Tuesday, May 14, 2019

သောက်သုံးရေရှားပါးမှု ကြုံတွေ့နေရသော ကျေးရွာများသို့ တိုင်းစစ်ဌာနချုပ် အသီးသီးမှ တပ်မတော်သားများက သောက်သုံးရေများ ဆက်လက်ဖြန့်ဝေ လှူဒါန်း

နှစ်စဉ်နွေရာသီတွင် သောက်သုံးရေရှားပါးမှု ကြုံတွေ့နေရသော ပြည်နယ်နှင့် တိုင်းဒေသကြီး အချို့ရှိ ကျေးရွာများသို့ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တပ်မတော်သားများက ရေသယ်ယာဉ်များဖြင့်သောက်သုံးရေများ သွားရောက်ဖြန့်ဝေ လှူဒါန်းပေးလျက်ရှိသည်။ ထိုသို့ဖြန့်ဝေ လှူဒါန်းပေးလျက်ရှိရာ ယနေ့တွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်က တောင်ကြီးမြို့နယ်၊ စဥ့်ဟယ်ကျေးရွာ၊ အောင်ပန်းမြို့၊ နောင်စံဖူးကျေးရွာ၊ ရပ်စောက်မြို့၊ လွယ်မောကျေးရွာများသို့ သောက်သုံးရေဂါလန် ၅၆ဝဝကို လည်းကောင်း၊

အမေရိကန်နဲ့ တရုတ် အပြန်အလှန် အခွန်စည်းကြပ်မှုအပေါ်

အမေရိကန်နဲ့ တရုတ်အကြား သွင်းကုန်တွေအပေါ် အပြန်အလှန်ကုန်သွယ်ခွန်တွေ စည်းကြပ် ကောက်ခံနေတဲ့အတွက် ကမ္ဘာစီးပွားရေးဈေးကွက်လည်းကျဆင်းသွားပါတယ်။ အမေရိကန်သမ္မတ Trump ကတော့ လက်ရှိအခြေအနေမှ အမေရိကန်က အသာစီး ရနေတယ်လို့ပြောပေမယ့် ဒီလိုသာ တရုတ်နဲ့ ကုန်သွယ်ရေးဆက်ပြီးတော့ တင်းမာနေမယ်ဆိုရင် ၂ ဖက်စလုံးမှာ ထိခိုက်နစ်နာမှုတွေဖြစ်ပြီး စီးပွားရေးအကျပ်အတည်းနဲ့ ရင်ဆိုင်ရနိုင်တယ်ဆိုတဲ့သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ ဒီအကြောင်းကို ဒေါ်လှလှသန်းက စုစည်းတင်ပြထားပါတယ်။

အဓမ္မပြုကျင့်မှုဖြင့် ဂျူလီယန်အက်ဆန်ကို အမှုပြန်ဖွင့်မည်ဟု ဆွီဒင်အစိုးရရှေ့နေ ပြော

ဆွီဒင်အစိုးရရှေ့နေက ဝီကီလိခ် တည်ထောင်သူ ဂျူလီယန် အက်ဆန် ပါဝင်ပတ်သက်နေတဲ့ အဓမ္မပြုကျင့်မှုကို ပြန်ပြီး အမှုဖွင့်မယ်လို့ မေလ ၁၃ ရက်မှာ ပြောလိုက်ပါတယ်။ ဒါဟာ အက်ဆန်ကို ဗြိတိန်ကနေ ရာဇဝတ်သားလွှဲပြောင်းရေး အစီအစဉ်နဲ့ ခေါ်ထုတ်ဖို့ အခင်းအကျင်းလည်း ဖြစ်ပါတယ်။

စံချိန်တင်နေ့အပူချိန်များ မြင့်တက်နေသည့် မကွေးတိုင်းဒေသကြီးအတွင်း အပူရှောင်စခန်း ၄၀ ကျော် ဖွင့်လှစ်

ယခုနှစ် နွေရာသီတွင် စံချိန်တင်နေ့အပူချိန်များ မြင့်တက်နေသည့် မကွေးတိုင်းဒေသကြီး မကွေး၊ ချောက်၊ ပခုက္ကူမြို့နယ်များတွင် လူမှုကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဦးစီးဌာနနှင့် ပရဟိတအဖွဲ့များက အပူရှောင်စခန်း ၄၄ ခုကို မေ ၁၀ ရက်ကျော်မှ စတင်ဖွင့်လှစ်ထားကြောင်း သိရသည်။ မကွေးတိုင်းဒေသကြီး ချောက်မြို့နယ်တွင် မေလဆန်းပိုင်းက ၄၇ ဒီဂရီစင်တီဂရိတ်အထိ နေ့အပူချိန် စံချိန်သစ်တင် မြင့်တက်ခဲ့ကြောင်း မေလလယ်ပိုင်းအထိ အပူချိန်လျော့ကျမှု မရှိခဲ့သည့်အပြင် လျှပ်စစ်မီးလည်း အလှည့်ကျသာ ရရှိနေသောကြောင့် အပူရှောင်စခန်းများကို ဖွင့်လှစ်ပေးထားကြောင်း သိရသည်။

ချယ်ဆီးတွင် ဆက်ရှိရန် မသေချာကြောင်း နည်းပြ ဆာရီပြော

လာမယ့်ရာသီ အသင်းမှာ ဆက်ရှိနေမလားဆိုတာ မသေချာဘူးလို့ ချဲလ်ဆီးနည်းပြ ဆာရီက ဝန်ခံပြောကြားလိုက်ပါတယ်။ ချဲလ်ဆီးအသင်းဟာ အခုနှစ် ဘောလုံးရာသီမှာ ရလဒ်ဆိုးရွားမှုတချို့ ကြုံခဲ့ရပေမယ့် နောက်ပိုင်းပွဲစဉ်တွေမှာ နိုင်ပွဲပြန်ရခဲ့တာကြောင့် အဆင့်သုံးနေရာမှာ ရပ်တည်နိုင်ခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်လည်း ရခဲ့ပါတယ်။ အသင်းက ရည်မှန်းထားတဲ့အတိုင်း ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် စွမ်းဆောင်နိုင်ခဲ့ပေမယ့် လာမယ့်ရာသီ ဆက်ရှိမလားဆိုတာ မသေချာသေးဘူးလို့ ဆာရီက ဆိုပါတယ်။

အိုင်ဒီပီစခန်းအားလုံး အမြန်ဆုံးပိတ်သိမ်းမည်ဟု လူကယ်ပြန်ဝန်ကြီးပြော

အိုင်ဒီပီ စခန်းအားလုံးအမြန်ဆုံးပိတ်သိမ်းနိုင်ဖို့အတွက် ဆောင်ရွက်နေတယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။ “သုံးခု ပိတ်သိမ်းပြီးသွားပြီ တခုက ပြီးလုနီးပါးဖြစ်သွားပြီ၊ နောက်တခုက ဆက်လက်ပိတ်သိမ်းနေပါတယ်။ အဲ့တော့ ၅ ခုပေါ့။ ကျန်တဲ့ဟာတွေကလည်း မပိတ်သိမ်းနိုင်တာတော့ မဟုတ်ပါဘူး။ ပိတ်သိမ်းနိုင်ဖို့အတွက် မဟာဗျူဟာလည်း ပေါ်ပေါက်နေပါပြီ။ ပိတ်သိမ်းဖို့အတွက်အားလုံးက ညှိနှိုင်း ဆွေးနွေးရပါတယ်။ နောက်ပြီး ပြန်လည်နေရာချထားပေးဖို့ အတွက်လည်း ဆောင်ရွက်ရတာတွေရှိတာပေါ့” လို့ ပြောပါတယ်။

သူရဦးရွှေမန်း၏ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီသို့ လူ ၂၀၀၀ ကျော်ဝင်ရောက်

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီအနေနဲ့ ပါတီမှတ်ပုံတင်ပြီး ရက်ပိုင်းအတွင်း ပြည်သူအများ စိတ်ဝင်စားမှုရှိသလို ပါတီဝင်အဆိုပြုလွှာတွေလည်း ပေးအပ်နေတာကြောင့် အားရ ကျေနပ်မိတယ်လို့  ပါတီဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ပြောပါတယ်။ြ ပည်ထောင်စုကောင်းကျိုးဆောင်ပါတီအနေနဲ့ လာမယ့် ၂၀၂၀ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲမှာ တိုင်းဒေသကြီး ၇ ခုရှိ မြို့နယ်တိုင်းမှာ ၀င်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပြီး သူ့အနေနဲ့ ဘယ်မြို့နယ်မှာ ၀င်ပြိုင်မယ်ဆိုတာကိုတော့ စောင့်ကြည့်ဖို့ သူရဦးရွှေမန်းက ပြောပါတယ်။

ဌာနဆိုင်ရာများ အဂတိလိုက်စားကာ ပေးမှလုပ်နေကြကြောင်း လွှတ်တော်ကိုယ်စားလှယ်ဝေဖန်

လက်ရှိအချိန်အထိ ဌာနဆိုင်ရာများတွင် လုပ်ငန်းဆိုင်ရာကိစ္စများ ဆောင်ရွက်ရာတွင် ဂတိလိုက်စားမှုများရှိနေကြောင်း ဝေါမဲဆန္ဒ နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးတင်ထွေးက ပြောသည်။ေ မလ ၁၃ ရက်က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေး သတ္တမနေ့အစီအစဉ်တွင် အဂတိလိုက် စားမှုကော်မရှင် ၏ နှစ်ပတ်လည် လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာနှင့် စပ်လျဉ်းပြီးဆွေးနွေးရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

အရေးပေါ် သဘာဝဓာတ်ငွေ့ Compressor စက်များရပ်တန့်မှုကြောင့် အရေေးပေါ် ၀န်အားလျော့ရမည့် အခြေအနေအား မေတ္တာရပ်ခ့အသိပေးပန်ကြားခြင်း

ရန်ကုန်တိုင်းဒေသကြီးအတွင်းသို့ ဓာတ်အားပေးလျက်ရှိသော ရတ နာကမ်းလွန် ဓာတ်ငွေ့ဖြင့် အသုံးပြုမောင်းနှင်နေသော GT စက်များ offshore တွင် Compressor (၂)လုံး အရေးပေါ် S/D ဖြစ်ပေါ်ခဲ့သဖြင့်(14.5.2019)ရက်နေ့ နံနက်ပိုင်းအချိန်တွင် ရွှေတောင်(15)MW၊ အလုံ (42)MW ၊ ရွာမ E-guard (60)MW ၊သီလ၀ါ (25)MW ၊လှော်ကား (35)MW စက်များထွက်သွားခဲ့ပြီး MW 200 ခန့်လျော့နည်းသွားခဲ့ပါသည်။

မြန်မာနိုင်ငံ၏နောင်အနှစ် ၂၀ အနာဂတ်မှာ ယနေ့လူငယ်များအပေါ် မူတည်နေဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသက်သက်ခိုင် ပြော

မြန်မာနိုင်ငံ၏ နောင်အနှစ် ၂၀ အနာဂတ်သည် ယနေ့လူငယ်များတော်တတ်သည့်အပေါ်မူတည်နေကြောင်း ဒဂုံမြို့နယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသက်သက်ခိုင်က ပြောလိုက်သည်။ ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်တွင် မေလ ၁၃ ရက်ကကျင်းပသော မြန်မာအမျိုးသမီးစီးပွားရေး စွမ်းဆောင်ရှင်များအသင်းနှစ်ပတ်လည် အထွေထွေအစည်းအဝေးပွဲတွင် သတင်းမီဒီယာများသို့ ဖြေကြားပေးခြင်း ဖြစ်သည်။

BPI ထုတ် မြွေဆိပ်ဖြေဆေးကို အခြား ၂ နိုင်ငံသို့ တင်ပို့ရောင်းချရန် ကြိုးပမ်း

အင်းစိန်ဆေးဝါးစက်ရုံ(BPI)မှ ထုတ်လုပ်သော မြွေဆိပ်ဖြေဆေး အလုံး ၅၀၀၀ ကို ယခုနှစ်အတွင်း ကမ္ဘောဒီးယားနှင့်လာအိုသို့ တင်ပို့ရောင်းချနိုင်ရန် ကြိုးပမ်းလျှက် ရှိကြောင်း BPI မှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးကိုကိုအောင်က ပြောသည်။ “အင်ဒိုချိုင်းနားဒေသ ဆက်စပ်နေတာဖြစ်တဲ့ အတွက် မြွေမျိုးစိတ်ကလည်း လုံးဝ နီးပါး ဆင်တူပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့က ဒီနိုင်ငံကိုရွေးချယ်ရခြင်းဖြစ်ပါတယ်”ဟု ၄င်းကပြောသည်။ အဆိုပါ ၂ နိုင်ငံသည် လက်ရှိတွင် မြွေဆိပ်ဖြေဆေးကို ထုတ်လုပ်နိုင်ခြင်း မရှိသောကြောင့် မြန်မာမှ တင်ပို့ရောင်းချနိုင်ခြင်း ဖြစ်သည်ဟု ဆိုသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အမျိုးသမီးများ အဓမ္မပြုကျင့်ခံရမှုအပေါ် သူနာပြုများဆန္ဒပြ

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကျောင်းသူတစ်ဦးမီးရှို့အသတ်ခံရပြီး ရက်သတ္တပတ်များအကြာ နောက်ထပ်သူနာပြုတစ်ဦး အဓမ္မပြုကျင့် အသတ်ခံရမှုဖြစ်ရပ်ကြောင့် သူနာပြုများစုရုံးဆန္ဒပြခဲ့ကြပြီး၊ အမျိုးသမီးများအပေါ်ပိုပြီးကာကွယ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ ဒါကာမြို့ဆေးရုံတစ်ခုမှာ သူနာပြုအဖြစ်လုပ်ကိုင်နေတဲ့အသက်(၂၄)နှစ်အရွယ် Shahinoor Akhter Tania ဟာ အခုလ(၆)ရက်က Kishoreganj ခရိုင်ရှိ မွေးရပ်မြို့ကိုအပြန် လမ်းမှာ အဓမ္မပြုကျင့်ခံရပြီး ဘတ်စ်ကားပေါ်ကနေ တွန်းချခံခဲ့ရတာဖြစ်ပါတယ်။

လွတ်ငြိမ်းချမ်းသာခွင့်များပေးရာတွင် ဆင်ခြင်တုံတရားနှင့်ချင့်ချိန်စဉ်းစားပြီးမှသာ ဆောင်ရွက်သင့်ဟု ပြည်ခိုင်ဖြိုးပါတီမှ ဒေါက်တာနန္ဒာလှမြင့် ပြော

နိုင်ငံတော်သမ္မတအနေဖြင့် လွတ်ငြိမ်းချမ်းသာခွင့်များပေးရာတွင် ဥပဒေနှင့်အညီဆင်ခြင်တုံတရားနှင့် ချင့်ချိန်စဉ်းစားပြီးမှသာ ဆောင်ရွက်သင့်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဗဟိုအလုပ်အမှုဆောင်ပြောရေးဆိုခွင့်ရှိသူဒေါက်တာနန္ဒလှမြင့်က ပြောလိုက်သည်။ေ မလဒုတိယပတ်အတွင်း ပြည်ခိုင်ဖြိုးပါတီ၏ Facebook Page တွင်တင်ထားသော ဗီဒီယိုဖိုင် အမေးအဖြေတွင် ဖြေကြားထားခြင်းဖြစ်သည်။

ကက်ရှ်မီးယားမှာ သုံးနှစ်သမီးအရွယ် အဓမ္မပြုကျင့်ခံရတာကြောင့် ဆန္ဒပြမှုတွေ ဖြစ်ပွား

အိန္ဒိယထိန်းချုပ်ရာ ကက်ရှ်မီးယားဒေသမှာ သုံးနှစ်အရွယ် ကလေးငယ်တစ်ဦး အဓမ္မ ပြုကျင့်ခံရတာကြောင့် ဆန္ဒပြမှုတွေ နေရာတော်တော်များများမှာ ဖြစ်ပွားပါတယ်။ အဲဒီ ဆူပူဆန္ဒပြမှုတွေမှာ အစိုးရတပ်တွေနဲ့ ထိပ်တိုက်တွေ့မှုတွေပါ ရှိလာတာကြောင့် လူဒါဇင်လောက်လည်း ထိခိုက်ဒဏ်ရာရကြောင်း ရဲက ပြောပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ကလေးမလေးကို အိမ်နီးချင်း ကားပြင်ဆရာတစ်ဦးက ဖြားယောင်းခေါ်ဆောင်ပြီး စာသင်ကျောင်းနားက အိမ်သာထဲမှာ အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့တာပါ။

သီရိလင်္ကာတွင် စီးပွားရေးလုပ်ငန်းများကို တိုက်ခိုက်မှုစွဲချက်ဖြင့် အမျိုးသားအုပ်စုတစုအား ဖမ်းဆီး

မွတ်စလင်တွေပိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေကို တိုက်ခိုက်မှုစွဲချက်နဲ့ သီရိလင်္ကာနိုင်ငံ ခူရူနေဂါလာ ခရိုင်နားက အမျိုးသားအုပ်စုတစုကို သီရိလင်္ကာရဲတွေက မတ်လ ၁၂ ရက်နဲ့ ၁၃ ရက်နေ့တွေမှာ ဖမ်းဆီးလိုက်တယ်လို့ ရဲသတင်းရင်းမြစ်ကို ကိုးကားပြီး ရိုက်တာ သတင်းဌာနက ထုတ်ပြန်ပါတယ်။ ဖမ်းထားတဲ့လူတွေကို ပြန်လွှတ်ပေးဖို့ ဗုဒ္ဓဘာသာဝင် အများစုရှိတဲ့ ခရိုင်အတွင်း ပြည်သူတွေက တောင်းဆိုခဲ့တယ်လို့ စစ်တပ်ပြောခွင့်ရ ဆူမစ်သ် အတာပတ်တူက ပြောပါတယ်။

