၂၀၁၉ ခုနှစ် မေလတွင် စားသုံးသူဈေးဆနှုန်း CPI ၁၅၃ ဒသမ ၆၆ ရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ၉ ဒသမ ၅၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့မှ ထုတ်ပြန်သည့် စားသုံးသူဈေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းအခြေအနေအရ သိရသည်။ ၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် တွက်ချက်ထားသော ၂၀၁၉ ခုနှစ် မေလအတွက် တစ်နိုင်ငံလုံး၏ စားသုံးသူဈေးဆနှုန်းမှာ အစားအစာအုပ်စုအတွက် ၁၆၈ ဒသမ ၇၇၊ အစား အစာမဟုတ်သောအုပ်စုအတွက် ၁၃၂ ဒသမ ၃၉ နှင့် အုပ်စုအားလုံးအတွက် ၁၅၃ ဒသမ ၆၆ ရှိပြီး ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် မေလတွင် ဖြစ်ပေါ်ခဲ့သော စားသုံးသူဈေးဆနှုန်းနှင့် နှိုင်းယှဉ်ပါက ၉ ဒသမ ၅၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ခြင်းဖြစ်သည်။
Pages
Sunday, June 30, 2019
အိန္ဒိယတွင် တံတိုင်းပြိုကျသဖြင့် ၁၅ ဦး သေဆုံး

နယ်စပ်တရားမဝင် ကုန်စည်ဖမ်းဆီးရေးကို ထိထိရောက်ရောက်မလုပ်နိုင်သေးဟု ဒုသမ္မ္မတပြော
တိုင်းနှင့် ပြည်နယ်များတွင် အထူးအဖွဲ့များဖြင့် နယ်စပ်ဒေသများမှ ဝင်ရောက်လာသော တရားမဝင် ကုန်ပစ္စည်းများကို ဖမ်းဆီးအရေးယူဆောင်ရွက် နေသော်လည်း လက်ရှိတွင် ထိထိရောက်ရောက် မလုပ်နိုင်သေးကြောင်း နိုင်ငံတော် ဒုတိယ သမ္မ္မတ ၁ ဦးမြင့်ဆွေကပြောသည်။ ယခုလ ၂၉ ရက်က ကုန်သည်စက်မှုအသင်းချုပ်တွင် ပြုလုပ်သည့် ၂၈ ကြိမ်မြောက် နိုင်ငံတော်ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်သော ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံပွဲ ၎င်းကပြောကြား ခဲ့ခြင်းဖြစ်သည်။
မြန်မာပြည်က ရွှေတွေ အိန္ဒိယကို မှောင်ခိုပို့နေ
မြန်မာနိုင်ငံဘက်က အိန္ဒိယနိုင်ငံကို အရင်က လက်နက်တင်ပို့တဲ့ လမ်းကြောင်းဟာ အခုအချိန်မှာ ရွှေများ တရားမ၀င်ခိုးဝင်နေတဲ့ လမ်းကြောင်းဖြစ်တယ်လို့ အိန္ဒိယနိုင်ငံ အင်ဖါးအကောက်ခွန်ဌာနက အရာရှိတစ်ဦးပြောပြချက်ကို ကိုးကားပြီး The Economic Times သတင်းစာမှာ ဖော်ပြပါတယ်။
နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး၏ ထုတ်ပြန်ချက်
Myanmar President Office နဲ့ Myanmar State Counsellor Office တို့ရဲ့ Message Box နဲ့ Comment များမှာ ပေးပို့လာတဲ့ တောင်းဆိုချက်များစွာကို ကောင်းစွာ လက်ခံရရှိပါတယ်။ ဒီဖြစ်စဉ် ဖြစ်ပွားတာကို စတင်သိရှိရကတည်းက နိုင်ငံတော်အကြီးအကဲတွေအနေနဲ့ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ တာဝန်ရှိသူတွေကို “ဒီအမှု မပေါ် ပေါ်အောင် ဖော်ပါ” လို့ နှုတ်နဲ့ မှာကြားထားခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံတွင် အရွယ်ရောက်ပြီး အမျိုးသမီး၎ပုံ ၁ပုံ ကွမ်းစား၊အရွယ်ရောက်အမျိုးသမီး ၁၀ပုံ ၁ပုံ နီးပါးခန့် ဆေးလိပ်သောက်ကြကြောင်းစစ်တမ်းတစ်ရပ်ဖော်ပြ
မြန်မာနိုင်ငံတွင် အရွယ်ရောက်ပြီး အမျိုးသား၊အမျိုးသမီးများ၏ ဆေးလိပ်သောက်မှု၊ကွမ်းစားမှုပမာဏများမှာ မြင့်တက်လျှက်ရှိပြီး အရွယ်ရောက်ပြီး အမျိုးသမီး ၄ပုံပုံ ၁ပုံ မှာ ဆေးရွက်ကြီးပါဝင်သည့် ကွမ်းစားသုံး သူများ ဖြစ်နေကြကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၏ ပြောကြားချက်များအရ သိရသည်။
ဒေါ်လာဈေး ကျဆင်းလာသော်လည်း ကမ္ဘာ့ရေနံဈေး နှစ်ပတ်ကျော်အတွင်း ၁၄ ရာခိုင်နှုန်း ပြန်တက်လာခြင်းကြောင့် ပြည်တွင်း စက်သုံးဆီဈေး ရှစ်ရက်အတွင်း နှစ်ရာခိုင်နှုန်းကျော် ပြန်လည်မြင့်တက်
ဇွန်လကုန်ပိုင်းတွင် ဒေါ်လာဈေး ကျဆင်းလာသော်လည်း ကမ္ဘာ့ရေနံဈေး နှစ်ပတ်ကျော်အတွင်း ၁၄ ရာခိုင်နှုန်းပြန်တက်လာခြင်းကြောင့် ပြည်တွင်းစက်သုံးဆီဈေးများ ရှစ်ရက်အတွင်း နှစ်ရာခိုင်နှုန်းကျော် ပြန်လည်မြင့်တက်ခဲ့ကြောင်း စက်သုံးဆီအရောင်းဆိုင်များ၏ နေ့စဉ်ရောင်းချနေသော ဈေးနှုန်းများအရ သိရသည်။ ကမ္ဘာ့ရေနံဈေးသည် ဧပြီ ၂၃ ရက်တွင် တစ်စည် ၆၆ ဒေါ်လာ ဝန်းကျင်အထိမြင့်တက်ခဲ့ပြီးနောက် မေ ၂၈ ရက်တွင် ၅၉ ဒေါ်လာ ဝန်းကျင်၊ ဇွန် ၁၂ ရက်တွင် ၅၁ ဒေါ်လာဝန်းကျင်အထိ ပြန်ကျခဲ့သည်။ ထို့နောက် ဇွန်လ လယ်မှစတင်ကာ ကမ္ဘာ့ရေနံဈေးပြန်လည် မြင့်တက်လာပြီး ဇွန် ၂၉ ရက်တွင် တစ်စည် ၅၈ ဒေါ်လာအထိ ရောက်ရှိခဲ့ကာ နှစ်ပတ်ကျော်အတွင်း ၁၄ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။
စွန့်ပစ်ဂိုထောင်တွင် ငါးရက်တာ အစာနဲ့ရေ မရပဲ ပိတ်လှောင်ထားသည့် မြန်မာနိုင်ငံသား (၂၀)အား ထိုင်းအာဏာပိုင်များက ကယ်တင်ပေးခဲ့

အလေ့ကျပေါက်သောမှိုများခူးစားမိ၍ တောင်ကြီးမြို့ သိက္ခာမြန်မာသင်တန်းမှ ကျောင်းသား၈ဦး အစာအဆိပ်သင့်

မြန်မာ - အိန္ဒိယနယ်စပ်ထွက် ခမ်းပတ် နာနတ်သီးများ အထွက်နှုန်းနည်းသော်လည်း၊ ဈေးကောင်းရသည့်အတွက် နာနတ်စိုက်တောင်သူများ အဆင်ပြေနေ
မြန်မာ-အိန္ဒိယနယ်စပ် စစ်ကိုင်း တိုင်းဒေသကြီး တမူးခရိုင် ခမ်းပတ်ဒေသထွက် နာနတ်သီးများ မှာ ရာသီဥတုပျက်ယွင်းမှုကြောင့် အထွက်နှုန်းနည်းပါးသော်လည်း ဝယ်ယူမှု များပြား နေသည့်အတွက် ဈေးကောင်းရ အမြတ်ကျန်လျက် ရှိကြောင်း သိရသည်။ ခမ်းပတ်နာနတ်မှာ အိန္ဒိယနိုင်ငံစိုက်ပျိုးရေးပညာရှင်များ၏ နည်းပညာဖြင့် စိုက်ပျိုးခဲ့သော မဏိပူရနာနတ်မျိုးရင်းဖြစ်ပြီး ယခင် ကာလများ က အိန္ဒိယနိုင်ငံမဏိပူ ရကသည်း ပြည်နယ်သို့လည်း ကောင်း၊ မီဇိုရမ်ဘက်သို့လည်း ကောင်း တင်ပို့ရောင်းချမှုများရှိခဲ့ ပြီး ယခုလမ်းပန်းဆက်သွယ်ရေး များ ကောင်းမွန်လာသည့်အခါ မုံရွာ၊ မန္တလေးဈေးကွက်များမှတစ် ဆင့် တရုတ်နယ်စပ်အထိတင်ပို့ ရောင်းချနေကြသည်။
မတူပီမြို့ပြင်တွင် ခရိုင်ရုံးဆောက်မည့်ကိစ္စ ချင်းတိုင်းရင်းသားအချို့ ရန်ကုန်သို့ လာရောက် ဆန္ဒထုတ်ဖော်

အိန္ဒိယတွင် မုဒိမ်းကျင့်မှုကို ငြင်းဆန်သည့် အမျိုးသမီးနှစ်ဦးအား ကတုံးရိတ်ပစ်သူများကို ဖမ်းဆီး
အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်တွင် မုဒိမ်းကျင့်မှုကို ခုခံငြင်းဆန်ခဲ့သည့် အမျိုးသမီးနှစ်ဦးအား ကတုံးရိတ်ပစ်ခဲ့သော အုပ်စုထဲမှ နှစ်ဦးကို ဖမ်းဆီးရမိထားပြီဟု BBC သတင်းတွင် ဖော်ပြထားသည်။ နယ်မြေခံ တာဝန်ရှိသူတစ်ဦး ပါဝင်သည့်အုပ်စုသည် အဆိုပါ သားအမိနှစ်ဦး နေထိုင်သည့်အိမ်ကို အတင်းဝင်ရောက်ကာ မုဒိမ်းကျင့်ရန် ကြံစည်ခဲ့ခြင်းဖြစ်သည်ဟု ရဲက ပြောကြားသည်။ သားအမိနှစ်ယောက်က ငြင်းဆန်သောအခါ ၎င်းတို့က ကတုံးရိတ်ပစ်ခဲ့ကြပြီး ရွာထဲသို့ လှည့်လည်ပြသခဲ့ကြသည်ဟု သိရှိရသည်။
ပဲခူး ဟံသာဝတီမြို့ရိုးဟောင်းအတွင်း ကျူးကျော်အဆောက်အဦများ ဖယ်ရှားမည်

ခရီးသွားလုပ်ငန်းကြော်ငြာအတွက် ဓာတ်ပုံဈေးနှုန်းကိစ္စ ဟိုတယ်/ခရီးဝန်ကြီးဌာန ပြန်ရှင်းလင်း
ဟိုတယ်နဲ့ခရီးသွားလာရေး ဝန်ကြီးဌာနအနေနဲ့ ခရီးသွားလုပ်ငန်းကြော်ငြာဖို့ ဓာတ်ပုံတပုံကို ၂၅၀၀ ကျပ်ကနေ ကျပ် ၁၀၀၀၀ အထိ ပေးဝယ်မယ်လို့ ဖိတ်ခေါ်ခဲ့တာဟာ နေ့တိုင်း ပုံတွေအများကြီး သုံးရမှာကြောင့် ဖြစ်တယ်လို့ ပြန်ပြီး ရှင်းလင်းပါတယ်။ လူမှုကွန်ရက်တွေမှာ တရက်ကို ၅ ပုံကနေ ၁၅ ပုံလောက်သုံးပြီး နေ့တိုင်း အမြဲမပြတ် လွှင့်တင်သွားမှာဖြစ်လို့ အရည်အသွေးအသင့်အတင့်နဲ့ အရေအတွက်များများကို ထိုက်သင့်တဲ့ ဈေးနှုန်းနဲ့ ဝယ်ယူဖို့ ဖိတ်ခေါ်တာလို့ ဆိုပါတယ်။
တောင်သူများထံ ဧရာဝတီတိုင်းအစိုးရ ကွင်းဆင်းထိတွေ့ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ညွှန်ကြား
