ရက္ခိုင့်တပ်မတော်မှ ကင်းတလင်းကျေးရွာဒေသခံ ၅၄ ဦးကိုဖမ်းစီးထားခဲ့ခြင်းဖြစ်ပြီး အမျိုးသမီးတစ်ဦးမှာ AA စခန်းတွင် သေဆုံးသွားသည်ဟု ထွက်ပြေးလွတ်မြောက်လာသူများမှပြောကြောင်း မီးဇာကျေးရွာအုပ်စု၊ ကုန်ပြင်ရွာ ဥက္ကဌ ဦးယိုက်တန်းက ပြောသည်။ ဖမ်းစီးခံထားရသည့် ကင်းတလင်းကျေးရွာဒေသခံများအနက် ၂ ဦးပြန်လည်ထွက်ပြေးလွတ်မြောက်လာပြီးနောက် ယခုရက်ပိုင်းတွင် ၁၂ ပြန်လည်ထွက်ပြေးလွတ်မြောက်လာခဲ့သည်။
Pages
Wednesday, July 3, 2019
ဝေဠုကျော်၏ ရုံးချိန်းကင်းလွတ်ခွင့် လျှောက်ထားမှု တရားရုံး ပယ်ချ
သရုပ်ဆောင် ဝေဠုကျော်၏ ရုံးချိန်းကင်းလွတ်ခွင့် လျှောက်ထားမှုအပေါ် သင်္ဃန်းကျွန်းမြို့နယ်တရားရုံးက ယနေ့ (ဇူလိုင် ၃ရက်)တွင် ပယ်ချကြောင်း အမိန့်ချမှတ်ခဲ့သည်။ သရုပ်ဆောင်ဝေဠုကျော်အား မော်ဒယ်သင်းသင်းက ကာမလိမ်လည်ရယူမှု ပုဒ်မ (၄၁၇) ဖြင့် တရားစွဲဆိုထားသောအမှုကို ယနေ့တွင် ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်တရားရုံး၌ ၁၂ ကြိမ်မြောက် ရုံးချိန်းခေါ်ယူခဲ့သည်။ ရုံးချိန်းကင်းလွတ်ခွင့်နှင့် ပတ်သက်၍ ဝေဠုကျော်ဘက်မှ တရားရုံးသို့ လျှောက်ထားမှုမှာ အကြောင်းအရာ ခိုင်လုံမှုမရှိ၍ တရားရုံးက ပယ်ချခဲ့ခြင်းဖြစ်သည်။ သရုပ်ဆောင် ဝေဠုကျော်အနေဖြင့် ပရဟိတလုပ်ငန်းများ လုပ်ဆောင်နိုင်ရန်အတွက် ရုံးချိန်းကင်းလွတ်ခွင့်ပြုရန် ပြီးခဲ့သည့် မေ ၂၄ ရက်တွင် တရားရုံးသို့ တင်ပြခဲ့ခြင်းဖြစ်သည်။ ယနေ့ရုံးချိန်းတွင် မော်ဒယ်သင်းသင်းဘက်မှ တင်သွင်းသည့် သက်သေအသံဖိုင်ကို စစ်ဆေးခဲ့ပြီး လာမည့်ရုံးချိန်းကို ဇူလိုင် ၁၈ ရက် တွင် ပြန်လည်ချိန်းဆိုခဲ့သည်။
ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်နှင့်အဖွဲ့ သြစတေးလျသံရုံး ဒုတိယအတွင်းဝန်အား လက်ခံတွေ့ဆုံ

အိန္ဒိယနိုင်ငံ အနောက်ပိုင်း ဆည်ကျိုးကျမှုကြောင့် လူ ၂ ဦးသေဆုံး၊ ၂၂ ဦးပျောက်ဆုံး
အိန္ဒိယနိုင်ငံ အနောက်ပိုင်း မဟာရက်ရှ်ထရာပြည်နယ်၊ ရတ်နာဂီရိခရိုင်၊ Chiplun မြို့ရှိ ဆည်ငယ်တစ်ခု ဇူလိုင်လ ၂ ရက်ညပိုင်းက ကျိုးကျမှုကြောင့် လူ ၂ ဦးသေဆုံးကာ အခြားလူ ၂၂ ဦးပျောက်ဆုံးနေကြောင်း သိရသည်။ ရေလွှမ်းမိုးမှုအခြေအနေကြောင့် ကျေးရွာ ၆ ရွာမှ ၇ ရွာဝန်းကျင်အပေါ် သက်ရောက်မှုရှိခဲ့ကြောင်း ဒေသခံ မီဒီယာက ဖော်ပြခဲ့သည်။ ဆည်ကျိုးကျမှုကြောင့် နေအိမ် ၁၂ လုံးဝန်းကျင် ရေစီးနှင့်မြောပါသွားခဲ့သည်။ အမျိုးသား သဘာဝဘေးတုံ့ပြန်ရေးအဖွဲ့က ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများအား လုပ်ဆောင်လျက်ရှိသည်။ ရေထုထည်ပမာဏ ကုဗမီတာ ၂ဒသမ ၄ သန်း လက်ခံနိုင်သော အဆိုပါဆည်အား ၂၀၁၂ ခုနှစ်က တည်ဆောက်ပြီးစီးခဲ့သည်။ ဆည်ကျိုးကျမှုဖြစ်ပွားရသည့် အခြားအချက်အလက်များအား စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။
အသက်မပြည်သေးသည့် ကျောင်းသူမိန်းခလေးများအား လိင်ပိုင်းဆိုင်ရာ ကျူးလွန်နေသည့် ကျေးရွာ အုပ်ချုပ်ရေးမှူး အား ဖမ်းဝရမ်းထုတ်
ထိုင်းနိုင်ငံ ဖန်းငါးခရိုင် အုန်းတော (ထုန့် မဖေါက်)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး နိုင် Supasak Phokbut ဆူပဆပ် ဖုတ်ကဘွတ် ကို ဖန်းငှားတရားရုံးက ဖမ်းဝရမ်းထုတ်ပြီး သူ့ အိမ်ကို သွားရောက်ရှာဖွေရာမှာ တရားခံ ဟာ ထွက်ပြေးသွားခဲ့ပြီး သူ့ မိသားစုပါ နေအိမ်မှာမရှိတော့တာတွေ့ ရပါတယ်။ ထိုင်းလူမှူကွန်ယက်မှာ ဖေါ်ပြနေတဲ့ မိန်းခေလးငယ်တစ်ဦးကို ကားပေါ်မှာ ပွတ်သတ်နမ်းနေတဲ့ ထိပ်ပြောင် လူကြီး ရုပ်သံထဲက သူဟာဟာ အုန်းတောကျေးရွာ အုပ်ချုပ်မှူးဖြစ်ကြောင်း ရဲတပ်ဖွဲ့ ကအတည်ပြုခဲ့ပါတယ်။
သုံးစွဲမီတာယူနစ်များကို တိကျစွာ ကောက်ယူထားနိုင်ခြင်း မရှိသောကြောင့် ယူနစ်များ ပေးဆောင်ရန် ကျန်ရှိနေပါက ဈေးနှုန်းအသစ်ဖြင့်သာ ပေးဆောင်ရမည်ဟုဆို
လစဉ်မီတာယူနစ်များ ကောက်ယူရာတွင် တိကျသေစွာ မကောက်ယူမိသောကြောင့် အချို့သော မီတာများတွင် ယူနစ်များ ကျန်ရှိနေပါက ဈေးနှုန်းတိုးမြှင့်လိုက်သည့် ယူနစ်ဈေးနှုန်းများ အတိုင်းသာ ကျခံပေးဆောင်ရ မည်ဖြစ်ပြီး လမ်းမီးတိုင်များတွင် တပ်ဆင်ထားသည့် မီတာပုံးများကို နေအိမ်များရှေ့သို့ ပြန်လည်ချထားရန် အတွက် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနမှ စဉ်းစားနေသော်လည်း ကုန်ကျစရိတ်မရှိ ဖြစ်နေကြောင်း ဧရာဝတီတိုင်း ဒေသကြီး လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း ညွှန်ကြားရေးမှူး ဦးလှဖုန်းက ပြောကြားသည်။
ဒီမိုကရေစီကျင့်သုံးမှုအား မြန်မာပြည်သူများက ကျေနပ်နေကြကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာကိုယ်စားလှယ်ပြော
ဂျီနီဗာ အခြေစိုက် ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်း ကိုယ်စားလှယ် ဦးကျော်မိုးထွန်းက မြန်မာ့ အသွင်ကူးပြောင်းရေး ကာလမှာ နေထိုင်နေကြတဲ့ မြန်မာပြည်သူတွေကတော့ ဒီမိုကရေစီ ကျင့်သုံးမှု ကျယ်ပြန့်လာတဲ့အပေါ်မှာ ကျေနပ်နေကြောင်း ပြောဆိုလိုက်ပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ အစည်းအဝေးမှာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက တင်ပြသွားတာလည်းဖြစ်ပါတယ်။
တပ်မတော်တပ်ရင်းများ၌ လျှပ်စစ်မီးသုံးစွဲရာတွင် ကိုယ်ပိုင်ထရန်စဖော်မာများနှင့် သတ်မှတ်ယူနစ်အတိုင်း အသုံးပြုနေပြီး တပ်ရင်းများအတွင်းရှိ အိမ်ရာများတွင်မူ အများပြည်သူအသုံးပြုနှုန်းထားအတိုင်း မီတာများတပ်ဆင်အသုံးပြုနေဟုဆို
တပ်မတော်တပ်ရင်းများတွင် လျှပ်စစ်မီးသုံးစွဲရာ၌ ကိုယ်ပိုင်ထရန်စဖော်မာများနှင့် ဝန်ကြီးဌာနမှ သတ်မှတ်ပေးထားသည့် ယူနစ်အတိုင်းအသုံးပြုနေပြီး ဝန်ကြီးဌာနအချင်းချင်း လျှပ်စစ်မီတာခများ ပေးချေဆောင်ရွက်နေကြောင်းနှင့် တပ်ရင်းများအတွင်းရှိ အိမ်ယာများတွင်မူ အများပြည်သူများအသုံး ပြုနှုန်းထားအတိုင်း မီတာများတပ်ဆင်ကာ ကျသင့်ယူနစ်အလိုက် ပေးချေအသုံးပြုနေကြောင်း ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးနိုင်ထူးအေးက ပြောကြားသည်။
ဂျပန်တောင်ပိုင်းမှာ မိုးကြီးနေလို့  ဒေသခံ ၈ သိန်းနီးပါးကို ဘေးလွတ်ရာ ရွှေ့ ပြောင်းကြဖို့  အမိန့်ထုတ်
ဂျပန်နိုင်ငံတောင်ပိုင်း ကာဂိုရှီးမားစီရင်စုမှာ မိုးကြီးနေပြီး မြေပြိုမှုတွေနဲ့ အခြား ပျက်စီးထိခိုက်မှုတွေ ရှိလာနိုင်တာကြောင့် ယင်းဒေသက မြို့သုံးမြို့မှာ နေထိုင်တဲ့ ဒေသခံလူဦးရေ ၈ သိန်းလောက်ကို ခိုလှုံရေး စခန်းတွေနဲ့ အခြား လုံခြုံဘေးကင်းတဲ့နေရာတွေဆီ ရွှေ့ ပြောင်းနေထိုင်ကြဖို့  ဇူလိုင် ၃ ရက်နေ့ မှာ အမိန့်  ထုတ်လိုက်ကြောင်း သိရပါတယ်။
မီတာခ တိုးမြှင့်ကောက်ခံမှုဆန္ဒပြပွဲ ကြံ့ခိုင်ရေး ပါတီဝင်များ ဦးဆောင်ဟုဆို


တာချီလိတ်မြို့ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စုအတွင်း ထိုင်းနိုင်ငံသား(၆)ဦး နှင့် မြန်မာနိုင်ငံသား(၂)ဦးတို့အား လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ


ဂျာမနီတွင် မြေဟက်တာ ၆၀၀ ကျော် တောမီးလောင်ကျွမ်း
ယူကရိန်းသမ္မတသစ်ကို ကနေဒါ ၀န်ကြီးချုပ် ကြိုဆို
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ 3 July 2019
မတ်ပဲ
ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ ၆၀ ၀င် တအိတ်ကို ၈၁၈၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၅၀၀ ကျပ်ဈေး တက်လာပါတယ်။ မန္တလေးပွဲစားကုန်သည် စက်ပိုင်အသင်းမှာတော့ တအိတ်ကို ၈၀၀၀၀ ကနေ ၈၃၀၀၀ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင်မှာ တအိတ်ကို ၁၂၀၀ ကျပ်ဈေး ကွာခြားမှုရှိပါတယ်။
ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ ၆၀ ၀င် တအိတ်ကို ၈၁၈၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၅၀၀ ကျပ်ဈေး တက်လာပါတယ်။ မန္တလေးပွဲစားကုန်သည် စက်ပိုင်အသင်းမှာတော့ တအိတ်ကို ၈၀၀၀၀ ကနေ ၈၃၀၀၀ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင်မှာ တအိတ်ကို ၁၂၀၀ ကျပ်ဈေး ကွာခြားမှုရှိပါတယ်။
ရော်နယ်ဒို ပရိသတ်တွေရဲ့ လှောင်ပြောင်ခြင်း ခံနေရတဲ့ မက်ဆီ
တွစ်တာကတဆင့် ရော်နယ်ဒိုရဲ့ ပရိသတ်တွေက မက်ဆီကိုလှောင်ပြောနေခဲ့တာ ဖြစ်ပြီး ဘရာဇီးက ၂-၀ နဲ့ အာဂျင်တီးနားကို နိုင်တာ မဟုတ်ပဲ ရော်နယ်ဒိုကသာ မက်ဆီကို ၂-၀ နဲ့ နိုင်တာလို့ လှောင်ပြောင်နေခဲ့တာပါ။ ဘရာဇီးအသင်းကို ဆီမီးဖိုင်နယ်မှာ ၂-၀ နဲ့ ရှုံးနိမ့်ပြီး ကိုပါအမေရိကဆုဖလားနဲ့ ထပ်မံဝေးကွာခဲ့ရပြန်တဲ့ လီယွန် နယ်မက်ဆီကို အဓိက ပြိုင်ဖက်လို့ယုံကြည်ထားတဲ့ရော်နယ်ဒိုရဲ့ ပရိသတ်တွေက လှောင်ပြောင်မှုတွေ ပြုလုပ်ခဲ့ ကြတယ်လို့ Fox Sports Asia သတင်းဌာနကဖော်ပြလာပါတယ်။
NLD ပါတီဝင်အချို့ သူရဦးရွှေမန်းတည်ထောင်သည့် ပါတီသို့ ကူးပြောင်းမှုများရှိနေကြောင်း သတင်းများထွက်ပေါ်
ယခင် တပ်မတော်အငြိမ်းစား ဗိုလ်ချုပ်ကြီးဟောင်း ဖြစ်သူ သူရ ဦးရွေမန်းတည်ထောင်သည့် ပြည်ထောင်စု ကောင်းကျိုးဆောင် ပါတီသို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ(NLD)မှ ပါတီဝင် အချို့ကူးပြောင်းမှုများရှိနေကြောင်း သတင်းများထွက်ပေါ်လျှက် ရှိကြောင်းသိရသည်။ ယင်းကဲ့သို့ ကူးပြောင်းရာတွင် ပဲခူးတိုင်းဒေသကြီးရှိ ပါတီဝင် မြို့နယ်စည်းရုံးရေးကော်မတီဝင်များ နှင့် မင်္ဂလာတောင်ညွှန့်မြို့နယ်မှ မြို့နယ် စည်းရုံးရေးကော်မတီဝင်အချို့ ပါဝင်ကြောင်းလည်း သိရ သည်။
တပ်တွင်းဒီမိုကရေစီစနစ်ကို စည်းကမ်းတကျ ကျင့်သုံးနေဟုကာချုပ်ပြော
တပ်မတော်မှာ တပ်တွင်းဒီမိုကရေစီစနစ်ကို စည်းကမ်းတကျ ကျင့်သုံးနေတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။ မနေ့က သံတောင်ကြီးတပ်နယ်၊ တပ်မတော်(ကြည်း) တိုက်ခိုက်ရေးကျောင်း (ဘုရင့်နောင်) နဲ့ အရာခံ၊ အကြပ်ကြီးသင်ကျောင်းက နည်းပြအရာရှိတွေ၊ သင်တန်းသား အရာရှိ၊ စစ်သည်တွေနဲ့ တွေ့ဆုံရာမှာ ပြောခဲ့တာပါ။
ဝန်ကြီးဌာနသစ် ၂၀၂၀ ရွေးကောက်ပွဲအတွက် မရည်ရွယ်
တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ အသစ်ဖွဲ့စည်းလိုက်တဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာနဟာ ၂၀၂၀ ရွေးကောက်ပွဲတခုထဲအတွက် ရည်ရွယ်ဖွဲ့စည်း တာ မဟုတ်ဘူးလို့ ရန်ကုန်တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာန၊ ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က ပြောပါတယ်။ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာနဟာ မြန်မာနိုင်ငံမှာ အခြေခံ လူဦးရေစာရင်း မှန်မှန်ကန်ကန်ထွက်ရှိလာစေဖို့နဲ့ လူ့စွမ်းအားအရင်းအမြစ်တွေကို မြှင့်တင်ဖို့ ရည်ရွယ်ဖွဲ့စည်းခဲ့တာလို့လည်း ဆိုပါတယ်။ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ ဇူလိုင်လ ၃ ရက်နေ့က ဝန်ကြီးအဖြစ် ကတိသစ္စာ ပြုအပြီး မီဒီယာတွေနဲ့ တွေ့ဆုံပြီး အခုလို ပြောဆိုခဲ့တာပါ။
ဖူးကတ်တွင် မြန်မာအချင်းချင်း ဓားထိုးမှုဖြစ်၊ ၂ ဦးသတိလစ်မေ့မျောပြီး စိုးရိမ်ရ
ပြီးခဲ့တဲ့ ဇူလိုင် ၂ ရက်ညပိုင်းက ထိုင်းနိုင်ငံ ဖူးကတ်ခရိုင် အလုပ်သမားစခန်းတခုမှာ ဓားထိုးခံရတဲ့ မြန်မာနိုင်ငံသား ၂ ဦးဟာ ဆေးရုံမှာ သတိလစ်မေ့မြောနေပြီး အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ သည်ဖူးခက်နယူးစ်သတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။ ဒီအဖြစ်အပျက်ဟာ ဖူးကတ်ခရိုင် ထလန်မြို့နယ်က အလုပ်သမားစခန်းထဲမှာ ဖြစ်ခဲ့တာဖြစ်ပြီး ဓားနဲ့ထိုးခဲ့သူဟာလည်း မြန်မာနိုင်ငံသားပဲဖြစ်တယ်လို့ ဆိုပါတယ်။ ထလန်ဆေးရုံကို ရောက်ရှိလာပြီး သတိလစ်မေ့မြောနေတဲ့ လူနာတွေရဲ့ အကြောင်းကိုတော့ ဆေးရုံတာဝန်ရှိသူတွေက ရဲတွေကို ည ၁၀ နာရီလောက်မှာ အ ကြောင်းကြားခဲ့ပါတယ်။
ထိုင်းနယ်စပ်နေ ဒုက္ခသည် ၁၁၉ ဦး မြဝတီမြို့ကနေ ထပ်မံဝင်ရောက်လာ
တင်ဒါခေါ်ယူရသည့် ဆောက်လုပ်ရေးလုပ်ငန်းများ အဂတိလိုက်စားမှု အများဆုံး ဖြစ်နေ
မြန်မာနိုင်ငံမှာ တင်ဒါခေါ်ယူရတဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ အဂတိလိုက်စားမှု အများဆုံး ဖြစ်နေတယ်လို့ မြန်မာစီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေးအထောက်အကူပြုဌာန (MCRB) က စွပ်စွဲပြောကြားလိုက်ပါတယ်။ အဂတိ ကင်းစင်ရေးအတွက် မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်မှာ တာဝန်ယူမှု ရှိတဲ့ စီးပွားရေးဆိုင်ရာလိုက်နာ ကျင့်သုံးမှုများဆီသို့ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဇူလိုင် ၂ ရက်က မော်လမြိုင်မှာ ပြုလုပ်တဲ့ ဒေသခံစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ဆွေးနွေးပွဲမှာ MCRB အဖွဲ့ ဒါရိုက်တာ ဗစ်ကီဘိုမန်က ပြောဆိုခဲ့တာပါ။
မီတာခတက်၍ ရန်ကုန်တိုင်းတွင် တစ်ရက်တည်း နေရာ ၁၀ ခု၌ ဆန္ဒထုတ်ဖော် ၂၃ နေရာထိ ဆန္ဒထုတ်ဖော်ရန် ခွင့်ပြုမိန့်တောင်းခံထားဟုဆို
မီတာခ စတင်တက်သည့်ရက်တွင် နိုင်ငံတစ်ဝန်း လျှပ်စစ်သုံးစွဲမှု ယူနစ်ခုနစ်သန်းကျော် လျော့နည်း
လျှပ်စစ်မီတာခများ တိုးမြှင့်ခဲ့သည့် ပထမဦးဆုံးရက် ဇူလိုင် ၁ ရက် (တနင်္လာနေ့)တွင် ပြီးခဲ့သည့် သီတင်းပတ် တနင်္လာ နေ့ထက် လျှပ်စစ်ယူနစ်ပေါင်း ၇ ဒသမ ၇၇ သန်းခန့် လျော့နည်း သုံးစွဲခဲ့ကြောင်း လျှပ်စစ်နှင့် စွမ်း အင်ဝန်ကြီးဌာနက ထုတ်ပြန်သော စာရင်းများ၌ ဖော်ပြသည်။ တနင်္လာနေ့သည် လျှပ်စစ် ဓာတ်အားသုံးစွဲမှု မြင့်မားလေ့ရှိ သည့်ရက်ဖြစ်ကာ ဇွန်လ ၂၄ ရက် (တနင်္လာနေ့) တွင် တစ်နိုင်ငံ လုံး၌ လျှပ်စစ်ယူနစ်ပေါင်း ၇၀ ဒသမ ၃၃ သန်းကျော်ရှိခဲ့ပြီး ဇူလိုင် ၁ ရက်တွင် လျှပ်စစ်ယူနစ် ၆၂ ဒသမ ၅၆ သန်းကျော်သုံးစွဲခဲ့သည် ဟု ၀န်ကြီးဌာနက ထုတ်ပြန်သည်။
ငွေဈေး၊ ရွှေဈေး၊ စက်သုံးဆီဈေး ဇူလိုင်-၃၊၂၀၁၉
ဒီကနေ့ ဇူလိုင် ၃ ရက်အတွက်ေ အမေရိကန်တစ်ဒေါ်လာလဲနှုန်းကတော့ တစ်ဒေါ်လာကို ၁၅၁၁ကျပ် (ဘဏ်ကအဝယ်)၊ ၁၅၁၅ ကျပ် (ဘဏ်ရောင်းဈေး) ဈေးရှိနေပြီးတော့ ယူရိုလဲနှုန်းကတော့ တစ်ယူရိုကို ၁၆၉၅ ကျပ် (ဘဏ်ကအဝယ်)၊၁၇၀၅ ကျပ် (ဘဏ်ရောင်းဈေး) ဖြစ်ပါတယ်။ စင်ကာပူတစ်ဒေါ်လာကို ၁၁၁၀ကျပ် (ဘဏ်ကအဝယ်)၊ ၊၁၁၁၄ ကျပ် (ဘဏ်ရောင်းဈေး) ရှိပြီးတော့ မလေးရှားရင်းဂစ်ကတော့ တစ်ရင်းဂစ်ကို ၃၆၄ ကျပ် (ဘဏ်ကအဝယ်) ၊ ၃၆၇ ကျပ်(ဘဏ်ရောင်းဈေး) ဖြစ်ပါတယ်။ ထိုင်းဘတ်ကတော့ တစ်ဘတ်ကို ၄၈ ကျပ် (ဘဏ်ကအဝယ်)၊၄၉ ကျပ် (ဘဏ်ကအရောင်း) ဖြစ်ပါတယ်။ ရွှေဈေးကတော့ အခေါက်ရွှေတစ်ကျပ်သားကို ၁၁၀၅၀၀၀ ကျပ် နဲ့ ဈေးဖွင့်ထားပါတယ်။ စက်သုံးဆီကတော့ ဒီဇယ် (500PPM) တစ်လီတာ ၉၂၅ ကျပ်၊ ဒီဇယ် (Premium) ကိုတစ်လီတာ ၉၃၅ ကျပ်၊ ဓာတ်ဆီ(Octane 92) ကို တစ်လီတာ ၈၁၅ ကျပ်၊ ဓာတ်ဆီ (Octane 95) ကို တစ်လီတာ ၉၀၅ ကျပ်ဈေးဖြစ်ပါ တယ်။
ဗစ်တိုးရီးယားအတွက် အင်းစိန် CID ရုံးရှေ့သို့ ချီတက်ဆန္ဒပြမည်
ဗစ်တိုးရီယားအတွက် တရားမျှတမှုပေါ်ပေါက်ရေးကို ရည်ရွယ်ကာ လာမည့် ဇူလိုင် ၆ ရက်နေ့တွင် ရန်ကုန်မြို့ရှိ အင်းစိန် CID ရုံးရှေ့သို့ ချီတက်ဆန္ဒပြရန် စီစဉ်နေပြီး ခွင့်ပြုမိန့်ရရန် ကြိုးပမ်းနေသည်ဟု ဆန္ဒပြရန် စီစဉ်နေသူများထံမှ သိရသည်။ သာမန်ပြည်သူများအနေဖြင့် လူ့အဖွဲ့အစည်းအတွင်း တရားမျှတမှုကို မြှင့်တင်ပြီး ကလေးမိဘများအနေဖြင့် နောက်ထပ် ဗစ်တိုးရီးယားလို ကလေးများ ထပ်မံမပေါ်ပေါက်လာစေရန် အဓိက ရည်ရွယ်ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။
မှတ်စုစာအုပ် မေ့ကျန်သူများကိုရိုက်သည့် ဆရာမကို စုံခုံဖွဲ့စစ်ဆေး
ကာယမှတ်စုစာအုပ် မေ့ကျန်ခဲ့သဖြင့် ကျောင်းသား၊ ကျောင်းသူငါးဦးကို ရိုက်သည့် ကာယနည်းပြဆရာမကို စုံခုံဖွဲ့ စစ်ဆေးနေ ကြောင်း ပြည်မြို့နယ် ဒုတိယ ပညာရေးမှူး ဦးနိုင်အောင်ထွန်းက ပြောသည်။ြ ပည်မြို့ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း၌ ဇွန်လ ၂၅ ရက်က အဋ္ဌမတန်း ကျောင်းသား နှစ်ဦးနှင့် ကျောင်းသူ သုံးဦးကို ကာယမှတ်စုစာအုပ် မေ့ကျန်သောကြောင့် အထက်တန်းပြ ကာယနည်းပြဆရာမက ရိုက်နှက်ဆုံးမသည်ဟု တိုင်ကြားချက်အရ စစ်ဆေးခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။
လျှပ်စစ်ကဏ္ဍမှာ နိုင်ငံတကာကုမ္ပဏီတွေ ဝင်ရောက်ဖို့ အလားအလာရှိနေ
လျှပ်စစ်ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံဖို့ ပြည်ပလုပ်ငန်းတွေ လာရောက်ဆွေးနွေးထားတာတွေရှိတယ်လို့ ရင်းနှီးမြှုပ်နှံ မှုနဲ့ ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်ကပြောပါတယ်။ ဒီလိုလာရောက်ဆွေးနွေးခြင်းဟာ လျှပ်စစ်မီတာခတွေ မတက်ခင်ကဖြစ်ပြီး ဂျပန်၊ ကိုရီးယား၊ တရုတ်၊ ထိုင်းနဲ့ အင်္ဂလန်နိုင်ငံက လုပ်ငန်းတွေဖြစ်တယ်လို့ ဆိုပါတယ်။ ဆွေးနွေးရာမှာ ရေအားလျှပ်စစ်လုပ်ငန်း၊ ဂတ်စ်တာပိုင်နဲ့ လျှပ်စစ်ထုတ်တဲ့လုပ်ငန်းအပါအ၀င် လျှပ်စစ်ဖြန့်ဖြူးပေးတဲ့လုပ်ငန်းတွေလည်းပါတယ်လို့ သိရပါတယ်။ ဒါပေမယ့်လာရောက်လုပ်ကိုင်ဖို့ လိုအပ်တဲ့လုပ်ငန်းစဉ်တွေနဲ့ ထောက်ခံချက်တွေကိုသာ လာရောက်ဆွေးနွေးတာဖြစ်ပြီး ရင်းနှီးမြှုပ်နှံမယ့် ငွေကြေးပမာဏ အတိအကျကိုတော့ ပြောကြားခြင်း မရှိဘူးလို့သိရပါတယ်။
ဦးရဲထွဋ်၊ ဦးလှဆွေနှင့် ဦးဘိုဘိုကျော်ငြိမ်းတို့ကို နိုင်လွတ်လုံပုဒ်မဖြင့် သူရဦးရွှေမန်း၏ တပည့်က အမှုဖွင့်
ပြန်ကြားရေးဝန်ကြီး ဟောင်း ဦးရဲထွဋ်နှင့် ပြည်ခိုင်ဖြိုး အမတ်ဟောင်းဦးလှဆွေ အပါအ၀င် သုံးဦးကို သူရဦးရွှေ မန်းနှင့် နီးစပ်သူတစ်ဦးက နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်ပေး ရေး ဥပဒေအရ အရေးယူပေးရန် အမှုဖွင့်တိုင်ကြားထားကြောင်း ပုဗ္ဗသီရိမြို့နယ် ပတ္တာနယ်မြေရဲ စခန်းမှ တာဝန်ရှိသူတစ်ဦးက အတည်ပြုသည်။ ဦးရဲထွဋ်၊ ဦးလှဆွေနှင့် ဦးဘိုဘိုကျော်ငြိမ်းတို့ သုံးဦးကို သူရဦးရွှေမန်း၏ တပည့်ယာဉ်မောင်းတစ်ဦးက နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကိုကာကွယ်ပေးရေး ဥပဒေပုဒ်မ-၁၀အရ အရေးယူပေးရန် တိုင်ကြားခြင်းဖြစ်ပြီး လက်ရှိတွင် စုံစမ်း စစ်ဆေးနေကြောင်း အဆိုပါ တာ ၀န်ရှိသူက ပြောသည်။
တောင်ကြီးမြို့တွင် မြန်မာ-တရုတ် ကုန်ပစ္စည်းမိတ်ဆက်ပြပွဲကျင်းပ
တောင်ကြီးမြို့ ရေ အေးကွင်းရပ်ကွက်ရှိ ကမ္ဘောဇ ကုန်သွယ်မှု ဗဟိုဌာနခန်းမတွင် မြန်မာ-တရုတ် ကုန်ပစ္စည်းမိတ် ဆက်ပြသပွဲကို ဇူလိုင် ၂ ရက်က စတင်ခင်းကျင်းပြသနေသည်။ြ မန်မာ-တရုတ် နှစ်နိုင်ငံအ ကြား စီးပွားရေးအခွင့်အလမ်းများ ပိုမိုတိုးချဲ့ရန်နှင့် ချစ်ကြည်ရင်းနှီး မှု၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံ မှုများ အပြန်အလှန်တိုးပွားစေ ရန်၊ အရည်အသွေးပြည့်မီသော တရုတ်နိုင်ငံထုတ်ကုန်ပစ္စည်းများ မြန်မာ့ဈေးကွက်သို့ မိတ်ဆက်ပေး ရန်နှင့် ရှမ်းပြည်နယ်ထွက်ကုန် ပစ္စည်းများကို တရုတ်နိုင်ငံသို့ ပြန်လည်မိတ်ဆက်ပေးရန် ယင်း ပြပွဲ ကျင်းပခြင်းဖြစ်ကြောင်း ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ လျှပ် စစ်နှင့် စက်မှုဝန်ကြီး ဦးစိုင်းရှဲန် တစ်လုံက ပြောသည်။
အမှုတွေကိုသတ်မှတ်ကာလအတွင်းအပြီးသတ်စစ်ဆေးဖို့ တရားရုံး ၁၅ ရုံးမှာစတင်
တရားရုံးကိုရောက်လာတဲ့အမှုတွေကို အမှုအခြေအနေပေါ် မူတည်ကာ အပြီးသတ်မှတ်ဆောင်ရွက်ရမယ့် အချိန်ကာလ ကို စတင်လိုက်ပြီလို့သိရပါတယ်။ အလျင်အမြန်ဆောင်ရွက်ရမယ့် အမှုတွေကို ရက်ပေါင်း ၉၀ အတွင်း ၊ ရိုးရှင်တဲ့အမှု တွေ ကို ရက်ပေါင်း ၁၈၀ အတွင်း ၊ ရှုပ်ထွေးတဲ့အမှုတွေကို ရက်ပေါင်း ၂၇၀ အတွင်း အပြီးဆောင်ရွက်ဖို့ သတ်မှတ်လိုက်တာပါ။ ဒီလိုအချိန်ကာလ သတ်မှတ်တာကို မန္တလေးခရိုင်အတွင်းက မြို့နယ် တရားရုံး ခြောက်ရုံး ၊ နေပြည်တော် ကောင်စီ ဒက္ခိဏခရိုင်တရားရုံးနဲ့ မြို့နယ် တရားရုံး ခုနှစ် ရုံး စုစုပေါင်း တရားရုံး ၁၅ ရုံးမှာ အခု ဇူလိုင်လကနေစတင်မှာဖြစ်တယ်လို့ မန္တလေးတိုင်း တရားရေး ဦးစီးမှူး ဒေါ်ခင်ခင်ချို ကပြောပါတယ်။
ဖိလစ်ပိုင် သမ္မတကတော်ဟောင်း အီမယ်လ်ဒါ မားကို့စ်ရဲ့ မွေးနေ့ ဧည့်ခံပွဲမှာ လူပေါင်း ၁၃၀ ကျော် အစာအဆိပ်သင့်
အပူပိုင်းမုန်တိုင်း ဗီယက်နမ် အထက်ပိုင်းဒေသများကို ဖြတ်ကျော်ဝင်ရောက်မည်
မန္တလေးတွင် လာရောက် ရင်းနှီးမြှုပ်နှံရန် အိန္ဒိယကို မန်းဝန်ကြီးချုပ် တိုက်တွန်း
အိန္ဒိယနိုင်ငံအနေဖြင့် မန္တလေးတိုင်းအတွင်း လာရောက် ရင်းနှီးမြှုပ်နှံကြရန် မန္တလေးတိုင်းဝန်ကြီးချုပ်က တိုက်တွန်းလိုက်ပြီး လိုအပ်သည်များကိုလည်း ကူညီသွားမည်ဟု ပြောကြားလိုက်သည်။ “မန္တလေးမှာ ရင်းနှီးမြှုပ်နှံစရာ အများကြီးရှိပါတယ်။ အထူးသဖြင့် မြေဧကတွေ အတော် ပေါများပါတယ်။ တရုတ်နဲ့ထိုင်းနိုင်ငံက ရင်းနှီးမြုပ်နှံမှုများနေပေမယ့် အိန္ဒိယက နည်းနေတာ တွေ့ရပါတယ်။ လာရောက်ရင်းနှီးမြုပ်နှံကြဖို့ တိုက်တွန်းပါတယ်။ အဲဒီအတွက် မန္တလေးတိုင်းအစိုးရအဖွဲ့က ကူညီပါမယ်” ဟု ဒေါက်တာဇော်မြင့်မောင်က ပြောသည်။
မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ခရီးသွားလာမှုမြှင့်တင်ရေး၊ ယဉ်ကျေးမှုဖလှယ်ရေးနှင့် စီးပွားရေး ပူးပေါင်း လုပ်ဆောင်နိုင်ရန် ဆွေးနွေး