ထိုင်းပြန်မြန်မာအလုပ်သမားများ တင်ဆောင်လာသည့် ခရီးသည်တင် နှစ်ထပ်ကားတိမ်းမှောက်

13.5.2019 (3:15am)အချိန် မြ၀တီမြို့ နဲ့  ၁၆ကီလိုသာကွာဝေးတဲ့ အာရှလမ်း ကွမ်းခြံကုန်းအဆင်းမှာ ရန်ကုန်မှာ မြ၀တီ မောင်နှင်လာတဲ့ အောင်စစ်သည် မှန်လုံယာဉ် ဟာမိုး၇ွာနေနဲ့  လမ်းမပေါ်မှာအရှိန်မထိမ်းနိုင်ဖြစ်ပြီး လမ်းဘေးဘောင်ကို ၀င်တိုက် တိမ်းမှောက်မှုဖြစ်ပွားကြောင်း သိရပါတယ်။ ယာဉ်ပေါ်ပါ ထိုင်းပြန် မြန်မာနိုင်ငံသား အလုပ်သမား ၅၁ ဦးမှာ ခရီးသည် (၃၄)ဦး( ကျား (၁၆)မ (၁၈)ဦး) ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။ ဒဏ်ရာရသူတွေကို သင်္ဃန်းညီနောင်မြို့သစ် လူမှုကယ်ဆယ်ရေးအသင်းနှင့် သင်္ဃန်းညီနောင်လူမှုကယ်ဆယ်ရေးအသင်းတွေရဲ့  အကူအညီနဲ့  မြဝတီဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသပေး နေကြောင်းသိရပါတယ်။

ပါကစ္စတန်မှာ ဆိုင်ကယ်ဗုံး ပေါက်ကွဲ၍ ရဲ လေးဦး သေဆုံးကာ လူ ကိုးဦး ဒဏ်ရာရ

ပါကစ္စတန် အနောက်တောင်ပိုင်းက ကီတာမြို့မှာ စစ်သွေးကြွတွေက ဆိုင်ကယ်တစ်စီးအောက်ဝှက်ထားတဲ့ ဗုံးကို ဖောက်ခွဲတာကြောင့် ရဲလေးဦး သေဆုံးပြီး လူကိုးဦး ဒဏ်ရာရတယ်လို့ ရဲဌာနက မေ ၁၃ ရက်မှာ ပြောပါတယ်။ ဒီတိုက်ခိုက်မှုကို ကျူးလွန်ကြောင်း ပါကစ္စတန် တာလီဘန်အဖွဲ့က အတည်ပြု ကြေညာပါတယ်။ ဒဏ်ရာရသူ ကိုးဦးမှာ နှစ်ဦးက ရဲဖြစ်တယ်လို့ အကြီးတန်းရဲအရာရှိ အဒူရာဇက်က ပြောပါတယ်။ “ဒဏ်ရာရသူနှစ်ဦးရဲ့ အခြေအနေက စိုးရိမ်ရတယ်။”လို့ ၎င်းက ဖြည်စွက်ပြောပါတယ်။

ရှေ့ဘီးချမရဘဲ ဆင်းသက်ခဲ့ရသည့်MNA လေယာဉ်ကို အမြန်ဆုံး ပြန်လည်ပြင်ဆင်မည်

မန္တလေးလေဆိပ်တွင် ခရီးသည် ၈၂ ဦး တင်ဆောင် လာပြီးရှေ့ဘီးချမရဘဲ ဆင်းသက် ခဲ့ရသည့် လေယာဉ်ကိုအမြန်ဆုံး ပြန်လည်ပြင်ဆင်သွားမည်ဖြစ်ကြောင်း မြန်မာအမျိုးသားလေ ကြောင်းလိုင်း (MNA ) ၏မန္တလေး လေဆိပ်တာဝန်ခံ ကိုအောင်မင်းဆွေက ပြောသည်။ ""လေယာဉ်ထိတာ ရာခိုင်နှုန်း နည်းတယ်။ ဦးခေါင်းအောက်ပဲထိ တာ။ ရှေ့ဘီးထားတဲ့ နေရာလောက်ပဲ ထိခိုက်တာ။ ရှေ့ဘီးပုံး ပတ် ဝန်းကျင်ပဲထိခိုက်တာ။ ကျန်တာ ဘာမှမထိဘူး။ လေယာဉ်ပျံတစ်စင်း လုံးက အကောင်းတိုင်းပဲ။

ညောင်ဦးမြို့နယ်မှာ ဒေါင့်သန်းရောဂါ လက္ခဏာ သံသယရှိသူ(၁၀)ဦးထိရှိလာ

သေဆုံးခဲ့တဲ့ နွားကို အမဲဖြတ်ကိုင်မိ စားမိတဲ့ ရွာသား(၁၈၆)ဦးထဲမှ ဒေါင့်သန်းရောဂါလက္ခဏာ ခံစားရတဲ့ သူ (၁၀)ဦးထိရှိလာတာပါ။ မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ငါးလင်းပုတ်ကျေးရွာမှာ သေဆုံးသွားတဲ့ နွားကို နွားပိုင်ရှင်နဲ့ ရွာသားတွေက ကိုင်တွယ် အမဲဖြတ်စားသောက်ကြရာ စားသောက်ပြီး (၃)ရက် (၄)ရက်အကြာမှာတော့ စားသုံးသူတွေရဲ့ အရေပြားပေါ်မှာ အပူနာလိုမျိုး အရည်ကြည်ဖုများထွက်လာခဲ့တယ်လို့သိရပါတယ်။ ဒါဟာ ဒေါင့်သန်းရောဂါလက္ခဏာဖြစ်ပြီး သေဆုံးခဲ့တဲ့ နွားမှာ ဒေါင့်သန်းရောဂါနဲ့ သေဆုံးတဲ့ သံသယဖြစ်ဖွယ်တွေ့ရှိတာကြောင့် ရောဂါကူးစက်သံသယရှိဖွယ် ရွာသားတွေကို ညောင်ဦးမြို့နယ် တောင်ဇင်းတိုက်နယ်ဆေးရုံကိုပို့သပြီး ဆေးကုသပေးလျက်ရှိရာမှာ စိုးရိမ်ရတဲ့ အနေအထားမရှိကြောင်းသိရပါတယ်။

သပိတ်ကော်မတီကိုဖျက်သိမ်း၊ လွိုင်ကော်ဗိုလ်ချုပ်ကြေးရုပ်နှင့် ပတ်သက်ပြီး ဖြစ်ပေါ်လာမယ့်ကိစ္စများကို ပြည်နယ်အစိုးရတာဝန်ယူရမယ်လို့ဆို

ပြည်နယ်အစိုးရနဲ့ ဆွေးနွေးပွဲပျက်ပြီးနောက် သပိတ်ကော်မတီကို ဖျက်သိမ်းလိုက်တယ်လို့ ကရင်နီပြည်လူငယ်အင်အားစု သပိတ်ကော်မတီ က ထုတ်ပြန်လိုက်ပါတယ်။ ပြည်သူက အခွင့်အာဏာအပ်နှင်းလိုက်သည်ကို အောင်မြင်အောင် မဆောင်ရွက်နိုင်ခဲ့လို့ အနူးညွတ်တောင်းပန်ကြောင်းလည်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။ ဗိုလ်ချုပ်ကြေးရုပ်နှင့်ပတ်သက်ပြီး ဖြစ်ပေါ်လာမယ့် ကိစ္စများကို ပြည်နယ်အစိုးရက တာဝန်ယူရမယ်လို့လည်းပါရှိပါတယ်။ ဒီနေ့မနက် ဆွေးနွေးပွဲမှာ ကယားပြည်နယ်ဝန်ကြီးချုပ်က ဗိုလ်ချုပ်ကြေးရုပ်ကို လုံးဝပြောင်းရွေ့မပေးနိုင်ဟု အဖွင့်မိန့်ခွန်းမှာ ပြောကြားပြီး လူငယ်များကလည်း မဆွေးနွေးနိုင်ဟုဆိုကာ ဆွေးနွေးပွဲပျက်ပြယ်ခဲ့ပါတယ်။ ဆွေးနွေးပွဲပျက်ပြီးနောက် ဒီထုတ်ပြန်ချက်ကို ထုတ်ခဲ့တာဖြစ်ပါတယ်။

လူ့အခွင့်အရေး အုပ်စုများ၏ ဟန့်တားခံရသည့် ဆော်ဒီသင်္ဘော စပိန်ဆိပ်ကမ်း ရောက်ရှိ

ပြင်သစ်ဆိပ်ကမ်းကနေ လက်နက်ကုန်သေတ္တာ တင်လို့မရအောင် လူ့အခွင့်အရေး အုပ်စုတွေရဲ့ ဟန့်တားခံရတဲ့ ဆော်ဒီသင်္ဘောတစီးဟာ စပိန်ဆိပ်ကမ်းမြို့ ဆန်တန်ဒါကို မေလ ၁၃ ရက်က ရောက်လာပါတယ်။ ဒီသင်္ဘော ဘာလာလုပ်တာလဲ၊ ဒါမှမဟုတ် ဘယ်လောက်ကြာကြာ ကျောက်ချရပ်နားမလဲ ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဒီသင်္ဘောနဲ့ပတ်သက်ပြီး ဘာသတင်းအချက်အလက်မှ သူတို့မှာ မရှိဘူးလို့ စပိန် ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။

မြန်မာနိုင်ငံက တက္ကသိုလ်တွေ ကမ္ဘာ့တက္ကသိုလ်အဆင့်သတ်မှတ်ချက်ထဲမှာ ပါတော့မယ်

Times Higher Educationအဖွဲ့အစည်းက သတ်မှတ်တဲ့ ကမ္ဘာ့တက္ကသိုလ်အဆင့် သတ်မှတ်ချက်ထဲမှာ မြန်မာနိုင်ငံက တက္ကသိုလ်တွေပါဝင်နိုင်တော့မှာဖြစ်တယ်လို့ သတင်းရရှိပါတယ်။ လာမယ့် ၂၀၂၀ခုနှစ်က စပြီး ပါဝင်တော့မှာပါ။ Times Higher Educationအဖွဲ့က ပထမအကြိမ်အဖြစ် တက္ကသိုလ်များအဆင့်သတ်မှတ်ရေးဆိုင်ရာ ဆွေးနွေးပွဲကို မေလ(၁၃)ရက်က ပါမောက္ခချုပ်များကော်မတီရုံးမှာ ပြုလုပ်ခဲ့ပါတယ်။ ဒီဆွေးနွေးပွဲကို အမျိုးသားပညာရေးမူဝါဒကော်မရှင်ကတာဝန်ရှိသူတွေနဲ့ ပါမောက္ခချုပ်တွေ တက်ရောက်ခဲ့ပြီး တက်ရောက်လာတဲ့တက္ကသိုလ်တွေကပါမောက္ခချုပ်တွေကိုတက္ကသိုလ်အဆင့်သတ်မှတ်ဖို့လိုအပ်တဲ့ စစ်တမ်းတွေ ကောက်ယူခဲ့တယ်လို့သိရပါတယ်။

အောင်​သ​ပြေ​ကျေးရွာတွင်​ ​ဒေသခံများနှင့်​ လုံခြုံ​ရေးအဖွဲ့ဝင်​များနှစ်​ဖက်​အ​ခြေ​နေတင်းမာ

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ဒဟတ်တောကျေးရွာအုပ်စု အောင်သပြေကျေးရွာအနီးရှိ ကျောက်မီးသွေးစွမ်းအင်သုံးဘိလပ်မြေစက်ရုံစီမံကိန်း ဖျက်သိမ်းပေးရန်နှင့် ဖမ်းဆီးထားသော တောင်သူများကို အမြန်ဆုံးလွှတ်ပေးရေးအတွက် အောင်သပြေကျေးရွာမှ ရွာသူရွာသားများကမေလ၁၄ရက်နေ့ နံနက်ပိုင်းအချိန်​ကစတင်​ကာ ကုမ္ပဏီကားများရွာလမ်းကိုအသုံးမပြုနိုင်​ ကျေးရွာအဝင်လမ်းကို ပိတ်ဆို့၍ ဆန္ဒ​​​ဖော်​ထုတ်​ ခဲ့ကြရာ လုံခြုံရေးအဖွဲ့များ လာရောက်ခဲ့ပြီး လမ်းပိတ်ဆို့မှုအားဖယ်ရှာပေးရန်ပြောဆိုရာ ဒေသခံများနှင့်တင်းမာမှုဖြစ်ပေါ်နေလျက်ရှိသည်။

မုတ်သုံအဝင်နောက်ကျနေပြီး မုန်တိုင်းထပ်မဖြစ်သေးသဖြင့် အန္တရာယ်ရှိလောက်သည့် အပူချိန်ဖြစ်လာနိုင်ကြောင်း ဒေါက်တာဦးထွန်းလွင်ပြောကြား

မုတ်သုံအဝင်နောက်ကျနေပြီး မုန်တိုင်းထပ်မဖြစ်သေးသဖြင့် အန္တရာယ်ရှိလောက်သည့် အပူချိန်ဖြစ်လာနိုင်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာဦးထွန်းလွင်က၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။ “မုတ်သုံကအဝင်နောက်ကျနေပြီး မုန်တိုင်းကလည်း ထပ်မဖြစ်သေးတာကြောင့် အပူချိန်မြင့်တက်မှုကိုအထူးဂရုစိုက်ဖို့ လိုအပ်နေပါတယ်။ မေလ(၁၅-၂၁)ရက် ရက်တစ်ပတ်အတွင်း ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ဧရာဝတီတိုင်းနဲ့ တနင်္သာရီတိုင်းတို့ မှလွဲပြီး ကျန်တစ်ပြည်လုံးမှာ အပူချိန်များမြင့်တက်လာနိုင်ပါတယ်။ အန္တရာယ်ရှိလောက်တဲ့ အပူချိန်ဖြစ်လာနိုင်တယ်” ဟု ဒေါက်တာဦးထွန်းလွင်က ရေးသားထားသည်။

မ​ကွေးမြို့တွင် အပူ​ရှောင်​စခန်း ​၄ ခု ဖွင့်လှစ်

ရာသီဥတု အပူဒဏ်​ကာကွယ်​နိုင်​ဖို့အတွက်​ မ​ကွေးမြို့မှာ ပထမဦးဆုံး အ​နေနဲ့ အပူ​ရှောင်​စခန်း ​လေးခု ဖွင့်လှစ်​​ပေးထားပါတယ်။ ​မ​ကွေးတိုင်းမှာ ရာသီဥတုက အရင်နှစ်တွေကထက်ပူပြင်းလာ​လို့ မ​ကွေးတိုင်း​ဒေသကြီး ​ဘေးအန္တရယ်​ဆိုင်​ရာ စီမံခန့်​ခွဲမှု ဦးစီးဌာနနဲ့ မြို့နယ်​အ​ထွေ​ထွေ အုပ်​ချုပ်​​ရေးဦးစီးဌာနရဲ့ အစီမံနဲ့ အပူ​ရှောင်​စခန်း ၄ ခုဖွင့်ဖို့ဆုံးဖြတ်​ခဲ့တာလို့ မ​ကွေးမြို့ ​အောင်​ချမ်းသာရပ်​ကွက်​ အုပ်​ချုပ်​​ရေးမှူး ဦးမြင့်​ဇော်​ကပြောပါတယ်။

ဦးသန့်၏ရုပ်တု နီပေါ၌ ထားရှိမည်

ကုလသမဂ္ဂအ ထွေထွေ အတွင်းရေးမှူးချုပ် ဟောင်းဦးသန့်၏ ရုပ်တုကို နီပေါ နိုင်ငံ၊ လုမ္ဗိနီ၌ထားရှိပြီး ရုပ်တုဖွင့် ပွဲအခမ်းအနားကို မေလ ၁၇ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း ဦးသန့်နေအိမ်ပြတိုက်က ယမန် နေ့တွင် သတင်းထုတ်ပြန်သည်။ ဗုဒ္ဓဖွားမြင်ရာ လုမ္ဗိနီ၌ ကျင်းပမည့် ဦးသန့်ရုပ်တုဖွင့်ပွဲအခမ်းအနားသို့ နီပေါသမ္မတ ဘီဒီယာဒေဗီဘန်ဒါရီနှင့်အတူ ဦး သန့်၏မြေးဖြစ်သူ သမိုင်းပညာ ရှင် ဒေါက်တာသန့်မြင့်ဦးလည်း တက်ရောက်မည်ဖြစ်သည်။

ကချင်ပြည်နယ်က နှစ် ၉၉ သန်းသက်တမ်းရှိ ပယင်းကျောက်ထဲမှာ ပင်လယ်သတ္တ၀ါတွေရဲ့ရုပ်ကြွင်းတွ့ရှိ

အဲ့ဒီပယင်းကျောက်ဟာ သမိုင်းဦးတိုင်ခင်ကာလ ဒိုင်နိုဆောတွေကျက်စားတဲ့ ဘူမိခေတ် Cretaceous ခေတ်က ရှင်သန်ခဲ့တဲ့ ကုန်းနဲ့ ရေသတ္တ၀ါတွေကို ထင်ထင်ရှားရှား မြင်တွေ့ရပါတယ်။ ကချင်ပြည်နယ်၊ ဟူးကောင်းချိုင်ဝှမ်းဒေသက တွေ့ရှိတဲ့ နှစ် ၉၉ သန်းသက်တမ်းရှိတဲ့ ပယင်းကျောက်ထဲမှာ ပင်လယ်သက်ရှိများတွေ ရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေကို တွေ့ရှိခဲ့ရတယ်လို့ သိပ္ပံပညာရှင်တွေက ပြောဆိုလိုက်ပါတယ်။

(၄.၁) အင်အားအနည်းငယ် ရှိသော မြေငလျင်တစ်ခုလှုပ်ရှား

၂၀၁၉ ခုနှစ် ၊ မေလ (၁၄)ရက်နေ့ မြန်မာစံတော်ချိန် (၁၃)နာရီ (၄၈)မိနစ် (၂၃) စက္ကန့်အချိန်တွင် ကန့်ဘလူမြေငလျင်စခန်းမှ အရှေ့ဘက် (၃၃) မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (တကောင်းမြို့၏ တောင်ဘက် (၁၈) မိုင်ခန့်အကွာ) မြောက် လတ္တီတွဒ် (၂၃.၂၃)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၀၂)ဒီဂရီ၊ အနက် (၅) ကီလိုမီတာ ခန့်ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၁) အဆင့်ရှိ အင်အားအနည်းငယ် ရှိသော မြေငလျင်တစ်ခုလှုပ်ရှားသွားကြောင်း တိုင်းထွာရရှိခဲ့ပါသည်။