ဧရာဝတီတိုင်းဒေသကြီအစိုးရနှင့် အုပ်ချုပ် ရေးယန္တရားက ဝန်ထမ်း များအ နေဖြင့် တောင်သူလယ်သမားကြီးများထံ ကွင်းဆင်းထိတွေ့ရန် နိုင်ငံ တော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်က ညွှန်ကြားလိုက်သည်။ ဇွန် ၂၈ ရက် ဧရာဝတီတိုင်း ဒေသကြီး၊ ဓနုဖြူမြို့ လယ်ယာဝန် ဆောင် မှုစင်တာ၌ ကျင်းပသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် ဒေသခံတောင်သူ လယ်သမား များတွေ့ဆုံပွဲအခမ်းအနား၌ ဒေါ် အောင်ဆန်းစုကြည်က နိဂုံးချုပ် အမှာစကားပြောကြားစဉ် အထက် ပါအတိုင်းထည့်သွင်းပြောကြားခဲ့ ခြင်းဖြစ်သည်။
MSME လုပ်ငန်းများအတွက် ဒိန်းမတ်နိုင်ငံ၏ ဒိန်းမတ်ငွေ Krone ငါးသန်း ထောက်ပံ့မည်ဖြစ်ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ လုပ်ငန်းရှင်များ ဇူလိုင် ၁ ရက်မှ စတင်လျှောက်ထားနိုင်
မြန်မာနိုင်ငံရှိ MSME လုပ်ငန်းများအတွက် ဒိန်းမိတ်နိုင်ငံက လေးကြိမ်မြောက်အဖြစ် ဒိန်းမတ်ငွေ Krone ငါးသန်း ထောက်ပံ့မည်ဖြစ်သဖြင့် ပြည်နယ်နှင့် တိုင်းအသီးသီးမှ လုပ်ငန်းရှင်များ ဇူလိုင် ၁ ရက်မှ စတင် လျှောက်ထားနိုင်ကြောင်း စက်မှုဝန်ကြီးဌာနမှ သိရသည်။ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော မြန်မာ့ MSME လုပ်ငန်းများအတွက် ဒိန်းမတ်နိုင်ငံက ငွေကြေးအထောက်အပံ့ပေးလျက်ရှိရာ ၂၀၁၉ ခုနှစ်တွင် စတုတ္ထအကြိမ်မြောက်အဖြစ် ဒိန်းမတ်ငွေ Krone ငါးသန်းတိတိ ထောက်ပံ့ပေးသွားမည်ဖြစ်သည်။ အဆိုပါ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော စီးပွားရေးလုပ်ငန်းများလျှောက်ထားခြင်းအစီအစဉ်ကို ဇူလိုင် ၁ ရက်မှ၂၂ ရက် နောက်ဆုံးထားပြီး လျှောက်ထားရမည်ဖြစ်သည်။
လက်ရှိဘဏ္ဍဍာနှစ် ကိုးလနီးပါးအတွင်း မြဝတီကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၆၈၃ သန်းကျော် ရရှိ
၂၀၁၈ -၂၀၁၉ ဘဏ္ဍဍာနှစ် ကိုးလနီးပါးအတွင်း မြန်မာ-ထိုင်းနယ်စပ် မြဝတီကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၆၈၃ သန်းကျော်ရရှိခဲ့သော်လည်း ယခင်နှစ်ကာလတူထက် ဒေါ်လာ ၁ ဒသမ ၆၁၉ သန်းကျော် လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။၂၀၁၈ -၂၀၁၉ ဘဏ္ဍဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဇွန် ၂၁ ရက်အထိ ကိုးလနီးပါးအတွင်း မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းမှ စုစုပေါင်းကုန်သွယ်မှုပမာဏ ဒေါ်လာ ၆၈၃ ဒသမ ၈၄၃ သန်းရရှိထားသည်။
မြောက်ကိုရီးယား ပိုင်နက်မှာ ပထမဆုံး ခြေချတဲ့ အမေရိကန် သမ္မတ ဖြစ်လာတဲ့ ထရမ့်
တပ်မတော်က အပစ်ရပ်ကာလ နှစ်လ ထပ်တိုးထုတ်ပြန်
တပ်မတော်က တိုင်းစစ်ဌာနချုပ် နယ်မြေ ငါးခုမှာ သြဂုတ်လ ၃၁ ရက်နေ့အထိ အပစ်ရပ်သက်တမ်းတိုးလိုက်ကြောင်း တပ်မတော်က ဒီနေ့ညနေမှာ သတင်းထုတ်ပြန်ပါတယ်။ မူလ အပစ်ရပ်ကြေညာထားတဲ့နေရာတွေမှာ အပစ်ရပ်သက်တမ်း နှစ်လ ထပ်တိုးလိုက်တာဖြစ်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက RFA ကို ပြောပါတယ်။
ရုရှားစစ်တပ် စစ်ရေးစွမ်းရည်ပြပွဲ ပိတ်ပွဲကျင်းပ
ရုရှားစစ်တပ်ဟာ သူတို့သိမ်းပိုက်ထားတဲ့ ခရိုင်းမီးယား ကျွန်းဆွယ်မှာ ဇွန်လ ၂၉ ရက်က နှစ်စဉ်ကျင်းပနေကျ စစ်ရေးစွမ်းရည်ပြပွဲပိတ်ပွဲကို ကျင်းပခဲ့ပါတယ်။ ခြေလျင်တပ် ရေတပ် လေတပ်တို့က အကြီးစား စစ်ရေး လေ့ကျင့်ခဲ့ကြတာပါ။ ဆီဗက်စတိုပို ဆိပ်ကမ်းမြို့က ဒေသခံတွေဟာ ပင်လယ်အော်တလွှားမှာ စစ်ကားတွေ လေ့ကျင့်နေပုံ၊ စစ်လေယာဉ်တွေ စစ်ရဟတ်ယာဉ်တွေက လေကြောင်း ကျွမ်းထိုး စွမ်းရည်ပြနေပုံတွေကို မြင်ခဲ့ရ ပါတယ်။
ဖားကန့်မြို့နယ်အတွင်း မူးယစ်ဆေးဝါးရောင်းချသည့် တဲများကို ဖျက်ဆီး

သင်္ဃန်းကျွန်းစံပြဆေးရုံကြီးတွင် သေဆုံးလူနာ ၂ ဦးအား H1N1 ဖြင့် ကွယ်လွန်ဟု သံသယရှိ
ရာသီတုပ်ကွေး H1N1 ကူးစက်ရောဂါဖြင့် ကွယ်လွန်သည်ဟုသံသယရှိသော လူနာ ၂ ဦး စံပြဆေးရုံကြီးတွင် ထပ်မံသေဆုံးသွားကြောင်း နာရေးကူညီမှုအသင်း (ရန်ကုန်) က ယနေ့ထုတ်ပြန်သည်။ သေဆုံးသူများမှာ အသက်(၈၀)နှစ်ခန့် အမျိုးသား(၁)ဦး နှင့် အသက်(၅၀)ခန့် အမျိုးသမီး(၁)ဦးတို့ဖြစ်သည်။ ရုပ်အလောင်းအား နာရေးကူညီမှုအသင်း(ရန်ကုန်) နိဗ္ဗာန်ယာဉ်ဖြင့်ရေဝေးသုဿာန် မီးသဂြိုလ်စက်သို့ (အခမဲ့) ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် တပ်မတော် ထုတ်ပြန်ချက်
၁။ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား ထိရောက်စွာဆောင်ရွက်နိုင်ရေး မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်နယ်မြေများတွင် စစ်ရေးဆိုင်ရာလှုပ်ရှားမှုအားလုံးအား ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့မှ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့အထိ ၁ ကြိမ်၊ ၂၀၁၉ ခုနှစ်၊ မေလ ၁ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိ ၁ ကြိမ် ရပ်ဆိုင်းပေးခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့ နှင့် ၂၀၁၉ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့တို့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်ပြီးဖြစ်သည်။
LGBT များအား ခွဲခြားဆက်ဆံ ဖိအားပေးမှုမပြုလုပ်ရေး Myanmar Imperial University ရှေ့၌ ဆန္ဒပြ

“ကျောင်းမှာ ဖြစ်တယ်ဆိုရင်တော့ တာဝန်ယူသင့်တဲ့ဟာ အပြည့်ယူသွားမှာ” Wisdom Hill ကျောင်းအုပ် ဦးပညာနှင့် ဆက်သွယ်မေးမြန်းခြင်း

အမေရိကန် ရက်ပါ Slim 400 သေနတ်ဖြင့် ၈ ချက် အပစ်ခံခဲ့ရ

YBS ဘတ်စ်ကား တံခါးမှန်ကို ရိုက်ခွဲ၍ ဆင်းသွားသည့် ခရီးသည်ကို ရဲစခန်းတွင် တိုင်ကြား

အမေရိကန်နှင့်ဆွေးနွေးပွဲ အရေးပါသည့် အဆင့်ရောက်ရှိနေချိန်တွင် တာလီဘန်များက ပြည်သူစစ် ၂၆ ဦးကို သတ်ဖြတ်
အာဖဂန်မြောက်ပိုင်းမှာ တာလီဘန်စစ်သွေးကြွတွေက ပြည်သူစစ် ၂၆ ဦးကို သတ်ဖြတ်ခဲ့ တယ်လို့ အာဖဂန်အာဏာပိုင်တွေက စနေနေ့က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ဒါဟာ အမေရိကန် ညှိုနိုင်းရေးသမားတွေနဲ့ တာလီဘန်တို့အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲအသစ် ကာတာမှာ ကျင်းပဖို့ ပြင်ဆင်နေစဉ်မှာ ဖြစ်ခဲ့တာပါ။ စနေနေ့နောက်ပိုင်းမှာ အမေရိကန်အရာရှိတွေနဲ့ စစ်သွေးကြွတွေကြား ခုနှစ်ကြိမ်မြောက်ဆွေးနွေးပွဲကျင်းပဖို့ ရှိပြီး ဒါဟာ ၁၈ နှစ်ကြာ စစ်ပွဲကို အဆုံးသတ်ဖို့ “ လုပ်မလား(သို့) လှုပ်ရှားမှုရပ်တန်မလား” အကျိုးသက် ရောက်မှုလို့ အမေရိကန်အရာရှိက ဆိုပါတယ်။
မီတာခ တိုးမြှင့်ကောက်ခံခြင်းအား ကန့်ကွက်သည့် ပြည်သူ့ဆန္ဒ ဖော်ထုတ်ပွဲ ရန်ကုန်တွင် ပြုလုပ်မည်
မီတာခ တိုးမြှင့်ကောက်ခံခြင်းကို ကန့်ကွက်သည့် ပြည်သူ့ဆန္ဒ ဖော်ထုတ်ပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်တွင် ဇူလိုင်လ ၁ ရက်နေ့ ပြုလုပ်မည်ဟု သိရှိရပါသည်။ မီတာခ တိုးမြှင့်ကောက်ခံခြင်းကို ကန့်ကွက်သည့် ပြည်သူ့ဆန္ဒ ဖော်ထုတ်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင် နေ မိဘပြည်သူများ လာရောက်ပူးပေါင်း၍ ဥပဒေနဲ့အညီ ဆန္ဒ ဖော်ထုတ်နိုင်ရန် အသိပေး ဖိတ်ကြားအပ်ပါသည်။ ၂၀၁၉ ဇူလိုင်လ ၁ ရက် နံနက် ၀၈း၀၀ နာရီ တွင် ပုဇွန်တောင် ဥယျာဉ် အိမ်ယာရှေ့တွင် စတင်စုဝေး၍ ဥပဒေ နှင့်အညီ ပုဇွန်တောင် မြို့နယ် အတွင်း ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ကြမည် ဖြစ်ကြောင်း သိရှိရပါသည်။
နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန် နေပြည်တော်တွင် အပင် ၃၀၀ ကျော် စိုက်ပျိုး

ဆဲလ်ဖီရိုက်ရင်း သေဆုံးရမှုက ငါးမန်းကိုက်ခံရလို့  သေတာထက် ငါးဆ ပိုများ
