုအကောင့်ပိုင်ရှင် ကို အမှုဖွင့်ခြင်းဖြစ်ကာ ဆက်စပ် ပတ်သက်မှုများကို စိစစ်ဖော် ထုတ်အရေးယူမည်ဟု ရဲတပ်ဖွဲ့ က ယမန်နေ့ညတွင် ထုတ်ပြန် သည်။
ဗစ်တိုးရီးယားအတွက် ဘဏ်ငွေစာရင်းဖွင့်ကာ အလှူငွေ ကောက်ခံမှုကို တရားမ၀င်ဟု သုံး နှုန်းလိုက်ပြီး ပထမအဆင့်အနေ ဖြင့် သက္ကမိုးညိုအကောင့်ပိုင်ရှင် ကို အမှုဖွင့်ခြင်းဖြစ်ကာ ဆက်စပ် ပတ်သက်မှုများကို စိစစ်ဖော် ထုတ်အရေးယူမည်ဟု ရဲတပ်ဖွဲ့ က ယမန်နေ့ညတွင် ထုတ်ပြန် သည်။
နီပေါ နိုင်ငံ တရားရုံးက ကလေးသူငယ်များအား လိင်ကိစ္စ ပြုလုပ်ရန် ဆွဲဆောင်မှုဖြင့် ကနေဒါ လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ ၀န်ထမ်းကို ထောင်ဒဏ် ၁၆ နှစ် ချမှတ်
နီပေါ နိုင်ငံ၌ ကနေဒါ နိုင်ငံသား လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ ၀န်ထမ်း တစ်ဦး ဖြစ်သူ Peter Dalglish ကို ယောင်္ကျားလေး နှစ်ဦးအား လိင်ပိုင်းဆိုင်ရာ အလွဲသုံးစား လုပ်မှု အတွက် နီပေါ နိုင်ငံရှိ တရားရုံး တစ်ရုံးက ထောင်ဒဏ် ၁၆ နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။ နီပေါ နိုင်ငံ၏ Kavrepalanchok ခရိုင် တရားရုံးတွင် တရားစီရင်မှု တရားခွင် တစ်ခုတွင် တရားစီရင်မှုများ ပြုလုပ်ပြီးနောက် နောက်ဆုံး ကြားနာမှုအား ဇူလိုင် ၈ ရက်တွင် ပြုလုပ်ခဲ့ကြောင်း တရားရုံး အရာရှိ Thakur Chandra Trital က ဆင်ဟွာသို့ ပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်နှင့် နောက်ထပ် အဆက်အဆံလုပ်မည်မဟုတ်ဟု ထရမ့် ဆို
အမေရိကန်နိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ် Kim Darroch၏ ထရမ့်အစိုးရအပေါ် ဝေဖန်သည့် လျှို့ဝှက်ချက်များ ပေါက်ကြားပြီးနောက် အမေရိကန် သမ္မတ ထရမ့်က ၄င်းနှင့်နောက်ထပ် အဆက်အဆံလုပ်တော့မည်မဟုတ်ဟု ဇူလိုင် ၈ ရက်က တုံ့ပြန်ပြောဆိုခဲ့သည်။ “ဒီသံအမတ်ကြီးကို ကျွန်တော်မသိဘူး။ဒါပေမဲ့ အမေရိကန်မှာတော့ သူက နာမည်သတင်းကောင်း တော့ရှိမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ကလည်း သူနဲ့ နောက်ထပ်သွားလာဆက်ဆံမည် မဟုတ်ပါ ဘူး”ဟု ထရမ့်က ဇူလိုင် ၈ ရက် ၄င်း၏တွစ်တာစာမျက်နှာတွင် ပြောကြားခဲ့သည်။
ကန်ဆိုင်ရာ ဗြိတိန်သံအမတ် ရာထူးက နုတ်ထွက်

ရှမ်းပြည်နယ်၊ မိုင်းဆတ်မြို့နယ်တွင် ကျပ်သိန်းပေါင်း ၂၀,၀၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ

ငွေကြေးနဲ့ တင်တောင်းလက်ထပ်ပြီး တရုတ်ပြည်ဘက် လူကုန်ကူးတာ တွေ များလာ
မြန်မာအမျိုးသမီးတွေကို ငွေကြေး သိန်းလေးဆယ်၊ ငါးဆယ်အထိ ပေးပြီး လက်ထပ်ဖို့ တင်တောင်းကာ တရုတ်ပြည်ဘက် လူကုန်ကူးတာတွေ ပိုများလာတယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနရဲ့ ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်း က ပြောပါတယ်။ အရင်က မသိနားမလည်တဲ့ အမျိုးသမီးတွေကို ပွဲစားတွေကတဆင့် တရုတ်နိုင်ငံကို ခေါ်ဆောင်တာတွေရှိခဲ့ပြီး ခုနောက်ပိုင်းမှာ အတင်းအဓမ္မလက်ထပ်တာတွေ အပါအ၀င် ပုံစံအမျိုးမျိုး ပြောင်းလဲလာတယ်လို့ ဆိုကြပါတယ်။