ထိုင်းအစိုးရပိုင် စာတိုက်နှင့် ပါဆယ် ပို့ နေသည့် ကားဖြင့် မြန်မာနိုင်ငံသာများ အား လူမှောင်ခိုတင်လာသူများအား ဖမ်းဆီး

ထိုင်းနိုင်ငံ မြောက်ပိုင်း စုန်ခလာ ခရိုင် ရသဖုန်းမြို့ နယ်အာရှအဝေးပြေးလမ်းမမှာ ထိုင်းဌာနဆိုင်ရာ စာတိုက်နဲ့  ပါဆယ် ပို့ ဆောင်ရေးလုပ်ငန်းသုံးကားနဲ့  ခိုးဝင်မြန်မာနိုင်ငံသားတွေကို လူမှောင်ခိုတင်လာတာဖြစ်ပါတယ်။ ထိုင်း၇ဲတပ်ဖွဲ့  အစိုးရဌာန ကားတွေနဲ့  လူမှောင်ခိုကူးနေတာကို ကြိုတင်သတင်းရတာကြောင့် ထိုင်းနိုင်ငံ ထိုင်းမြန်မာနယ်စပ် ကန်ချဘူ ရီကနေ ခုလို ဌာနဆိုင်ရာကားသုံးပြီး တင်လာတာကို စောင့်ကြည့်
နေခဲ့ပြီး မြောက်ပိုင်း စုန်ခလာခရိုင်ရောက်မှာ ပိတ်ဆို့  ဖမ်းဆီးလိုက်တာပါ။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင်မတော်တဆမှု ဖြစ်ပွားခဲ့သည့် Biman ဘင်္ဂလားဒေ့ရှ် လေကြောင်းလိုင်း လေယာဉ်အား လေယာဉ်ပြေးလမ်းမှ ဖယ်ရှားခဲ့ပြီး ဖြစ်ကြောင်း သိရ

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် မတော်တဆမှု ဖြစ်ပွားခဲ့သည့် Biman ဘင်္ဂလားဒေရှ့် လေကြောင်းလိုင်း လေယာဉ်အား ရန်ကုန်လေဆိပ် လေယာဉ်ပြေးလမ်းမှ ဖယ်ရှားခဲ့ပြီး ဖြစ်ကြောင်း သိရသည်။ ယင်းသို့ ဖယ်ရှားခြင်းကို ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံခန့်ခွဲမှုများကို ဆောင်ရွက်နေသည့် YACL မှာ တာဝန်ယူဖယ်ရှားခြင်းဖြစ်ပြီး ကုန်ကျစရိတ်များအား သက်ဆိုင်ရာ လေကြောင်းလိုင်းက ပြန်လည်ပေးအပ်ရမည်ဖြစ်ကြောင်း သိရသည်။

ဟံသာဝတီလေဆိပ်ကို ဂျပန်အကူအညီဖြင့် ဆောင်ရွက်ရန် ကြိုးပမ်း

ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ်တည်ဆောက်ရေးနှင့်ပတ်သက်ပြီး တင်ဒါအောင်မြင်ထားသည့်ကုမ္ပဏီနှင့် စာချုပ်ရပ်ဆိုင်းသွားခဲ့သော်လည်း ဂျပန်နိုင်ငံ၏အကူအညီဖြင့် ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် ကြိုးပမ်းနေကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးဝင်းခန့်ကပြောကြားသည်။ြ ပန်ကြားရေးဝန်ကြီးဌာနတွင် မေ၁၃ရက်ကကျင်းပသော အစိုးရ၏ တတိယနှစ်အတွင်းဆောင်ရွက်ချက်များနှင့်စပ်လျဉ်းသည့် သ တင်းစာရှင်းလင်းပွဲတွင် ၄င်းကပြောကြားခဲ့ခြင်းဖြစ်သည်။

ရန်ကုန် - ဖူးခက် လကြောင်းခရီးစဉ် ခရီးသည် နည်းပါးခြင်းကြောင့် ရန်ကုန် - ကော့သောင်း - ဖူးခက် ခရီးစဉ်ပြောင်းလဲပြေးဆွဲ

မြန်မာအမျိုးသား လေကြောင်းလိုင်းအနေဖြင့် ရန်ကုန် - ဖူးခက် - ရန်ကုန် ခရီးစဉ်ကို ပျံသန်းရာတွင် ခရီးသည် ရရှိမှုနည်းပါးခြင်းကြောင့် ရန်ကုန် - ကော့သောင်း - ဖူးခက် - ကော့သောင်း - ရန်ကုန် ခရီးစဉ်အဖြစ် ပြောင်းလဲပြေးဆွဲခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ပါတီငယ် ၁၁ ပါတီက ထိုင်းစစ်အစိုးရဘက်တော်သားပါတီနဲ့ ဝန်ကြီးချုပ်ကိုထောက်ခံတယ်လို့ ကြေညာ

ထိုင်းရွေးကောက်ပွဲကော်မရှင်ရဲ့ ဝေဖန်ခံနေရတဲ့ပါတီမဲအချိုးကျစနစ်ကြောင့် အောက်လွှတ်တော်မှာ အမတ်နေရာတစ်နေရာစီ အနိုင်ရခဲ့တဲ့နိုင်ငံရေးပါတီငယ် ၁၁ ပါတီက သူတို့ပါတီတွေဟာ ထိုင်းစစ်အစိုးရဝန်ကြီးချုပ် ပရာရွတ် ချန်အိုချာကိုပဲ ဝန်ကြီးချုပ်အနေနဲ့ဆက်ပြီးထောက်ခံသလို ပလန်ပရာချာရတ်(PPRP)ပါတီကိုလည်း သူတိ့ညွှန့်ပေါင်းပါတီအဖွဲ့ရဲ့ ခေါင်းဆောင်အဖြစ်လည်း သတ်မှတ်တယ်လို့ တနင်္လာနေ့မှာ ကြေညာခဲ့ပါတယ်။

ကိုယ်ပိုင်ဂြိုဟ်တု (EOS) လွှတ်တင်နိုင်ရန် ဂျပန်-မြန်မာ နှစ်နိုင်ငံတက္ကသိုလ်တို့ ဆွေးနွေးပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် စတင် အကောင်အထည်ဖော်နိုင်ရန် စီစဉ်နေ

ကိုယ်ပိုင်ဂြိုဟ်တု Earth Observation Satellite (EOS) လွှတ်တင်နိုင်ရန်အတွက် ဂျပန် ဟော်ကိုင်းဒိုး တက္ကသိုလ်နှင့် မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာ တက္ကသိုလ်တို့ ပူးပေါင်း ဆွေးနွေးခဲ့ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် စတင် အကောင်အထည်ဖော်နိုင်ရန် စီစဉ်နေကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဝင်းခန့်က ပြောကြားသည်။ေvနပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာန၌ မေ ၁၃ ရက်က နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် တတိယ တစ်နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်၍ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးဝင်းခန့်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်ကြေးရုပ်ကို လုံးဝမရွှေ့ပေးနိုင်ဟု ၀န်ကြီးချုပ်ကပြောသဖြင့် ညှိနှိုင်းပွဲပျက်

ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ ပြည်နယ်အစိုးရရုံးမှာ ဒီနေ့မနက် ပြုလုပ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုကိစ္စ ဖြေရှင်းရေး ညှိနှိုင်းအစည်းအဝေး ပျက်သွားပါတယ်။ ဒီမနက် ၁၀ နာရီ အစည်းအဝေးစတင်ချိန်မှာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက အဖွင့်အမှာစကားပြောရာမှာ ကြေးရုပ်တုကို လုံးဝနေရာရွှေ့ပေးမှာ မဟုတ်ကြောင်း၊ ဒီရုပ်တုကို ဆက်လက်ထိန်းသိမ်းသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

လွိုင်ကော်က ဗိုလ်ချုပ်ကြေးရုပ် လုံးဝ ပြောင်းရွှေ့မည် မဟုတ်ဟု ဝန်ကြီးချုပ် ပြော

ကယားပြည်နယ်၊ လွိုင်ကော်မြို့ ကန္ဒာဟေဝန် ပန်းခြံရှိ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုအား လုံးဝ မပြောင်းရွှေ့ပေးနိုင် ကြောင်း ပြည်နယ် ဝန်ကြီးချုပ် အယ်ဖောင်းရှိုးက ပြောကြားလိုက်သည်။ မပြေမလည်ဖြစ်နေသည့် ဗိုလ်ချုပ်ရုပ်တု ပြောင်းရွှေ့နိုင်ရေးကိစ္စနှင့် ပတ်သက်၍ ကရင်နီပြည်လူငယ်များအင်အားစု သပိတ် ကော်မတီနှင့် ပြည်နယ်အစိုးရအဖွဲ့တို့ ယနေ့ (မေ ၁၄ ရက်) နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမတွင် ပြုလုပ်ခဲ့ရာ ဝန်ကြီးချုပ်က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။

တစ်ဦးသေ၊ တစ်ဦး မျက်စိ နှစ်လုံးဆုံးရှုံးစေခဲ့သည့် ယာဉ်တိုက်မှု ထောင် ၁ နှစ် ၇ လ ချမှတ်ခဲ့၍ မြ၀တီ ဒေသခံများ ဆန္ဒပြ

လူတစ်ဦးသေ၊ တစ်ဦး မျက်စိ နှစ်လုံး ဆုံးရှုံးသွားခဲ့ရသည့် ယာဉ်တိုက်မှုအား မြ၀တီတရားရုံးက ထောင်၁ နှစ်နှင့် ၇ လ ကျခံစေရန် အမိန့်ချမှုအပေါ် မမျှတဟုဆိုကာ မျက်စိဆုံးရှုံးသွားသည့်ကာယကံရှင်နှင့် မိသားစု ၀င်များအပါအ၀င် ဒေသခံအချို့တို့က ယနေ့ မနက်ပိုင်းက မြ၀တီတွင် ဆန္ဒထုတ်ဖော် ကန့်ကွက်ခဲ့ကြသည်။ ဆန္ဒထုတ်ဖော်သူများက “တစ်ယောက်က ဘ၀သေ၊ တစ်ယောက်က ဆုံး၊ မှီခိုနေတဲ့ မိသားစုဝင်တွေ အကုန်ဒုက္ခရောက်တာ မကြည့်ရက်လို့ ဆန္ဒပြကြတာပါ” ဟု ပြောဆိုလိုက်ကြောင်း သိရသည်။

ဇနီးနှင့်သမီးကို တရားမဝင်လာရောက်တွေ့ဆုံသည့် ထိုင်းနိုင်ငံသား ဖမ်းဆီးခံရ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်မှာ မေလ ၁၃ ရက် ညနေက တရားမဝင် ၀င်ရောက်လာပြီး ဇနီးနဲ့ သမီး ၂ ယောက်ကို လာရောက်တွေ့ဆုံတဲ့ ထိုင်းနိုင်ငံသား တဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ မြို့နယ် လဝက ဦးစီးမှူးက ပြောပါတယ်။ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ကနေ မြဝတီမြို့ကို တရားမဝင်ဝင်ရောက်လာပြီး မြဝတီမြို့က တဆင့် ညောင်လေးပင်မြို့နယ် ဇရပ်ကုန်းကျေးရွာကို မေလ ၁၂ ရက်က ရောက်ရှိလာကာ ဇနီးသည်အိမ်မှာ ညအိပ်နေထိုင်ခဲ့တာကို သတင်းရရှိလို့ မေလ ၁၃ ရက်မှာ ဖမ်းဆီးစစ်ဆေးခဲ့တာလို့ ဆိုပါတယ်။

ပိုင်ဆိုင်မှုများအား အချိန်မရွေးစစ်ဆေးခံနိုင်သည်ဟု သူရဦးရွှေမန်းပြောဆို

ပိုင်ဆိုင်မှုအထောက်အထားများနှင့်ဘဝဖြတ်သန်းမှုသမိုင်းများအား အချိန်မရွေးစစ်ဆေးခံနိုင်သည်ဟု သူရဦးရွှေမန်းက ပြောဆိုလိုက်သည်။ “ကျွန်တော်ရဲ့ ပိုင်ဆိုင်မှုတွေကို အချိန်မရွေး စစ်ဆေးနိုင်တယ်။ ကြေညာနိုင်တယ်။ အသင့်လည်းရှိတယ်။ ပြီးတဲ့အခါမှာ ကျွန်တော်ရဲ့ ဖြတ်သန်းလာတဲ့ ဘဝကို စမ်းသပ်နိုင်တယ်။ အစစ်ဆေးခံနိုင်တယ်” ဟု ၄င်းကဆိုသည်။ မေ ၁၄ ရက်နေ့ နံနက်ပိုင်းက ကျင်းပသည့် ပဲခူးတိုင်းဒေသကြီး ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ရုံးဖွင့်ပွဲ အခမ်းအနားတွင် သူရဦးရွှေမန်းကပြောဆိုခဲ့ခြင်းလည်းဖြစ်သည်။

တောင်ကြီးမြို့ရှိ အစိုးရဝန်ထမ်းအိမ်ရာ တစ်ခုမှ နေ့စဉ် အမှိုက်မီးရှို့နေမှုကြောင့် ပတ်ဝန်းကျင် နေသူများ အခက်အခဲ ဖြစ်နေရ

တောင်ကြီးမြို့၊ သစ်တောရပ် ကွက်၊ အရှေ့မြို့ပတ်လမ်း၊ ပြည် နယ်ဝန်ကြီးချုပ် နေအိမ်အနီးရှိ အစိုးရဌာနဆိုင်ရာ ဝန်ထမ်းအိမ်ရာ တစ်ခုမှ နေ့စဉ် အမှိုက်မီးရှို့နေမှု ကြောင့် ပတ်ဝန်းကျင်ဒေသခံပြည်သူ များ မီးခိုးငွေ့ကို နေ့စဉ် ရှူရှိုက် နေ ရပြီး အခက်အခဲများ ဖြစ်ပေါ်နေ သည့်အတွက် တာဝန်ရှိသော ဌာန ဆိုင်ရာများအနေဖြင့် အမြန်ဆုံး လာ ရောက် ဖြေရှင်းပေးစေလိုသည်ဟု တောင်ကြီးမြို့နေ ဒေသခံပြည်သူ တစ်ဦးဖြစ်သူ မပေါက်က ကမ္ဘောဇ တိုင်းသို့ ပြောကြားခဲ့သည်။

NLD အစိုးရလက်ထက်၂၁ ရာစု ပင်လုံ (၃)ကြိမ် ကျင်းပနိုင်ခဲ့သော်လည်း ပြောပလောက်သည့် အောင်မြင်မှုမရရှိသေး၊ ရွေးကောက်ပွဲသာ အာရုံရောက်နေပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ဒုတိယနေရာမှာသာရှိ ဟု RCSS ဥက္ကဌ ယွက်စစ်ဝေဖန်

၂၀၂၀ ရွေးကောက်ပွဲနီးကပ်လာသည်နှင့်အမျှ အစိုးရ၏ အာရုံသည် ရွေးကောက်ပွဲကိစ္စအတွက် သာရောက်နေပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် ဒုတိယနေရာမှာရှိနေကြောင်း ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်က ဝေဖန်ပြောဆိုလိုက်သည်။ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား အဖွဲ့များ၏ ထိပ်သီးခေါင်းဆောင်များအစည်းအဝေးကို ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် မေလ ၁၄ ရက် မှ ၁၉ ရက်နေ့အထိပြုလုပ်မည်ဖြစ်ပြီး အစည်းအဝေးအဖွင့်မိန့်ခွန်းတွင် ယင်းသို့ပြောဆိုလိုက်ခြင်းဖြစ် သည်။

သတိ ... ယာဉ်/ လမ်းစည်းကမ်း မလိုက်နာသူများကို ဒဏ်ငွေ ၃ သောင်း ရိုက်မည်

၂၀၁၉၊ မေ ၁၅ မှစတင်ကာ မော်တော်ယာဉ် ဥပဒေအရ လမ်းစည်းကမ်းမလိုက်နာသည့် ပြည်သူများ၊ သတ်မှတ် ခုံးကျော်တံတား/ မျဉ်းကြားမှ လမ်းဖြတ်မကူးသည့် ပြည်သူများအားလုံးကို ပညာပေးမှုနှင့်အတူ အရေးယူမှုစတင်တော့မည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ယာဉ်ထိန်းတပ်ဖွဲ့မှ ရဲမှူးမျိုးအောင်မြင့်က ပြောသည်။ ၂၀၁၅ တွင် ပြန်လည်ပြင်ဆင်လိုက်သည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းထိန်းသိမ်းရေး ဥပဒေအရ သတ်မှတ်နေရာများမှ လမ်းဖြတ်မကူးသည့် ပြည်သူများအနေဖြင့် ဒဏ်ငွေ ၃၀,၀၀၀ ကျပ် ပေးဆောင်ရမည် ဖြစ်သည်။ သို့ရာတွင် ခုံးကျော်တံတား မတက်နိုင်သူ အသက်အရွယ် အိုမင်းသူများ၊ မသန်စွမ်းများ၊ ရောဂါဝေဒနာ ခံစားရသူများအတွက် မည်သို့ဆောင်ရွက်ပေးမည်မှာ မေးခွန်းထုတ်စရာ ဖြစ်နေသေးသည်။

ယူရေနီယံပါတဲ့ ပစ္စည်းလို့ ယူဆရတဲ့အရာတွေ့လို့ အိန္ဒိယ-မြန်မာ နယ်စပ်မှာ တပ်လှန့်ထား

အိန္ဒိယ-မြန်မာနယ်စပ် မဏိပူရပြည်နယ်ရှိ မိုးရေးမြို့မှာ ယူရေနီယံ ဖောက်ခွဲရေး ပစ္စည်းပါဝင်တယ်လို့ ယူဆရတဲ့ ပစ္စည်းတစ်ခု တွေ့ရှိရလို့ လုံခြုံရေးကို အမြင့်ဆုံး တပ်လှန့်ထားပါတယ်။ လော့ခ် ဆာဘာ ရွေးကောက်ပွဲ မဲတွေ ရေတွက်နေချိန် အာသံရိုင်ဖယ်တပ်က နယ်စပ်တစ်လျှောက် လုံခြုံရေးယူထားစဉ် အခုလို သံသယဖြစ်ဖွယ် ပစ္စည်းကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ပလတ်စတစ် အနက်နဲ့ ထုပ်ထားတဲ့ အထုပ်တစ်ထုပ်ကို မိုးရေးမြို့ အမှတ် (၇) ရပ်ကွက်မှာ တွေ့ရှိတဲ့အတွက် အနီးဝန်းကျင်မှာ နေထိုင်သူတွေကို သတိပေးပြီး လူတွေနဲ့ ဝေးရာကို လုံခြုံရေးတပ်ဖွဲ့တွေက သယ်ထုတ်ခဲ့ရပါတယ်။