တစ်ကမ္ဘာလုံးမှာ စွဲစွဲလမ်းလမ်းလုပ်ကြတဲ့ အရာတစ်ခုဖြစ်လာတာ ဆယ်စုနှစ်တစ်ခုလောက်ရှိပြီဖြစ်တဲ့ ဆဲလ်ဖီရိုက်ခြင်း အလေ့ကြောင့် မတော်တဆဖြစ် သေဆုံးရတဲ့ လူဦးရေဟာ ငါးမန်းကိုက်လို့ သေဆုံးရတဲ့ ဦးရေထက် ငါးဆပိုများနေကြောင်း စစ်တမ်းတစ်ခုမှာ ဖော်ပြလာပါတယ်။ နည်းပညာပိုမိုရှုပ်ထွေးလာတဲ့ စမတ်ဖုန်းတွေ နှစ်စဉ် တိုးပွားလာမှုနဲ့  အကွာအဝေးပိုဆန့် နိုင်တဲ့ ဆဲလ်ဖီချောင်းတွေ ပေါ်လာမှုတွေဟာ ပြည့်စုံကောင်းမွန်တဲ့ ပုံလေးတွေ ရရှိဖို့ အတွက် အန္တရာယ်များတဲ့ အနေအထားတွေမှာတောင် ဆဲလ်ဖီရိုက်လိုစိတ်ဖြစ်ပြီး သေဆုံးသူဦးရေ တိုးလာနိုင်တဲ့ အခြေအနေတွေဖြစ်နေကြောင်း ဆိုပါတယ်။
အောင်ဆန်းကွင်းကို ပြန်လည်အဆင့်မြှင်တင်၍ ကွင်းပတ်လည်ဆိုင်ခန်းငှားရမ်းခများ ကာလပေါက်ဈေးအတိုင်း တိုးမြှင့်ကောက်ခံမည်
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ အောင်ဆန်းကွင်းအား ပြန်လည်အဆင့်မြှင့်တင်မည်ဖြစ်ပြီး ကွင်းပတ်လည်ဆိုင်ခန်းငှားရမ်း ဈေးနှုန်းများကို ကာလပေါက်ဈေးအတိုင်း တိုးမြှင့်ကောက်ခံဖွယ်ရှိကြောင်း သိရသည်။ေ အာင်ဆန်းအားကစားကွင်းကို ယခင်က မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သို့ ငှားရမ်းထားခဲ့ခြင်းဖြစ်ပြီး အားကစားကွင်းပတ်လည်ရှိ ဆိုင်ခန်းများအား အားကစား နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ပုဂ္ဂလိကထံသို့ ပြန်လည်ငှားရမ်းခဲ့သည်။ အောင်ဆန်း အားကစားကွင်းပတ်လည်တွင် ဆိုင်ခန်းပေါင်း ၃၂၁ ခန်းရှိနေပြီး
ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးနှင့် သားဆက်ခြားဆေးထိုးခြင်းကို Brilliant Red အဖွဲ့မှ လိုက်လံထိုးပေး
ခွေရူးပြန်ရောဂါ ကာကွယ်ရန်နှင့် လမ်းဘေးခွေးကောင်ရေ မြင့်တက်လာမှုကို လျှော့ချနိုင်ရန်အတွက် ခွေးရူးပြန်ရောဂါကာကွယ်ဆေးနှင့် သားဆက်ခြားဆေး ထိုးခြင်းကို Brilliant Red အဖွဲ့မှ ဦးဆောင်ကာ ဇွန်လ ၂၉ ရက်နေ့က ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်ရှိ၊ ကျီတော်ရပ်ကွက်တွင် ပြုလုပ်ခဲ့သည်။ Brilliant Red မှာ ဆရာဝန်များ၊ တိရစ္ဆာန်ကု ဆရာဝန်များ၊ ခွေးချစ်သူများနှင့် ဖွဲ့စည်းထားသည့်အဖွဲ့ဖြစ်ပြီး ကိုယ်ထူကိုယ်ထစနစ်ဖြင့် လှုပ်ရှားလျက်ရှိသည့် အဖွဲ့ ဖြစ်သည်။ ထိုအဖွဲ့မှာ ယခုအပတ်မှ စတင်ကာ အပတ်စဉ် စနေနေ့တိုင်း ခွေးရူးပြန်ရောဂါကာကွယ်ဆေးနှင့် သားဆက်ခြားဆေးထိုးရန် စီစဉ်ထားပြီး လာမည့်အပတ်များ၌ ဗိုလ်တထောင်မြို့နယ်ရှိ ရပ်ကွက် ၁၀ ခုတွင် ထိုးနှံသွားမည်ဖြစ်ကြောင်း သိရသည်။
ဗြိတိန်နန်းတော်ကြီးထဲတွင် ကြွက်များသောင်းကျန်းနေသဖြင့် ဘုရင်မကြီးထိတ်လန့်
ဗြိတိန်ရှိ ဘာ့က်ကင်ဟမ်နန်းတော် ကြီးထဲတွင် ကြွက်များ သောင်းကျန်းနေသ ဖြင့် ဘုရင်မကြီး ထိတ်လန့်နေသည်ဟု ဒေးလီးမေးလ်သတင်းက ဆိုသည်။ မီးဖို ချောင်များထဲတွင် ကြွက်များ မကြာခဏ တွေ့နေရသဖြင့် နောက်ဆုံးတွင် နန်း တော်ဝန်ထမ်းများက ပိုးမွှားထိန်းချုပ်ရေးကျွမ်းကျင်သူများကို ခေါ်ရတော့သည်။ ကျွမ်းကျင်သူများက အခြေအနေလာ ကြည့်ပြီး အဆိပ်လာချသော်လည်း မထိ ရောက်လှပေ။]ကော်ရစ်ဒါမှာ ကြွက်တွေ လှစ်ခနဲ၊ လှစ်ခနဲ ပြေးသွားတာမြင်ရ တယ်လို့ဝန်ထမ်းတွေက ပြောတယ်။
ကန် နဲ့ တရုတ် သမ္မတ ဆွေးနွေးပွဲ သဘောတူညီချက်တချို့ ရရှိ

ကလေးသူငယ်ဆိုင်ရာ ဥပဒေအား ပြန်လည်စိစစ်ပေးရေး မုံရွာမြို့ပေါ်တွင် ဆန္ဒထုတ်ဖော်

ပြည်နယ် ၁၉ ခုမှာ ငမြှောင်တောင်ပိုး ကျနေကြောင်း တရုတ်စိုက်ပျိုးရေးဝန်ကြီးဌာန ထုတ်ပြန်
တရုတ်နိုင်ငံ ပြည်နယ် ၁၉ ခုတွင်းရှိ လယ်မြေစိုက်ခင်း ဟက်တာ ၃၃၃,၀၀၀ ခန့်မှာ ငမြှောင်တောင်ပိုး ကျရောက်နေကြောင်း တရုတ်စိုက်ပျိုးရေးဝန်ကြီးဌာနက ဇွန်လ ၂၈ ရက်နေ့မှာ ထုတ်ပြန် လိုက်ပါတယ်။ ငမြှောင်တောင်ပိုးကျပါက ညတွင်းချင်း စိုက်ခင်းဧက ရာနဲ့ချီ ပျက်စီးနိုင်တဲ့အတွက် ၄င်းပိုးဟာ နိုင်ငံ့စားနပ်ရိက္ခာလုံခြုံမှုအတွက် အန္တရာယ်တစ်ရပ်ဖြစ်ကြောင်း တရုတ်အစိုးရက ကြေညာဖူးပါတယ်။
ယှဉ်ပြိုင်မှုကော်မရှင်လာပါပြီ
စီးပွားရေးလုပ်ငန်းနယ်ပယ်များ အတွင်း အဖွဲ့အစည်းတစ်ဖွဲ့နှင့် တစ်ဖွဲ့၊ အစုအဖွဲ့တစ်စုနှင့်တစ်စု သမားရိုးကျမဟုတ်သော ယှဉ်ပြိုင်မှုများ၊ တရားမဲ့ပြုကျင့်ခံရမှုနှင့် စီးပွားရေးခေါင်းပုံဖြတ် မသမာမှု များ စသည့်အကြောင်းအရာများ ကို သတင်းပေးတိုင်ကြားနိုင်မည့် ကော်မရှင်တစ်ခုပေါ်လာပါပြီ။ ၂၀၁၅ ၌ ပြည်ထောင်စုလွှတ် တော်က အတည်ပြုပြီးနောက် ၂၀၁၈ အောက်တိုဘာ ၃၁ ရက် တွင် ပြည်ထောင်စုအစိုးရအဖွဲ့၏ အမိန့်ကြော်ငြာစာ အမှတ် (၁၀၆/၂၀၁၈)ဖြင့် မြန်မာနိုင်ငံ ယှဉ်ပြိုင် မှုကော်မရှင်ကို ဖွဲ့စည်းလိုက် ပြီး မိတ်ဆက်ရှင်းလင်းမှုများကို တာဝန်ရှိသူများက ရန်ကုန်နှင့် နေပြည်တော်၌ ယခုနှစ်ကစ၍ လိုက်လံပြုလုပ်နေသည်။ ဥပဒေအတည်ပြုအပြီး လေးနှစ်ကျော် အကြာတွင် ပြဋ္ဌာန်းချက်များကို စတင်အသက်သွင်းရန် ပြင်ဆင် လာခြင်းဖြစ်သည်။
အိမ်လွမ်းနေသူ ငါးသိန်း
ကမ္ဘာ့ သက်တမ်းအရှည် ကြာဆုံးပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားနေသည့် မြန် မာနိုင်ငံတွင် စစ်၏ဆိုးကျိုးကို ခံစားနေရသည့်လူဦးရေ တိုးပွား လာနေသည်ကို အစီရင်ခံစာများ က သက်သေခံနေသည်။ ပြီးခဲ့သည့် ဇွန်လ ၂၀ ရက် တွင် ကျရောက်သော ‘ကမ္ဘာ့ဒုက္ခ သည်များနေ့’ အခမ်းအနားတစ်ခု တွင် စစ်ဘေးသင့်ပြည်သူများ အရေးဆောင်ရွက်နေသူအများ အပြားစုဝေးခဲ့သည်။ ပြည်တွင်း စစ်ဘေးသင့်ခဲ့ရသူများ၏ မရိုးနိုင် အောင် များပြားလှသောအခက် အခဲများကို သူတို့ဖွင့်ဟသည်။ ထို သူများ၏ အနာဂတ်အတွက် လည်း သူတို့ဆော်ဩသည်။
လှိုင်သာယာ၊ ရွှေပြည်သာနှင့် ဒဂုံမြို့သစ် လေးမြို့နယ်ရှိ ကျူးကျော်များအတွက် အစိုးရပိုင်မြေပေါ်တွင် ကျပ်သိန်း ၃၀ ဝန်းကျင်ဖြင့် နေအိမ်များဆောက်လုပ်နိုင်ရန် ပြင်ဆင်လျက်ရှိဟု ဝန်ကြီးချုပ်ပြောကြား
လှိုင်သာယာ၊ ရွှေပြည်သာနှင့် ဒဂုံမြို့သစ်လေးမြို့နယ်ရှိ ကျူးကျော်များအတွက် အစိုးရပိုင်မြေပေါ်တွင် ကျပ်သိန်း ၃၀ ဝန်းကျင် ဖြင့် နေအိမ်များဆောက်လုပ်နိုင်ရန် ပြင်ဆင်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဇွန် ၂၉ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။ ကျူးကျော်နေထိုင်သူများကို ရှင်းလင်းရာတွင် စနစ်တကျနေရာတစ်ခုတွင် စီမံခန့်ခွဲနိုင်ရန်အတွက် ဆောင်ရွက်ကြောင်း၊ ယင်းကိစ္စအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တိုင်းဒေသကြီးအစိုးရနှင့် လူမှုအဖွဲ့အစည်းများတွင် တာဝန်ယူဆောင်ရွက်နေကြသည့် NGO များနှင့်ပေါင်းစည်းပြီး ကျူးကျော်များအား မြေကွက်နေရာချပေးရန် ဆောင်ရွက်နေကြောင်း ဝန်ကြီးချုပ်က ပြောကြားသည်။
၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို မှန်ကန်စွာ ဆောင်ရွက်ပေးခြင်းမရှိခဲ့သည့်အတွက် မြန်မာနိုင်ငံသည် ယနေ့အခြေအနေမျိုးဖြစ်ခဲ့ဟု သူရဦးရွှေမန်း ပြောကြား
၁၉၉၀ ပြည့်နှစ်တွင် ရွေးကောက်ပွဲပြုလုပ်ခဲ့သော်လည်း ရွေးကောက်ပွဲရလဒ်ကို မှန်ကန်စွာ ဆောင်ရွက်ပေးခြင်းမရှိခဲ့သည့်အတွက် မြန်မာနိုင်ငံသည် ယနေ့အခြေအနေမျိုး ဖြစ်ပေါ်ခဲ့သည်ဟု ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီခေါင်းဆောင် သူရဦးရွှေမန်းက ပြောကြားလိုက်သည်။ ဇွန် ၂၉ ရက်က ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ MCC ခန်းမတွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီနှင့် တွေ့ဆုံပွဲသို့ တက်ရောက်လာသူတစ်ဦး၏ ပါတီတည်ထောင်ရခြင်းရည်ရွယ်ချက်နှင့်ပတ်သက်ပြီး မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားရာတွင် သူရဦးရွှေမန်းက အထက်ပါအချက်ကို ထည့်သွင်းပြောကြားခြင်းဖြစ်သည်။