ဗစ်တိုရီးယား အမှု အလှူခံနေသူတွေကို ရဲတပ်ဖွဲ့က စောင့်ကြည့် အရေးယူနေသလား
ဗစ်တိုးရီးယားအမှုကို လိုက်ပါကူညီဆောင်ရွက်ပေးနေတဲ့ ဒေါက်တာဝင်းကိုကိုသိန်း (ခ) သက္ကမိုးညိုကို ပျဉ်းမနား မြို့နယ်ရဲတပ်ဖွဲ့မှူးက အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၄ (ဃ)နဲ့အမှုဖွင့်တာ ဟာ Bank Account ဖွင့် တရားမဝင်အလှူခံနေမှုတွေနဲ့ ဆက်စပ်နေတယ် လို့ ရဲတပ်ဖွဲ့ ကတရားဝင်ထုတ်ပြန်လိုက်ပါတယ် ။
ရိုဟင်ဂျာ ဒုက္ခသည်တွေ ဘေးကင်းစွာ ဌာနေပြန်နိုင်မည့် အခြေအနေ မရှိကြောင်း ကုလသုံးသပ်
ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် တပ်ဖွဲ့ကြား တိုက်ခိုက်မှုတွေ ပြင်းထန်နေတာကြောင့် ရိုဟင်ဂျာတွေသာမက ရခိုင်တိုင်းရင်းသားတွေရဲ့ အခြေအနေတွေပါ အလွန်ဆိုးရွားလာနေကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ လက်ထောက် မဟာမင်းကြီး Kate Gilmore က ဗုဒ္ဓဟူးနေ့က သတိပေးပြောကြားလိုက်ပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာရှိနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ဌာနေပြန်ရေးအခြေအနေ လုံးဝမဖြစ်နိုင်သေးဘူးလို့ Kate Gilmore က မနေ့က (၄၁)ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီညီလာခံမှာ ပြောကြားခဲ့ပေမယ့် မြန်မာဘက်ကတော့ ရိုဟင်ဂျာဒုက္ခသည်တွေ လက်ခံဖို့ အဆင်သင့်ရှိနေကြောင်း မြန်မာသံအမတ်က တုန့်ပြန်ပြောဆိုခဲ့ပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကို တင်ပြမှာပါ။
ကုလ အထူးကိုယ်စားလှယ် မြန်မာခရီးစတင်

မြန်မာနိုင်ငံရဲတပ်ဖွဲ့ ညွှန်ကြားလို့ သက္ကမိုးညိုကို အမှုဖွင့်အရေးယူ
အခုလိုအမှုဖွင့်လဲ ကျွန်တော်ကဆက်ပြီးကူညီသွားမှာပဲ။ ရေးတာအမှန်ရေးတာ၊ သက်သေအထောက် အထားတွေမရှိပဲ မဟုတ်တာပြောတာမဟုတ်ဘူး
မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ညွှန်ကြားမှုကြောင့် ဗစ်တိုးရီးယားအမှုကို လိုက်ပါကူညီဆောင်ရွက်ပေးနေတဲ့ ဒေါက်တာဝင်းကိုကိုသိန်း (ခ) သက္ကမိုးညိုကို ပျဉ်းမနား မြို့နယ်ရဲတပ်ဖွဲ့မှူးက အီလက်ထရောနစ်ဆက်သွယ်ရေး ဥပဒေပုဒ်မ ၃၄ (ဃ)နဲ့အမှုဖွင့်တာလို့ ဒုရဲမှူး အောင်နိုင်ဦးက သတင်းမီဒီယာတွေကိုပြောလိုက်ပါတယ်။ သက္ကမိုးညို (ခ) ဒေါက်တာဝင်းကိုကိုသိန်းက ရဲတပ်ဖွဲ့ဂုဏ်သိက္ခာကို ကျဆင်းအောင် လူမှုကွန်ရက်မှာ ရေးသားတာတွေကြောင့် အခုလိုအမှုဖွင့်တာလို့လည်း သူကဆိုပါတယ်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ညွှန်ကြားမှုကြောင့် ဗစ်တိုးရီးယားအမှုကို