ငွေဈေး၊ ရွှေဈေး၊ စက်သုံးဆီဈေး မေ - ၁၄ ၊ ၂၀၁၉

ဒီကနေ့မေ ၁၄ ရက်အတွက်  ဒီကနေ့ အမေရိကန်တစ်ဒေါ်လာလဲနှုန်းကတော့ တစ်ဒေါ်လာကို၁၅၃၁ ကျပ် (ဘဏ်ကအဝယ်)၊ ၁၅၃၅ ကျပ် (ဘဏ်ရောင်းဈေး) ဈေးရှိနေပြီးတော့ ယူရိုလဲနှုန်းကတော့ တစ်ယူရိုကို ၁၆၉၀ ကျပ် (ဘဏ်ကအဝယ်)၊၁၇၀၅ ကျပ် (ဘဏ်ရောင်းဈေး) ဖြစ်ပါတယ်။ စင်ကာပူတစ်ဒေါ်လာကို ၁၁၁၄ ကျပ် (ဘဏ်ကအဝယ်)၊ ၊၁၁၁၈ ကျပ် (ဘဏ်ရောင်းဈေး) ရှိပြီးတော့ မလေးရှားရင်းဂစ်ကတော့ တစ်ရင်းဂစ်ကို ၃၆၄ ကျပ် (ဘဏ်ကအဝယ်) ၊ ၃၆၈ ကျပ်(ဘဏ်ရောင်းဈေး) ဖြစ်ပါတယ်။ ထိုင်းဘတ်ကတော့ တစ်ဘတ်ကို ၄၈ ကျပ် (ဘဏ်ကအဝယ်)၊၄၉ ကျပ် (ဘဏ်ကအရောင်း) ဖြစ်ပါတယ်။ ရွှေဈေးကတော့ အခေါက်ရွှေတစ်ကျပ်သားကို ၁၀၅၁၅၀၀ကျပ် နဲ့ ဈေးဖွင့်ထားပါတယ်။ စက်သုံးဆီကတော့ ဒီဇယ် (500PPM) တစ်လီတာ ၁၀၀၀ ကျပ်၊ ဒီဇယ် (Premium) ကိုတစ်လီတာ ၁၀၁၀ ကျပ်၊ ဓာတ်ဆီ(Octane 92) ကို တစ်လီတာ ၉၀၀ ကျပ်၊ ဓာတ်ဆီ (Octane 95) ကို တစ်လီတာ ၉၇၀ကျပ်ဈေးဖြစ်ပါ တယ်။

မန္တလေးမှာအပူကြောင့် သေဆုံးသူငါးဦးထက်မနည်းရှိလာ

အပူရှပ်လို့ မန္တလေးပြည်သူ့ဆေးရုံကြီးကိုရောက်ရှိလာတဲ့ လူနာတွေထဲက သေဆုံးသူငါးဦးထက်မနည်းရှိနေပြီလို့ ဆေးရုံကြီးရဲ့လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းလွင်ကပြောပါတယ်။ ရာသီဥတုပူပြင်းလာတဲ့ ဧပြီလကုန်ပိုင်းကနေ ယခုလမေလ၁၂ရက်အထိ အပူရှပ်ပြီးရောက်ရှိလာတဲ့ လူနာ၄၀ကျော် ရှိပြီး အများစုက အသက်အရွယ်ကြီးရင့်သူတွေ၊ နေပူထဲမှာလုပ်ကိုင်နေရတဲ့သူတွ အများစုပါဝင်တယ်လို့ဆိုပါတယ်။

ပြည်နယ်တွေက စစ်ဘေးရှောင်စခန်းတွေ ဖျက်သိမ်းနိုင်ဖို့ ဆောင်ရွက်နေ

အပစ်အခတ်ရပ်စဲရေးကာလအတွင်းမှာ စစ်ဘေးရှောင်စခန်းတွေကို ဖျက်သိမ်းပြီး ပြန်လည်နေရာချထားရေးဆောင်ရွက်နိုင်ဖို့ ကြိုးစားဆောင်ရွက်နေတယ်လို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက ပြောဆိုလိုက်ပါတယ်။ ဒီကနေ့ နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာနမှာ ပြုလုပ်တဲ့ တတိယတစ်နှစ်တာ သတင်းစာရှင်းလင်းပွဲအပြီးမှာ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောဆိုလိုက်တာဖြစ်ပါတယ်။

စစ်သွေးကြွတွေက သတ်ဖြတ်နေရတာကြောင့် ပါကစ္စတန် ဟာဇာရာမျိုးနွယ်စုတေတွ ကြောက်လန့်နေ

 ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း ကီတာမြို့က ရှီယိုက် ဟာဇာရာ လူနည်းစုတွေဟာ သူတို့ကို ဂိုဏ်းဂဏစွဲ စစ်သွေးကြွတွေက သတ်ဖြတ်မှုတွေ ကျူးလွန်နေတာကြောင့် စိုးရိမ်ကြောက်လန့်နေရပြီး အာဏာပိုင်တွေဟာလည်း အဲဒီ သတ်ဖြတ်မှုတွေကို ရပ်တန့်အောင် လုပ်နိုင်စွမ်းပုံ မရဘူးလို့ ပြောကြပါတယ်။

နိုင်ငံမှာ အကြမ်းဖက်တိုက်ခိုက်မည့် အစီအစဉ် မလေးရှား ဟန့်တားနိုင်ခဲ့

နိုင်ငံမှာ အကြမ်းဖက်တိုက်ခိုက်မှုများ လုပ်ဆောင်မည့် အစီအစဉ်များကို မလေးရှား ရဲတပ်ဖွဲ့က ကြိုတင်သိရှိ ဟန့်တားနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် အိုင်အက်စ်အကြမ်းဖက် အဖွဲ့နဲ့ ဆက်နွယ်ပတ်သက်နေတဲ့ စစ်သွေးကြွ လေးဦးကိုလည်း ဖမ်းဆီးထိန်းသိမ်းခဲ့ရတယ်လို့ ဆိုပါတယ်။ အိုင်အက်စ်အကြမ်းဖက်အုပ်စုနဲ့ ပတ်သက်နေတယ်ဆိုတဲ့ အဆိုပါ စစ်သွေးကြွ လေးဦးဟာ ပေါက်ကွဲစေတဲ့ ပစ္စည်းတွေ ပိုင်ဆိုင်ထားပြီး မွတ်ဆလင် မဟုတ်တဲ့ ဘာသာရေးနေရာတွေမှာ တိုက်ခိုက်မှုတွေလုပ်ဖို့ အစီအစဉ်တွေ ရှိခဲ့တယ်လို့ သိရပါတယ်။

ရခိုင်ဒေသ လူမှုစီးပွားဘဝတိုးတက်ရေးအတွက် ပုံအောလုပ်ဆောင်နေဟု လူကယ်ပြန်ဝန်ကြီးပြော

အစိုးရသစ်လက်ထက်တွင် ရခိုင်ဒေသအတွင်း လူမှုစီးပွားဘဝ တိုးတက်ရေးအတွက် ပုံအောပြီး လုပ်ဆောင် နေကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောကြားသည်။ “လူမှုစီးပွားဖွံ့ဖြိုးတိုး တက်ရေးကောင်းကောင်းလုပ်ပြီးသွားရင်အဲ့ဒိဒေသက သဟဇာတဖြစ်သွားလိမ့်မယ်တဲ့။ တကယ်တော့ ဖွံ့ဖြိုးမှုအင်မတန်နောက်ကျတယ်။ ခွဲခြားတာတွေရှိတယ်။ တကယ့်ကိုနောက်ကျခဲ့ တဲ့နေရာ ဖြစ်တယ်။ ဒါပေမယ့်အစိုးရသစ်လက်ထက်မှာပုံအောပြီးတော့ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို လုပ်နေ တယ်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ အရေးမယူနိုင်ခဲ့သော တိုင်စာများအတွက် မေးခွန်းထုတ်

 ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်၏ နှစ်ပတ်လည် လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာအပေါ် ဆွေးနွေးရာတွင် တိုင်စာများ၏ ၂၅ ရာခိုင်နှုန်းကို အရေးယူဆောင် ရွက်နိုင်မှု မရှိသည့်အပေါ် မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၈)မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးမျိုးဝင်းက မေးခွန်းထုတ်ခဲ့သည်။

လူတစ်ဦး၏ ဥပဓိကို ဖျက်ဆီးနေသော ဆံပင်ဖြူများကို နုတ်ပေးခြင်းဟု ဒေါင်းတို့မျိုးဆက်အဖွဲ့ ပြန်ချေပ

 ဆံပင်များ နုတ်ခြင်းကို ဥပမာပေးကာ သည်းခံမည်မဟုတ်ဟု တပ်မတော်ဘက်မှ ပြောဆိုထားသည့်အပေါ် လူတစ်ဦး၏ ဥပဓိရုပ်ကို ဖျက်ဆီးနေသည့် ဆံပင်ဖြူများကို နုတ်ပေးနေခြင်းသာဖြစ်ကြောင်း ဒေါင်းတို့ မျိုးဆက် သံချပ်အဖွဲ့ဝင်များက တရာရုံးမှအထွက်တွင် ချေပပြောဆိုလိုက်သည်။  " စစ်တပ်က ကိုဇေယျာလွင်ပြောသလို လုံးဝ ဆတ်ဆတ်ထိမခံဖြစ်နေတယ်။ စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိတဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းပြောသွားတဲ့အတိုင်း ကျွန်တော်တို့ သူတို့(တပ်မတော်)ကို ဆံပင်မွေး နုတ်နေတာမဟုတ်ဘူး။ လူတစ်ယောက်ရဲ့ ဥပဓိကို ဖျက်ဆီးနေတဲ့ ဆံပင်ဖြူတွေကို ကျွန်တော်တို့ နုတ်ပေးနေတာပါ။ အဲ့ဒါကြောင့် ကျွန်တော်တို့ကို ကျွန်တော်တို့ကို ကျေးဇူးတင်ပါ"ဟု ဒေါင်းတို့ မျိုးဆက် သံချပ် အဖွဲ့ဝင် ကိုပိုင်ရဲသူက မေ ၁၃ ရက်တွင် ပြောဆိုခဲ့သည်။

ကနီတွင် လေပြင်းတိုက်

Image may contain: one or more people and outdoorစစ်ကိုင်းတို်င်းဒေသကြီး ကနီမြို့နယ်အတွင်း ယနေ့ မေ ၁၃ ရက်၊ ညနေ ၅ နာရီခန့်အချိန်က လေပြင်းတိုက်ခတ်မှုကြောင့် အပျက်အစီးများခဲ့ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။ ကနီမြို့ နယ်​အတွင်းရှိ ၀ယာရွာ၊ မဲဒင်​ရွာ၊ ​ညောင်​ပင်​လယ်​၊ဇီးဖြူ ကုန်း၊ ကြို့ကုန်း၊ ​အောင်​သာယာနှင့်ပလ္လင်​ရွာတို့တွင် လေဘေးသင့်ခဲ့သည်။ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များ အလုံးလိုက်ကျွတ်ပါသွားခြင်း၊ အိမ်အမိုးများလန်ခြင်း၊ဘုန်းကြီးကျောင်းများနှင့် သာသနိကအဆောက်အဦများ ပျက်စီးခဲ့ကြောင်း သိရသည်။

သူတို့လေးတွေကို သက်တမ်းစေ့ အသက်ရှူခွင့်ပေးပါ

အခုရက်ပိုင်း အိမ်ရှေ့စည်းဝင်းမှာ စိမ်းစိုစွာ ပေါက်နေတဲ့ သရက်ပင်၊ အရိပ်ရတည်ပင်၊ အုန်းပင်တွေရဲ့ မြေပေါ်ကို ပြိုလဲသံတွေက ရင်ထဲမှာ အမျိုးအမည်မသိ လှုပ်ခတ်နေ ရပါတယ်။ စည်းဝင်းအသစ်ခတ်မှာမို့ စည်းနဲ့မလွတ်ကင်းတဲ့အပင်တွေကို Changsawနဲ့ဖြတ်သံ၊ မြေပြင်ပေါ် လဲကျသံတွေကို ကြည့်ရင်း၊ နားစိုက်မိရင်း မြန်မာနိုင်ငံ တစ်ဝန်းမှာ ရှိနေတဲ့သစ်တောတွေ အမြန်နှုန်းနဲ့ ပြုန်းတီးနေတာတွေကိုပါ တစ်ဆက်တည်း တွေးမိလိုက်ပါတယ်။

ရန်ကုန်လွှတ်တော်ကော်မတီက သုံးနှစ်အတွင်း အမှု ၂၅၀ ကျော် ဖြေရှင်းပေးခဲ့

ရန်ကုန်တိုင်းလွှတ်တော် တရားစီရင်ရေးဥပဒေစိုးမိုးရေးနဲ့ တိုင်ကြားစာလက်ခံရေးကော်မတီက တိုင်ကြားမှုပေါင်း၂၅၀ကျော်ကို ဖြေရှင်းဆောင်ရွက်ပေးခဲ့တယ်လို့သတင်းရရှိပါတယ်။ ကော်မတီစတင်ဖွဲ့စည်းခဲ့ချိန်ကစလို့ လက်ရှိအချိန်ထိ သုံးနှစ်နီးပါးအတွင်းမှာ ဖြေရှင်းခဲ့တာဖြစ်တယ်လို့ ကော်မတီအဖွဲ့ဝင် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းကပြောပါတယ်။ အမှုအများစုကတော့ တရားရုံး၊ဥပဒေရုံးတွေနဲ့ဆိုင်တဲ့ အမှုတွေဖြစ်တယ်လို့သိရပါတယ်။

ရန်ကုန်မြို့တွင်း နှစ်ရက်ဈေးတွင် အစားအသောက်ရောင်းအားသွက်

Image may contain: one or more people, people standing and outdoorရန်ကုန်မြို့တွင်း နှစ်ရက်ဈေးတွင် အဝတ်အထည် နှင့်လူသုံးကုန်ထက် စားသောက် ဆိုင်များပိုမိုအရောင်းသွက်ကြောင်း သိရသည်။ ""စားသောက်ဆိုင်တွေကပို ရောင်းရတယ်။ အန်တီတို့ဆိုရင် စရိတ်သက်သက်ကိုရှုံးနေတယ်။အဝယ်မရှိဘူး။ ဆိုင်ခန်းခတွေများ တော့ မကိုက်ဘူး။ စားသောက် ဆိုင်တွေကတော့ ရောင်းရတယ်"" ဟု လှယဉ်ဆင့်အထည်ဆိုင်ပိုင် ရှင်က ပြောသည်။

ကွန်ဒိုအဆင့်မီ၊ မမီကို ယခုနှစ်ကုန်မှ စိစစ်နိုင်တော့မည်

ကွန်ဒိုအဆင့်မီ၊ မမီကို ယခုနှစ်ကုန်ပိုင်းမှသာ စိစစ်နိုင်တော့မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကွန်ဒိုမီ နီယံ ကြီးကြပ်ကော်မတီမှသိရသည်။ ကွန်ဒိုဥပဒေထွက်ပေါ်လာပြီးနောက် ဆောက်လုပ်ဆဲနှင့် ဆောက်လုပ်ပြီး ကွန်ဒိုများ စိစစ်ခံမည်ဆိုပါက ယခုနှစ် ဇွန်၊ ဇူလိုင် ခန့်တွင် စိစစ်ပေးနိုင်မည်ဟု မျှော်မှန်းခဲ့သော်လည်း အထွေထွေ လိုအပ်ချက်များအရ ယခုနှစ်ကုန်မှသာ စိစစ်နိုင်တော့မည်ဖြစ် ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကွန်ဒိုမီနီယံကြီးကြပ်ကော်မတီ ဝင် ဦးမျိုးမြင့်က မေ ၁၂ ရက်တွင် ပြောသည်။

ပြည်ပမှတင်သွင်းနေသည့် ဆေးဝါးကုန်ကြမ်း၊ ဓာတ်ခွဲခန်းသုံး Reagent နှင့် ဆေးဝါးထုပ်ပိုးပစ္စည်းများကို အကောက်ခွန် သုံးရာခိုင်နှုန်းမှ ငါးရာခိုင်နှုန်းအထိ ပေးဆောင်နေရ

ပြည်ပမှ နိုင်ငံအတွင်းတင် သွင်းနေသည့် ဆေးဝါးကုန်ကြမ်း၊ ဓာတ်ခွဲခန်းသုံး Reagent နှင့် ဆေး ဝါးထုပ်ပိုးပစ္စည်းများကို Customs က အပ သုံးရာခိုင်နှုန်းမှ ငါးရာခိုင်နှုန်းအထိ ပေးဆောင်နေရကြောင်း မြန်မာနိုင်ငံ ဆေးဝါးနှင့် ဆေးပစ္စည်း ထုတ်လုပ်သူများအသင်းမှ ဒုတိယဥက္ကဋ္ဌဌ ဒေါက်တာအောင်ဇော်က ပြောကြားသည်။  နိုင်ငံအတွင်း တင်သွင်းနေသည့် ဆေးဝါးကုန်ကြမ်း၊ ဓာတ်ခွဲခန်းသုံး Reagent နှင့် ဆေးဝါးထုပ်ပိုးပစ္စည်းများကို Customs Duty ကအပ သုံး ရာခိုင်နှုန်းမှ ငါးရာခိုင်နှုန်းအထိ ပေးဆောင်နေချိန်တွင် နိုင်ငံတွင်း သို့ပြည်ပမှ တင်သွင်းနေသည့် ဆေးဝါးကုန်ချောများမှာ အကောက်ခွန်အနေဖြင့် အချို့ပစ္စည်းများသည် ကင်းလွတ်ခွင့် ရရှိထားပြီးဖြစ်ကြောင်း နှင့်အချို့ဆေးဝါးများမှာ ၁ ဒသမ ၅ ရာခိုင်နှုန်းရှိနေသည့်အတွက် ထုတ်လုပ်မှုနှင့် ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်း ကျဆင်းလျက်ရှိကြောင်း သိရသည်။