လောလောဆယ် မည်သည့်ပါတီနှင့်မျှ မဟာမိတ်ဖွဲ့မည်မဟုတ်ဟု ဒီချုပ်ဒုဥက္ကဋ္ဌ ဆို
လောလော ဆယ်မည်သည့်ပါတီနှင့်မှ မဟာမိတ်ဖွဲ့မည်မဟုတ်ကြောင်း ဒီချုပ်ပါတီဒုဥက္ကဋ္ဌ ဒေါက်တာဇော်မြင့် မောင်က ပြောသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အနေဖြင့် ပါတီစထောင်၍ ၁၉၉ဝ ရွေးကောက်ပွဲဝင်ချိန်မှစ၍ နောက်ပိုင်း ရွေးကောက်ပွဲများတွင် မှာပါမည်သည့်ပါတီနှင့်မှ မဟာမိတ်မဖွဲ့ခဲ့ကြောင်း မန္တလေးတိုင်း ဝန်ကြီးချုပ် လည်းဖြစ်သည့် ဒေါက်တာဇော်မြင့်မောင်က ဒီမို ကရေစီ တူဒေးသို့ ဇွန် ၂၈ ရက်တွင် ပြောကြားသည်။ ဒီချုပ်ပါတီသည် တိုင်းရင်း သားပေါင်းစုံပါဝင်သည့် ပါတီ ဖြစ်ကြောင်းလည်း ၎င်းင်းကဆိုသည်။
မန်ယူက မားကပ်စ်ရက်ရှ်ဖို့ဒ် တပတ် ပေါင် ၂ သိန်းဖြင့် နှစ်ရှည်စာချုပ် ချုပ်တော့မည်
မီတာခံ တိုးကောက်မှုကြောင့် ကုန်ဈေးနှုန်း မြင့်လာမည်မဟုတ်ဟု ဦးဖြိုးမင်းသိန်းပြော
လျှပ်စစ်ဓာတ်အားခ တိုးမြှင့်လိုက်တာကြောင့် ကုန်ဈေးနှုန်း မြင့်မားလာမှမဟုတ်ဘဲ လျှပ်စစ်မီးပုံမှန်ရပါက နောက်ပိုင်းမှာ တည်တည်ငြိမ်ငြိမ်နဲ့ ပိုတိုးတက်လာလိမ့်မယ်လို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ်က ပြောပါတယ်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ ဇွန် ၂၉ ရက်နေ့က ပြုလုပ်တဲ့ မီဒီယာတွေ့ဆုံပွဲမှာ ဝန်ကြီးချုပ်က အခုလို ပြောဆိုသွားတာပါ။ “လျှပ်စစ်ဈေးနှုန်း တိုးသွားတဲ့အပေါ် တချို့ ကုန်ဈေးနှုန်း ကြီးလာမလား၊ ထုတ်ကုန်တွေများ ပိုပြီး ဈေးမြင့်လာမလားဆိုတာ မဟုတ်ပါဘူး။ လျှပ်စစ်မီးလုံလုံလောက်လောက်မရလို့ ထုတ်လုပ်မှု စရိတ်တွေ ကြီးနေတာဖြစ်ပါတယ်။ စက်ရုံတွေအနေဲ့ မီးစက်တွေပြင်ဆင်ထားရတယ်။ မီးစက် မောင်းမယ့်ဝန်ထမ်းတွေခန့်ထားရတယ်။
ဖားကန့် ကျောက်စိမ်းလုပ်ကွက်တခုတွင် ကမ်းပါးပြိုကျမှုကြောင့် ၂ ဦးသေဆုံး
ကချင်ပြည်နယ် ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာအနီးက ဂျိတ်ပါဝါ ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်မှာ ဇွန် ၂၉ ရက်နေ့ ညနေပိုင်းက ကမ်းပါးနံရံပြိုကျမှုကြောင့် တပိုင်တနိုင်ကျောက်စိမ်းတူးသူ ၂ ဦး သေဆုံးခဲ့တယ်လို့ လုံးခင်းနယ်မြေစခန်းမှူး ဦးစိန်မြင့်ထွန်းက ပြောပါတယ်။ သေဆုံးသူတွေဟာ ကိုနိုင်နိုင်ထွန်း (၂၀) နှစ်နဲ့ ဦးဇော်ဝမ်း (၆၁) နှစ်တို့ ဖြစ်တယ်လို့ လုံးခင်းရဲစခန်းက သိရပါတယ်။ မြေပိသေဆုံးသွားသူတွေဟာ အမြင့် ၁၂ ပေလောက်ရှိတဲ့ ကျောက်ကမ်းပါယံအောက်မှာ ကျောက်စိမ်းတူးဖော်နေစဉ် နှစ်ဦးအပေါ်ရှိ မြေသားနံရံပေါ်ပြိုကျပြီး မောက်တုံးပိသေဆုံးခဲ့တာလို့ ရဲကြေးနန်းက ဆိုပါတယ်။ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို လုံးခင်းပြည်သူ့ဆေးရုံမှာ ရင်ခွဲစစ်ဆေးဖို့ ပို့ဆောင်ခဲ့ပြီး သေမှုသေခင်းအမှတ် ၁၇/၁၉ နဲ့ စစ်ဆေးဆောင်ရွက်နေတယ်လို့ လုံးခင်းနယ်မြေရဲစခန်းမှူး ရဲမှူး ဦးစိန်မြင့်ထွန်းက ပြောပါတယ်။
အမှိုက်ဖြင့် ငြိနေသည့် လိပ်နှစ်ကောင်ကို ထိုင်းတံငါသည်များ ကယ်ဆယ်ပေးခဲ့
ပလတ်စတစ်အမှိုက်တွေနဲ့ ငြိနေတဲ့ လိပ်နှစ်ကောင်ကို ထိုင်းတံငါသည်တွေက ဇွန်လ ၁၉ ရက်မှာ ကယ်ဆယ်ပေးခဲ့ရပါတယ်။ ဒီဖြစ်ရပ်ဟာ ထိုင်းနိုင်ငံ ပတ္တယားကမ်းလွန်မှာဖြစ်ပွားခဲ့တာဖြစ်ပြီး လိပ်နှစ်ကောင်မှာ တကောင်က ပိုက်တွေနဲ့ ငြိနေခဲ့တာဖြစ်ပြီး နောက်တကောင်ကတော့ ပင်လယ်ထဲကို ရောက်ရှိနေတဲ့ အမှိုက်တွေကြားထဲမှာ ပိတ်မိနေခဲ့တာပါ။ ရိုက်တာသတင်းဌာနကရရှိခဲ့တဲ့ ဗွီဒီယိုတခုမှာလည်း တံငါသည်တွေက အတားအဆီး တွေကနေတစ်ဆင့် လိပ်တွေကိုကယ်ဆယ်ပြီး ရေထဲကိုပြန်လွှတ်ပေးခဲ့တာ မြင်တွေ့ခဲ့ရပါတယ်။ နှစ်စဉ် အမှိုက်တန်ချိန် ၈ သန်းလောက်ဟာ ကမ္ဘာ့သမုဒ္ဒရာထဲကို ရောက်ရှိလာနေကြပြီး တမိနစ်ကို ထရပ်ကားတစီးစာ အမှိုက်တွေဟာ ရေထုထဲကို ရောက်ရှိနေတာဖြစ်ပါတယ်။ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နဲ့ ထိုင်းနိုင်ငံတို့ဟာ သမုဒ္ဒရာတွေထဲကို ရောက်ရှိနေတဲ့ အမှိုက်တွေရဲ့ ၆၀ ရာခိုင်နှုန်းအတွက် တာဝန်ရှိတယ်လို့လည်း ၂၀၁၅ ခုနှစ်က ထွက်ပေါ်လာတဲ့ အစီရင်ခံစာတစောင်မှာ ဖော်ပြထားပါတယ်။
ကီလိုမီတာပေါင်းများစွာ ခရီးနှင်ပြီး ဆိုက်ဘေးရီးယားအမှိုက်ပုံသို့ အစာလာရှာသည့် ဝက်ဝံကြီး
အာဟာရပြတ်လပ်နေတဲ့ ပိုလာဝက်ဝံတကောင်ကို ဆိုက်ဘေးရီးယားနိုင်ငံ နော်ရီလက်မြို့က အမှိုက်ပုံကြီးတခုမှာ ပြီးခဲ့တဲ့ ဇွန်လ ၁၈ ရက်က မြင်တွေ့ခဲ့ရပါတယ်။ ဒီဝက်ဝံကြီးကို မျက်မြင်တွေ့ရှိခဲ့သူတဦးက ဗွီဒီယိုရိုက်ကူးခဲ့ပြီး ဒီဗွီယိုဖိုင်အရ ဝက်ဝံဟာအမဖြစ်ပြီး သူမဟာ အင်အားနည်းကာ ဖျားနာနေပုံရပြီး အစာရှာဖို့ အမှိုက်ပုံကို ရောက်ရှိလာခဲ့ပုံရပါတယ်။ ဆာလောင်နေတဲ့ ဝက်ဝံမကြီးဟာ ဒီနေရာကို ရောက်ရှိလာဖို့အတွက် သူနေထိုင်ရာ အာတိတ်ရေခဲပြင်တွေဆီကနေ ကီလိုမီတာပေါင်းများစွာ ခရီးနှင်ခဲ့တာဖြစ်ပြီး လမ်းတလျောက် ဆာလောင် မောပန်းမှုနဲ့ ရင်ဆိုင်ခဲ့ရပုံရပါတယ်။
ပင်လယ်စင်ရော်နှစ်ကောင်ကြောင့် အိမ်အပြင်မထွက်ရဲသည့် အင်္ဂလန်သက်ကြီးစုံတွဲ
အိမ်ခေါင်မိုးအပေါ် အသိုက်လာဆောက်တဲ့ ပင်လယ်စင်ယော်စုံတွဲကြောင့်ဗြိတိန်က အဖိုးအဖွားစုံတွဲ တတွဲဟာ ကိုယ်ပိုင်အိမ်မှာပင် ဓားစာခံတွေလို နေထိုင်ခဲ့ရတယ်လို့ OC သတင်းမှာ ဖော်ပြပါတယ်။ အကြောင်းကတော့ ဒီအဖိုးနဲ့အဖွားဟာ သူတို့အိမ်တံခါးကနေ အပြင်ထွက်ဖို့လုပ်တိုင်း ရန်လိုတဲ့ ငှက်နှစ်ကောင်ရဲ့ တိုက်ခိုက်ခြင်းနဲ့ အမြဲရင်ဆိုင်နေရလို့ပဲဖြစ်ပါတယ်။
သတင်းမီဒီယာများနှင့် တလနှစ်ကြိမ် ပုံမှန်တွေ့ဆုံလိုဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်ပြော
သတင်းမီဒီယာတွေနဲ့ နှစ်ပတ်ကို တကြိမ်၊ တလကို နှစ်ကြိမ် ပုံမှန် တွေ့လိုကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ်က ပြောပါတယ်။ ဇွန် ၂၉ ရက်နေ့ မွန်းလွဲ ၂ နာရီက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှာ ပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံပွဲမှာ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အခုလို ပြောကြားခဲ့တာပါ။ “သတင်းမီဒီယာများနှင့် နှစ်ပတ်ကို တကြိမ်၊ တလကို နှစ်ကြိမ် ပုံမှန် တွေ့ချင်ကြောင်း၊ မိမိတို့ ရန်ကုန်တိုင်းဒေသကြီးအစိုးအဖွဲ့၏ ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များစွာရှိကြောင်း၊ လုပ်ငန်းစဉ်များကို တနေ့တည်း တနေရာတည်း တထိုင်တည်းပြောမည်ဆိုရင် အများကြီးဖြစ်ပြီး အချိန်တွေကြာမှာစိုးကြောင်း၊
ဒီလစ်ကို အီတလီနည်းပြဟောင်း လစ်ပီ ချီးကျူး
ဆေးဝါး ထုတ်လုပ်မှုကဏ္ဍဍတွင် တိုးတက်မှုရှိသော အိန္ဒိယနိုင်ငံရှိ ဆေးဝါးလုပ်ငန်းများ မြန်မာနိုင်ငံ၌ လာရောက်ရင်းနှီးမြှုပ်နှံရန် ကျန်းမာရေးဝန်ကြီးဌာနထံ ကမ်းလှမ်း