လိုက်ပါကူညီဆောင်ရွက်ပေးနေတဲ့ ဒေါက်တာဝင်းကိုကိုသိန်း (ခ) သက္ကမိုးညိုကို ပျဉ်းမနား မြို့နယ်ရဲတပ်ဖွဲ့မှူးက အီလက်ထရောနစ်ဆက်သွယ်ရေး ဥပဒေပုဒ်မ ၃၄ (ဃ)နဲ့အမှုဖွင့်တာလို့ ဒုရဲမှူး အောင်နိုင်ဦးက သတင်းမီဒီယာတွေကိုပြောလိုက်ပါတယ်။ သက္ကမိုးညို (ခ) ဒေါက်တာဝင်းကိုကိုသိန်းက ရဲတပ်ဖွဲ့ဂုဏ်သိက္ခာကို ကျဆင်းအောင် လူမှုကွန်ရက်မှာ ရေးသားတာတွေကြောင့် အခုလိုအမှုဖွင့်တာလို့လည်း သူကဆိုပါတယ်။
လူ့အခွင့်အရေးချိုးဖောက်မှုမှတ်တမ်း ရခိုင်လူငယ်အဖွဲ့ ထုတ်ပြန်
ရခိုင်ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခကြောင့် ၂၀၁၉ ခုနှစ် မေလအထိ ၆ လတာအတွင်း လူ့အခွင့်အရေး ချိုးဖေါက်မှု ၁၉၅ မှု တွေ့ရှိရတယ်လို့ ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့် လူငယ်များအစည်းအရုံး AASYC က ထုတ်ပြန်ပါတယ်။ ဒီလူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မြန်မာတပ်မတော်အပါအ၀င် ရခိုင်ပြည်နယ်တွင်း လက်နက်ကိုင် အဖွဲ့အစည်းတွေက ကျူးလွန်ကြတာ ဖြစ်တယ်လို့လည်း ဖော်ပြပါတယ်။ တချိန်တည်းမှာတော့ ရခိုင် ကျောက်တော်မြို့နယ် အတွင်းက မြန်မာစစ်တပ်နဲ့ AA အဖွဲ့အကြား တိုက်ပွဲတွေကြောင့် အရပ်သားတွေ စစ်ဘေးရှောင်နေရပါတယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် နိုင်ကွန်းအိန်ကနေ ဆက်သွယ်မေးမြန်း သတင်းပေးပို့ထားပါတယ်။
AA အတွက် စည်းရုံးမှုကြောင့် မြန်မာတချို့ကို စကာင်္ပူ ပြည်နှင်ဒဏ်ပေး အရေးယူ
မြန်မာအစိုးရအပေါ် လက်နက်ကိုင် အကြမ်းဖက်နေတဲ့အဖွဲ့ကို ထောက်ခံဖို့ စင်ကာပူကို အသုံးချနေတဲ့ မြန်မာနိုင်ငံသား အများအပြားကို အရေးယူလိုက်တယ်လို့ စင်ကာပူ ပြည်ထဲရေးဝန်ကြီး ဌာန ကြေညာချက်တရပ် ထုတ်ပြန်ပါတယ်။ ဒါဟာ စင်ကာပူနိုင်ငံရဲ့ လုံခြုံရေး အတွက်လည်း အန္တရာယ်ရှိတဲ့ လုပ်ရပ်ဖြစ်ကြောင်း ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံသား တစုဟာ AA ရခိုင်တပ်မတော်နဲ့ သူတို့ရဲ့ နိုင်ငံရေး အင်အားစုဖြစ်တဲ့ ULA တို့ကို ထောက်ခံဖို့အတွက် မြန်မာနိုင်ငံသား တချို့ ကို စည်းရုံးအားဖြည့်ခဲ့တယ်လို့ စုံစမ်းစစ်ဆေးမှုတွေ အရ သိရှိရကြောင်း ဖော်ပြထားပါတယ်။
AA စစ်ဦးစီးချုပ်ရဲ့ ညီအရင်းဖြစ်သူအပါအဝင် ရခိုင်တိုင်းရင်းသား ခြောက်ဦးကို စင်္ကာပူရဲတပ်ဖွဲ့ ဖမ်းဆီး
AA စစ်ဦးစီးချုပ်ရဲ့ ညီအရင်းဖြစ်သူအပါအဝင် ရခိုင်တိုင်းရင်းသား ခြောက်ဦးကို မြန်မာနိုင်ငံအစိုးရရဲ့ တောင်းဆိုချက်အရ စင်္ကာပူ CID၊ လဝကနဲ့ ရဲတပ်ဖွဲ့က မနေ့ကနဲ့ ဒီနေ့ မနက်ပိုင်းက စင်္ကာပူနိုင်ငံမှာ ဖမ်းဆီးလိုက်တယ်လို့ AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက RFA ကိုအတည်ပြုပြောပါတယ်။ စင်္ကာပူရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးချိန်မှာ မြန်မာနိုင်ငံအစိုးရက ဖမ်းဆီးခိုင်းတဲ့အတွက် ဖမ်းဆီးတာ ဖြစ်ကြောင်း ပြောဆိုခဲ့တာတွေရှိတယ်လို့ ရခိုင်အခြေစိုက် DMG သတင်းမှာ ဖော်ပြထားပါတယ်။