တယ်လီဖုန်းတိုင်လဲကျသဖြင့် လူ ၂ ဦးထိခိုက်ဒဏ်ရာရရှိ
၂၀၂၄ ပါရီအိုလံပစ်မျာ မိုးပျံတက္ကစီတွေ ပြေးဆွဲဖို့ Airbus စီစဉ်နေ

ကမ္ဘာ့လားကို အာဆီယံ ၁၀ နိုင်ငံ ပူးပေါင်း ကျင်းပလို့ မရတဲ့ အကြောင်းကို မလေးရှားဘောလုံးအဖွဲ့ ချုပ်ဥက္ကဌ ထောက်ပြ
၂၀၃၄ ကမ္ဘာ့ဖလားကို အာဆီယံ နိုင်ငံတွေ ပူးပေါင်းကျင်းပမယ်လို့ သဘောတူညီခဲ့ကြတာ ဖြစ်ပြီး ကျင်းပနိုင်ဖို့ အတွက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ကို တင်ပြတောင်းဆိုမှုတွေ ပြုလုပ်သွားရပါမယ်။ အာဆီယံ ဒေသတွင်းမှာ ၂၀၃၄ ကမ္ဘာ့လားကို အိမ်ရှင်အဖြစ် ပူးပေါင်းကျင်းပကြမယ်လို့ ပြီးခဲ့တဲ့ ၃၄ ကြိမ်မြောက် အာဆီယံ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးမှာ သဘောတူညီခဲ့ကြပါတယ်။ ဒီအဆိုအရ အာဆီယံ ဒေသတွင်းက နိုင်ငံ ၁၀ နိုင်ငံပေါင်းပြီး ကမ္ဘာ့ဖလားကို ကျင်းပဖို့တော့မဖြစ်နိုင်ပဲ အများဆုံး ၄ နိုင်ငံအထိသာ ပူးပေါင်း ကျင်းပနိုင်မယ်လို့ မလေးရှားဘောလုံးအဖွဲ့ချုပ် ဥက္ကဌက ထောက်ပြခဲ့တာ ကို Fox Sports Asia သတင်းဌာနကဖော်ပြလာပါတယ်။
ကျောင်းသားထုအစည်းအဝေး နည်းပညာတက္ကသိုလ် (မြိတ်)တွင် ပထမဆုံး ပြုလုပ်
တရုတ်နိုင်ငံသို့ ပို့ဆောင်ရန် တရားမဝင်သယ်ဆောင်လာသော မြင်း ၁ ကောင်နှင့် လား ၇ ကောင် ဖမ်းဆီးရမိ

ရုရှားရေငုပ်သုတေသနသင်္ဘောမီးလောင်သဖြင့် ရေတပ်သား ၁၄ ဦးသေဆုံး
ရုရှားပင်လယ်နက်သုတေသန ရေငုပ်စစ်သင်္ဘောတစ်စင်း မီးလောင်မှုဖြစ်ပွားခဲလို့ ရေတပ်သား ၁၄ ဦး သေဆုံးခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။ ရုရှားရေပြင်ထဲ သုတေသနစစ်တမ်းတစ်ခုအတွက်တိုင်းတာနေစဉ် ယခုလို့ အဖြစ်ဆိုးနဲ့ ကြုံတွေ့ခဲ့တာလို့ ဇူလိုင် ၂ ရက် က ၀န်ကြီးဌာနက ဆိုပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာတော့ အဆိုပါသေဆုံးခဲ့တဲ့ သဘောင်္သားတွေဟာ သမုဒ္ဒရာအောက်သက်တမ်းကို တိုင်းတာနေတဲ့ ရေငုပ်သုတေသနရေယာဉ်ထဲ မီးလောင်လွယ်တဲ့ မီးခိုးတွေ ရှုရှိုက်မိပြီး သေဆုံးခဲ့ရတာလို့ ဆိုပါတယ်။
တာချီလိတ်တွင် (၁)လကျော်အကြာက ခိုးယူခံရသည့် ရွှေထည်ပစ္စည်းနှင့် ပတ်သက်၍ တရားခံများအား ဖမ်းဆီးရမိ

"မလေးမှာ လိင်ဗီဒီယိုတွေကြည့်ပြီးနောက် ၁၂ နှစ်သားက ၄ နှစ်အရွယ် မိန်းကလေးကို အဓမ္မပြုကျင့်"
မလေးရှားနိုင်ငံမှာ အသက် ၁၂ နှစ်အရွယ် ယောက်ျားလေးတစ်ဦးက မိုဘိုင်းဖုန်းတစ်လုံးဖြင့် ၎င်းကြည့်ရှုခဲ့တဲ့ လိင်မှုဗီဒီယိုများ လွှမ်းမိုးမှုခံနေရပြီးနောက် အသက်လေးနှစ်အရွယ် မိန်းကလေးကို အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ယနေ့ (ဇူလိုင် ၂ ရက်) ပြောပါတယ်။ အဓမ္မပြုကျင့်မှုကျူးလွန်တဲ့ အဆိုပါ ယောက်ျားလေးကို ရဲအရာရှိတွေက စစ်ဆေးမေးမြန်းခဲ့ရာ ၎င်းက ဝန်ခံခဲ့တယ်လို့ Batu Gajah ရဲတပ်ဖွဲ့ လက်ထောက်ရဲမင်းကြီး Ahmad Adnan Basri က ပြောခဲ့ပါတယ်။ အဓမ္မပြုကျင့်ခံရတဲ့ မိန်းကလေးဟာ ကျူးလွန်သူ ယောက်ျားလေးရဲ့ မိခင်ဖြစ်သူက ကလေးထိန်းအဖြစ် ထိန်းသိမ်းစောင့်ရှောက်ပေးနေတဲ့ ကလေးမလေးဖြစ်ကြောင်းလည်း သိရပါတယ်။
နိုင်ဂျီးရီးယားတွင် လောင်စာဆီတင်ကားတိမ်းမှောက်ရာမှာ ပေါက်ကွဲမီးလောင်ပြီး အနည်ဆုံးလူ ၅၀ ခန့် သေဆုံးကာ ၁၀၁ ဦးဒဏ်ရာရ

လိုင်ယွန်ကွင်းလယ်လူ အန်ဒွန်ဘီလီအား ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ယူရိုသန်း (၆၀) ဖြင့် စပါးအသင်း ခေါ်ယူ

ဇာဟာကို အာဆင်နယ်အသင်းထံ ပြောင်းရွှေ့ခွင့်ပြုသင့်ဟု အစ်ကိုဖြစ်သူ တိုက်တွန်း
ခရစ္စတယ်ပဲလေ့စ် အသင်းအနေနဲ့ ဇာဟာကို အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့ဖို့ ခွင့်ပြုသင့်တယ်လို့ ဇာဟာရဲ့အကိုဖြစ်သူက တိုက်တွန်းလိုက်ပါတယ်။ ခရစ္စတယ်ပဲလေ့အသင်းဟာ မန်ယူနိုက်တက်ကနေ ဇာဟာကို ပြန်လည်ခေါ်ယူခဲ့စဉ်က ဥရောပပြိုင်ပွဲ ပုံမှန်ကစားရမယ့် အသင်းတသင်းကို ပြောင်းရွှေ့လိုတယ်ဆိုရင် ထွက်ခွာခွင့်ပြုမယ်ဆိုပြီး ပြောဆိုထားတယ်လို့ ဇာဟာရဲ့အကိုဖြစ်သူ ဂျုဒီဆယ် ဇာဟာက ပြော ပါတယ်။
ရွှေ့ပြောင်းဝင်သူများအရေးဖြေရှင်းရန် ဒေါ်လာ ၄.၆ ဘီလီယံဥပဒေကြမ်း သမ္မတထရမ့် လက်မှတ်ထိုး
အမေရိကန်နဲ့ မက္ကဆီကို ၂ နိုင်ငံနယ်စပ်မှ ရွှေ့ပြောင်းလာသူတွေ အလုံးအရင်း ၀င်ရောက်လာမှုကို ဖြေရှင်းမယ့် ဒေါ်လာ ၄ ဒသမ ၆ ဘီလီယံ ဥပဒေကြမ်းကို သမ္မတ ဒေါ်နယ်ထရမ့်က ဇူလိုင် ၁ ရက်နေ့မှာ လက်မှတ်ရေးထိုးလိုက်ပါတယ်။ အုပ်ထိန်းသူမဲ့ ကလေးငယ်တွေကို သင့်တော်တဲ့နေအိမ်တွေမှာ နေရာချထားဖို့၊ လူသားချင်းစာနာထောက်ထားမှုနဲ့ လုံခြုံမှုဆိုင်ရာထောက်ပံ့ကူညီမှုတွေအတွက် အဲဒီ ၄ ဒဿမ ၆ ဘီလီယံထဲက ၃ ဘီလီယံနီးပါးကို ကျန်းမာရေးနဲ့ လူသားချင်း အကူအညီပေး ရေးဌာနကို ပေးအပ်သွားမယ်လို့ ဆိုပါတယ်။
ပဲကြီးလှော်၊ ငရုတ်သီးမှုန့်၊ ဇီးထုပ်၊ ငါးပိထောင်းနှင့် ခေါက်ဆွဲ အမှတ်တံဆိပ်အချို့ စားရန်မသင့် ကြေညာ


ကရင်နီဒုက္ခသည်စခန်းက ၃၂ ဦး နေရပ် ပြန်လည်ဝင်ရောက်
အိမ်အကူ မကရင်မ အသတ်ခံရသည့်အမှု ရုံးထုတ်စစ်ဆေး
အိမ်အကူ မကရင်မ အသတ်ခံရတဲ့အမှုမှာ စွပ်စွဲခံရသူ မသိင်္ဂီစုကို ဇူလိုင် ၂ ရက်နေ့က ရန်ကုန်တောင်ပိုင်းခရိုင်တရားရုံးမှာ ရုံးထုတ်စစ်ဆေးပါတယ်။ ရုံးချိန်းမှာ စွပ်စွဲခံရသူဘက်က လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေက မသိင်္ဂီစုကို စစ်မေးခဲ့ရာမှာ မသိင်္ဂီစုက မကရင်မကို အိမ်အကူအဖြစ်မငှားခင် တခြားအိမ်အကူတဦးကို တလခွဲလောက် ခေါ်ယူငှားခဲ့ဖူးတယ်လို့ ထွက်ဆိုခဲ့ပါတယ်။ အဲဒီလို ငှားရမ်းရာမှာ အိမ်အကူက ယောက်ျားနောက်လိုက်ပြေးခဲ့ပြီး ဖြစ်ခဲ့တဲ့အမှု ဖြစ်စဉ်တွေကို ရုံးတော်မှာ သက်သေနဲ့တကွ တင်ပြစစ်မေးတာတွေပြုလုပ်ခဲ့တဲ့အတွက် မကရင်မ နဲ့ ပတ်သက်လို့ ရုံးချိန်းမှာ တစုံတရာစစ်မေးနိုင်ခြင်းမရှိခဲ့ပါဘူး။
အငြင်းပွားဖွယ် သန်းခေါင်စာရင်းမေးခွန်းထည့်သွင်းရေး Trump အစိုးရလက်လျှော့
အမေရိကန်သမ္မတ Donald Trump အတွက် အထိနာစေမယ့် ဆုံးရှုံမှုကြီး အဖြစ် ၂၀၂၀ အမေရိကန် သန်းခေါင်စာရင်းကောက်ခံမှုမှာ နိုင်ငံသားဖြစ်မှုနဲ့ ပတ်သက်တဲ့မေးခွန်းကို ထည့်သွင်းဖို့ သူ့အစိုးရအဖွဲ့ရဲ့ ကြိုးပမ်းမှုကို အဆုံးသတ်လိုက်ပါပြီ။ သန်းခေါင်စာရင်းအတွက် မေးခွန်းလွှာကို ဒီအချေအတင် အငြင်းပွါးဖွယ် မေးခွန်းမပါဝင်ဘဲ စတင်ပုံနှိပ်မယ်လို့ Trump အစိုးရက ပြောကြားခဲ့တာပါ။ ဒီဆုံးဖြတ်ချက်ကို အိမ်ဖြူတော်နဲ့ တရားရေးဝန်ကြီးဌာနတို့က အတည်ပြုခဲ့ပါတယ်။
အမေရိကန်လွတ်လပ်ရေးနေ့ စစ်အင်အားနဲ့ ဂုဏ်ပြုဖို့ Trump စီစဉ်
ဇူလိုင်လ ၄ ရက် ကြာသပတေးနေ့မှာ ကျရောက်မယ့် ၂၄၃ ကြိမ်မြောက် အမေရိကန်ပြည်ထောင်စုရဲ့ လွတ်လပ်ရေးနေ့ကို ဝါရှင်တန်ဒီစီ မြို့တော်မှာ ဒီနှစ်အတွက် ထူးထူးခြားခြား ကျင်းပဖို့ ပြင်နေပါတယ်။ သမ္မတ Donald Trump ကတော့ ဒီပွဲမှာ ကြီးကျယ်တဲ့ မီးရှုးမီးပန်း အလှဖေါက်တာတွေ အပြင် စစ်ရေးပြတာတွေနဲ့ သူကိုယ်တိုင် မိန့်ခွန်းပြောဖို့ပါ စီစဉ်နေတာပါ။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က ပြောပြပေးပါမယ်။
တရားမဝင် ရထားလမ်းကူးများကို ပိတ်သိမ်းမည်
မြန်မာ့မီးရထားလမ်းတစ်လျှောက်တွင် တည်ရှိနေသည့် တရားမဝင် ရထားလမ်းကူး (Level Crossing) များကို ပိတ်သိမ်းသွားနိုင်ရန် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များနှင့်ညှိနှိုင်း၍ ပိတ်သိမ်းမည်ဖြစ်ကြောင်း မြန်မာ့မီးရထားရုံးချုပ် (နေပြည်တော်) မှ General Manager (Operating Department) ဦးကျော်ကျော်မျိုးက ပြောကြားသည်။
အဖြေသိနေတဲ့ ပုစ္ဆာ
အခုရက်ပိုင်း လျှပ်စစ်မီး မီတာခတွေ တိုးမြှင့်ကောက်ခံမှာနဲ့ ပတ်သက်ပြီး ပြည်သူအများကြား ဝေဖန်သံ၊ မကျေမနပ်ပြော ဆိုသံတွေကို ကျယ်ကျယ်ကြားနေ ရသလို မီတာခတိုးလည်း ဘာဖြစ် လဲ အဆင်ပြေသလို လုပ်သွား ရုံပေါ့လို့ စိတ်အေးလက်အေးနဲ့ ဘာမှမဖြစ်သူတွေလည်း ရှိနေပါ တယ်။ လူ့စိတ်၊လူ့မနောအမျိုးမျိုး၊ လူတန်းစား ပေါင်းစုံဆိုတော့ လည်း စကားများအစုံကြားရတာ လည်း မဆန်းပါဘူး။ ပြီးခဲ့တဲ့နွေ ကာလအတွင်းက ရေအားလျှပ် စစ်ထုတ်လုပ်ဖို့အတွက် ဆည် တွေမှာရှိတဲ့ လက်ကျန်ရေတွေ လျော့နည်းတာ၊ မိုးဦးကာလ ရောက်ပေမယ့်လည်း ဆည်ရေ ဝင်ရောက်မှု နည်းပါးတာတွေ ကြောင့် လျှပ်စစ်မီးကို အလှည့် ကျပေးတဲ့စနစ်နဲ့ သုံးကြရပါ တယ်။ အလှည့်ကျပေးတဲ့စနစ်မှ မကြာသေးဘူး မီတာခတွေတိုး တယ်ဆိုတော့ အခြေခံလူတန်း စားတွေ ဆူညံပူညံတွေဖြစ်ကုန်ပါ တယ်။
ဂျာမဏီ အမျိုးသမီးကာကွယ်ရေးဝန်ကြီး ဥရောပကော်မရှင်ဥက္ကဋ္ဌအဖြစ် ခန့်အပ်