လက်ရှိ ဆေးဝါးထုတ်လုပ်မှုကဏ္ဍဍတွင် တိုးတက်မှုရှိနေသော အိန္ဒိယနိုင်ငံရှိ ဆေးဝါးလုပ်ငန်းများ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံ ကမ်းလှမ်းထားကြောင်း သိရသည်။ ဇွန် ၂၈ ရက်က နေပြည်တော်၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် အိန္ဒိယနိုင်ငံ သံအမတ်ကြီးတို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ တွေ့ဆုံရာတွင် ၂၀၂၀ ပြည့်နှစ် အပြည်ပြည်ဆိုင်ရာ ယောဂနေ့အခမ်းအနားကို နေပြည်တော်၌ ကျင်းပပြုလုပ်သွားရန် လျာထားစီစဉ်ထားကြောင်း၊ အိန္ဒိယနိုင်ငံမှ ဆေးဝါးလုပ်ငန်းများ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံလိုကြောင်း၊ အဆိုပါဆေးဝါးများကို မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် မှတ်ပုံတင်ခြင်း၊ ခွင့်ပြုချက်ရယူခြင်း၊ မှတ်ပုံတင်ခြင်းလုပ်ငန်းများ လွယ်ကူစေရေး ပံ့ပိုးပေးစေလိုကြောင်း၊ ကင်ဆာရောဂါကို ဓာတ်ရောင်ခြည်အသုံးပြု၍ ကုသသည့် Bhabhatron II စက်ကိုလည်း ဝန်ကြီးဌာနထံ ပေးအပ်ရန်ရှိကြောင်း စသည်တို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းအတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ တိုးလာသော်လည်း လျှပ်စစ်မီး လုံလောက်စွာ ပေးနိုင်ရန်အတွက် ရင်ပူနေရကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ပြောကြား
ရန်ကုန်တိုင်းအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တိုးလာသော်လည်း လျှပ်စစ်မီး လုံလောက်စွာ ပေးနိုင်ရန်အတွက် ရင်ပူနေရကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဇွန် ၂၉ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။“ကျွန်တော်တို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ခွင့်ပြုပါတယ်။ တိုင်းဒေသကြီးအစိုးရဘက်ကနေပြီးတော့ ၁၅ ရက်တစ်ကြိမ် ရန်ကုန်ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေး ထိုင်ပါတယ်။ အမေရိကန်ဒေါ်လာငါးသန်းနဲ့ ငါးသန်းအောက်တွေကို လက်ခံပါတယ်။
မြေသိမ်းထားသူများ ပြန်ပေးရမည့်မြေများကို မြန်မြန်ဆန်ဆန်ပြန်ပေးရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် တိုက်တွန်း
မြေသိမ်းထားသူများ ပြန်ပေးရမယ့်မြေများကို မြန်မြန်ဆန်ဆန်ပြန်ပေးရန် နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်က တိုက်တွန်း ပြောကြားလိုက်သည်။ ဇွန် ၂၈ရက်က ဧရာဝတီတိုင်း ဒေသကြီး၊ ဓနုဖြူမြို့၊ လယ်ယာဝန်ဆောင် မှုစင် တာ၌ ကျင်းပပြုလုပ်သည့် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် ဒေသခံတောင်သူလယ်သမားများ တွေ့ဆုံပွဲအခမ်းအနားတွင် ပြောကြား ခဲ့ခြင်းဖြစ်သည်။
ဟမ်းမဲလ် ဒေါ့မွန်သို့ ပြန်လည်ပြောင်းရွှေ့
ဘိုင်ယန်နောက်ခံလူ မက်စ်ဟမ်းမဲလ် ဒေါ့မွန်သို့ ပြန် လည်ရောက်ရှိလာသည်ဟု ဒေါ့ မွန်အသင်းက အတည်ပြုသည်။ ဟမ်းမဲလ်ကို ပြန်လည်ခေါ် ယူရေး ယခုလစောစောပိုင်းတွင် ဘိုင်ယန်နှင့် သဘောတူညီမှုရရှိ ကာ ဆေးစစ်ခြင်းအောင်မြင်ပြီး နောက် ဒေါ့မွန်က ၎င်းတို့၏ကစား သမားဟောင်းကို ဇွန်လ ၂၉ ရက် က စာချုပ်ချုပ်ခဲ့သည်။ ယမန်နှစ်က ရာသီချိန်အ များစုကို ဦးဆောင်ပြီးမှ ဘွန် ဒက်စ်လီဂါဒုတိယဖြင့်သာ ကျေ နပ်ခဲ့ရသော ဒေါ့မွန်က နောက် တန်းလူ ပြောင်းရွှေ့ကြေးကိုထုတ် မပြောပေ။ စာချုပ်သက်တမ်းကို လည်း မပြောပေ။
လိင်စိတ်ကွဲပြားသူတွေကို ကာကွယ်ဖို့ သေနတ်နဲ့အပစ်ခံဖို့ အသင့်ရှိတဲ့ လေဒီဂါဂါ
မေလအတွင်း ဂီတဖျော်ဖြေပွဲအားလုံးမှာ ၀င်ငွေနံပါတ် (၁) ချိတ်တဲ့ BTS အဖွဲ့
ရန်ကုန်မြို့သစ်စီမံကိန်းနေရာတွင် နိုဝင်ဘာနောက်ပိုင်း သီးနှံစိုက်ပျိုးခြင်းကို တိုင်းအစိုးရတားမြစ်
ရန်ကုန်မြို့သစ်တည် ဆောက်ရေး ကြန့်ကြာမှုမဖြစ်စေ ရန် စီမံကိန်းဒေသတွင် လာမည့် နိုဝင်ဘာ၌ မိုးစပါးများနောက်ဆုံး ရိတ်သိမ်းရမည်ဖြစ်ပြီး ယင်းနောက် ပိုင်းတွင် မည်သည့်သီးနှံကိုမျှ စိုက်ပျိုးခြင်းမပြုရန် ရန်ကုန်တိုင်း အစိုးရက တားမြစ်သည်။ ရန်ကုန်မြို့သစ် စီမံကိန်း ဆောင်ရွက်မည့်တွံတေးမြို့နယ်၊ ဆိပ်ကြီးခနောင်တို မြို့နယ်နှင့် ကြည့်မြင်တိုင်မြို့နယ်တွင် မိုး စပါးနှင့် စကမုရင်းစပါးစိုက်ပျိုး ခြင်းများကို ခွင့်ပြုထားသော် လည်း အချို့တောင်သူများသည် နွေစပါးစိုက်ပျိုးရန်အထိ ပြင်ဆင် လာ၍ တားမြစ်ခြင်းဖြစ်သည်ဟု မြို့နယ်အုပ်ချုပ်ရေးမှူးမှ ကျေး ရွာအုပ်ချုပ်ရေးမှူးများထံသို့ ဇွန် လ ၂၈ ရက်စွဲဖြင့် ပေးပို့သည့်စာ တွင် ဖော်ပြထားသည်။
ဇူလိုင်တွင် မုန်တိုင်းတစ်ကြိမ် ဖြစ်နိုင်ပြီး ဒေသအများစု မိုးကောင်းနိုင်
ဇူလိုင်အတွင်း ဘင်္ဂလား ပင်လယ်အော်တွင် လေဖိအား နည်းရပ်ဝန်း နှစ်ကြိမ်ဖြစ်ပေါ်နိုင် ပြီး တစ်ကြိမ်တွင် ပိုမိုအားကောင်း လာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က ဇွန်လ ၂၈ ရက်တွင် သတိပေး သည်။ြ မစ်ဝကျွန်းပေါ်နှင့် မြန်မာ နိုင်ငံတောင်ပိုင်းဒေသများတွင် ပါဝင်ပြီး ရေကြီးနစ်မြုပ်မှု ဧရိယာ ကျယ်ပြန့်သော ပဲခူး၊ ရန်ကုန်၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်၊ ကရင်နှင့် မွန်ပြည်နယ်တို့၌ ပုံမှန် ထက် မိုးကောင်းကာ ကျန်ဒေသ များတွင်လည်း မိုးရွာနိုင်ကြောင်း သတိပေးထားသည်။
ရန်ကုန်တက္ကသိုလ်ဝင်ခွင့် ဇူလိုင် ၂၇ နှင့် ၂၈ ရက်တွင် လူတွေ့စစ်ဆေးမည်
ယခုနှစ်တွင် ရန်ကုန်တက္ကသိုလ်သို့ ဘာသာရပ်အ လိုက် သတ်မှတ်ရမှတ် ပြည့်မှသာ ၀င်ခွင့်လျှောက်ထားခွင့်ပြုပြီး လျှောက်ထားသူများကို ဇူလိုင် ၂၇ နှင့် ၂၈ ရက်တွင် လူတွေ့စစ် ဆေးမည်ဟု ကြေညာထားသည်။ ယခုနှစ်တွင် ရန်ကုန်တက္ကသိုလ် အပါအ၀င် တက္ကသိုလ်၁၄ ခုက တိုက်ရိုက်ဝင်ခွင့် ရွေးချယ်မည် ဖြစ်သည်။ ယခင်နှစ်က တိုက်ရိုက်ဝင်ခွင့်ရွေးချယ်သည့် တက္ကသိုလ် ၁၁ ခုအနက် ခြောက် ခုက လူတွေ့နှုတ်ဖြေ စစ်ဆေး သော်လည်း ယခုနှစ်၌ ရန်ကုန်တက္ကသိုလ် တစ်ခုတည်းသာ လူတွေ့နှုတ်ဖြေ ထပ်မံစစ်ဆေးမည် ဖြစ်သည်။
ခြောက်လအတွင်း အမြန်လမ်းမကြီး၌ ယာဉ်မတော်တဆမှုကြောင့် လူ ၅၀ဦး သေဆုံး
ယခုနှစ် ဇန်န၀ါရီမှ ဇွန်လအထိ အမြန်လမ်းမကြီး၌ ယာဉ်မတော်တဆမှု ၂၅၈ မှု ဖြစ် ပွားပြီး သေဆုံးသူ ၅၀ ဦးရှိကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန်သည်။ေ သဆုံးမှုနှုန်း အများဆုံး သည် နွေရာဦကျောင်းပိတ်ရက် ခရီး သွားကာလ မတ်လနှင့် ဧပြီ တွင် သေဆုံးသူ ၂၉ ဦး၊ ဒဏ်ရာရသူ ၂၆၆ ဦး ရှိခဲ့သည်။ အဆိုပါ နှစ်လအတွင်း ဖြစ်ပွားနှုန်းသည် ယခုနှစ်ခြောက်လအတွင်း ဒဏ်ရာရရှိသူ ၄၇၂ဦးနှင့်သေဆုံးသူ ၅၀ ဦးနှင့် နှိုင်းယှဉ်ပါက ထက်ဝက်ကျော် ရှိနေသည်။ ယာဉ်တိုက်မှု ဖြစ်စဉ်များ တွင် အိမ်စီးကား အများစုဖြစ်ပြီး အရှိန်လွန်မောင်းနှင်ခြင်း အပါအ၀င် မောင်းနှင်ချိန် အိပ်ငိုက်ခြင်း ကြောင့်ဖြစ်ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့က ဆိုသည်။
စစ်ကိုင်းမြို့ကို ခရီးသွားစံပြမြို့အဖြစ် သတ်မှတ်မည်
စစ်ကိုင်းမြို့ကို တိုင်း ဒေသကြီးအတွင်းရှိ မြို့များအနက် ခရီးသွားစံပြမြို့အဖြစ် သတ်မှတ်မည်ဖြစ်ကြောင်း စစ်ကိုင်း တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက် တာမြင့်နိုင်က ပြောသည်။ ဇွန်လ ၂၈ ရက်က စစ်ကိုင်း မြို့၌ ကျင်းပခဲ့သော ဒေသခံများ နှင့် တိုင်းအစိုးရအဖွဲ့တွေ့ဆုံပွဲ တွင် ဝန်ကြီးချုပ်က အထက်ပါအတိုင်း ပြောကြားသည်။ ‘‘စစ်ကိုင်းမြို့ကို ဘာကြောင့် ရွေးချယ်ရသလဲဆိုရင် စစ်ကိုင်းက အချက်အချာကျတယ်။ ဒီကနေ တစ်ဆင့် မြင်းမူကို သွားလို့ရ တယ်။ ရှိန်းမကားကို သွားလို့ရ တယ်။ တံတားဦး လေယာဉ်ကွင်း နဲ့လည်း နီးတယ်။ ဒီအတွက် ကျွန်တော်တို့ အကောင်းဆုံးဖြစ် အောင် ဆောင်ရွက်သွားမှာပါ’’ဟု ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်က ပြောသည်။
အာရှအပြည်ပြည်ဆိုင်ရာကလေးများ ရုပ်ရှင်ပွဲတော်အတွက် ပြိုင်ပွဲဝင်ဇာတ်ကားများ ဖိတ်ခေါ်