လျှပ်စစ်မီးကြိုးသွယ်တန်းရာ၌ ကန့်ကွက်ခဲ့သော မိတ္ထီလာမြို့နယ် မြာကျေးရွာအား ခုနစ်လကျော်ကြာ လျှပ်စစ်မီးဖြတ်တောက်ခဲ့ပြီး လက်ရှိတွင် ပြေလည်မှုရရှိသဖြင့် လျှပ်စစ်ဓာတ်အား ပြန်လည်ချိတ်ဆက်ပေးခဲ့

လျှပ်စစ်မီးကြိုးသွယ်တန်းရာတွင် ကုန်ကျစရိတ်ရှိခဲ့သဖြင့် ကုန်ကျစရိတ် အချို့တစ်ဝက်မျှခံပေးရန် တောင်းဆိုရာ ပြေလည်မှုမရှိခဲ့သဖြင့် ခုနစ်လကျော်ကြာ လျှပ်စစ်မီးဖြတ်တောက်ခံခဲ့ရသော မိတ္ထီလာမြို့နယ် မြာကျေးရွာအား လက်ရှိအချိန်တွင် လျှပ်စစ်မီး ပြန်လည်ချိတ်ဆက်ပေးခဲ့သော်လည်း ကန့်ကွက်စဉ်က ပါဝင်ခဲ့သော ကျေးရွာသား ၁၀ ဦးခန့်(စိစစ်ဆဲ)အား အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်ထိ ကျခံရနိုင်သော ပုဒ်မ ၃၃၃ ကဲ့သို့သော ပုဒ်မများဖြင့် အမှုဖွင့်ထားဆဲဖြစ်ကြောင်း သတင်းရရှိသည်။

မလှိုင်မြို့နယ် စီမံကိန်းဦးစီးအရာရှိ နေအိမ် ဖောက်ထွင်းခံရသဖြင့် ဆိုင်ကယ်နှင့် ဖုန်းတစ်လုံး ပျောက်ဆုံး

မလှိုင်မြို့နယ် စီမံကိန်းရုံးဦးစီးအရာရှိ နေအိမ်ဖောက်ထွင်းခိုးယူခံရသဖြင့် ဆိုင်ကယ်တစ်စီး၊ ဖုန်းတစ်လုံးနှင့် ဆိုင်ကယ်ဦးထုပ်တစ်လုံး ပျောက်ဆုံးခဲ့ကြောင်း မိတ္ထီလာခရိုင် ရဲတပ်ဖွဲ့ရုံးမှ သိရသည်။ မေ ၅ ရက်နေ့မွန်းလွဲပိုင်းက မလှိုင်မြို့၊ အမှတ် ၃ ရပ်ကွက် နယ်မြေ ၁၂ နေ၊ ဦးလှိုင်မျိုး (မလှိုင်မြို့နယ် စီမံကိန်းရုံး ဦးစီးအရာရှိ)သည် အစ်ကိုဖြစ်သူ နာရေးရှိသဖြင့် ဇနီးနှင့်အတူ သွားရောက်လုပ်ကိုင် ကူညီနေစဉ် နေအိမ်အား သမီးဖြစ်သူနှင့် တူမဖြစ်သူသာ ကျန်ခဲ့ရာမှ မွန်းလွဲပိုင်းတွင် တူမဖြစ်သူက နေအိမ်တံခါး မပိတ်ခဲ့ကြောင်းနှင့်

နွေမှာ ရေကို မလိုစေလို

ထမင်းအသက် ခုနစ်ရက် ရေအသက် တစ်မနက်ဟု ဆိုရိုးစကားရှိပါတယ်။ လူတစ်ဦးဟာ ထမင်းခုနစ်ရက် မစားဘဲ အသက်ရှင် နေထိုင်နိုင်ပေမဲ့ ရေမသောက်ရဘဲနဲ့တော့ တစ်မနက်တောင်မှ နေထိုင်ဖို့ ခက်တယ်လို့ ဆိုခဲ့တာပါ။ သစ်တောပြုန်းတီးမှု၊ ကမ္ဘာကြီး ပူနွေးလာခြင်းနဲ့အတူ မြန်မာနိုင်ငံ အနှံ့မှာလည်း ယခုနှစ် နွေရာသီဟာ ယခင်နှစ်များထက် ပိုမိုအပူရှိန် ပူပြင်းပြင်းထန် လွန်းလှပါတယ်။ နေပူရှိန်မြင့်မားမှုနဲ့အတူ အထက်အညာဒေသများနဲ့ ပင်လယ်ကမ်းနီး ရေချို မရရှိတဲ့ ဒေသများသာမက မြန်မာနိုင်ငံအနှံ့ တိုင်းဒေသကြီး၊ ပြည်နယ်၊ မြို့နယ်အသီးသီး မှာ သောက်သုံးရေ ရှားပါးမှုကို ကြုံတွေ့လာရပါတော့တယ်။ အဆိုးရွားဆုံး ကြုံတွေ့နေရတဲ့ ဒေသတွေကတော့ အထက်အညာဒေသများနဲ့ ရေငန်ဒေသဖြစ်တဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်က ပင်လယ်ကမ်းနီး ကျေးရွာများပါပဲ။

ထိုင်းနှင့် မြန်မာ ပူးပေါင်းရိုက်ကူးသည့် ‘မဖဲဝါ’ ဝိညာဉ်ဇာတ်ကား စတင်ရိုက်ကူးလျက်ရှိပြီး နိုင်ငံတကာတွင်ပြသရန်စီစဉ်ထား

ထိုင်းနှင့်မြန်မာပူးပေါင်းရိုက်ကူးသည့် ‘မဖဲဝါ’ ဝိညာဉ်ဇာတ်ကားအား မေလဒုတိယပတ်တွင် စတင်ရိုက်ကူးလျက်ရှိကာ ယင်းဇာတ်ကားကိုမြန်မာ၊ ထိုင်းနှင့်နိုင်ငံတကာတွင် ပါပြသရန်စီစဉ်ထားသည်ဟု သိရသည်။ ‘မဖဲဝါ’ ရုပ်ရှင်ဇာတ်ကားကို ထိုင်းဒါရိုက်တာ Pakphum Wongjinda ကရိုက်ကူးလျက်ရှိကာ ထိုင်းနိုင်ငံမှမင်းသား Nararphat Stary ၊ ခါရာ၊ Kohtee Aramboy ၊ ပက်ထရစ်ရှာ၊ အကယ် ဒမီမေသဉ္ဇာဦး၊ နော်ဖောအယ်ထား၊ လီလီကျော်ခိုင်နှင့် ထိုင်းသရုပ်ဆောင်များစွာတို့ပါဝင်ကြောင်း သိရသည်။   

မြဝတီ-ကော့ကရိတ် အာရှလမ်းတွင် ခရီးသည်တင်ယာဉ် တစ်စီး တိမ်းမှောက်မှု ဖြစ်ပွားပြီး ၃၄ ဦီး ဒဏ်ရာရရှိ

မြဝတီ-ကော့ကရိတ် ဒေါနတောင်ကျော် အာရှအမြန်လမ်း မိုင်တိုင် ၁၅၈ အနီးတွင် မေ ၁၃ ရက် နံနက်က ခရီးသည်ပို့ဆောင်ရေး မှန်လုံယာဉ်တစ်စီး တိမ်းမှောက်မှုကြောင့် ခရီးသည် ၃၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ြ မဝတီ-ကော့ကရိတ် ဒေါနတောင်ကျော် အာရှလမ်း မိုင်တိုင် ၁၅၈ တွင် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းအရ သင်္ဃ္န်းညီနောင် ရဲစခန်းမှူး ရဲအုပ်ရဲနိုင်နှင့် ရဲတပ်ဖွဲ့ဝင်များသည် သင်္ဃ္န်းညီနောင် ကျေး ရွာ ရာအိမ်မှူး ဦးမောင်ဦးနှင့် သက်သေများ ပါဝင်ကာ အခင်းဖြစ်သည့် မြဝတီ-ကော့ကရိတ် အမြန်လမ်း မိုင်တိုင် အမှတ် (၁၅၈) သို့ သွားရောက် စစ်ဆေးကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဖိလစ်ပိုင် သက်တမ်းလယ် ရွေးကောက်ပွဲများတွင် လွှမ်းမိုးနိုင်ရန် သမ္မတဒူတာတေး၏ မဟာမိတ်များ ကြိုးပမ်း

မဲစာရွက်တွင် ဖိလစ်ပိုင် သမ္မတ ဒူတာတေး၏အမည် မပါဝင်သော်လည်း မေ ၁၃ ရက်တွင် ကျင်းပခဲ့သော သက်တမ်းလယ် ရွေးကောက်ပွဲများသည် တရားမဝင် မူးယစ်ဆေးဝါးများအား ရက်ရက်စက်စက် နှိမ်နင်းမှု၊ အစဉ်အလာများအား ချိုးဖောက်မှုနှင့် တရုတ်အား အငြင်းပွားဖွယ်ရာ လက်ခံကြိုဆိုမှု ရှိခဲ့သည့် သမ္မတ၏ အုပ်ချုပ်မှုကို အရေးပါသော လူထုဆန္ဒခံယူပွဲအဖြစ် ရှုမြင်ခံရသည်။ ဖိလစ်ပိုင်၏ ကွန်ဂရက်အမတ်နှင့် ဒေသဆိုင်ရာ ရာထူးနေရာ ၁၈၀ဝ၀ ခန့်ကို ရွေးချယ်ခံရရန် ကြိုးပမ်းနေသည့် ကိုယ်စားလှယ်လောင်း ၄၃၅၀ဝ ကို မဲပေးရန် မှတ်ပုံတင်ထားသည့် ဖိလစ်ပိုင် ပြည်သူ ၆၂ သန်း နီးပါးက မဲပေးရွေးချယ်ရမည် ဖြစ်သည်။

သီရိလင်္က࿿ာတွင် ဘာသာရေး အဓိကရုဏ်းများကြောင့် Facebook အပါအဝင် လူမှုမီဒီယာများကို ပိတ်ပင်

တနဂင်္နွေနေ့ အီစတာပွဲတော် အသေခံ ဗုံးခွဲတိုက်ခိုက်မှုများ၏ ဆိုးရွားသော နောက်ဆုံး အကျိုးဆက်အဖြစ် သီရိလင်္က࿿ာနိုင်ငံ မြို့ပေါင်းများစွာတွင် မွတ်စလင် ဆန့်ကျင်ရေး အဓိကရုဏ်းများ ဖြစ်ပွားခဲ့ပြီးနောက် သီရိလင်္က࿿ာနိုင်ငံသည် Facebook ၊ Whats App နှင့် အခြားလူမှုမီဒီယာ ပလက်ဖောင်းများကို မေ ၁၃ ရက်တွင် ပိတ်ပင်လိုက်ကြောင်း သိရသည်။ ဂျီဟတ်ဝါဒီ အသေခံ ဗုံးခွဲသမားများက ဧပြီ ၂၁ ရက်တွင် လူပေါင်း ၂၅၈ ဦးကို သေဆုံးစေခဲ့သည့် တိုက်ခိုက်မှုများကို ဟိုတယ် သုံးခုနှင့် ခရစ်ယာန် ဘုရားကျောင်း သုံးခုတို့၌ ပြုလုပ်ခဲ့ပြီးနောက် ခရစ်ယာန်အဖွဲ့များက မွတ်စလင်များ ပိုင်ဆိုင်သော ဆိုင်များကို တိုက်ခိုက်ခဲ့ရာ သီရိလင်္က࿿ာတွင် ဘာသာရေး တင်းမာမှုများ ဆက်လက် ဖြစ်ပေါ်နေသည့် လက္ခဏာတစ်ရပ်ကို ပြသနေသည်။

အင်ဂျလီနာဂျိုလီက စူပါဟီးရိုးဇာတ်ကား The Eternals တွင် အဓိကဇာတ်ကောင်အဖြစ် ပါဝင်နိုင်ခြေရှိ

မာဗယ်သည် Avengersး Endgame ဇာတ်ကားဖြန့်ချိခဲ့ပြီးနောက် The Eternals ဟု အမည်ပေးထားသည့် စူပါဟီးရိုးဇာတ်ကားသစ် ရိုက်ကူးရေးအတွက် ပြင်ဆင်မှုများ ပြုလုပ်နေပြီဖြစ်သည်။ ယင်းဇာတ်ကားတွင် အမေရိကန်သရုပ်ဆောင် အင်ဂျလီနာဂျိုလီက အဓိက ဇာတ်ကောင်တစ်ဦးအဖြစ် ပါဝင်နိုင်ခြေရှိ သည်ဟု People  မဂ္ဂဇင်းက ဖော်ပြခဲ့သည်။  မာဗယ်ဇာတ်ကားတစ်ကားတွင် ပါဝင်သရုပ်ဆောင်မည်ဟု အသက် ၄၃ နှစ်အရွယ်ရှိ ဂျိုလီကလည်း Hollywood Reporter သို့ မတ်လတွင် ပြောကြားခဲ့သည်။ ဂျိုလီသည် Sersi ဇာတ်ကောင်အဖြစ် ပါဝင်နိုင်ခြေရှိသည်ဆိုသော ခန့်မှန်းချက်များလည်း ထွက်ရှိခဲ့သည်။

မလေးရှားက IS နှင့် ဆက်နွှယ်သော စစ်သွေးကြွ လေးဦးအား ဖမ်းဆီးပြီး ဖောက်ခွဲရေး ပစ္စည်းများကို သိမ်းဆည်း

ဖောက်ခွဲရေးပစ္စည်းများ လက်ဝယ် ထားရှိပြီး မွတ်စလင် မဟုတ်သည့် အခြားဝတ်ပြု နေရာများအား တိုက်ခိုက်ရန် စီစဉ်နေသည့် IS ဂျီဟတ်အဖွဲ့နှင့် ဆက်နွှယ်သည့် စစ်သွေးကြွ လေးဦးကို ဖမ်းဆီးခဲ့ကြောင်း မလေးရှား ရဲတပ်ဖွဲ့က မေ ၁၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ထိုအဖွဲ့အား ဦးဆောင်သည့် မလေးရှား တစ်ဦး၊ မြန်မာမှ ဘင်္ဂ࿿ါလီ မွတ်စလင် နှစ်ဦးနှင့် အင်ဒိုနီးရှား တစ်ဦး တို့ပါဝင်သည့် ထိုသံသယ ရှိသူများအား ပြီးခဲ့သော သီတင်းပတ်တွင် မြို့တော် ကွာလာလမ်ပူ တစ်ဝန်းနှင့် နိုင်ငံအရှေ့ပိုင်း တီရန်ဂါနူပြည်နယ်တို့၌ စီးနင်းမှုများအတွင်း ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ကုန်သွယ်ရေးကိစ္စများ ဆွေးနွေးရန်အတွက် ထရန့်နှင့် ရှီတို့ လာမည့်လတွင် တွေ့ဆုံနိုင်ဟု အိမ်ဖြူတော်က ပြောကြား

ကုန်သွယ်ရေးနှင့်ပတ်သက်ပြီး ကွဲလွဲမှုများကို ဆွေးနွေးရန်အတွက် အမေရိကန် သမ္မတဒေါ်နယ်ထရန့်နှင့် တရုတ်သမ္မတ ရှီကျင်ပင်းတို့သည် လာမည့်လတွင် ဂျီ-၂၀ ထိပ်သီးအစည်းအဝေး ဘေးဆွယ်အစည်းအဝေးတွင် တွေ့ဆုံနိုင်ဖွယ်ရှိဟု အိမ်ဖြူတော်  စီးပွားရေးအကြံပေး လာရီကက်လိုက ပြောကြားခဲ့သည်။ သို့သော်လည်း ဆွေးနွေးပွဲသစ်များ ထပ်မံကျင်းပရေးနှင့်ပတ်သက်ပြီး စီစဉ်ထားခြင်းမရှိဟု ゞင်းက ပြောကြားခဲ့သည်။

စည်းမျဉ်းပြောင်းသည့်အတွက် အမတ်နေရာ ရသွားသော ပါတီငယ်များက ထိုင်းစစ်အစိုးရ ခေါင်းဆောင်ကို ထောက်ခံကြမည်

ထိုင်းတွင် အငြင်းပွားဖွယ် ရွေးကောက် ပွဲစည်းမျဉ်း အပြောင်းအလဲကြောင့် ပါလီမန်ထဲ၌ အမတ်တစ်နေရာစီ ရရှိခဲ့သည့် ထိုင်းပါတီငယ် ၁၁ ခုက စစ်တပ် လိုလားသည့် အဓိက ပါတီကို ထောက်ခံမည့်အကြောင်း ထိုပါတီ ခေါင်းဆောင်များက မေ ၁၃ ရက်တွင် ပြောခဲ့ကြသည်။ ထို့ကြောင့် ၂၀၁၄ ခုနှစ်က အာဏာသိမ်းပြီးနောက် ဝန်ကြီးချုပ်နေရာကို ရရှိလာသည့် စစ်အစိုးရ ခေါင်းဆောင်မှာ အာဏာ၌ ဆက်လက် တည်မြဲနိုင်စေရန် လုံလောက်သည့် မဲအရေအတွက်ကို ရနိုင်တော့မည် ဖြစ်သည်။

တာချီလိတ်တွင် တရားမဝင် နေထိုင်ပြီး အွန်လိုင်းလောင်းကစား လုပ်ကိုင်ကြသော တရုတ်နိုင်ငံသား ၁၈၀ ကျော်ကို လက်နက်များနှင့်အတူ ဖမ်းမိ

ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် တရားမဝင် နေထိုင်ပြီး အွန်လိုင်းလောင်းကစား လုပ်ကိုင်ကြသော တရုတ်နိုင်ငံသား အယောက် ၁၈၀ ကျော်ကို မိုဘိုင်းဖုန်းများ၊ လက်နက်များနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း မေ ၁၃ ရက်တွင် သတင်းရရှိသည်။တာချီလိတ်မြို့နယ်တွင်းရှိ ရပ်ကွက်များအတွင်း တရုတ်နိုင်ငံသားများ တရားမဝင် နေထိုင်ပြီး အွန်လိုင်း လောင်းကစား ပြုလုပ်နေသည်ဟု သတင်းရရှိသောကြောင့် လဝက၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အပါအဝင် ဌာနဆိုင်ရာ အဖွဲ့စုံဖြင့် တာချီလိတ်မြို့တွင်း နေရာ သုံးခုကို ဝင်ရောက် စစ်ဆေးရာတွင် တရုတ်နိုင်ငံသား ၁၈၈ ဦးကို ရိုင်ဖယ်သေနတ် သုံးလက်၊ မိုဘိုင်းဖုန်းများ၊ စိတ်ကြွဆေးပြား အချို့နဲ့အတူ မေ ၁၃ ရက် နေ့လည်ပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှ အတည်ပြုပြောကြားသည်။