"တိုင်းပြည်နှင့် အမျိုး ဘာသာ သာသနာကို ဘက်စုံ ဖိနှိပ်ချုပ်ချယ် ဖျက်ဆီးစော်ကားနေမှုများအား ဆန့်ကျင်ရှုတ်ချခြင်း စီတန်းလှည့်လည်ဆန္ဒဖော်ထုတ်ပွဲ" ပြုလုပ်မည်
"တိုင်းပြည်နှင့် အမျိုးဘာသာသာသနာကို ဘက်စုံ ဖိနှိပ် ချုပ်ချယ် ဖျက်ဆီး စော်ကားနေမှုများအား ဆန့်ရှုတ်ချပွဲ" ကို ကရင်ပြည်နယ်အမျိုးသားရေးအင်အားစုမှ ဦးဆောင်ကာ ဇူလိုင်လ ၅ ရက်နေ့တွင် ပြုလုပ်မည် ဖြစ်ကြောင်း သိရှိရသည်။
ရန်ကုန်-ပဲခူး-မော်လမြိုင် ရထားလမ်းပိုင်းပြုပြင်ပြီးပါက ရန်ကုန်-မော်လမြိုင် ရထားပြေးဆွဲချိန် ခြောက်နာရီခွဲဖြင့် ပြေးဆွဲနိုင်ရန် ရည်မှန်းထားဟုဆို
ရန်ကုန်-ပဲခူး-မော်လမြိုင် ရထားလမ်း ပိုင်းပြုပြင်ပြီးပါက ရန်ကုန် - မော်လမြိုင် ရထားပြေးဆွဲချိန် ခြောက်နာရီခွဲဖြင့် ပြေးဆွဲနိုင်ရန် ရည်မှန်းထားကြောင်း မြန်မာ့မီးရထား ရုံးချုပ် (နေပြည်တော်) မှ ဦးကျော်ကျော်မျိုး (General Manager (Operating) Operating Department ) က ဇွန် ၃၀ ရက်က မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ မော်လမြိုင် ဘူတာအစည်းအဝေးခန်းမတွင် ပြုလုပ်သော တရားမဝင် မီးရထားလမ်းကူးများ၌ ဖြစ်ပွားတတ်သော မတော်တဆမှုများကာကွယ်ရေးအတွက် မီဒီယာများမှတစ်ဆင့် အသိပညာပေးဆောင်ရွက်ခြင်း အစီအစဉ်တွင် ပြောကြားခဲ့သည်။
စစ်တွေမြို့မြောက်ဘက်ရှိ မြေဧက ၇၀ဝ၀ ၌ အမေရိကန်ဒေါ်လာ ၃၈ ဘီလျံ အကုန်အကျခံတည်ဆောက်မည့် မြို့သစ်စီမံကိန်း Sittwe Myanmar City 2030 ကို အဆိုပြုထားကြောင်း သိရ
ရခိုင်ပြည်နယ် စစ်တွေမြို့ မြောက်ဘက်ရှိမြေဧက ၇၀ဝ၀ ၌ SITTWE MYANMAR CITY 2030 အမည်ရှိသည့် မြို့သစ်စီမံကိန်းတစ်ခုကို Gold Coast KTMG Development Co.,ltd က အကောင်အထည်ဖော်ရန် အဆိုပြုထားကြောင်း သိရသည်။ ယင်းစီမံကိန်းကို စစ်တွေမြို့မြောက်ဘက်ခြမ်းရှိ ကျေးတောရွာနှင့် ရွှေမင်းဂံကျေးရွာကြားက မြေဧက ၇၀ဝ၀ တွင် တည်ဆောက်ရန် အဆိုပြုထားခြင်းဖြစ်ကာ စီမံကိန်းဖြစ်လာရန်အတွက် မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်က ခွင့်ပြုချက်ယူရမည်ဖြစ်ကာ အစိုးရအဖွဲ့နှင့် လွှတ်တော်တို့၏ ထောက်ခံချက်လည်း ယူရမည်ဖြစ်ကြောင်း သိရသည်။
ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံ စီမံကိန်းနှင့် ပတ်သက်၍ လမ်းတံတားဥပဒေပုဒ်မ ၂၂၊ ၂၃ ဖြင့် အမှုဖွင့် ဖမ်းဆီးခံထားရသည့် ဒေသခံသုံးဦးကို ပုသိမ်ကြီးမြို့နယ် တရားရုံးက အလုပ်နှင့်ထောင်ဒဏ် တစ်နှစ်နှစ်လ ချမှတ်

အယ်ကေးဒါးနှင့်ဆက်နွှယ်သည့် အစွန်းရောက်စစ်သွေးကြွ အဖွဲ့ခေါင်းဆောင်ကို အင်ဒိုနီးရှားရဲတပ်ဖွဲ့ဖမ်းဆီး