ဂျပန်နိုင်ငံ၌ ကျင်းပမည့် အာရှအပြည်ပြည်ဆိုင်ရာကလေး များ ရုပ်ရှင်ပွဲတော်ဝင်ရန် မြန်မာ နိုင်ငံ ရုပ်ရှင်အစည်းအရုံးသို့ ပြိုင်ပွဲဝင်ဇာတ်ကားများ ပေးပို့နိုင် ကြောင်း ယင်းအစည်းအရုံး၏ ဒုဥက္ကဋ္ဌ ဦးအေးကြူလေးက ပြော သည်။ ‘‘နှစ်စဉ်နှစ်တိုင်းတော့ ဒီပြိုင် ပွဲကို မြန်မာနိုင်ငံက ပြိုင်ပွဲဝင်ကား တွေ ရွေးချယ်ပြီး စေလွှတ်ပါ တယ်။ ဇာတ်ကားတွေကို စက် တင်ဘာ ၂ ရက် နောက်ဆုံးထား ပေးပို့ပေးရမှာပါ’’ဟု ၎င်းက ပြော သည်။
ဖန်တီးစီမံထားသော အစားအစာများ စားခြင်းကြောင့် ကိုယ်ဝန်ဆောင်ချိန်တွင် သန္ဓေသားကျန်းမာရေးထိခိုက်နိုင်
တာရှည်ခံအောင်၊ အရသာပိုကောင်းအောင် ဖန်တီးစီမံထားသည့်အစားအစာများစားခြင်းကြောင့် ကိုယ်ဝန်ဆောင်ချိန်အတွင်း သန္ဓေသားတွင် ပုံမှန်ဉာဏ်ရည်ဖွံ့ဖြိုးမှုမရှိသည့်ရောဂါ ဖြစ်နိုင်သည့်အန္တရာယ်မြင့်မားကြောင်း လေ့လာမှုတစ်ရပ်ကဖော်ပြသည်။ေ အ်ာလန်ဒိုမြို့ရှိ ဗဟိုဖလော်ရီဒါတက္ကသိုလ်ဆေးကောလိပ် မှ သုတေသီများ၏ လေ့လာမှုအတွင်းဖန်တီးစီမံထားသည့်အစားအ စာများတွင် တာရှည်ခံအောင်သုံးသည့် Propionic ဟုခေါ်သော အက်စစ်ဓာတ်မြင့်မားစွာပါဝင်ပြီး သန္ဓေသားဦးနှောက်တွင် အာရုံ ကြောစနစ်ဖွံ့ဖြိုးမှုကို အပြောင်းအလဲဖြစ်စေကြောင်း လေ့လာတွေ့ ရှိခဲ့သည်။
ခါကာဘိုရာဇီနှင့် ဖုန်ကန်ရာဇီ အမျိုးသားဥယျာဉ်ကို ထိန်းသိမ်းလိုကြောင်း ဒေသခံများပြော
စန္ဒီမြင့်လွင်ရဲ့ ရင်သွေးလေးကို နာမည်ပေးဖို့ စဉ်းစားနေတဲ့ စိုးမြတ်သူဇာ
ညီမများ၏ ရင်သွေးများ အတွက် နာမည်ရွေးပေးဖြစ်သလို မကြာမီမွေးဖွားတော့မည့် စန္ဒီမြင့် လွင်၏ ရင်သွေးနာမည်ပေးရန် စဉ်းစားနေကြောင်း စိုးမြတ်သူဇာ ကပြောသည်။ ‘‘နေ့နံလည်းလိုသေးတယ်။ အခုက ဘယ်နေ့မွေးမယ်မှန်း မသိသေးဘူး။အဖေနာမည်လည်း ပါမယ်၊ အမေနာမည်လည်းပါ မယ်။ ရိုးရိုးလေးလည်းဖြစ်စေချင် တယ်။ အခုလောလောဆယ် သူ တို့က အဘွားနာမည်လည်းထည့် ချင်တယ်ဆိုတော့ မကြီးလည်း ဘာပြောရမှန်းမသိဘူး’’ ဟု ၎င်း က ပြောသည်။
ဦးဝီရသူကို အရပ်ဘက်တရားရုံး ဆုံးဖြတ်ပြီးပါက ဓမ္မစက်ဖြင့် ထပ်မံ အရေးယူမည်ဟုဆို
ဦးဝီရသူအပေါ် အရပ်ဘက်တရားရုံးက မည်ကဲ့သို့ ဆုံးဖြတ်ချက်ချသည်ဖြစ်စေ သံဃနာယကအဖွဲ့က ဓမ္မစက်ဖြင့် ဆက် လက် အရေးယူမည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောကြား သည်။ ‘‘အရပ်ဘက်ပြစ်မှုတွေနဲ့ ကိစ္စတွေမှာ အရပ်ဘက်တရားရုံး ကနေ သတ်မှတ်တဲ့ ဥပဒေနဲ့စွဲချက် တွေက အရင်အရေးယူရပါတယ် ယူပြီးမှ ဓမ္မစက်က ဆက်လုပ်ပါ မယ်။ အရပ်ဘက်တရားရုံးက စွဲချက်တင်၊ အပြစ်ကိုစီရင်မယ်။ အပြစ်ရှိသည်ဖြစ်စေ၊ မရှိသည် ဖြစ်စေ ဓမ္မစက်က ဆက်ပြီး အရေးယူရမှာ ဖြစ်ပါတယ်’’ဟု ဝန်ကြီးသူရ ဦးအောင်ကိုက 7Day Daily သတင်းစာအား ယမန်နေ့က ပြော သည်။
ယူနက်စကိုအောင်စာရင်းတွင် ပုဂံပါဝင်ဟု သတင်းကြားထားကြောင်း သူရဦးအောင်ကိုပြော ယူနက်စကိုဝင်ရေးဆုံးဖြတ်မည့်အစည်းအဝေးသို့ မြန်မာတက်ရောက်၊ စာရင်းမ၀င်ပါက ပြန်မလာတော့ဟုကိုယ်စားလှယ်တစ်ဦးဆို
ရှေးဟောင်းမြို့တော် ပုဂံဒေသကို ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို)၏ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရေး ဆုံးဖြတ်ပေးမည့်အစည်းအဝေးသို့ တက်ရောက်ရန် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့က အဇာဘိုင်ဂျန်နိုင်ငံသို့ ထွက်ခွာသွားပြီဖြစ်သည်။ ပုဂံဒေသ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်၊ မ၀င်နှင့်ပတ်သက်ပြီး အဇာဘိုင်ဂျန်နိုင်ငံ၌ ဇွန်လ ၃၀ ရက်မှ ဇူလိုင် ၁၀ ရက်အထိ ပြု လုပ်နေသော (၄၃)ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီအ စည်းအဝေးတွင် ကော်မတီ၏အ မြဲတမ်းစာရင်းဝင် ၂၁ နိုင်ငံက ဆုံးဖြတ်မည်ဖြစ်သည်။
အာရှ ယူ-၂၃ ဘော်လီဘောပြိုင်ပွဲ မြန်မာနိုင်ငံတွင် လက်ခံကျင်းပမည်
အသက်(၂၃)နှစ် အောက် အာရှအမျိုးသားဘော်လီ ဘောပြိုင်ပွဲကို လာမည့် သြဂုတ် တွင် နေပြည်တော်၌ လက်ခံကျင်း ပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘော်လီဘောအဖွဲ့ချုပ်က ထုတ် ပြန်သည်။ ၂၀၁၉ အာရှ ယူ-၂၃ ဘော် လီဘောပြိုင်ပွဲကို သြဂုတ် ၃ ရက်မှ ၈ ရက်အထိ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံတွင် ကျင်းပမည် ဖြစ်သည်။ ယင်းပြိုင်ပွဲတွင် ယှဉ် ပြိုင်ရန် လက်ရှိအချိန်အထိ ၁၂ သင်း အကြောင်းပြန်ထားကြောင်း ဘော်လီဘောအဖွဲ့ချုပ် တာဝန်ရှိ သူတစ်ဦးက ပြောသည်။
ရန်ကုန်နှင့်မန္တလေး ဖူဆယ်ပြိုင်ပွဲ ချန်ပီယံအသင်းကို အာဆီယံပြိုင်ပွဲဝင်ခွင့်ပေးရန် စီစဉ်
ရန်ကုန်နှင့် မန္တလေးမြို့ တွင် ကျင်းပသည့်ဖူဆယ်အလွတ် တန်းပြိုင်ပွဲများမှ အကြိုဗိုလ်လုပွဲ ရောက်အသင်းများကို အိမ်ကွင်း၊ အဝေးကွင်းယှဉ်ပြိုင်ကာ ချန်ပီယံ အသင်းကို အာဆီယံဖူဆယ် ကလပ်ပြိုင်ပွဲဝင်ခွင့်ပေးရန် စီစဉ် ထားကြောင်း မြန်မာနိုင်ငံဘော လုံးအဖွဲ့ချုပ် အထွေထွေအတွင်း ရေးမှူးဦးကိုကိုသိန်းက ပြော သည်။ဇွန်လ ၂၉ ရက်က မန္တလေး မြို့ မန္တလာသီရိဘက်စုံသုံးအားကစားရုံတွင် ကျင်းပသည့်ဖူဆယ် အလွတ်တန်းပြိုင်ပွဲ ဖွင့်ပွဲအခမ်း အနား၌ ဦးကိုကိုသိန်းက ယင်းသို့ ပြောကြားခဲ့သည်။ ဖူဆယ်အလွတ်တမ်းပြိုင်ပွဲ များကို ရန်ကုန်မြို့တွင် ၂၀၀၆ က စတင်ကျင်းပပြီး မန္တလေးမြို့တွင် ယခုနှစ်ကစတင်ကာ နှစ်စဉ် ကျင်းပမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
ရန်ကုန်က ဟံသာဝတီကို အနိုင်ယူပြီး မြန်မာလိဂ် အမှတ်ပေးဇယားထိပ်ဆုံးရောက်
မြန်မာလိဂ် ပွဲစဉ် (၁၄) ဒုတိယရက်တွင် လက်ရှိချန်ပီယံ ရန်ကုန်အသင်းက အဝေးကွင်း၌ ဟံသာဝတီကို ၁-၀ ဂိုးဖြင့် အနိုင်ရပြီး အမှတ်ပေးဇယား ထိပ်ဆုံးသို့ ပြန်လည် ရောက်ရှိခဲ့သည်။ ဇွန်လ ၂၉ ရက်က ပဲခူးမြို့ဂရင်းရွိုင်ရယ်ကွင်း၌ ကျင်းပသည့် မြန်မာလိဂ် ပွဲစဉ် (၁၄) တွင် ဟံသာဝတီနှင့် ရန်ကုန်အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့သည်။ ထိပ်ဆုံးနှစ်သင်း တွေ့ဆုံမှုဖြစ်သဖြင့် ပွဲကောင်းဖြစ်ခဲ့ပြီး ပထမပိုင်း၌ နှစ်သင်းစလုံး ဂိုးသွင်းခွင့် များရသော်လည်း နှစ်ဖက်ဂိုးသမားများ ကာကွယ်နိုင်သဖြင့် ဂိုးမရှိသရေဖြင့်သာ ပြီးဆုံးခဲ့သည်။
မြန်မာ- အမေရိကန် ပူးပေါင်းရိုက်ကူးသည့် ‘မေတ္တာ’ ဇာတ်ကား မြန်မာနိုင်ငံတွင် စတင်ရိုက်ကူး
မြန်မာအမျိုးသမီးဘောလုံးအသင်း တရုတ်ခရီးစဉ်တွင် ခြေစမ်းပွဲသုံးပွဲကစားရန် စီစဉ်
မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံး အသင်းသည်အာဆီယံ ပြိုင်ပွဲအကြိုသွား ရောက်မည့် တရုတ်ခရီးစဉ်တွင် ခြေစမ်းပွဲ သုံးပွဲကစားရန် စီစဉ်ထားကြောင်း အသင်းနည်းပြချုပ် ဦးဝင်းသူမိုးက ပြောသည်။ြ မန်မာအမျိုးသမီးအသင်း သည် အဆိုပါ ခြေစမ်းခရီးစဉ်ကို ဇူလိုင် ၂၅ ရက်မှ သြဂုတ် ၄ ရက် အထိ ၁၀ ရက်ကြာ သွားရောက်မည် ဖြစ်သည်။ ယင်းခြေစမ်းခရီးစဉ်တွင် မြန်မာအမျိုးသမီး အသင်းသည် တရုတ်အမျိုးသမီးလိဂ် ပထမတန်းကလပ် ဘေဂျင်း ဘန်ကောင်းအသင်း၊ ဒုတိယတန်းကလပ် ဟေဘီအသင်း၊ ဘေဂျင်းတက္ကသိုလ်အသင်းတို့နှင့် ခြေစမ်းပွဲ ယှဉ်ပြိုင်ရန် စီစဉ်ထားသည်။
ပြည်တွင်းလုပ်ငန်းရှင်များ နိုင်ငံခြားထွက်၍ ရင်းနှီးမြှုပ်နှံရန် ဒုတိယသမ္မတ တိုက်တွန်း
ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်များကို နိုင်ငံခြားသို့ ထွက်ပြီး ရင်းနှီးမြှုပ်နှံရန် ဒုတိယ သမ္မတဦးမြင့်ဆွေက ဇွန်လ ၂၉ ရက်တွင် တိုက်တွန်းပြောကြား သည်။ အခြားနိုင်ငံများက မြန်မာ နိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံ သကဲ့သို့ ပြည်တွင်းစီးပွားရေးလုပ် ငန်းရှင်များကလည်း မြန်မာနိုင်ငံ တွင်သာမက အခြားနိုင်ငံများ၌ပါ သွားရောက်ရင်းနှီးမြှုပ်နှံမှုများ ပြု လုပ်ရန် ဒုတိယသမ္မတက ပြော သည်။