လူသတ် တရားခံအား (၂၄)နာရီအတွင်း ဖော်ထုတ်ဖမ်းဆီးရမိ
ဧရာဝတီတိုင်းဒေသကြီးဟင်္သာတခရိုင်ကြံခင်းမြို့နယ်၌ဖြစ်ပွားခဲ့သည့်လူသတ်မှုအားရဲတပ်ဖွဲ့က (၂၄)နာရီအတွင်းဖော်ထုတ်ဖမ်းဆီး ရမိခဲ့ကြောင်းဇူလိုင်(၉)ရက်နေ့၌ ထုတ်ပြန်ထားကြောင်းသိရသည်။ ဖြစ်စဉ်မှာဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ်ရဲတပ်ဖွဲ့၊ ဘက်ရဲနယ်မြေ ရဲစခန်းပိုင်တွင် တရားလို ဦး(----)၏သမီး မ(-----)သည် ၃.၇.၂၀၁၉ ရက် ၂ နာရီ ခန့်တွင် ကြံခင်းမြို့နယ် အလုံအုပ်စု၊ ကြားအင်းလေးရွာရှိ သူငယ်ချင်းဖြစ်သူ မ (------)ထံသို့ နှီးဝယ်ယူရန် ထွက်သွားရာမှ ပြန်မလာသဖြင့် လိုက်လံစုံစမ်းရှာဖွေရာ ၎င်းစီးနင်းသွားသော ၅၀ ယ/-----Smash 110 ဆိုင်ကယ်အား ၄.၇.၂၀၁၉ ရက် ၆ နာရီ အချိန်တွင် ဧရာဝတီတိုင်းဒေသကြီးနှင့်ပဲခူးတိုင်းဒေသကြီး နယ်ခြားမှတ်တိုင် အမှတ် ၁၀၂/၁ အနီး ပုသိမ်-မုံရွာ ကားလမ်းမကြီးဘေးတွင် ပြန်လည်တွေ့ရှိခဲ့သည်။
တန့်ယန်းမြို့တွင် မိန်းခလေးငယ်တဦးအားဝိုင်းဖွဲ့ရိုက်နှက်သည့်အဖွဲ့ကို ရဲများဖမ်းဆီးထား ၂ ဦးထွက်ပြေးလွှတ်မြောက်နေ
တန့်ယန်းမြို့နယ်တွင် အမျိုးသမီးငယ်တဦးအား အမျိုးသမီး ၄-၅ ယောက်အဖွဲ့က ဝိုင်းဖွဲ့ရိုက်နှက်ရန်ဖြစ်သည့် ဗီဒီယိုကလစ်ယခုရက်ပိုင်းအတွင်း ဖေ့စ်ဘု လူမှုကွန်ယက်တွင်ပျံ့နှံ့ခဲ့ပြီးနောက် နစ်နာသူဆွေမျိုးများနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများက အမှုဖွင့်တိုင်ကြားလိုက်သဖြင့် ရိုက်နှက်မှုလက်သည်အား ရဲများက ဖမ်းဆီးထိန်းသိမ်းစစ်ဆေးနေကြောင်းသိရသည်။ အသက် ၁၄ နှစ်အရွယ်အမျိုးသမီးငယ်ကို တန့်ယန်းမြို့ ကျောက်တောင် တရုတ် နတ်စင်အနီးတွင် အမျိုးသမီး ၄-၅ ယောက်ကအုပ်စုဖွဲ့ကာ အဝတ်အစားချွတ် ရိုက်နှက်နှိပ်စက်သည့် ဗီဒီယိုကလစ် ပျံ့နှံ့ခဲ့ပြီးနောက် ဇူလိုင်လ ၉ ရက်မနက်ပိုင်းက တန့်ယန်းရဲစခန်းမှ ခေါ်ယူထိန်းသိမ်း လိုက်ခြင်းဖြစ်ကြောင်းသိရသည်။
လားရှိုးမြို့ တွင် ဓားရှည်ကိုင် ရမ်းကားသူ တဦး ကြောင့် ရပ်ကွက် အုပ်ချုပ်ရေးမှူး ဒဏ်ရာရ
သျှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့ တွင် အရက်မူးပြီး ဓားဖြင့် ရမ်းကားနေသည့် အမျိုးသား အား ရပ်ကွက် အုပ်ချုပ်ရေးမှူး က ၀င်ရောက်ဟန့်တားရာ အရက်မူးသူက ဓားဖြင့်ခုတ်သည်ဟု သတင်းရရှိသည်။ ဖြစ်စဉ်မှာ ဇူလိုင် ၈ ရက်နေ့လည်ပိုင်းက လားရှိုးမြို့ အမှတ်(၆) ရွှေလီ ရပ်ကွက်တွင် အရက်မူးပြီးလမ်းသွားလမ်းလာများအား ဓားကိုင်ကာ ရမ်းကားဆဲဆိုနေသော စောရွှေ ဆိုသူ အာုး ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုင်းဖိုးကြွယ်က သွားရောက် ဖြန်ဖြေဟန့်တားသောအခါ ဓားရှည်ဖြင့် ခုတ်မိကြောင်း သိရသည်။