အာဖဂန်ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဒိုဟာမြို့တွင် ပြန်လည်စတင်မည်
တာလီဘန်အဖွဲ့အပါအဝင် ပြိုင်ဘက်အာဖဂန်များသည် ဇူလိုင် ၇ ရက်တွင် ကာတာနိုင်ငံ၌ တွေ့ဆုံဆွေးနွေးသွားမည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့ရာ ယင်းသည် တာလီဘန်အဖွဲ့နှင့် ငြိမ်းချမ်းရေးသဘောတူညီချက်ရရှိရန် အမေရိကန်၏ သုံးလတာ ကြိုးပမ်းမှုအတွင်း အာဖဂန်နိုင်ငံရေးအခြေအနေ တိုးတက်စေရေးအတွက် အားထုတ်မှုသစ်တစ်ခု ဖြစ်လာခဲ့သည်။ ဇူလိုင် ၁ ရက်က ပြုလုပ်သော ရုပ်သံအင်တာဗျူးတစ်ခုအတွင်း သမ္မတဒေါ်နယ်ထရန့်က ゞင်းအနေဖြင့် အာဖဂန်နစ္စတန်ရှိ အမေရိကန်တပ်ဖွဲ့များကို ရုပ်သိမ်းလိုကြောင်း၊ သို့သော် အာဖဂန်တွင်အကြမ်းဖက်သမားများကို နှိမ်နင်းရန်အတွက် အင်အားတောင့်တင်းသော စစ်ဘက်ထောက်လှမ်းရေးအဖွဲ့ တစ်ဖွဲ့ကို တာဝန်ပေးအပ်ထားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
မြောက်ကိုရီးယားအား ပိတ်ဆို့အရေးယူမှုကို အချိန်မီဖြေလျှော့ပေးရန် ရှီက ထရန့်အား တိုက်တွန်းခဲ့
ပိတ်ဆို့အရေးယူမှုများအား အချိန်မီ ဖြေလျှော့ပေးမှုအပါအဝင် မြောက်ကိုရီးယားကို ပြောင်းလွယ် ပြင်လွယ်အနေအထားပြသရန်အတွက် တရုတ်သမ္မတရှီကျင်ပင်းက အမေရိကန်သမ္မတဒေါ်နယ်ထရန့်အား ပြီးခဲ့သောသီတင်းပတ်တွင် ကျင်းပခဲ့သည့် ဂျီ-၂၀ ထိပ်သီး၌ တိုက်တွန်းခဲ့သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက ဇူလိုင် ၂ ရက်တွင် ပြောကြားခဲ့သည်။ ဂျပန်နိုင်ငံ အိုဆာကာတွင်ကျင်းပခဲ့သော ဂျီ-၂၀ ထိပ်သီး၌ ဇွန် ၂၉ ရက်တွင် ထရန့်နှင့်မတွေ့ဆုံမီ ရှီသည် မြောက်ကိုရီး ယားခေါင်းဆောင် ကင်ဂျုံအွန်နှင့်တွေ့ဆုံရန် ပြုံယမ်းသို့ သွားရောက်ခဲ့သည်။ ရှီက ထရန့်နှင့်တွေ့ဆုံ၍ ကုန်သွယ်ရေးစစ်ပွဲအဆုံးသတ်ရေးနှင့်ပတ်သက်သော ဆွေးနွေးပွဲတွင် ထိုခရီးစဉ်အကြောင်းအား အသုံးချနိုင်သည်ဟု လေ့လာသူများက သုံးသပ်ခဲ့ကြသည်။
အင်စတီကျူးရှင်းပြုခြင်း
အင်စတီကျူးရှင်းပြုခြင်း (Institutionalization) ဟူသည် အဖွဲ့အစည်းတစ်ရပ်အတွင်း၊ လူမှုရေးစနစ်တစ်ရပ်အတွင်း သို့မဟုတ် လူ့အဖွဲ့အစည်းတစ်ရပ်လုံးအတွင်း အချို့သော သဘောတရားများ (ဥပမာအားဖြင့် ယုံကြည်ချက်၊ စံသတ်မှတ်ချက်၊ လူမှုရေးအခန်း ကဏ္ဍ၊ သက်ဆိုင်ရာ စံတန်ဖိုး သို့မဟုတ် အပြုအမူဆိုင်ရာလမ်းကြောင်း) အား ထူထောင်သည့် လုပ်ငန်းစဉ်တစ်ရပ်ကို ရည်ညွှန်းခြင်း ဖြစ်သည်။ ယင်းစကားရပ်ကို စိတ်ကျန်းမာရေးဆိုင်ရာ သို့မဟုတ် လူမှုဖူလုံရေးဆိုင်ရာ အင်စတီကျူးရှင်းများကဲ့သို့သော သက်ဆိုင်ရာ လူပုဂ္ဂိုလ်များ သို့မဟုတ် အုပ်စုများအား အင်စတီကျူးရှင်းတစ်ရပ်အဖြစ် စုစည်းမှုကို ရည်ညွှန်းရာ၌လည်း အသုံးပြုသည်။
လျှပ်စစ်မီးခိုးယူသုံးစွဲမှု ပပျောက်စေမည့်စနစ်ကို ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်နှစ်မြို့နယ်တွင် စတင်တပ်ဆင်
လျှပ်စစ်မီးကို ခိုးယူသုံးစွဲမှုများ ပပျောက်စေမည့် Advance Metering Infrastr-ucture စနစ်ကို ရန်ကုန်နှစ်မြို့နယ် တွင် Pilot Project (ရှေ့ပြေးစမ်း သပ်စီမံကိန်း)အဖြစ် စတင်တပ်ဆင် နေပြီဖြစ်ကြောင်း သိရသည်။ ဇူလိုင် ၁ ရက်က ရန်ကုန်တိုင်း လွှတ်တော်အစည်းအဝေးတွင် မင်္ဂ လာတောင်ညွန့် မဲဆန္ဒနယ်အမှတ် (၂)လွှတ်တော်ကိုယ်စားလှယ် ဦးရန် အောင်၏ ရန်ကုန်တိုင်းအတွင်းပျောက် ဆုံးလျှပ်စစ်ယူနစ်များနှင့်ပတ်သက် ၍ လေလွင့်ဆုံးရှုံးမှုနည်းပါးစေရန် မည်ကဲ့သို့ စနစ်တကျစီမံချက်များ ချမှတ်ဆောင်ရွက်ရန် အစီအစဉ်ရှိ မရှိ မေးခွန်းနှင့်စပ်လျဉ်းပြီး ရန်ကုန် တိုင်းဒေသကြီး လျှပ်စစ်စက်မှုလက် မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က အထက်ပါအ တိုင်းထည့်သွင်းဖြေကြားခဲ့ခြင်းဖြစ် သည်။""ဒေါပုံမြို့နယ်နဲ့ ပန်းပဲတန်းမြို့ နယ်များတွင် ပိုင်းလော့ပရောဂျက် အနေဖြင့် မီတာတပ်ဆင်ခြင်းကို AMI စနစ်အသုံးပြုပြီး တပ်ဆင်နေပါတယ်"" ဟု ၄င်းကပြောသည်။
အစိုးရနှင့် ဆက်ဆံမည့် မူဝါဒကို ရခိုင်အမျိုးသားပါတီ ရေးဆွဲမည်
အစိုးရ (သို့မဟုတ်) အာဏာရပါတီနှင့် ဆက်ဆံရေး ကဏ္ဍအတွက် မူဝါဒရေးဆွဲရန် စီ စဉ်ဆောင်ရွက်နေကြောင်း ရခိုင် အမျိုးသားပါတီ (ANP) ပြောရေး ဆိုခွင့်ရှိသူ ဒေါ်အေးနုစိန်ကပြော သည်။ ရခိုင်အမျိုးသားပါတီ(ANP) မူဝါဒရေးရာ ဦးဆောင်ကော်မတီ အစည်းအဝေးကို ဇွန်လ ၃၀ ရက် က စတင်ကာ စစ်တွေမြို့ရှိ ပါတီ ဌာနချုပ်၌ လေးရက်တာ ပြုလုပ် နေစဉ် ထိုသို့ ထည့်သွင်းပြောကြား ခြင်းဖြစ်သည်။ အဆိုပါ ဆွေးနွေးပွဲ၌ နိုင်ငံ တကာဆက်ဆံရေးကဏ္ဍ၊ တရား ဝင် နိုင်ငံရေးပါတီများနှင့်ဆက်ဆံ ရေးကဏ္ဍ၊ အစိုးရ၊ အာဏာရပါ တီနှင့် ဆက်ဆံရေးကဏ္ဍနှင့်မူဝါဒ ရေးရာ ပါတီပြောရေးဆိုခွင့်ရှိသူ ကဏ္ဍအပါအဝင် ပါတီကိုယ်စား ပြု လွှတ်တော်ကိုယ်စားလှယ်များ ကဏ္ဍတို့ကို ထည့်သွင်းဆွေးနွေးခဲ့ ကြောင်း ANP က ထုတ်ပြန်သည်။
ဥရောပအကြီးဆုံးဂီတပွဲတော်တွင် လော်ရန်ဟီးလ်၊ ရှယ်ရီခရို့ဖျော်ဖြေ
ဗြိတိန်နိုင်ငံ ဆိုမား ဆက်ဒေသတွင် ကျင်းပနေသော ဂလက်စ်တန်ဘူရီဂီတပွဲတော်၌ ရှယ်ရီခရိုး၊ လော်ရန်ဟီးလ်နှင့် လူးဝစ်၊ ကာပယ်ဒီတို့ဖျော်ဖြေခဲ့ သည်။ ဇွန်လ ၃၀ ရက်ကစတင်ပြီး သုံးရက်ကြာကျင်းပသည့် ဥရော ပ၏အကြီးဆုံးဂီတပွဲတော်သို့ ဂီ တချစ်သူ ၁၂၀,၀၀၀ လာရောက် မည်ဟု ပွဲစီစဉ်သူများကပြော ကြားသည်။ ယင်းပွဲတော်သို့ လာရောက် ဖျော်ဖြေပြီး သူများတွင် Stormzy;Anne Marie နှင့် George Enza တို့ပါဝင်သည်။ ထပ်မံဖျော်ဖြေမည့်အဖွဲ့ များတွင် ဂျဲနက်ဂျက်ဆင်၊ မိုင် လေဆိုင်းရပ်စ်၊ ကိုင်လီမီနော့ခ်ျ၊ The Cure,The Killers, Vampire,Weekend တို့ပါဝင်သည်။
အမေရိကန် အမျိုးသမီးဘောလုံးအသင်း ခေါင်းဆောင်၏ ကိုယ်ရေးရာဇဝင်တွင် အမေရိကန်သမ္မတဟု ပရိသတ်များ ပြောင်းလဲ
အက်သလက်တီကိုနောက်တန်းလူ ဂိုဒင်ကို အင်တာမီလန်ခေါ်ယူ
ဆန္ဒပြသူများ ပါလီမန်အဆောက်အအုံအတွင်း ဝင်ရောက်စီးနင်းမှုကို ဟောင်ကောင်ခေါင်းဆောင်ရှုတ်ချ
လျှပ်စစ်ဓာတ်အား လေလွင့်မှု ပပျောက်ရန် အလိုအလျောက်မီတာဖတ်စနစ် ကျင့်သုံးမည်ဟုဆို
ရန်ကုန်တိုင်းအတွင်း လျှပ်စစ်ဓာတ်အားလေလွင့်မှု ပပျောက်စေရန် မြို့နယ်အလိုက် အလိုအလျောက် မီတာဖတ်စနစ် (AMI) အသုံးပြုရန် စီစဉ်နေ ကြောင်း ရန်ကုန်တိုင်းလျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက် သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော် က ပြောသည်။ အဆိုပါစနစ်ကို ရန်ကုန် တိုင်းစည်ပင်နယ်နိမိတ်ရှိ ၃၃ မြို့နယ်တွင် ဒေါပုံ၊ ပန်းဘဲတန်းနှင့် တောင်ဥက္ကလာပမြို့နယ်တို့၌ ရှေ့ပြေးစီမံချက်အဖြစ် ဆောင်ရွက် ထားပြီး ယင်းစနစ်ကို အခြားမြို့ နယ်များတွင် ဆောင်ရွက်ရန် စီစဉ်နေကြောင်း ဝန်ကြီးက ပြောသည်။ရန်ကုန်တိုင်းအတွင်း၌ ပျောက်ဆုံးလျှပ်စစ်ယူနစ်များ (Losses)များနှင့်ပတ်သက်၍ လေလွင့်ဆုံးရှုံးမှုနည်းပါးစေရန် စနစ်တကျစီမံချက်များ ချမှတ်ဆောင် ရွက်ရန် အစီအစဉ်ရှိ၊ မရှိ မင်္ဂလာ တောင်ညွန့်မြို့နယ် တိုင်းလွှတ် တော်ကိုယ်စားလှယ် ဦးရန်အောင် က ဇူလိုင် ၁ ရက်တွင် ကျင်းပ သည့် ရန်ကုန်တိုင်းလွှတ်တော်၌ မေးမြန်းခဲ့ရာ ဝန်ကြီးက အထက်ပါ အတိုင်း ဖြေကြားသည်။
ရာသီဥတုဆိုးရွား၍ ရန်ကုန်-စစ်တွေ လေယာဉ်ခရီးစဉ်အချို့ ဖျက်သိမ်း
ရာသီဥတုဆိုးရွား၍ ရန်ကုန်မှ စစ်တွေသို့သွားရောက် မည့် လေယာဉ်ခရီးစဉ်အချို့ ယမန်နေ့ ညနေ ၄ နာရီခွဲအထိ ထွက်ခွာနိုင်ခြင်းမရှိခဲ့ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန် ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးရဲထွဋ်အောင်က ပြောသည်။ ဇူလိုင် ၁ ရက် နံနက်တွင် စစ်တွေမြို့သို့ ထွက်ခွာခဲ့သည့် Golden Myanmar လေကြောင်း လိုင်းမှ လေယာဉ်နှင့် Yangon Airway လေကြောင်းလိုင်းမှ လေ ယာဉ်တို့သည် နံနက် ၉ နာရီခန့်၌ ရာသီဥတုဆိုးရွားသဖြင့် စစ်တွေလေဆိပ် မရောက်မီရန်ကုန်မြို့သို့ လှည့်ပြန်လာခဲ့ကြောင်း ၎င်းကပြောသည်။