ဆိုက်ဘာမှုခင်းများ တိုက်ရိုက်တိုင်ကြားနိုင်ရေး Hot Line ထူထောင်ရန် အစီအစဉ်ရှိဟုဆို
ဆိုက်ဘာအမှုအခင်း များနှင့်ပတ်သက်၍ တိုက်ရိုက်တိုင်ကြားနိုင်သည့် Hot Line တစ်ခုကို ထူထောင်ရန် အစီအစဉ်ရှိသည်ဟု မှုခင်းရဲတပ်ဖွဲ့ နည်းပညာမှုခင်းဌာန ဌာနစုမှူး ရဲမှူးကျော်သူဝင်းက ပြောသည်။ ဇွန်လ ၂၉ ရက်တွင် ကျင်းပသည့် ‘၂၀၂၀ နှင့် လူမှုကွန်ရက်ဂယက်’ ဆွေးနွေးပွဲတွင် ရဲမှူးကျော်သူ ၀င်းက ပြောကြားခြင်း ဖြစ်သည်။ လက်ရှိအချိန်၌ နည်းပညာမှုခင်းဌာနတွင် တပ်ဖွဲ့ဝင်၁၀ ဦးအောက်သာရှိကြောင်း၊ ဌာနဖွဲ့စည်းပုံ ပြင်ဆင်၍ တပ်ဖွဲ့ဝင်ဦးရေ တိုးတက်လာသည့်အခါ တိုက်ရိုက်တိုင်ကြားနိုင်သော Hot Line ကို ထူထောင်ဖြစ်ကြောင်း ၎င်းကပြောသည်။
ရခိုင်ပြည်နယ်တွင် ဒေါ်လာ ၃၈ ဘီလီယံတန်စီမံကိန်း ရင်းနှီးမြှုပ်နှံရန် ပြည်ပကုမ္ပဏီတစ်ခု အဆိုပြုထား
ရခိုင်ပြည်နယ် စစ်တွေ မြို့အနီး၌ မလေးရှားကုမ္ပဏီတစ် ခုက မြေဧက ၇,၀၀၀ တွင် ကန် ဒေါ်လာ ၃၈ ဘီလီယံတန်စီမံကိန်း ကို လာရောက်ရင်းနှီးမြှုပ်နှံရန် ပြည်နယ်အစိုးရထံ တင်ပြထား သည်ဟု ရခိုင်ပြည်နယ် ဘဏ္ဍာ ရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွား ရေးဝန်ကြီးဦးကျော်အေးသိန်းက ပြောသည်။ အဆိုပါစီမံကိန်းအတွက် မလေးရှားကုမ္ပဏီက ၂၀၁၈ က စတင်ကြိုးစားနေခြင်းဖြစ်ပြီး ပထမအကြိမ်တွေ့ဆုံမှုအပြီးတွင် စီမံကိန်းကို အသေးစိတ်လေ့လာ ရန် ပြည်နယ်အစိုးရက ကုမ္ပဏီကို ညွှန်ကြားခဲ့သည်ဟု ၎င်းကဆို သည်။အဆိုပါစီမံကိန်းသည် ဒေါ် လာ ၃၈ ဘီလီယံတန်ဖိုးရှိမည်ဖြစ် ပြီး ၂၀၃၀ အထိဆောင်ရွက်ရ မည့်အကြီးစားစီမံကိန်းတစ်ခုဖြစ် သည်ဟု ၀န်ကြီးကဆိုသည်။
ပြည်ပမှ စားတော်ပဲ တင်သွင်းမည့် အစီအစဉ် ညှိနှိုင်းဆဲဖြစ်ပြီး မဆုံးဖြတ်ရသေးဟုဆို စားတော်ပဲ တင်သွင်းမည့်သတင်းကြောင့် ပြည်တွင်းဈေးကျဆင်း
ပြည်ပမှ စားတော်ပဲတင် သွင်းမည့် အစီအစဉ်သည် ညှိနှိုင်း ဆဲဖြစ်ပြီး တိကျစွာ မဆုံးဖြတ်ရ သေးကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံ နှင့် နှမ်းကုန်သည်အသင်း အတွင်းရေးမှူး ဦးမင်းကိုဦးက ပြော သည်။ြ ပည်ပမှ စားတော်ပဲ တန် ချိန်ငါးသောင်းခန့် တင်သွင်းရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနက ခွင့်ပြုထား သော်လည်း ပြည်တွင်းပဲစိုက်ပျိုး သည့် တောင်သူများ၊ ကုန်သည် များနှင့် ညှိနှိုင်းသဘောတူညီမှုရရှိ မှသာ တင်သွင်းမည်ဟု ၎င်းက ဆိုသည်။
တိုင်းရင်းသားမဲဆန္ဒနယ်အားလုံး ရွေးကောက်ပွဲကျင်းပနိုင်ရေး NBF တိုက်တွန်း
လက်ရှိ စစ်ရေးပဋိပက္ခ နှင့် အခြားအကြောင်းများကြောင့် ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိ သော တိုင်းရင်းသား မဲဆန္ဒနယ် အားလုံးတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်ပေးရန် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ထံ တိုင်းရင်းသား နိုင်ငံရေးပါတီ ၂၀ ကျော်က ပူးတွဲ ကြေညာချက် ထုတ်ပြန်တိုက် တွန်းသည်။ တိုင်းရင်းသားနိုင်ငံရေးပါတီ ၂၁ ခု ပါဝင်ဖွဲ့စည်းထားသော ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (NBF)၏ ပုံမှန် အစည်းအဝေးကို ရန်ကုန်တွင် နှစ်ရက်ကြာ ပြုလုပ်ပြီးနောက် မဟာမိတ်အဖွဲ့ဝင်များ၏ သဘောတူညီချက်ဖြင့် ယင်းသို့ တိုက်တွန်း ခြင်းဖြစ်ကြောင်း အရှိုချင်းအမျိုးသားပါတီ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဆိပ်ကမ်းမြို့နယ်ကို ဖျက်သိမ်း၍ အခြားမြို့နယ်နှင့် ပေါင်းရန်မရှိသေးကြောင်း ဦးဖြိုးမင်းသိန်းပြော လှိုင်သာယာမြို့နယ်ကို အပြောင်းအလဲ ပြုလုပ်ရန် စဉ်းစားနေဟုဆို
ဆိပ်ကမ်းမြို့နယ်ကို ဖျက်သိမ်း၍ အခြားမြို့နယ်နှင့် ပေါင်းစပ်ရန် သုံးသပ်ဆွေးနွေး ထားခြင်းမရှိကြောင်း ရန်ကုန် တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ပြောသည်။ ရန်ကုန်မြို့တော်စည်ပင် သာယာနယ်နိမိတ်မြို့နယ်တစ်ခု ဖြစ်သည့်ဆိပ်ကမ်းမြို့နယ်ကို ဖျက်သိမ်း၍ အခြားမြို့နယ်အ တွင်း ထည့်သွင်းရန်ရှိကြောင်း သတင်းထွက်ပေါ်နေခြင်းကို ၀န် ကြီးချုပ်က ငြင်းဆိုခြင်းဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီးအစိုး ရအနေဖြင့် ဆိပ်ကမ်းမြို့နယ်နှင့် ပတ်သက်၍ ဆွေးနွေးထားခြင်း မရှိသော်လည်း လှိုင်သာယာမြို့ နယ်ကို အပြောင်းအလဲပြုလုပ်ရန် စဉ်းစားနေသည်ဟု ဦးဖြိုးမင်း သိန်းက ဇွန်လ ၂၉ ရက်တွင် ပြု လုပ်သည့်သတင်းစာရှင်းလင်းပွဲ တွင် 7Day Daily သတင်းစာ၏ မေးမြန်းချက်ကို ဖြေကြားသည်။
မြန်မာပြည်ပရိသတ်တွေနဲ့ လာရောက်တွေ့ဆုံခဲ့တဲ့ ထိုင်းမင်းသား Saint
မုံရွာ - ဟုမ္မလင်း ချင်းတွင်းသင်္ဘောခရီးစဉ် ပြန်လည်ပြေးဆွဲ
ရေနည်းချိန် ရပ်နားထား သော မုံရွာ - ဟုမ္မလင်းချင်းတွင်း ရေကြောင်းသွား သင်္ဘောခရီးစဉ် ကို ဇူလိုင် ၁ ရက်ကစ၍ အပတ် စဉ် ပြန်လည်ပြေးဆွဲမည်ဖြစ် ကြောင်း ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး (ချင်းတွင်းဌာနခွဲ) လက်ထောက် အထွေထွေမန်နေဂျာ ဦးလေးနိုင်က ပြောကြားသည်။ြ ပည်တွင်းရေကြောင်း ပို့ ဆောင်ရေးနှင့် မျိုးဇင်ယော် (ခရီး သည်နှင့် ကုန်စည်ပို့ဆောင်ရေး)တို့ ပူးပေါင်း၍ မုံရွာ - ဟုမ္မလင်း ချမ်းငြိမ်းနှစ်ထပ်သင်္ဘောခရီးစဉ် ပြေးဆွဲမည်ဖြစ်သည်။
ပုသိမ်မြို့တွင် ကျဉ်စက်သုံး၍ အချုပ်သားလုသူသုံးဦးကို ဖမ်းမိ
အချုပ်သားတစ်ဦးကို ပုသိမ်ခရိုင်တရားရုံးမှ တရားရုံးအ ချုပ်သို့ ခေါ်လာစဉ် လူသုံးဦးက ကျဉ်စက်အသုံးပြု၍ လုယူရန် ကြိုးစားပြီး ကျူးလွန်သူအားလုံး ဖမ်းမိကြောင်း ဧရာဝတီတိုင်း ရဲ တပ်ဖွဲ့မှူးရုံး ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီးထွန်းရွှေက ပြောသည်။ ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့ နယ် ခရေပင်ရိပ်မွန်အိမ်ရာနေ အသက်(၅၂)နှစ်အရွယ် မြင့်ဦးကို ပုသိမ်နယ်မြေရဲစခန်းက မူးယစ် ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေ သောဆေးဝါးများဆိုင်ရာ ဥပဒေ ပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့်ဖမ်းဆီး ပြီး အဆိုပါတရားရုံး၌ တရားစွဲ ကာ ဇွန်လ ၂၇ ရက်နေ့လယ်က ပုသိမ်ခရိုင်တရားရုံး၌ ရုံးထုတ်စစ် ဆေးပြီးနောက် တရားရုံးအချုပ် သို့ ရဲအစောင့်အရှောက်ဖြင့် ပြန် လည်ခေါ်ဆောင်လာစဉ် ဖြစ်ပွား ခြင်းဖြစ်သည်။
အင်းတော်ကြီးအိုင် စက်လှေမောင်းသမားကို စွဲချက်မတင်မီ တရားရှင်လွှတ်ရန် အမိန့်ချ
အင်းတော်ကြီးအိုင်အ တွင်း ယမန်နှစ်က လူကိုးဦးသေ ဆုံးသည့် စက်လှေတိမ်းမှောက်မှု ဖြစ်စဉ်၌ ဖမ်းဆီးခံရသော စက် လှေမောင်းသူ ဦးမောင်ဦးကို တစ်နှစ်ကျော်ကြာ စစ်ဆေးပြီးနောက် အမှုကို ရုပ်သိမ်းခွင့်ပြုပြီး စွဲချက် မတင်မီ တရားရှင်ပြန်လွှတ်ရန် တရားရုံးက ဆုံးဖြတ်ခဲ့သည်။ ‘‘သေဆုံးသူတွေရဲ့ အုပ်ထိန်းသူတွေကလည်း ဦးမောင်ဦးကို အပြစ်ကျစေလိုတဲ့ ဆန္ဒမရှိဘူး။ သူ့သားသမီးကိုယ်တိုင်လည်း သေဆုံးတဲ့အထဲ ပါခဲ့ပါတယ်။ ဒါတွေ ကြောင့် အမှုကို စွဲချက်မတင်မီ တရားရှင်ပြန်လွှတ်လိုက်တာပါ’’ ဟု မိုးညှင်းမြို့နယ် တရားသူကြီး ဦးဇော်လင်းထွန်းက ပြောသည်။
H1N1 ကြောင့် ကလေး ၅ ဦးအပါအဝင် သေဆုံးသူ ၁၅ ဦးထိရှိပြီ၊ စစ်တွေမှာ ကူးစက်သူတစ်ဦး စတွေ့