အမေရိကန် တစ်ဒေါ်လာ ၁၅၁၀ ကျပ် ဝန်းကျင်တွင် နှစ်လကျော် ငြိမ်သက်နေသည့် ဒေါ်လာလဲလှယ်နှုန်း တစ်ဒေါ်လာ ၁၅၃၀ ကျပ်သို့ ရောက်ရှိလာ

နိုင်ငံခြားငွေလဲနှုန်းဟာ ဖေဖော်ဝါရီလ တတိယပတ်ခန့်ကစပြီး အနည်းငယ် လျော့ကျလာခဲ့ရာ တစ်ဒေါ်လာ ကျပ်ငွေ ၁၅၁၀ ဝန်းကျင်များရှိခဲ့ပြီး အခုလ မေလအတွင်းမှာ တစ်ဒေါ်လာ ၁၅၃၀ ကျပ်ဝန်းကျင်ကို ပြန်လည် မြင့်တက်လာတယ်လို့ ပြင်ပဒေါ်လာဈေးကွက်က သိရပါတယ်။

ကမ္ဘာအေး တိပိဋက မဟာဂန္ဓာရုံကျောင်းတိုက် ဆရာတော်ဘုရားကြီး နှစ်ပတ်လည်ပူဇော်ပွဲနှင့် တိပိဋကဓရ စာမေးပွဲအောင် အရှင်မြတ်များအား ဂုဏ်ပြုပူဇော်ပွဲကျင်းပ

Image may contain: 4 people, people sitting and indoorရန်ကုန်မြို့ ကမ္ဘာအေး တိပိဋက မဟာဂန္ဓာရုံကျောင်းတိုက် ဆရာတော်ဘုရားကြီး တိပိဋက ဓမ္မဘဏ္ဍာဂါရိက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓမ္မပါဠိပါရဂူ၊ ပရိယတ္တိသာသနာလင်္ကာရအကျော် ဘဒ္ဒန္တသုမင်္ဂလာလင်္ကာရ(Ph. D) လွန်တော်မူသည့် ၁၃နှစ်မြောက် နှစ်ပတ်လည်ပူဇော်ပွဲနှင့် တိပိဋကဓရ စာမေးပွဲအောင် အရှင်မြတ်များအား ဂုဏ်ပြုပူဇော်ပွဲကို ယင်းကျောင်းတိုက်တွင် ယနေ့(မေ ၁၃)နံနက်ပိုင်းက ကျင်းပခဲ့သည်။

ဝစီပိတ်ဆရာတော် မွေးနေ့ ကုသိုလ်အဖြစ် အသည်းရောင်ရောဂါ B ကာကွယ်ဆေး အခမဲ့ ထိုးပေး

Image may contain: 3 people, outdoorImage may contain: 4 people, people smiling, people standing, people on stage and indoorကျိုင်းတုံမြို့ သီလဓမ္မ ကုန်းသာတောရ ကျောင်းထိုင် ဆရာတော် ဦးကောဝိဒ (ဝစီပိတ်ဆရာတော်)ရဲ့ သက်တော် ၆၁နှစ်ပြည့် ဝိဇာတမွေးနေ့ ကုသိုလ်အဖြစ် ပန်ကွဲကျေးရွာ၊ ဗုဒ္ဓဥယျာဉ် သုံးထပ်ကျောင်းမှာ ပြည်သူဦးရေတစ်ထောင်ကို အသည်းရောင်ရောဂါ(B)ကာကွယ်ဆေး အခမဲ့ ထိုးပေးခဲ့ပါတယ်။ တပ်မတော်ဆေးရုံနဲ့ ပြည်သူ့ဆေးရုံတို့က ပူးပေါင်းပြီး ခေတ်မီစက်ကိရယာတွေ၊ ဆေးပစ္စည်းတွေနဲ့ ဆရာဝန်၊ သူနာပြုတွေကဆောင်ရွက်ပေးမှာဖြစ်ပြီး မည်သူမဆိုလာရောက်ဆေးထိုးနိုင်တယ်လို့ သိရပါတယ်။ အဲဒီနောက် ဒီနေ့ မွန်းလွဲ ၁ နာရီကစတင်ပြီး ကျိုင်းတုံမြို့ မြို့တော်ခန်းမမှာ ကျန်းမာရေး အသိပညာပေး ဟောပြောပွဲကျင်းပလျှက်ရှိပါတယ်။ နက်ဖြန် မေလ ၁၄ ရက် နံနက်ပိုင်းမှာတော့ ဆရာတော်ရဲ့ သက်တော် ၆၂နှစ်ပြည့် ၀ိဇာတ မွေးနေ့မင်္ဂလာနဲ့ ဥပသမ္ဗကံတောင် သိက္ခာထပ် မင်္ဂလာအခမ်းအနားကို ၀စီပိတ်ကျောင်းတိုက်မှာ ကျင်းပမှာဖြစ်ပါတယ်။

အဝေးသင်တက္ကသိုလ် အနီးကပ် ၅ ရက်နှစ်ခါ ခွဲပြီးတက်ရမယ့်ကိစ္စနဲ့ပတ်သက်တဲ့ ဖဲကြိုးနီလှုပ်ရှားမှု မန်းမှာပြုလုပ်

Image may contain: one or more people and outdoorအဝေးသင်တက္ကသိုလ်ကျောင်းသားတွေ အနီးကပ်သင်တန်းကို ၅ ရက်နှစ်ခါ ခွဲပြီးတက်ရမယ့်ကိစ္စနဲ့ပတ်သက်လို့ ကျေနပ်မှုမရှိကြလို့ဆိုပြီး ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂကဦးဆောင်မှုနဲ့ အဝေးသင်ကျောင်းသားတစ်ချို့ က မန္တလေး ရတနာပုံတက္ကသိုလ်ဝင်းအတွင်းမှာ ဒီကနေ့ ဖဲကြိုးနီကမ်ပိန်းပြုလုပ်ခဲ့ကြပါတယ်။ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနက ပြီးခဲ့တဲ့မေလ ၉ ရက်နေ့က အဝေးသင်တက္ကသိုလ်အတွက် ပညာရေးစနစ်သစ်ထုတ်ပြန်လိုက်တဲ့စာမှာ Orientation ၅ ရက် နဲ့ အနီးကပ် ၅ ရက် ခွဲတက်ရမယ်လို့ပါလာတာကြောင့် ဒါကိုမကျေနပ်ကြလို့ ကျောင်းသားတွေက ဖဲကြိုးနီလှုပ်ရှားမှုနဲ့တုန့်ပြန်လိုက်ကြတာလို့ ဆိုပါတယ်။

ကိုရီးယားနိုင်ငံသူတစ်ဦးအား အဓမ္မပြုကျင့်ရန်ကြံပြီး လက်သီးနှင့်ထိုးကာ ထွက်ပြေးသူကို ဖမ်းမိပြီ

Image may contain: 1 person, sitting and outdoorကိုရီးယားနိုင်ငံသူတစ်ဦးကို အဓမ္မပြုကျင့်ရန်ကြိုးစားကြံစည်ပြီး လက်သီးနှင့်ထိုးကာထွက်ပြေးသွားသည့် ဆိုင်ကယ်ကယ်ရီသမားကို ယမန်နေ့က ဖမ်းဆီးရမိခဲ့သည်။ေ မလ(၁)ရက်နေ့က ကိုရီးယားနိုင်ငံသူ --- သည် ၎င်း၏ မိန်းကလေးသူငယ်ချင်းဖြစ်သူအား အောင်မင်္ဂလာကားကြီးကွင်းသို့ လိုက်ပါပို့ဆောင်ပြီးနောက် ည ၇နာရီအချိန်ခန့်တွင်အချိန်တွင် ၎င်းတည်းခိုသည့် ဝိဇယဟိုတယ်သို့ ပြန်ရန်အတွက် ဆိုင်ကယ်ကယ်ရီသမားတစ်ဦးကိုငွေကျပ်(၂၀၀၀ိ/-)ဖြင့် ငှားရမ်းခဲ့သည်။

ဆော်ဒီရေနံတင်သင်္ဘောနှစ်စီး ပင်လယ်ကွေ့တွင် တိုက်ခိုက်ခံရပြီးနောက် ရေနံဈေးနှုန်းမြင့်တက်လာဟုဆို

ဆော်ဒီရေနံတင်သင်္ဘောနှစ်စီးတိုက်ခိုက်ခံရပြီးနောက် ရေနံဈေးနှုန်းမြင့်တက်လာကြောင်း နိုင်ငံတကာသတင်းများက ရေးသားကြသည်။ ယူအေအီးနိုင်ငံ ကမ်းလွန်ပင်လယ်ပြင်တွင် ဆော်ဒီအာရေဗျနိုင်ငံမှ ရေနံတင်သင်္ဘောနှစ်စီး တိုက်ခိုက်ဖျက်ဆီးခံရကြောင်း ဆော်ဒီနို်င်ငံမှ ကြေညာလိုက်ပြီးနောက်ပိုင်းတွင် ရေနံဈေးနှုန်းထိုသိုမြင့်တက်လာခြင်းဖြစ်သည်။

မူဆယ်-မန္တလေးရထားလမ်းစီမံကိန်းကုန်ကျစရိတ် ဒေါ်လာကိုးဘီလီယံခန့်ရှိမည်ဟု ခန့်မှန်း

မူဆယ်-မန္တလေး ရထားလမ်းဖောက်လုပ်ရေးစီမံ ကိန်းအတွက် Feasibility Study (လုပ်ငန်းဖြစ်မြောက်နိုင်ခြေလေ့ လာမှု) အရ စီမံကိန်းကုန်ကျစရိတ်ဒေါ်လာ ၈ ဒမသ ၉ ဘီလီယံကျော် ကုန်ကျမည်ဟု ခန့်မှန်းထား ကြောင်း မြန်မာ့မီးရထားလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးဘ မြင့်က ပြောသည်။ မြေပြင်တိုင်းတာမှု ဆာဗေး လုပ်ငန်းများအတွက် ပို့ဆောင် ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာ န၊ မြန်မာ့မီးရထားနှင့် တရုတ်နိုင် ငံ China Railway Eryuan Engineering Group တို့ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုး လုပ်ကိုင်နေခြင်းဖြစ်သည်။

တပ်မတော်ရှိ အရွယ်မရောက်သေးသူကလေး သူငယ်တစ်ဦးနုတ်ထွက်ပါက ယ ခင်ပေးနေသည့် ထောက်ပံ့ကြေး ကျပ်ငါးသိန်းအစား ကျပ် ၁၀ သိန်းအထိ တိုးမြှင့်ပေးနေပြီဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေးကပြောသည်။ ‘‘ငွေထောက်ပံ့ရုံတင်မဟုတ် သေးဘူး။ ပြန်လည်ထူထောင် ရေးကို ကျွန်တော်တို့က လုပ်ပေး ရတာ။ စိတ်ပိုင်းဆိုင်ရာ၊ရုပ်ပိုင်း ဆိုင်ရာတွေလုပ်ရတယ်’’ ဟု ၎င်း ကပြောသည်။ ထို့အပြင် ကလေးစစ်သား များ အလုပ်အကိုင်ရရှိရန် ဆောင် ရွက်ပေးကြောင်း ၎င်းက ဆက် လက်ပြောကြားသည်။ လက်ရှိ၌ တပ်မတော်အ တွင်း ကလေးစစ်သား မည်မျှကျန် ရှိနေသည်ကို မသိသော်လည်း တပ်မတော်က သတ်မှတ်ထား သည့် စည်းမျဉ်းစည်းကမ်းများကို မသိရှိဘဲရောက် ရှိနေသူများတွေ့ ရှိပါက ပြန်လည်ထုတ်နုတ်ပေးနေ ကြောင်း ဒေါက် တာဝင်းမြတ်အေး ကပြောသည်။ အရွယ်မရောက်သေးသူ ကလေးသူငယ်များ စစ်မှုထမ်း ခြင်းမှ ကာကွယ်တားဆီးရေး ကိစ္စများကို အဖွဲ့ဝင် ၁၂ ဦးဖြင့် ၂၀၁၆ မေလက စ၍ဖွဲ့စည်း ဆောင်ရွက်နေသည်။ ထို့အပြင် ယခုနှစ်အတွင်း နိုင်ငံတော် သမ္မတရုံးကလည်း ကြေညာချက်တစ်ရပ်ထုတ်ပြန်၍ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီး လေးသော ကျူးလွန်မှုများမှ ကာ ကွယ်တားဆီးရေးကော်မတီကို ဖွဲ့စည်းဆောင်ရွက်နေကြောင်း ၀န်ကြီးကအသိပေးသည်။ ၂၀၀၄ မှ ၂၀၁၉ မတ်လအ ထိ တပ်မတော်မှ နုတ်ထွက်ခွင့် ရရှိခဲ့သော အရွယ်မရောက်သေး သည့် ကလေးသူငယ်စုစုပေါင်း ၁,၅၇၉ ဦးရှိသည်။ ယင်းအနက် ကလေးသူ ငယ် ၇၅ ဦးအတွက် တစ်ဦးလျှင် ကျပ်ငါးသိန်းနှုန်းဖြင့် စုစုပေါင်း ၃၇ ဒသမ ၅ သန်းကို အစိုးရက ထောက်ပံ့ပေးထားသည်ဟု ၀န် ကြီးဌာနစာရင်းများကဆိုသည်။

တပ်မတော်ရှိ အရွယ်မရောက်သေးသူကလေး သူငယ်တစ်ဦးနုတ်ထွက်ပါက ယ ခင်ပေးနေသည့် ထောက်ပံ့ကြေး ကျပ်ငါးသိန်းအစား ကျပ် ၁၀ သိန်းအထိ တိုးမြှင့်ပေးနေပြီဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး   နှင့် ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာ  ၀င်းမြတ်အေးကပြောသည်။ ‘‘ငွေထောက်ပံ့ရုံတင်မဟုတ် သေးဘူး။ ပြန်လည်ထူထောင် ရေးကို ကျွန်တော်တို့က လုပ်ပေး ရတာ။ စိတ်ပိုင်းဆိုင်ရာ၊ရုပ်ပိုင်း ဆိုင်ရာတွေလုပ်ရတယ်’’ ဟု ၎င်း ကပြောသည်။

အစိုးရ၀န်ထမ်းများ ခရီးသွားနေ့တွက်စရိတ် တိုးမြှင့်

အစိုးရ၀န်ထမ်းများ တာဝန်ဖြင့်ပြည်တွင်းခရီးစဉ်များ သွားလျှင် တစ်ရက်စာခရီးသွားနေ့   တွက်စရိတ်ကျပ် ၄,၈၀၀ သို့တိုး မြှင့်ကြောင်း  စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီးဌာနက မေလ  ၁၀ ရက်စွဲဖြင့် အမိန့်ကြော်ငြာစာ ထုတ်ပြန်သည်။ ၀န်ထမ်းတစ်ဦး၏ ခရီးသွား  နေ့တွက် စရိတ်ကို ယခင်က တစ်ရက်လျှင် ကျပ် ၃,၀၀၀သတ် မှတ်ပြီး ယခုနှစ်မေလ ၁ ရက်က စတင်၍ ကျပ် ၄,၈၀၀ သို့တိုးမြှင့် ခံစားခွင့်ပြုခြင်းဖြစ်သည်။ ခရီး သွားနေ့တွက်စရိတ် ၆၀ ရာ ခိုင်နှုန်းတိုးမြှင့်ခံစားခွင့် ပြုသော် လည်း ကိုယ်ရေးကိုယ်တာကိစ္စ ဖြင့်ခရီးသွားလာခြင်းကို တာဝန် အဖြစ်သတ်မှတ်ဖော်ပြခြင်းမပြု ရန် ၀န်ကြီးဌာန၊ အဖွဲ့အစည်း  များက ကြပ်မတ်ဆောင်ရွက် ရမည်ဟု အမိန့်ကြော်ငြာစာတွင် ဖော်ပြထားသည်။

သာကေတအ၀ိုင်းအနီးမှ ရှုခင်းသာမြို့ပတ်လမ်းထိပ် အထိလမ်းပိတ်ထားမည်

သာကေတမှ သန်လျင် သို့ဆက်သွယ်မည့်ပဲခူမြစ်ကူးတံ တား၊ သန်လျင်တံတားအမှတ် (၃)  တည်ဆောက်ရန် သာကေတ ဘက်ခြမ်းချဉ်းကပ်လမ်းကို မေလ ၁၃ ရက်တွင် စတင်လုပ်ဆောင် နေပြီဖြစ်ကြောင်း သတင်းထုတ် ပြန်သည်။ အဆိုပါ တံတားချဉ်းကပ် လမ်းကို တည်ဆောက်နိုင်ရန် သာကေတအ၀ိုင်းအနီးမှ ရှုခင်း သာမြို့ပတ်လမ်းထိပ်အထိ မူလ ကတ္တရာလမ်းဟောင်းကို ပိတ် သိမ်းပြီး တံတားလုပ်ငန်းစတင်ဆောင်ရွက်နေခြင်း ဖြစ်သည်။

သင်္ဃန်းကျွန်းတွင် ဓားဖြင့်ထိုး၍ ထွက်ပြေးသူများကို ဘိုကလေး၌ ဖမ်းဆီးမိ

သင်္ဃန်းကျွန်းမြို့နယ် တွင် လမ်းလျှောက်လာသူအမျိုး သားကို ဓားဖြင့်ထိုး၍ ထွက်ပြေး သူများကို ဖမ်းဆီးရမိကြောင်း မေလ ၁၃ ရက်၌ ရန်ကုန်တိုင်းရဲတပ် ဖွဲ့က ထုတ်ပြန်သည်။ သေဆုံးသူသည် အသက် (၂၅)နှစ်ရှိ ဖြိုးဝေဦးဆိုသူဖြစ်ပြီး မေလ ၅ ရက်ညနေ ၅ နာရီက ၎င်း၏ရည်းစားနှင့်အတူ တောင် ဒဂုံမြို့နယ်ဘက်မှ သင်္ဃန်းကျွန်း မြို့နယ် ကြီးပွားရေးရပ်ကွက်သို့ ပြန်လာစဉ် အမည်မသိလူငယ်နှစ် ဦးကဆိုင်ကယ်ဖြင့်လိုက်လာကာ ဖြိုးဝေဦး၏ လည်ပင်း၊ကုပ်ပိုးကို ဓားဖြင့် ထိုးခဲ့သည်ဟု ရဲမှတ်တမ်း ကဆိုသည်။