မီတာခတက်၍ ရန်ကုန်မြို့ နှစ်နေရာတွင် ဆန္ဒထုတ်ဖော် ယနေ့ ရန်ကုန်တောင်ပိုင်းခရိုင်မြို့နယ် ခုနစ်ခု၌ ဆန္ဒပြမည် ပုဇွန်တောင်ဆန္ဒပြပွဲကို မြို့နယ်ပြည်ခိုင်ဖြိုးဥက္ကဋ္ဌ ဦးဆောင်
မြန်မာနိုင်ငံတွင် ငွေသားကိုင်ဆောင်အသုံးပြုမှု ၁၅ နှစ်အတွင်း လုံးဝပျောက်ကွယ်ဖွယ်ရှိဟုဆို
မြန်မာနိုင်ငံတွင် ငွေ သားကိုင်ဆောင်အသုံးပြုသည့် လူမှုအသိုင်းအ၀ိုင်းသည် လာ မည့် ၁၅ နှစ်အတွင်းလုံးဝပျောက် ကွယ်ဖွယ်ရှိသည်ဟု ဇွန်လ နောက်ဆုံးပတ်၌ ထုတ်ပြန်သော Visa Myanmar ၏ စစ်တမ်း တစ်ခုတွင် ဖော်ပြထားသည်။ Visa Myanamr သည် ငွေ ပေးချေမှုဆိုင်ရာ အလေ့အထ များနှင့်ပတ်သက်၍ ၂၀၁၈ အတွင်း ရန်ကုန်၊ ပုသိမ်၊ မန္တလေး နှင့် မကွေးအစရှိသည့်မြို့ကြီး များတွင် လူ ၅၀၀ ကျော်ကိုစစ် တမ်းကောက်ယူခဲ့သည်။
Samsung Galaxy A80 မြန်မာနိုင်ငံတွင် တရားဝင်မိတ်ဆက်
တောင်ကိုရီးယားနိုင်ငံ အခြေစိုက်စမတ်ဖုန်းကုမ္ပဏီ ဆမ်ဆောင်းသည် ၎င်းတို့၏နောက်ဆုံး ပေါ် စမတ်ဖုန်း Galaxy A80 ကို မြန်မာနိုင်ငံဈေးကွက်တွင် စတင်ရောင်းချရန် ဇွန်လ ၃၀ ရက်က မန္တလေးမြို့၌ Galaxy Fan Party နှင့်အတူ တရားဝင်မိတ်ဆက်ခဲ့ သည်။ Galaxy A80 စမတ်ဖုန်း သည် ကင်မရာသုံးလုံးပါဝင်ပြီး ကျောဘက်ကင်မရာသာမက အရှေ့ဘက်ကင်မရာပါ ပြောင်းလဲအသုံးပြုနိုင်သော ဆမ်ဆောင်းကုမ္ပဏီ၏ ပထမဆုံးစမတ်ဖုန်းဖြစ်ကာ 48MP ကင်မရာ၊ 8MPမြင်ကွင်းကျယ်ကင်မရာနှင့် 3D ကင်မရာတို့ ထည့်သွင်းထား သည်။
ပရိသတ်ကြည့်ရကျိုးနပ်မယ့်ဇာတ်ကားဆိုရင် လက်ခံရိုက်ကူးမယ့် စိုးသူ
ပိုက်ဆံအိတ်စက်ရုံရှေ့တွင် ဆန္ဒပြသောလုပ်သားများ အကြမ်းဖက်ခံရဟုဆို ဖြစ်ရပ်အရင်းအမြစ်ကို စုံစမ်းနေပြီး ဥပဒေအရ အရေးယူရန်အားပေးဟု စက်ရုံမန်နေဂျာပြော
လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန်ရှိ တရုတ်နိုင် ငံသားပိုင် Hong Ri ပိုက်ဆံအိတ် စက်ရုံတွင် ဆန္ဒထုတ်ဖော်နေ သည့်အလုပ်သမားများအကြမ်း ဖက်ခံရကြောင်း အဆိုပါအလုပ် သမားများက ပြောသည်။ ယမန်နေ့ကပြုလုပ်သည့် အ လုပ်သမားများ၏သတင်းစာရှင်း လင်းပွဲတွင် အကြမ်းဖက်မှုအပေါ် ကိုယ်တိုင်ကြုံတွေ့ရသည့်ဖြစ်စဉ် နှင့် ဆန္ဒထုတ်ဖော်ရသည့်အ ကြောင်းရင်းများကို အလုပ်သ မားများက အဓိကထားပြောကြား ခဲ့သည်။
ရန်ကုန်မြို့ရှိ ပလက်ဖောင်းများကို မူလအတိုင်းပြန်ခင်းလိုဟု ဦးမောင်မောင်စိုးပြော ခင်းပြီးသား ကွန်ကရစ်လမ်းများကို အခြားလုပ်ငန်းများကြောင့် ပြန်ဖျက်ရခြင်းသည် ဌာနချင်း ချိတ်ဆက်မှုမရှိသောကြောင့်ဟုဆို
ရန်ကုန်မြို့ရှိ ပလက် ဖောင်း(လူသွားစင်္ကြံ)များကို မူလ အတိုင်း ပြန်လည်ခင်းရန် ဆန္ဒရှိ ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌဦးမောင်မောင်စိုးက ပြောကြား သည်။
ယခင်အစိုးရလက်ထက်က ရန်ကုန်မြို့တွင် ယာဉ်ရပ်နားရန် နေရာအခက်အခဲကို ဖြေရှင်း သည့်အနေဖြင့် ပလက်ဖောင်းအကျယ်များကို လှီးဖြတ်ခဲ့သဖြင့် လက်ရှိ၌ လူသွားရန် အဆင်မပြေ မှုများရှိနေ၍ ပြန်လည်ဆောက် လုပ်လိုသည်ဟု ၎င်းကဆိုသည်။
ယခင်အစိုးရလက်ထက်က ရန်ကုန်မြို့တွင် ယာဉ်ရပ်နားရန် နေရာအခက်အခဲကို ဖြေရှင်း သည့်အနေဖြင့် ပလက်ဖောင်းအကျယ်များကို လှီးဖြတ်ခဲ့သဖြင့် လက်ရှိ၌ လူသွားရန် အဆင်မပြေ မှုများရှိနေ၍ ပြန်လည်ဆောက် လုပ်လိုသည်ဟု ၎င်းကဆိုသည်။
နိုင်ငံရေးနယ်ကလူ၊ ‘စာ’သမားနှင့် နောက်ဆက်တွဲအတွေးများ
(၁) တစ်လောက ဆွေးနွေးပွဲတစ်ခုအပြီးမှာ မတွေ့တာကြာ နေသောစာရေးဖက်၊ စာအုပ်ထုတ်ဖက်၊ အလုပ်တချို့ အတူလုပ်ခဲ့သော မိတ်ဆွေတစ်ဦးနှင့်ဆုံသည်။ သူ က ဒီနေရာမျိုး သိပ်လာလေ့မရှိ သူ။ ခုက အနားက ရုံးတစ်ခုဆီလာ ရင်း စာရေးသူတို့ရှိနေကြသည်ကို သိပြီး ပြီးခါနီးချိန်မို့ တမင်စောင့် နေခြင်း။ သို့နှင့် ဆွေးနွေးပွဲအပြီး မှာ အလွတ်သဘော စကားဝိုင်း ဆက်ပြောလိုကြသူတချို့ကို တောင်းပန်၍ ထိုမိတ်ဆွေနှင့်အ တူ အရင်လိုပဲ လက်ဖက်ရည်ဆိုင် ထိုင်ဖြစ်ကြသည်။ နှစ်ယောက်လုံး မှာ မိခင်အိုတွေရှိကြဆဲမို့ နေ ကောင်းထိုင်သာ၊ ဘာညာတွေ ပြောပြီး လာရင်းကိစ္စကိုမေးတော့ ထွေထွေထူးထူးမရှိ။ သို့နှင့် စာရေး ကျဲနေကြခြင်း အကြောင်းဆီ စကားရောက်သွားကြသည်။ သူ့အမြင်ကတော့ နည်းနည်းပြင်းပါ သည်။ အရမ်းထိန်းရေးရ၍၊ နောက်ပိုဆိုးတာက စစ်ထောက် လှမ်းရေးလက်အောက် စာပေစိ စစ်ရေးခေတ်ကထက် ကိုယ့်စာ ကို ကိုယ် ပိုချိန်ဆနေရ၍။ စိတ်ထဲ စကားလုံးတချို့ တရွရွတက်လာ သည်။
ထပ်မံခွင့်ပြုသည့် အပစ်ရပ်နှစ်လကို ယခင်ထက် ပိုမိုအကျိုးရှိစွာ အသုံးပြုရန် တပ်မတော်တိုက်တွန်း လက်နက်ကိုင်လမ်းစဉ်အစား NCA တွင် အမြန်ဆုံးပါဝင်လက်မှတ်ထိုးရန် လိုအပ်ဟုဆို
သက်တမ်း ထပ်မံတိုး မြှင့်သည့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ကာလကို ယခင်ထက် ထိထိရောက်ရောက် ပိုမိုအကျိုး ရှိစွာ အသုံးပြုနိုင်ရန် တိုက်တွန်း ကြောင်း တပ်မတော်က ယမန်နေ့ တွင် သတင်းထုတ်ပြန်သည်။ တိုင်းစစ်ဌာနချုပ် နယ်မြေငါးခုတွင် အပစ်ရပ်ကြေညာထားမှုကို တပ်မတော်က ဇွန်လ ၃၀ ရက် တွင် နှစ်လ ထပ်မံသက်တမ်းတိုး ပြီးနောက် ဇူလိုင် ၁ ရက်တွင် အပစ်ရပ်ကာလအတွင်း ငြိမ်းချမ်း ရေးလုပ်ငန်းရပ်များ ထိရောက်စွာ ဆောက်ရွက်နိုင်ရေး တိုက်တွန်း ချက် ထုတ်ပြန်ခြင်းဖြစ်သည်။
တပ်မတော်၏ အပစ်ရပ်ကာလ သက်တမ်းတိုးခြင်းကို ကုလကြိုဆို
တပ်မတော်က အပစ်အ ခတ်ရပ်စဲရေးကာလသက်တမ်း တိုးမြှင့်သည့် သတင်းကောင်းကို ကြားရသဖြင့် ဝမ်းမြောက်မိ ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကု လသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ဌာနေ ညှိနှိုင်းရေးမှူး (ယာယီ) ခနုသ် အော့စဘီက ပြောသည်။ ကချင်ပြည်နယ်နှင့်ရှမ်းပြည် နယ်အပါအဝင် တိုင်းစစ်ဌာနချုပ် နယ်မြေငါးခုတွင် တပ်မတော်က တစ်ဖက်သတ်ကြေညာထား သည့် အပစ်ရပ်စဲရေးကို ယခုနှစ် သြဂုတ်လကုန်အထိ နှစ်လထပ်မံ သက်တမ်းတိုးမြှင့်ကြောင်း တပ်မ တော်က ဇွန်လ ၃၀ ရက်၌ သ တင်းထုတ်ပြန်သည်။
မူကြိုကလေးငယ်မဖွယ်မရာပြုကျင့်ခံရမှု အမှုမှန်ပေါ်ရေး ၀န်းရံကြတဲ့အနုပညာရှင်များ
နေပြည်တော်ရှိ မူကြို ကျောင်းတွင် မိန်းကလေးတစ်ဦး မဖွယ်မရာ ပြုကျင့်ခံရသည့်ဖြစ် စဉ်နှင့်ပတ်သက်၍ အမှုမှန်ပေါ် ပေါက်ရန် အနုပညာရှင်များက ၎င်းတို့၏ဖေ့စ်ဘွတ်ခ်စာမျက်နှာ များမှ တစ်ဆင့် တိုက်တွန်းထား သည်။ ‘ယဉ်ကျေးမှု ထွန်းကားပြီး၊ ထွန်းကားဆဲ ကမ္ဘာ့နိုင်ငံကြီးငယ် များမှာ ယောက်ျားတွေဟာ လူကြီး လူကောင်းဆန်တဲ့ စိတ်ထားမွေး ကြရရင်း အမျိုးသမီးများနဲ့ ကလေး များအတွက် အရာရာမှာ ကြင်နာညှာတာစွာ ဦးစားပေး နေရာပေး တတ်တာကို Ladies first, Babies first လို့ မြန်မာတွေ ပြောပြော နေတာ ကြားဖူးပါတယ်။ ဒါပေမဲ့ လက်တွေ့ မြန်မာနိုင်ငံမှာ Ladies f _ _ k, Babies f _ _ k ဆိုသလို ဖြစ်နေတယ်’ ဟု အစချီ၍ တေးရေး ရွှေဂျော်ဂျော်က ယင်းကိစ္စများနှင့်ပတ်သက်၍ ရေးသားထားသည်။
ကျပ်ဆယ်သိန်းနှင့်အထက် ကံထူးရှင်များ၏ဆုငွေများကို ယနေ့မှစတင်ကာ နေ့ချင်းပြီးထုတ်ပေးမည်
ဇူလိုင် ၁ ရက် တွင် ဖွင့်လှစ်ပေးခဲ့သည့် (၅) ကြိမ် မြောက် အောင်ဘာလေ သိန်းဆု ဖွင့်ပွဲမှ ထီပေါက်သည့် ကံထူးရှင် များအနက် ကျပ်ဆယ်သိန်းနှင့်အ ထက် ကံထူးရှင်များ၏ ဆုငွေများ ကို ဇူလိုင် ၂ ရက်မှစတင်၍ နေ့ချင်း ပြီး ထုတ်ပေးသွားမည်ဖြစ်ကြောင်း အောင်ဘာလေ သိန်းဆုဌာနခွဲမှ သိရသည်။
မဟာအောင်မြေ ကျောက်မျက်ရတနာ ရောင်းဝယ်ရေး စခန်းတွင် ခွင့်ပြုချက်မရှိဘဲ ဝိုင်ဖိုင်ကြိုး တပ်ဆင်သည့် တရုတ်နိုင်ငံသားများကို စည်ပင်သာယာ ဥပဒေဖြင့် အရေးယူထား