ရာသီတုပ်ကွေး H1N1 ဗိုင်းရပ်စ် ကူးစက်ခံရမှုကြောင့် ကလေး ၅ ဦးအပါအဝင် သေဆုံးသူ ၁၅ ဦးရှိသွားပြီ ဖြစ်ပါတယ်။ H1N1 ဗိုင်းရပ်စ်ပိုးကူးစက်မှုကြောင့် ရန်ကုန်ဆေးရုံကြီး၊ သင်္ကန်းကျွန်း၊ အင်းစိန်၊ လှိုင်သာယာ၊ မုံရွာ၊ မန္တလေး ဆေးရုံတွေမှာ တက်ရောက်ကုသနေသူတွေထဲက သေဆုံးခဲ့တာ ဖြစ်တယ်လို့ ဇွန်လ ၂၈ ရက်နေ့အထိ ရထားတဲ့ စာရင်းတွေအရ ကျန်းမာရေးဌာနက ပြောပါတယ်။
မအူပင်မြို့နယ်၌ ယာဉ်တိမ်းမှောက်မှုကြောင့် ၁ ဦးသေ၊ ၇ ဦး ဒဏ်ရာရရှိ
တောင်ငူမြို့နယ်၌ ယာဉ်တိမ်းမှောက်၍ ၂ ဦး သေ၊ ၃ ဦး ဒဏ်ရာရရှိ

တိုက်ပွဲတွေကြောင့် ပုဏ္ဏားကျွန်းမြို့နယ်က ဒုက္ခသည်နှစ်ထောင် အခက်အခဲကြုံတွေ့နေရ
ဒဂုံမြို့သစ်(အရှေ့ပိုင်း)တွင် လူနှင့်ရထားတိုက်မှုဖြစ်ပွား
ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်တွင် ဇွန် ၂၈ ရက် နံနက် ၈ နာရီခွဲက သုံးခွရပ်ကွက်မစိုစိုက်ပျိုးရေးစည်ပင်စခန်းအနောက် ရထားသံလမ်းသံတံတားနားတွင် အမည်မသိလူတစ်ဦးအား ရထားနှင့် တိုက်မှုဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် သုံးခွရပ်ကွက်မစိုစိုက်ပျိုးမွေးမြူရေးစည်ပင်စခန်းအနောက်ရထားသံလမ်းသံတံတားအနီး မိုင်တိုင်အမှတ်၁၄/၁၂-၁၃ အရောက်တွင်ရန်ကုန်မှနေပြည်တော်အမှတ် ၃၁ အဆန်ရထားသည် အသက် ၄၀ ကျော်ခန့်ရှိ အမည်မသိအမျိုးသားတစ်ဦးအား ပွတ်တိုက်မိပြီး ဝဲဘက်ဦးခေါင်းပေါက်ပြဲဒဏ်ရာရရှိ၍ သေဆုံးခဲ့ပြီး၎င်းသေဆုံးသူအား သက်ဆိုင်ရာတာဝန်ရှိသူများက လာရောက်စစ်ဆေးပြီး အလောင်းအား မြတ်စေတနာမွန်လူမူရေးအသင်းနိဗ္ဗာန်ယာဉ်ဖြင့်မြောက်ဥက္ကလာဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ဟွာဝေးကို အမေရိကန် ထုတ်ကုန်တွေ ပြန်ရောင်းမယ်လို့ ထရမ့် ပြောပြန်
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန် နည်းပညာ ကုမ္ပဏီတွေ အနေနဲ့ သူတို့ ထုတ်ကုန်တွေကို တရုတ် တယ်လီကွန်း ကုမ္ပဏီ ဟွာဝေးကို ပြန်ရောင်းနိုင်ပြီလို့ ပြောလိုက်ပါတယ်။ ဒါဟာ သူ မေလတုန်းက ထုတ်ပြန်ထားတဲ့ တရုတ်နဲ့ အမေရိကန် စီးပွားရေးအကြား တားမြစ်ပိတ်ပင်ချက်ကို အကြီးအကျယ် ဖြေလျှော့ပေးလိုက်တာ ဖြစ်ပါတယ်။ ထရမ့်ဟာ ဂျပန်နိုင်ငံ အိုဆာကာမှာ ဂျီ - 20 အစည်း တက်ဖို့လာရင်း တရုတ် သမ္မတ ရှီကျင်ပင်းနဲ့ သူ သီးသန့် တွေ့ဆုံ အပြီးမှာ အဲဒီ မူဝါဒအသစ်ကို ကြေညာလိုက်တာ ဖြစ်ပါတယ်။ ဟွာဝေးပစ္စည်းတွေဟာ လုံခြုံရေး ခြိမ်းခြောက်နေတယ်ဆိုပြီး နာမည်ပျက်စာရင်းထဲကို ထရမ့်က သွင်းထားတာပါ။ အခုလို ဖြေလျှော့လိုက်ပေမဲ့ ဟွာဝေးကို နာမည်ပျက်စာရင်းထဲမှာ ဆက်ထည့်ထားသေးတယ်လို့ ထရမ့်က ပြောပါတယ်။
ကုန်သွယ်ခွန်သစ်လည်း တရုတ်ကို ထပ်မကောက်တော့ဘူးလို့ဆိုတဲ့ ထရမ့်
ကုန်သွယ်မှု အငြင်းပွားနေတာတွေကို အဖြေရှာမယ်လို့ဆို
အမေရိကန် သမ္မတ ထရမ့်က တရုတ်သွင်းကုန်တွေကို ကုန်သွယ်ခွန်အသစ်တွေ အခုလတ်တလော ထပ်မကောက်တော့ဘူးလို့လည်း ပြောလိုက်ပြန်ပါတယ်။ ကုန်သွယ်မှု အငြင်းပွားနေတာတွေကို နှစ်နိုင်ငံ ဆက်ပြီး ဖြေရှင်းဖို့ ကြိုးစား သွားကြမယ်လို့လည်း သူက ပြောပါသေးတယ်။ ဂျပန်မှာ ဂျီ - 20 အစည်းအဝေးတက်ဖို့ ရောက်လာတဲ့ သူက အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။ အမေရိကန် ဒေါ်လာ သုံးရာဘီလျံကျော် တန်ဖိုး ရှိတဲ့ တရုတ် သွင်းကုန်တွေကို အခွန်ထပ်ကောက်ဦးမယ်လို့ သူက ခြိမ်းခြောက်ထားခဲ့တာ ဖြစ်ပါတယ်။ သူက ဆက်ပြီး တရုတ်က အမေရိကန် စိုက်ပျိုးရေး ထုတ်ကုန်တွေကို ပိုဝယ်လာနိုင်မယ်လို့လည်း ပြောပါတယ်။ ဒါပေမဲ့ အဲဒါနဲ့ပတ်သက်လို့ တရုတ်ဘက်ကတော့ ဘာမှ ကတိပေးတာမျိုး မရှိသေးပါဘူး။
အမေရိကန် သမ္မတ ထရမ့်က တရုတ်သွင်းကုန်တွေကို ကုန်သွယ်ခွန်အသစ်တွေ အခုလတ်တလော ထပ်မကောက်တော့ဘူးလို့လည်း ပြောလိုက်ပြန်ပါတယ်။ ကုန်သွယ်မှု အငြင်းပွားနေတာတွေကို နှစ်နိုင်ငံ ဆက်ပြီး ဖြေရှင်းဖို့ ကြိုးစား သွားကြမယ်လို့လည်း သူက ပြောပါသေးတယ်။ ဂျပန်မှာ ဂျီ - 20 အစည်းအဝေးတက်ဖို့ ရောက်လာတဲ့ သူက အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။ အမေရိကန် ဒေါ်လာ သုံးရာဘီလျံကျော် တန်ဖိုး ရှိတဲ့ တရုတ် သွင်းကုန်တွေကို အခွန်ထပ်ကောက်ဦးမယ်လို့ သူက ခြိမ်းခြောက်ထားခဲ့တာ ဖြစ်ပါတယ်။ သူက ဆက်ပြီး တရုတ်က အမေရိကန် စိုက်ပျိုးရေး ထုတ်ကုန်တွေကို ပိုဝယ်လာနိုင်မယ်လို့လည်း ပြောပါတယ်။ ဒါပေမဲ့ အဲဒါနဲ့ပတ်သက်လို့ တရုတ်ဘက်ကတော့ ဘာမှ ကတိပေးတာမျိုး မရှိသေးပါဘူး။
ဥရောပတလွှား အပူဒဏ် ဆက်လက်ပြင်းထန်
ဥရောပတိုက်တဝှမ်းမှာ ဒီကနေ့စနေနေ့မှာ စံချိန်တင် အပူဒဏ်ကို ဆက်ပြီး ရင်ဆိုင်နေကြရပါတယ်။ ပြင်သစ်နိုင်ငံမှာတော့ အနီရောင်အဆင့် သတိပေးချက်ကို ရုပ်သိမ်းလိုက်ပေမယ့် နိုင်ငံအလယ်ပိုင်း ဒေသအတော်များများမှာ သိပ်ပူပြင်းတဲ့နေ့အဖြစ် သတိပေးထားသလို အချို့ ဒေသတွေမှာ အပူချိန် ၄၂ ဒီဂရီ Celsius ထိရောက်နိုင်တယ်လို့ ပြင်သစ်မိုးလေဝသဌာနက သတိပေးထားတာပါ။
စစ်ဒဏ်သင့် ရခိုင်ပြည်နယ်မှာ အရပ်သားတွေ လုံခြုံရေးစိုးရိမ်
စစ်ဖြစ်နေတဲ့ ရခိုင်ပြည်နယ်ထဲက ပစ်ခတ်မှုတွေ ဖမ်းဆီးစစ်ဆေးမှုတွေကြောင့် ကျီးလန့်စာစားအခြေအနေဖြစ်နေရတဲ့ ဒေသခံရခိုင်လူထုရဲ့ အသက်ဘေးအန္တရာယ် လုံခြုံရေးအခြေအနေကို NLD အစိုးရအနေနဲ့ လစ်လျူမရှု့ထားဖို့နဲ့ရခိုင်ဒေသခံတွေ ဘေးကင်းလုံခြုံရေးအတွက် အလေးထားဆောင်ရွက်ပေးဖို့ စစ်ရှောင်ပြည်သူတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ထပ်မံတိုက်တွန်းလိုက်ပါတယ်။ မဆုမွန် စုစည်းတင်ပြထားပါတယ်။
ရခိုင်နဲ့ ချင်း Internet ပြန်ဖွင့်ပေးဖို့ ကန် တောင်းဆို
တိုက်ပွဲတွေ ဖြစ်နေတဲ့ ရခိုင်နဲ့ ချင်းပြည်နယ်တွင်းက ဒေသတွေမှာ မြန်မာ အစိုးရဘက်က အင်တာနက် ဖြတ်တောက်ထားတာကို အမြန်ဆုံး ပြန်ပြီး ဖွင့်ပေးဖို့ အမေရိကန်က စနေနေ့မှာ တိုက်တွန်းလိုက်ပါတယ်။ အကြမ်းဖက်မှုတွေ သက်ရောက်ခံစားနေရတဲ့ ရခိုင်နဲ့ ချင်းပြည်နယ် အတွင်းမှာ အင်တာနက်တွေ ဖြတ်တောက်ထားတဲ့အပေါ် အမေရိကန်က အထူးပဲ စိုးရိမ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ Morgan Rotagus က ကြေညာချက်ထုတ် ပြောဆိုတာ ဖြစ်ပါတယ်။
မြောက်ပိုင်းမဟာမိတ်နဲ့ အစိုးရကိုယ်စားလှယ် အလွတ်သဘောတွေ့မည်
ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းလားမြို့မှာ ကျင်းပမယ့် အထူးဒေသ ၄ ငြိမ်းချမ်းရေး နှစ် ၃၀ ပြည့် အခမ်းအနားကို ရောက်ရှိနေတဲ့ အစိုးရရဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ မြောက်ပိုင်း မဟာမိတ်အဖွဲ့တွေဟာ ဒီနေ့မှာ အလွတ်သဘော တွေ့ဆုံဆွေးနွေးဖို့ ရှိနေပါတယ်။ ဒီဆွေးနွေးပွဲမှာတော့ Bilateral ခေါ် နှစ်ဘက် အပစ်ရပ်စာချုပ် မူကြမ်းကို အစိုးရဘက်က ပြန်လည် ပေးအပ်ဖို့ ရှိနေသလို ဆွေးနွေးပွဲ ရလဒ်အပေါ် မူတည်ပြီး တပ်မတော်က စစ်တိုင်းဒေသ ၅ ခုမှာ အပစ်ရပ်သက်တမ်းကို ထပ်မံ တိုးမြှင့်ဖွယ် ရှိနေပါတယ်။ ဒီသတင်းကိုတော့ မိုင်းလားမြို့ကို ရောက်ရှိနေတဲ့ ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
မလေးရှားမှာ မြေပြိုလို့ သေဆုံးရတဲ့ မြန်မာ ၄ ဦး
မလေးရှားနိုင်ငံ ပီနန်ကျွန်း GeorgeTown မြို့ရဲ့ ဆင်ခြေဖုံး Batu Feringghi လမ်းက အပန်းဖြေရိပ်သာတခုမှာ မြေထိန်းနံရံတည်ဆောက်နေတုန်း ဇွန်လ ၂၅ ရက်နေ့က မြေပြိုတာကြောင့် အဲဒီမှာ အလုပ်လုပ်နေတဲ့ မြန်မာအမျိုးသား လေး ဦး သေဆုံးသွားတယ်လို့ ဒေသခံရဲမှူး Che Awang က ပြောကြောင်း မလေးရှားအွန်လိုင်းသတင်းစာ The Star မှာ ဖေါ်ပြပါတယ်။ေ သဆုံးသူတွေဟာ မောင်စံပြ ၃၈ နှစ်၊ နိုင်ကျော်ရင် ၄၉ နှစ်၊ မောင်ထွေး ၃၈ နှစ်နဲ့ ဦးအောင်ထွန်းအေး ၄၉ နှစ်တို့ ဖြစ်တယ်လို့ ဆိုပါတယ်။
Subscribe to:
Posts (Atom)