ရှမ်းနှင့် စစ်ကိုင်းတွင် မြို့နှစ်မြို့ အပူချိန်စံချိန်သစ်တင်

ရှမ်းပြည်နယ်နှင့် စစ် ကိုင်းတိုင်းဒေသကြီးတွင် မြို့နှစ် မြို့ အပူချိန်စံချိန်သစ်တင်ခဲ့ပြီး ဖန်နီမုန်တိုင်းအလွန် မြန်မာနိုင်ငံ ၌ ငါးရက်ဆက် စံချိန်သစ်တင် ခြင်းအဖြစ် မှတ်တမ်းဝင်ခဲ့သည်။  နမ့်စန်မြို့တွင် မေလ ၁၂ ရက်က ၃၈ ဒသမ ၁ ဒီဂရီစင်တီ ဂရိတ်၊ တမူးမြို့၌ ၃၈ ဒသမ ၁ ဒီဂရီစင်တီဂရိတ်အထိ အပူချိန် မြင့်ခဲ့ပြီး စံချိန်သစ်တင်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြား မှုဦးစီးဌာနက သတင်းထုတ်ပြန် သည်။

ပြည်သူ့အကယ်ဒမီဂုဏ်ပြုဆုရရှိခဲ့တဲ့ ခီမောင်နှံနဲ့ မီမောင်နှံ

ခီမောင်နှံနှင့် မီမောင်နှံ တို့အား ပရိသတ်များက စုပေါင်း ချီးမြှင့်သည့် ပြည်သူ့အကယ်ဒမီ ဂုဏ်ပြုဆုချီးမြှင့်ပွဲကို မေလ ၁၂ ရက်ညက Yangon Innovation Centre တွင် ပြုလုပ်ခဲ့သည်။ ပွဲစီစဉ်သူဦးစိုးသီဟနောင် က ‘‘ကျွန်တော်မြန်မာကားမကြည့် တာကြာပြီ။ ဥပါယ်တံမျဉ်မှာ ပြန် ကြည့်ဖြစ်တယ်။ သုံး၊ လေးရက် လောက်ထိ ပျော်နေတယ်။ မြန် မာနိုင်ငံမှာ ဒါမျိုးရုပ်ရှင်တွေထွက် လာပါလားဆိုပြီး ပျော်တယ်။ ကိုဏကြီးရဲ့ မီလည်း အဲဒီလိုပဲ။ တစိမ့်စိမ့်နဲ့ကို ခံစားနေရတယ်။ အဲဒီလိုကားမျိုးတွေကို ဂုဏ်ပြုဖို့ ကျန်ခဲ့တဲ့အတွက် ကျွန်တော်တို့ ဘယ်လိုမှခံစားလို့မရဘူး။ အဲဒီ ကနေဖြစ်ပေါ်လာတဲ့ ဆုတံဆိပ် တွေပါ။

သရုပ်ဆောင်အလုပ်နားထားပြီး ဂီတကို ပိုလုပ်နေတဲ့ရတနာဖြူဖြူအောင်

 ဗီဒီယိုဈေးကွက်ပျက် နေသောကြောင့် သရုပ်ဆောင် ခြင်းနည်းပါးပြီး ဂီတဘက်သို့ အချိန်ပေးဖြစ်ကြောင်း ရတနာ ဖြူဖြူအောင်က ပြောသည်။ ‘‘ညီမကအဆိုလည်း ၀ါသ နာပါတယ်၊ သရုပ်ဆောင်လည်း ၀ါသနာပါတယ်။ အခုသရုပ် ဆောင်ဘက်ကို ခဏနားထား တော့ သီချင်းဘက်ကို ပိုလုပ်ဖြစ် နေတာ။ ညီမအတွက်ကတော့ ဘယ်အနုပညာပဲလုပ်လုပ် အနု ပညာလုပ် နေရရင်ပျော်နေတာ’’ ဟု ၎င်းကပြောသည်။ လတ်တလောတွင် အွန် လိုင်းမှသီချင်းတစ်ပုဒ် ဖြန့်ချိရန် စီစဉ်နေသလို ဘိုဘိုအင်တာ တိန်းမန့်က ဖြန့်ချိမည့်အတွဲခွေ၌ လည်း ပါဝင်သီဆိုထားကြောင်း ၎င်းကဆိုသည်။

မန္တလေးခရိုင်တွင် မူးယစ်ရမ်းကားသူများကို အသွင်ယူဖမ်းဆီးရာ၌ တစ်ပတ်အတွင်း လူ ၂၀၀ ကျော်ဖမ်းဆီး

မန္တလေးခရိုင်၌ မူးယစ် ရမ်းကားသူများကို အထူးအဖွဲ့ များဖြင့် အသွင်ယူဖမ်းဆီးရာ တစ်ပတ် အတွင်းလူ ၂၀၀ ကျော် ဖမ်းမိကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့က မေလ ၁၂ ရက်တွင် သတင်းထုတ်ပြန်သည်။ မူးယစ်ရမ်းကားမှုများ၊ ဒုစ ရိုက်မှုများ လျော့ကျစေရန်အထူး  အဖွဲ့များဖြင့် အသွင်ယူဖမ်းဆီးရာ တွင် မန္တလေးခရိုင်၌ မေလ ၅ ရက်မှ ၁၁ ရက်အထိတစ်ပတ် အတွင်း ၁၆၁ မှုဖွင့်လှစ်အရေး ယူခဲ့ပြီး ၂၂၅ ဦးဖမ်းမိကြောင်း ထုတ်ပြန်ထားသည်။ ဖမ်းမိသည့် အမှုများအနက် ညပိုင်း၌ လက်နက်ကိုင်ဆောင် မှုသည် အများဆုံးဖြစ်ပြီး ဖမ်းဆီး ခံရသူများတွင် အမျိုးသမီး ၁၃ ဦး ပါဝင်ကြောင်း မြို့နယ်ရဲတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

လူဦးရေ ၂၇၀ ကျော်ထိန်းသိမ်းခဲ့သည့် ကျောက်တန်းရွာစစ်ဆေးမှု ပြီးဆုံးဟု တပ်မတော်ပြောကြား နှစ်ပတ်ကြာမြင့်ခဲ့သည့် စစ်ဆေးမှုတွင် AA ၀န်ခံသူ ခြောက်ဦးအပါအ၀င် ရှစ်ဦးကို အရေးယူရန်ဆောင်ရွက်နေဟုဆို

ရခိုင်လက်နက်ကိုင် အဖွဲ့ (AA) နှင့်ပတ်သက်၍ မ သင်္ကာဟုဆိုကာ လူဦးရေ ၂၇၅ ဦးကို ထိန်းသိမ်းစစ်ဆေးသည့်  ရသေ့တောင်မြို့နယ် ကျောက် တန်းရွာ စစ်ဆေးမှုယမန်နေ့ (မေ လ ၁၃ ရက်) တွင် ပြီးဆုံးကြောင်း တပ်မတော်သတင်းမှန်ပြန်ကြား ရေးအဖွဲ့အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောသည်။ ဧပြီ ၃၀ ရက်ကစတင်သည့် နှစ်ပတ်ကြာ စစ်ဆေးမှုအတွင်း AA ဟု ၀န်ခံသူ ခြောက်ဦးရှိပြီး ၀န်ခံခြင်းမရှိသော်လည်း သံသ ယရှိသူ နှစ်ဦးရှိသည်ဟု တပ်မ တော်တာဝန်ရှိသူကအတည်ပြု သည်။

တစ်သျှူးငှက်ပျောကုမ္ပဏီနှစ်ခုကို သစ်တောဦးစီးဌာနက တရားစွဲဆို

ကချင်ပြည်နယ်ရှိ သစ် တောကြိုးဝိုင်းနှစ်ခုအတွင်း ကျူး ကျော်ကာ တရားမဝင် တစ်သျှူး ငှက်ပျောစိုက်ပျိုးထားသည့် ကုမ္ပ ဏီငါးခုအနက် နှစ်ခုကို သစ်တော ဦးစီးဌာနက တရားစွဲဆိုပြီးဖြစ် သည်။  ဝိုင်းမော်မြို့နယ်ရှိ ဝါရှောင် နှင့် နန့်ဝါသစ်တောကြိုးဝိုင်းအ တွင်း ကျူးကျော်ကာ တစ်သျှူး ငှက်ပျောစိုက်ပျိုးထားသော မလိခနဂါးနှင့် မျိုးဆက်ကြယ်ပွင့် ကုမ္ပဏီကို သစ်တောဦးစီးဌာနက တရားလိုပြုလုပ်ကာ ဝိုင်းမော်မြို့မ ရဲစခန်း၌ အမှုဖွင့်ခြင်းဖြစ်သည်။

ကေပေါ့ပ်အဖွဲ့ AOA နဲ့လမ်းခွဲလိုက်တဲ့ မီနာ

 အမျိုးသမီးကေပေါ့ပ်အ ဖွဲ့ AOA ၏ဖျော်ဖြေရေးအေဂျင် စီ FNC ကမီနာသည် AOA အဖွဲ့ ၀င်မဟုတ်တော့ဟု ကြေညာ သည်။ ‘‘ကျွန်တော်တို့ ကုမ္ပဏီဟာ AOA အဖွဲ့ဝင်ငါးဦးဖြစ်တဲ့ ဂျီမင်၊ ယူနာ၊  ဟေဂျီအွန်း၊ ဆိုလ်ဟွန်းနဲ့ ချန်းမီကို စာချုပ်သက်တမ်းတိုးခဲ့ ပါတယ်။ သူတို့ ငါးဦးစလုံးက သက်တမ်းတိုးဖို့ သဘောတူခဲ့ပါ တယ်။   ကျွန်တော်တို့ဟာ AOA နဲ့အပြန်အလှန် ယုံကြည်မှုရှိရှိ လက်တွဲနေတာပါ။ သက်တမ်း တိုးတဲ့ ငါးယောက်အနုပညာလုပ် ငန်းတက်တက်ကြွကြွနဲ့ ဆက် လုပ်နိုင်စေဖို့ အပြည့်အ၀ထောက် ပံ့ပေးဖို့စီစဉ်ထားပါတယ်’’ ဟု FNC ၏ မေလ ၁၃ ရက်တရားဝင် ထုတ်ပြန်ချက်တွင် ရေးသားထား သည်။

ရခိုင်စစ်ရှောင်များကို ကူညီနိုင်ရေး လူသားချင်းစာနာမှုဆိုင်ရာ ကုလလက်ထောက် အထွေထွေအတွင်းရေးမှူးချုပ် ကမ်းလှမ်း လုံခြုံရေးအရ စစ်ရှောင်စခန်းများသို့ မသွားရောက်နိုင်ဟုဆို

ရခိုင်ပြည်နယ်အတွင်း စစ်ရှောင်များအား အကူအညီများ ပေးအပ်နိုင်ရေး လူသားချင်းစာ နာမှုဆိုင်ရာ ကုလသမဂ္ဂလက် ထောက်အထွေထွေအတွင်းရေး မှူးချုပ်က ရခိုင်ပြည်နယ်ဝန်ကြီး ချုပ်နှင့် တွေ့ဆုံစဉ် ကမ်းလှမ်းခဲ့ ကြောင်း ပြောရေးဆိုခွင့်ရှိသူများ က ပြောသည်။ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးညီပုနှင့် အစိုးရအဖွဲ့ဝင်များကို ကုလသမဂ္ဂလက်ထောက်အထွေ ထွေအတွင်းရေးမှူးချုပ် အရေး ပေါ်အခြေအနေ တုံ့ပြန်ဆောင် ရွက်ရေးဆိုင်ရာ ဒုတိယညှိနှိုင်း ရေးမှူး မစ္စအာရ်ဆူလာမူလာနှင့် အဖွဲ့က မေလ ၁၃ ရက် နံနက် တွင် လာရောက်တွေ့ဆုံကာရခိုင် ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင် ဒုက္ခသည်များအတွက် အကူအ ညီပေးရေး ကိစ္စရပ်များကို ဆွေး နွေးခဲ့ကြောင်း ပြည်နယ်ဘဏ္ဍာ ရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွား ရေးဝန်ကြီး ဦးကျော်အေးသိန်းက ပြောသည်။

GGS ကုမ္ပဏီကို အရေးယူပါက လျှပ်စစ်မီးပြတ်နိုင်၍ ယာယီစာချုပ်ဖြင့် ဆက်လက်လုပ်ကိုင်ခွင့်ပေးဟု ဝန်ကြီးပြော ဥပဒေနှင့် မညီဟု ဝေဖန်ခံရ

စာချုပ်စည်းကမ်းချိုး ဖောက်သည့် GGS ကုမ္ပဏီကို ဥပဒေနှင့်အညီ အရေးယူပါက ထားဝယ်ခရိုင်တစ်ခုလုံး လျှပ်စစ် မီးပြတ်နိုင်၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရေး လုပ်ငန်း ဆက်လက်လုပ်ကိုင်ခွင့်ပေးခြင်း ဖြစ်သည်ဟု တိုင်းအစိုးရအဖွဲ့ဝင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ပြောသည်။ ‘‘အရေးယူလိုက်ပြီ၊ ရပ်နား လိုက်ပြီဆိုရင် ထားဝယ်မှာ အခု လက်ရှိမီးပေးဖို့ တခြားအဆင် သင့်မရှိဘူး။ ဒါကြောင့် ကျွန်တော် တို့က အခြေအနေ၊ အချိန်အခါ ကြည့်ပြီး ဆုံးဖြတ်ရတာ။ တင်ဒါမခေါ်ခင် စပ်ကြားမှာ မီး သေသွားမှာကြောက်လို့ သူ့(GGS ကုမ္ပဏီ) ကို အခွင့်အရေးတစ်ခုအ နေနဲ့ ပြန်ပေးထားတာပါ’’ ဟု ၎င်း ကရှင်းပြသည်။

ရွှေဘိုထောင်မှ Live လွှင့်သူအပါအဝင် အကျဉ်းသားသုံးဦးနှင့် ဖုန်းခိုးသွင်းသည့် ဝန်ထမ်းတို့ကို ထောင်ဒဏ်ခြောက်လစီချမှတ်

ရွှေဘိုအကျဉ်း ထောင်အတွင်း ဆူပူမှုဖြစ်စဉ်ကို ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်တွင် Live လွှင့်တင်ခဲ့သူအပါအ၀င် အ ကျဉ်းသားသုံးဦးနှင့် ဖုန်းခိုးသွင်း သည့် အကျဉ်းထောင်ဝန်ထမ်း တစ်ဦးတို့ကို  မေလ ၁၃ ရက်က ထောင်ဒဏ်ခြောက်လစီ ချမှတ် ခဲ့ကြောင်း အကျဉ်းဦးစီးဌာနမှ  တာဝန်ရှိသူတစ်ဦးကပြောသည်၊၊ ‘‘တရားရုံးကို ဦးတိုက် လျှောက်တဲ့အတွက် အမိန့်ချ လိုက်တာ’’ဟု ၄င်းက 7Day Daily သတင်းစာအား ယမန်နေ့ ညနေတွင် ပြောသည်။

အန္တရာယ်ရှိနိုင်သည့် ဆည်မြောင်းတာတမံအချို့ရှိနေ၍ ရွေးထုတ်ပြင်ဆင်နေ

တစ်နိုင်ငံလုံးတွင်  အန္တရာယ်ရှိနိုင်သည့် ဆည်မြောင်း တာတမံအချို့ရှိနေပြီး ငလျင် ပြင်းထန်စွာလှုပ်ပါက ပေါက်နိုင် သော ဆည်များကို ရွေးထုတ်ကာ ကြိုတင်ပြင်ဆင်မှုများ ဆောင် ရွက်နေကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ပြောသည်။ ထို့ကြောင့် ဆည်မြောင်းတမံ အားလုံးကို အန္တရာယ်ရှိသည်ဟု သဘောထား၍ အကောင်းဆုံး ဖြစ်အောင် ဆောင်ရွက်နေမှုက အကောင်းဆုံးဖြစ်ကြောင်း ဒေါက် တာဝင်းမြတ်အေးက ဆိုသည်။

တွေ့ဆုံခန်းအစီအစဉ်မှာ ၂ နှစ်အတွင်း ပထမဆုံးပါဝင်မယ့် တေလာဆွစ်ဖ်

 တေလာ ဆွစ်ဖ်သည် စကားစမြည်တွေ့ဆုံ မေးမြန်းခန်း အစီအစဉ်တွင် ၂ နှစ်အတွင်း ပထမဆုံးပါဝင်မည် ဖြစ်သည်။ တေလာဆွစ်ဖ်သည် The Ellen DeGenerous Show တွင် ပါဝင်ပြီး ၎င်းနောက်ဆုံးဖြန့်ချိ ထားသော ‘Me’ သီချင်းအ ကြောင်း ဆွေးနွေးမည် ဖြစ်သည်။ ME သီချင်းတွင် Panic! At The  Disco အဖွဲ့မှ ဘရန်ဒန် အူရီလည်း တေလာဆွစ်ဖ်နှင့်အတူ ပါဝင်အားဖြည့်ထား သည်။  မေလ ၁၅ ရက်တွင် တေ လာဆွစ်ဖ်   မိမိအစီအစဉ်တွင် ပါဝင် တစ်ဆက်မည်ဟု Ellen Degeneres က ၎င်း၏အင်စတာ ဂရမ်၌ အသိပေးထားသည်။