တီးတိန် ပန်းသီးအထွက်နှုန်းကောင်းသော်လည်း ရာသီဥတုဖောက်ပြန်မှုကြောင့် အလုံးသေးကာ ဝယ်လိုအားကျဆင်းနေ
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အတွင်း အများဆုံး စိုက်ပျိုးပြီး ပြည်တွင်း၊ ပြည်ပ ဈေး ကွက်အထိအရောင်းအဝယ်ဖြစ်နေ သော ချင်းတောင်ပန်းသီးမှာ ယခု နှစ်ပန်းသီးအထွက်နှုန်း ကောင်းမွန် သော်လည်း ရာသီဥတုပူပြင်းမှု ကြောင့် ပန်းသီးအလုံးသေးငယ် ကာ ဝယ်လိုအားကျဆင်းသွား ကြောင်းသိရသည်။ ပန်းသီးကို ချင်းပြည်နယ် နေရာဒေသအနှံ့စိုက်ပျိုးဖြစ်ထွန်း မှုရှိသော်လည်း တီးတိန်မြို့နယ် ဗန်းတဲ့၊ ဆိုဇန်၊ ဆွောင်းပီး၊ လိုင် တွီး၊ ဒေါ်ရ်လွန်ဒေသများတွင် အများဆုံးစိုက်ပျိုးပြီး ဇွန်လဆန်း ချိန်မှစတင်၍ ပေါ်ဦးပေါ်ဖျား ပန်းသီးများကို ကလေးမြို့ဈေးကွက် သို့ အများဆုံးတင်ပို့ရောင်းချသည်။
အမေရိကန် လွတ်လပ်ရေးနေ့အခမ်းအနား သမ္မတ Trump မိန့်ခွန်းပြောမည်
ဇူလိုင် ၄ ရက်နေ့ ကျရောက်မယ့် အမေရိကန်လွတ်လပ်ရေးနေ့ အခမ်းအနား ၀ါရှင်တန်ဒီစီမှာတော့ ပုံမှန်လို မီးရှုးမီးပန်းတွေ ဖောက်လွှတ်ဆင်နွှဲတာအပြင် အမေရိကန်စစ်တပ်ရဲ့ စစ်ရေးပြသမှု ဂုဏ်ပြုချီတက်မှုတွေကိုပါ ပါဝင်ဖို့ အမေရိကန်သမ္မတ Donald Trump ကြိုးစားနေပါတယ်။ ဇူလိုင် ၄ ရက်နေ့ အင်္ဂါနေ့ညနေပိုင်း ၀ါရှင်တန်ဒီစီက လင်ကွန်းအမှတ်တရအဆောက်အဦးရှေ့မှာ မိန့်ခွန်းစကားပြောဖို့လည်း သမ္မတ Donald Trump က စီစဉ်ထားပါတယ်။ အဲဒီ အခမ်းအနား ရှေ့ဆုံးမှာ အထူးဧည့်သည်တွေအတွက် နေရာပြင်ဆင်ပြီး အဲဒီအတွက်လက်မှတ်နေရာတွေကို သမ္မတအိမ်ဖြူတော်က စီစဉ်ဖြန့်ပေးမှာပါ။
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ သတ်မှတ်ဖို့ မိုင်းလားအဖွဲ့ တောင်းဆို
ရှမ်းပြည်နယ် အရှေ့ပိုင်း အထူးဒေသ ၄ ရဲ့ အဓိက ရည်မှန်းချက်ဟာ တိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် တည်ဆောက်သွားမှာ ဖြစ်ကြောင်း ငြိမ်းချမ်းရေး နှစ် ၃၀ ပြည့်အခမ်းအနားမှာ အထူးဒေသ ၄ ဥက္ကဋ္ဌက ပြောကြားပြီး အခမ်းအနားအပြီး ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် တည်ဆောက်ရေးအတွက် ၁၉၉၃ခုနှစ် အမျိုးသားညီလာခံကတည်းက တောင်းဆိုခဲ့ကြောင်း အထူးဒေသ ၄ ရဲ့ ပြောခွင့်ရသူက ရှင်းလင်းခဲ့ပါတယ်။ဒီသတင်းကို ကိုယ်တိုင်သွားရောက်သတင်းယူခဲ့တဲ့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
မြန်မာတပ်မတော်နဲ့ AA ကျူးလွန်မှု စစ်ရာဇဝတ်မှုဖြစ်နိုင်ကြောင်း Yanghee Lee သုံးသပ်
ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တွင်း တပ်မတော်နဲ့ AA ရခိုင်လက်နက်ကိုင်တပ်တို့ရဲ့ လုပ်ရပ်တွေက နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ ဥပဒေတွေကို ချိုးဖောက်ရာရောက်ပြီး စစ်ရာဇဝတ်မှု မြောက်ကောင်း မြောက်နိုင်တယ်လို့ မြန်မာဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီးလီက ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီကို အင်္ဂါနေ့မှာ တင်ပြခဲ့ပါတယ်။ ဒါ့အပြင် မြန်မာ့ လူ့အခွင့်အရေး တိုးတက်ရေး အတွက် ပြင်ဆင်ရမယ့် အချက်တွေကိုလည်း အကြံပြုတင်ပြသွားပါတယ်။ မြန်မာ့ အသွင်ကူးပြောင်းရေး ဆောင်ရွက်ချက်တွေကို မြန်မာ သံအမတ်ကြီးကလည်း တုံ့ပြန်သွားပါတယ်။ မသိင်္ဂီထိုက် စုစည်းတင်ပြပေးမှာပါ။
ရန်ကုန်ရှိ မြောက်ကိုးရီးယားစားသောက်ဆိုင် မြန်မာပိတ်ကြောင်း အတည်ပြု