မြန်မာအလုပ်သမားနှစ်သန်းကျော် နေရပ်မပြန်ပဲ ထိုင်းဗီဇာတိုးခွင့်ရမည်
ထိုင်းနိုင်ငံတွင်းမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမား၂သန်းကျော် ကိစ္စနဲ့ ပတ်သက်လို့ နှစ်နိုင်ငံညှိနှိုင်း ဆွေးနွေးချက်အရနေရပ်ပြန်စရာမလိုပဲ ထိုင်းနိုင်ငံမှာ ဗီဇာသက်တမ်း ၂နှစ်အထိ တိုးပေးမယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ဇူလိုင်လ ၈ ရက်နေ့မှာ ကြေညာလိုက်တာကြောင့် အလုပ်သမားရေးအဖွဲ့ တွေကကြိုဆိုခဲ့ပေမဲ့ ဗီဇာကြေးကတော့ ၈ဆလောက်မြင့်တက်သွားမှာ ကိုတော့ ဆက်လက်ညှိနှိုင်းပေးဖို့ မြန်မာသံရုံးကို တောင်းဆိုခဲ့တယ်လို့ဆိုပါတယ်။ ထိုင်းအခြေစိုက် VOA သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
မွန်ပြည်နယ်ရှိ အုပ်ချုပ်ရေးမှူးတစ်ဦးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူ
မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ ရက္ကန်းသည်မကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူလိုက်ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ယနေ့ ထုတ်ပြန်သော သတင်းအရ သိရသည်။ အဆိုပါ အုပ်ချုပ်ရေးမှူးသည် ကျေးရွာပိုင် ကွင်းအမှတ်(၁၉)(ခ)ကွင်း သောင်နုမြေများကို လယ်သမား(၇)ဦးအား စုစုပေါင်း ငွေကျပ် ၄,၄၀၀,၀၀ဝိ/- ဖြင့် ရောင်းချခဲ့ခြင်းနှင့်၂၀၁၈ ခုနှစ် မိုးရာသီတွင် ပျက်စီးဆုံးရှုံးခဲ့သော လယ်မြေ ၁၇၂၆ ဧကအတွက် နိုင်ငံတော်မှ တစ်ဧကလျှင် ငွေကျပ် ၈၅၀ဝိ/-နှုန်းဖြင့် ထောက်ပံ့ ကူညီငွေများမှ တစ်ဧကလျှင် ၁၀၀ဝိ/- နှုန်းဖြင့် လယ်သမား (၁၃)ဦးထံမှ စုစုပေါင်း ငွေကျပ် ၁၄၅,၀၀ဝိ/- တောင်းခံခဲ့ခြင်းတို့အား စစ်ဆေးအရေးယူပေးပါရန် တိုင်ကြားခဲ့ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စစ်ဆေးရာ ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှု ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် အမှုဖွင့် အရေးယူခဲ့ကြောင်း သိရသည်။ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ ရက္ကန်းသည်မကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသန့်ဇင် အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ မွန်ပြည်နယ်၊ ဘီးလင်းမြို့၊ တောင်စွန်း ရဲစခန်းတွင် ၁၀-၇-၂၀၁၉ ရက်နေ့၌ ပထမသတင်းပေး တိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရှမ်းပြည်နယ်၊ မဘိမ်းမြို့နယ် တွင် ငွေကျပ် ၁၁,၈၀ဝ သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

Subscribe to:
Posts (Atom)