iPhone ကို ခြေရာခံမိရာကနေ တာချီလိတ်က သိန်း (၃၀၀)ကျော် ခိုးမှုမှာ ပါဝင်သူတွေကို ဖမ်းမိ

စိတ်မနှံ့သူ အမျိုးသမီးအား ကာမကျူးလွန်သူကို ဖမ်းဆီးအရေးယူ
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့တွင် စိတ်မနှံ့သည့် အမျိုးသမီးအား ကာမကျူးလွန်သူကို ဇူလိုင် ၁ ရက်က ဖမ်းဆီးအရေးယူထားကြောင်း မိတ္ထီလာမြို့မရဲစခန်းမှ သိရသည်။ ဖြစ်စဉ်မှာ မိတ္ထီလာမြို့ မြာကျေးရွာအုပ်စု မြာကျေးရွာနေ ဒေါ်ခင်ချို (၅၀)နှစ်သည် ဇွန် ၂၂ ရက် ညနေပိုင်း၌ နေအိမ်၌ထမင်းချက်နေစဉ် တစ်ရွာတည်းနေ ကိုငဇော် (၄၁)နှစ်နှင့် ကိုမင်းညွှန့် (၅၂)နှစ်တို့ နှစ်ဦးမှာ နေအိမ်သို့ရောက်ရှိလာပြီး ၎င်းတို့နှစ်ဦးမှ ကျေးရွာအနောက်ဘက်ရှိ ဆည်ရေပေးမြောင်းသို့ ရေသွားချိုးနေစဉ် ဒေါ်ခင်ချိုနှင့်အတူနေ အမေတူအဖေကွဲ အမဖြစ်သူ ဒေါ်----- (၆၂)နှစ် (စိတ်မနှံ့သူ)အား တစ်ရွာထဲနေ ငမော့ (၃၁)နှစ်က ကျေးရွာအနောက်ဘက် (၃)ဖာလုံခန့်အကွာရှိ ချောင်းဘေးကန္တာရတောအစပ်တွင် သားမယားပြုကျင့်ရန် ကြံစည်နေသည်ကို တွေ့ရှိခဲ့ကြောင်း ပြောပြချက်အရ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးထံ သွားရောက်အကြောင်းကြားခဲ့ပြီး အမှုဖွင့်တိုင်တန်းခဲ့ကြောင်း မှုခင်းမှတ်တမ်းအရ သိရသည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ ငမော့အား ဇူလိုင် ၁ ရက်တွင် ဖမ်းဆီးစစ်ဆေးလျက်ရှိပြီး မိတ္ထီလာမြို့မရဲစခန်းမှ (ပ)၃၉၄/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၅၁၁ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း စုံစမ်းသိရသည်။
AA အဖွဲ့ဝင်ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးစစ်ဆေးခံရသူတစ်ဦး ထပ်မံသေဆုံး
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ရွှေထွန်းဖြူကျေးရွာက အသက် ၂၈ နှစ်အရွယ် ကိုဇော်ဝင်းလှိုင်ဟာ တပ်မတော်ရဲ့ ဖမ်းဆီးစစ်ဆေးခံရပြီးနောက် စစ်တွေဆေးရုံကြီးမှာ မနေ့ညနေက သေဆုံးခဲ့ပါတယ်။ သူ့ကို AA အဖွဲ့ဝင်လို့ စွပ်စွဲချက်နဲ့ တပ်မတော်က ဇွန် ၁၉ ရက်နေ့က ဖမ်းဆီးစစ်ဆေးခဲ့တာဖြစ်ပြီး ဇွန်လ ၂၄ ရက်နေ့မှာ ကျောက်တော်မြို့မရဲစခန်းကို လွှဲပြောင်းပေးခဲ့တာလို့ သိရပါတယ်။ ကိုဇော်ဝင်းလှိုင်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ ဇွန်လ ၂၅ ရက်နေ့က ကျောက်တော်မြို့နယ် တရားရုံးမှာ ရုံးထုတ်ခဲ့ပြီး ကျောက်တော်ဆေးရုံမှာ အပြင်လူနာအဖြစ် ဆေးကုသမှုခံယူခဲ့ရသလို စစ်တွေဆေးရုံကြီးကို ဇွန်လ ၃၀ ရက်နေ့က ဆက်လက်ပို့ဆောင်ခဲ့ရတာလည်းဖြစ်ပါတယ်။
တနိုင်းပယင်းကွက်များ ဒေသခံတွေကို လုပ်ပိုင်ခွင့်ချပေးမည်
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်ထဲက ပယင်းလုပ်ကွက် ဧက ၇၀၀၀ လောက်မှာ ဒေသခံတွေ တနိုင်တပိုင်တူးဖော်ဖို့ ပြည်နယ်အစိုးရ ခွင့်ပြုချက်နဲ့ လုပ်ခွင့်ချပေးတော့မှာပါ။ အရင် ဒီနေရာတွေဟာ KIA ထိန်းချုပ်မှုအောက်မှာရှိခဲ့ပြီး ပယင်းတူးဖော်မှုတွေ ရှိခဲ့ပေမယ့် အခု အစိုးရတပ် ထိန်းချုပ်မှု အောက်ရောက်ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ပြည်နယ်အစိုးရ လုပ်ငန်းလုပ်ကိုင်ခွင့်တွေ ချပေးဖို့ဖြစ်ပါတယ်။ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက် ရန်ကုန်ကနေ ပေးပို့ထားပါတယ်။
ဦးဝီရသူ မြိတ်တရားပွဲ ဗီဒီယို အစိုးရက သက်သေတင်သွင်း
ရဟန်းသံဃာတွေ ပြစ်မှုကြောင်းအရ ငြိစွန်းပါက ဥပဒေအတိုင်း အရေးယူနိုင်တယ်လို့ မဟန ထုတ်ပြန်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး သာသနာရေးဦးစီးဌာနက တာဝန်ရှိသူက ထွက်ဆိုခဲ့ပါတယ်။ ဦးဝီရသူကို စွပ်စွဲထားတဲ့ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄-(က) အမှုကို မျက်ကွယ် စစ်ဆေးနေရာ မှာ တရားလိုပြ သက်သေ ၃ဦးကို ဇူလိုင်လ ၂ ရက်နေ့ အနောက်ပိုင်းခရိုင်တရားရုံးမှာ စစ်ဆေးခဲ့ပြီး ဦးဝီရသူရဲ့ မြိတ်မြို့ တရားပွဲ ဗီဒီယိုမှတ်တမ်းကို တရားရုံးကို သက်သေတင်သွင်းခဲ့တယ်လို့ အဲဒီတရားခွင်ကို သတင်းသွားယူခဲ့တဲ့ သတင်းထောက်တွေက ပြောပါတယ်။
၅၄ တက္ကသိုလ်ရိပ်သာလမ်း အမည်ပေါက် ကိစ္စ ဥပဒေချုပ်ရုံး အကြံယူနေ
ရန်ကုန်မြို့ တက္ကသိုလ် ရိပ်သာလမ်းမှာ ရှိတဲ့ ကွယ်လွန်သူ ဒေါ်ခင်ကြည်ပိုင် ခြံအမှတ် ၅၄ ကို ဇူလိုင် ၂ရက်နေ့မှာ စည်ပင်က လာရောက် မြေတိုင်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဒီခြံကိစ္စကို လိုက်ပါ ဆောင်ရွက်သူ တယောက်လည်း ဖြစ် ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင် တယောက်လည်းဖြစ်တဲ့ ဦးဉာဏ်ဝင်းက ပြောပါတယ်။ အမွေ ကိစ္စနဲ့ ပတ်သက်လို့ တရားရုံး ဒီကရီ ကျထားတာ တနှစ်ဝန်းကျင်လောက် ရှိပြီ ဖြစ်တဲ့ ဒီခြံကို စည်ပင် က မြေလာတိုင်းတဲ့ ကိစ္စနဲ့ ပတ်သက်လို့ အသေးစိတ်ကိုတော့ မပြောနိုင်သေးဘူးလို့ သူက ဆိုပါတယ်။
Subscribe to:
Posts (Atom)