ချယ်လ်ဆီးမှ ထွက်ခွာရန် သေချာဟု ဟာဇက်ပြောကြား

ရီးရဲလ်သို့ ပြောင်းရွှေ့ မည်ဟု သတင်းထွက်နေသော ဘယ်လ်ဂျီယံတိုက်စစ်မှူး ဟာ ဇက်က ချယ်လ်ဆီးအသင်းတာဝန် ရှိသူများအား ၎င်း၏အနာဂတ် ဆုံးဖြတ်ချက်ကို ပြောကြားထား သည်ဟု ပြောသည်။ ချန်ပီယံလိဂ်ဝင်ခွင့်က အ သင်းတွင် ဆက်လက်နေရန် အ ကြောင်းရင်းဖြစ်လာဖွယ် ရှိပါသ လားဆိုသော    မေးခွန်းနှင့်ပတ် သက်၍  ‘‘ဟင့်အင်း ကျွန်တော်အဲ ဒီလိုမထင်မိဘူး။ ကျွန်တော်ဆုံး ဖြတ်ပြီးပါပြီ။ ဒါပါပဲ။ ပြီးခဲ့တဲ့နှစ် ပတ်လောက်က ကျွန်တော်အ သင်းကို ပြောထားပြီးပါပြီ’’ ဟု ဟာဇက်ကပြောသည်။ ချယ်လ် ဆီးအနေဖြင့် နည်းပြဆာရီနှင့် ဆက်လက် လက်တွဲရန် ၎င်းက တိုက်တွန်းသည်။

ပြည်သူလူထုခံစားခွင့်အကောင်းဆုံးသည် မိုင်းလားဒေသဖြစ်ဟု မိုင်းလားအဖွဲ့တာဝန်ရှိသူပြော ငြိမ်းချမ်းရေးကြောင့် ဖွံ့ဖြိုးတိုးတက်မှုကို လာမည့် ငြိမ်းချမ်းရေး နှစ်(၃၀)ပြည့်ပွဲ၌ ပြသမည်ဟုဆို

 တစ်နိုင်ငံလုံးတွင် မိုင်း လားဒေသသည် ပြည်သူလူထုအ တွက် ခံစားခွင့် အကောင်းဆုံးဖြစ်ကြောင်း မိုင်းလားလက်နက်ကိုင်အဖွဲ့ (NDAA) ပြောရေးဆိုခွင့်ရှိသူ ဦးကြည်မြင့်က ပြောကြား သည်။  ရှမ်းပြည်နယ် အရှေ့ပိုင်း အထူးဒေသ(၄)ဟု သတ်မှတ်ထားသည့် မိုင်းလားဒေသတွင် ဇွန်လ ၃၀ ရက်၌ ကျင်းပမည့် ငြိမ်းချမ်းရေး နှစ်(၃၀)ပြည့် အထိမ်းအမှတ်ပွဲတော်နှင့် ပတ်သက်ပြီး မေးမြန်းစဉ် NDAA  အထွေထွေအတွင်း ရေးမှူးလည်းဖြစ်သူ ဦးကြည်မြင့်က ထိုသို့ပြောကြားသည်။  ‘‘အထူးဒေသ (၄) တည် ထောင်တာ၊ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုး တိုးတက်တာ၊ အဲဒီငြိမ်းချမ်းရေးရပြီး ဖွံ့ဖြိုးတိုးတက်တာ ကျွန်တော်တို့ပြချင်တယ်။ အားလုံး ငြိမ်းချမ်းရေးအပေါ်မှာ၊ လမ်းပေါ်မှာလာပါ။

နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး အသင့်ဖြစ်မှုများကို ကမ္ဘာသို့အသိပေးရန် အစိုးရစီစဉ်

ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးတိမ်းရှောင်သော နေ ရပ်စွန့်ခွာသူများ ပြန်လည်လက် ခံရန် မြန်မာဘက်က အဆင်သင့် ဖြစ်နေမှုနှင့် လုပ်ငန်းစဉ်များကို ရက်ပိုင်းအတွင်း ကမ္ဘာ့နိုင်ငံများ သို့ အသိပေးဖြန့်ဝေမည်ဟု လူမှု ၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန် လည်နေရာချထားရေး ၀န်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက် တာဝင်းမြတ်အေးက ပြောသည်။

အကြမ်းဖက်မှုများလာ၍ ဗုဒ္ဓအဆုံးအမအတိုင်း နေထိုင်ရန်လိုအပ်လာဟု သမ္မတပြော

အကြမ်းဖက်မှုများ ပို များလာ၍ ဗုဒ္ဓအဆုံးအမဖြစ်သည့် ငြိမ်းချမ်းစွာဖြင့် သဟဇာတမျှတ စွာနေထိုင်နိုင်ရေးကို ဦးတည်ရန် လိုအပ်လာကြောင်း နိုင်ငံတော် သမ္မတဦးဝင်းမြင့်က ဗီယက်နမ် နိုင်ငံ ဟနွိုင်းမြို့တွင် မေလ ၁၂ ရက်က ကျင်းပသည့် (၁၆)ကြိမ် မြောက်ကုလသမဂ္ဂဗုဒ္ဓနေ့အခမ်း အနား၌ ပြောကြားသည်။ အကြမ်းဖက်မှုနှင့် အနိဋ္ဌာရုံ များပြားလာသည့်အချိန်မျိုးတွင် ဗုဒ္ဓ၏ အဆုံးအမများဖြစ်သော ချစ်ခြင်းမေတ္တာကို လက်ကိုင်ထား ပြီး ငြိမ်းချမ်းစွာဖြင့် သဟဇာတ မျှတစွာနေထိုင်နိုင်ရေးကိုဦးတည် သည့် ဗုဒ္ဓနေ့အခမ်းအနားများကို နှစ်စဉ်ကျင်းပခြင်းသည် မှန်ကန်မှု ရှိပြီး ခေတ်ကာလအနေအထား အရ ပို၍ပင်လိုအပ်လာသည်ဟု ဆိုရမည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတက ဆိုသည်။

အမေရိကန် ဒေါ်လာတန်ဖိုး ၂ ရာခိုင်နှုန်းခန့် မြင့်တက်

 ပြည်တွင်းငွေကြေးဈေး ကွက်တွင် ဒေါ်လာ တန်ဖိုး ၂ ရာခိုင်နှုန်းခန့် ပြန်လည်မြင့်တက်ပြီး မေလ ၁၃ ရက်၌ တစ်ဒေါ်လာ ၁,၅၃၅ ကျပ်သို့ ရောက်လာ သည်။ မေလဆန်းက တစ်ဒေါ်လာ ကျပ် ၁,၅၀၀ ခန့်သာရှိသော်လည်း နှစ်ပတ်အတွင်း ပြန်လည်မြင့် တက်လာသည်။ ‘‘ဒေါ်လာက လလယ်ပိုင်းဆို တက်တယ်။ လကုန်ရက်အထည် ချုပ်တို့၊ ဘာတို့က ငွေဝင်လာရင် ပြန်ကျလေ့ရှိတယ်’’ ဟု မြန်မာ နိုင်ငံဆန်စပါးအသင်းချုပ်ဗဟိုအ လုပ်အမှုဆောင် ဦးမျိုးသူရအေး က ပြောသည်။ ဈေးကွက်အတွင်း ဒေါ်လာတန်ဖိုးမြင့်သကဲ့သို့ ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်းလည်း တစ် ဒေါ်လာ ၁,၅၃၇ ကျပ်သို့ ရောက်ရှိခဲ့သည်။

ပရီးမီးယားလိဂ် အကောင်းဆုံးကစားသမားဆုကို လီဗာပူးနောက်ခံလူဗန်ဒိုက်စ် ရရှိ

ယခုရာသီပရီးမီးယား လိဂ်၏ ရွှေဖိနပ်ဆုကို ၁၉၉၈-၉၉ နောက်ပိုင်း ပထမဆုံးအကြိမ် က စားသမားသုံးဦးပူးတွဲရရှိစဉ် တစ် ရာသီလုံး အကောင်းဆုံးကစားသ မားဆုကို လီဗာပူးနောက်ခံလူ ဗန် ဒိုက်စ်က ရရှိခဲ့သည်။ နယ်သာလန် နောက်ခံလူ ဗန်ဒိုက်စ်သည် လီဗာပူး၏ အ ကောင်းဆုံး ဒုတိယနေရာမှ ရာသီ အဆုံးသတ်မှုတွင် အဓိကနေရာ က ပါဝင်သူဖြစ်ပြီး ပွဲ ၂၀ အထိ ပေးဂိုးမရှိသော လီဗာပူး၌ ယခုရာ သီတွင် ၃၇ ပွဲပါဝင်ခဲ့သည်။ ၎င်း သည် ပရီးမီးယားလိဂ်တစ်ရာသီ လုံး အကောင်းဆုံးကစားသမား ဆုကို ရရှိသော တတိယနောက်ခံ ကစားသမားအဖြစ် မှတ်တမ်းဝင် ခဲ့သည်။

မကွေးမြို့၌ ကျည်ဆန် ၈၀၀ ခန့် တွေ့ရှိမှု တပ်မတော်စုံစမ်းရေးအဖွဲ့ဖြင့် စစ်ဆေးမည်ဟုဆို မသမာသူများနှင့် သက်ဆိုင်ခြင်းမရှိနိုင်ဟု အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တာဝန်ရှိသူ သုံးသပ်

 မကွေးမြို့၌ ကျည်ဆန် ၈၀၀ ခန့် တွေ့ရှိမှုနှင့် ပတ်သက် ပြီး စုံစမ်းစစ်ဆေးရန် တပ်မတော်စုံစမ်းရေးအဖွဲ့ ဖွဲ့စည်းဆောင် ရွက်နေကြောင်း အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး စိုးကြည်ခင်က ယမန်နေ့တွင် ပြောသည်။ မေလ ၁၀ ရက် နံနက်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မကွေး မြို့သို့ ရောက်ရှိနေစဉ် မကွေးမြို့ ကမ်းနားလမ်း    ကျောက်သား ဥယျာဉ်အုတ်ခုံအခြေတွင် ပီနန် အိတ်နှစ်အိတ်ဖြင့် ထည့်ထား သော ကျည်ဆန် ၇၈၂ တောင့် တွေ့ရှိခဲ့သည်။

အဂတိမှုကို အစွဲကင်းကင်း၊ မျက်နှာမလိုက် အရေးယူသင့်ဟု တပ်မတော်ဆွေးနွေး

အဂတိလိုက်စားမှု များနှင့် ဆက်နွှယ်ပတ်သက်သည့် ကိစ္စရပ်များတွင် လူမျိုးစွဲ၊ ပါတီ စွဲ၊ ပုဂ္ဂိုလ်စွဲ စသည်ဖြင့် အစွဲကင်း စွာ၊ မျက်နှာမလိုက်၊ အခွင့်အရေး မပေးဘဲ တိကျစွာ အရေးယူသင့် ကြောင်း တပ်မတော်သား လွှတ် တော်ကိုယ်စားလှယ် ဒုတိယဗိုလ် မှူးကြီး မြင့်ဆွေက ယမန်နေ့တွင် ပြည်ထောင်စုလွှတ်တော်၌ ပြော ကြားသည်။ အဂတိလိုက်စားမှု တိုက် ဖျက်ရေးကော်မရှင်၏ နှစ်ပတ် လည်လုပ်ငန်းဆောင်ရွက်မှု အစီ ရင်ခံစာနှင့်ပတ်သက်၍ လွှတ် တော်ကိုယ်စားလှယ်များ ဆွေးနွေးခြင်းအစီအစဉ်တွင် ဒုတိယ ဗိုလ်မှူးကြီးမြင့်ဆွေက ယင်းသို့ ထည့်သွင်းအကြံပြုခြင်း ဖြစ် သည်။

တာချီလိတ်၌ တရုတ်နိုင်ငံသား ၁၈၈ဦးကို ဖမ်းဆီး သေနတ်နှင့် မူးယစ်ဆေးအချို့သိမ်းဆည်းနိုင်

ထိုင်းနိုင်ငံနှင့် နယ်စပ် မြို့ဖြစ်သော တာချီလိတ်မြို့နေရာ သုံးနေရာ၌ သတင်းအရ၀င် ရောက်ရှာဖွေရာ တရုတ်နိုင်ငံ သား ၁၈၈ ဦးကိုဖမ်းမိပြီး စစ်ဆေး နေကြောင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ မှူးရဲမှူးချုပ်  ဇော်ခင်အောင်က ပြောသည်။ ‘‘သတင်းရလို့ ၀င်ဖမ်းတာ။ အခုလောလောဆယ် ဘာသာပြန် နဲ့စစ်ဆေးနေပါတယ်’’ ဟု ရဲမှူး ချုပ်ဇော်ခင်အောင်က မေလ ၁၃ ရက်ည ၈ နာရီခန့်အခြေအနေကို ပြောသည်။  တရားမ၀င်ဖွင့်ထားသော လောင်းကစားရုံများတွင် တရုတ် နိုင်ငံသားအများအပြားရောက်ရှိ နေကြောင်း သတင်းရ၍ မေလ ၁၃ ရက်နံနက် ၁၀ နာရီခန့်က ၀င် ရောက်စီးနင်းခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။  အဆိုပါ တရုတ်နိုင်ငံသား များထံမှ သေနတ်သုံးလက်၊ စိတ် ကြွဆေးပြားအချို့နှင့် ဖုန်း၊လက်ပ်တော့များ သိမ်းဆည်းနိုင်ခဲ့ပြီး စစ်ဆေးနေဆဲဖြစ်သည်ဟု ရဲတပ်ဖွဲ့က ပြောသည်။

ကန်ဒေါ်လာသန်း ၅၀၀ ခန့် ရင်းနှီးမြှုပ်နှံမည့် ထန်းတပင်စက်မှုဇုန် မြေတိုင်းတာမှုလုပ်ငန်း စတင်

ရန်ကုန်တိုင်းရှိ မြစ်သုံး ခုအကြား တည်ရှိသော ထန်းတ ပင်မြို့နယ်တွင် အကောင်အ ထည်ဖော်မည့် စက်မှုဇုန် စီမံကိန်း မြေဧက ၂,၃၀၀ ကျော် စတင် တိုင်းတာခြင်းလုပ်ငန်းကို မေလ ၁၃ ရက်၌ စတင်သည်။  လှိုင်မြစ်၊ ဘောလယ်မြစ်နှင့် ပန်းလှိုင်မြစ်တို့အကြား ကုန်းမြေ တွင် ဒေါ်လာ သန်း ၅၀၀ ခန့် ရင်း နှီးမြှုပ်နှံပြီး ထန်းတပင်စက်မှုမြို့ တော် စီမံကိန်းကို ဟောင်ကောင်၊ တိုင်ပေမှ စီးပွားရေး လုပ်ငန်းရှင် များနှင့် ပူးပေါင်းအကောင်အ ထည်ဖော်မည်ဖြစ်သည်။ ‘‘မြေတိုင်းမှုကို စပြီးတော့ လုပ်တာပေါ့’’ ဟု ထန်းတပင်မြို့ နယ် အုပ်ချုပ်ရေးမှူး ဦးသန်းဇော် လင်းက ပြောသည်။ ထန်းတပင် မြို့နယ်ကို ရောက်ရှိပြီး ၂ နှစ်အ တွင်း စတင်အကောင်အထည် ဖော်မည့် စက်မှုဥယျာဉ်စီမံကိန်း အတွက် အုပ်ချုပ်ရေးမှူးတစ်ဦးအ နေဖြင့် ဝမ်းသာမိသည်ဟု ၎င်းကဆိုသည်။

ဒေသတွင်း မတည်ငြိမ်မှုကြောင့် ကမ္ဘာ့ဘဏ်စီမံကိန်း ရုပ်သိမ်းမည်ကို စိုးရိမ်ဟု ရခိုင်လွှတ်တော်ဥက္ကဋ္ဌပြော

 ဒေသတွင်း ဖြစ်ပွားနေ သော မတည်ငြိမ်မှုများကြောင့် ကမ္ဘာ့ဘဏ်၏ ဖွံ့ဖြိုးရေးအစီအ စဉ် ပြန်လည်ရုပ်သိမ်းခြင်း၊ ဒေသ ပြောင်းလဲခြင်းများ ဆောင်ရွက် မည်ကို စိုးရိမ်ကြောင်း ရခိုင်ပြည် နယ်လွှတ်တော်ဥက္ကဋ္ဌက ကမ္ဘာ့ ဘဏ်မှ စီးပွားရေးပညာရှင်နှင့် တွေ့ဆုံစဉ်ပြောကြားသည်။ ရခိုင်ပြည်နယ်တွင် ဒေသဖွံ့ ဖြိုးရေး ဆောင်ရွက်နိုင်မည့် တည်ငြိမ်သော နေရာများရှိပြီး ထိုနေရာများ၌ ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ကိုင်နိုင်သည်ဟု မေလ ၁၃ ရက်တွင် တွေ့ဆုံဆွေးနွေးစဉ် လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှက ပြောသည်။

မလေးရှားကို ၀င်ဖို့ ကြိုးစားသူ မြန်မာ ခုနှစ်ဦး ဖမ်းဆီးမိ

မလေးရှားနိုင်ငံ လန်ကာဝီကျွန်းကို ရေလမ်းကနေ တရားမ၀င် ၀င်ရောက်ဖို့ ကြိုးစားခဲ့ကြတဲ့ မြန်မာနိုင်ငံသားလို့ ယူဆရသူ ခုနှစ်ဦးကို တွေ့ရှိဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာန အရာရှိတွေက ပြောပါတယ်။ လန်ကာဝီ သဘောင်္ဆိပ်၊ လူဝင်မှု စစ်ဆေးရေး အ၀င်မှာ မသင်္ကာဖွယ် အမျိုးသမီးတစ်ဦးကို စစ်ဆေးခဲ့ရာက ခရီးသွားဆိုင်ရာ အထောက်အထား မပါဘဲ ၀င်လာတာဖြစ်ကြောင်း တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

အဝေးသင် အနီးကပ် ၁၀ ရက် နှစ်ကြိမ်ခွဲ တက်ရမယ့်ကိစ္စ ကျောင်းသားတွေ ကန့်ကွက်

အဝေးသင်ပညာရေးစနစ်သစ်ကို ပြောင်းလဲတဲ့အနေနဲ့ အနီးကပ် သင်တန်း ၁၀ ရက်ကို နှစ်ကြိမ်ခွဲပြီး တက်ရောက်တဲ့စနစ်ကို ကန့်ကွက်ကြောင်း ဖဲကြိုးနီ ကမ်ပိန်းကို ရတနာပုံ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂက ဒီနေ့မနက်က ဆောင်ရွက်ခဲ့ပါတယ်။ ဒီဖဲကြိုးနီ ကမ်ပိန်းကို ရတနာပုံ တက္ကသိုလ်အတွင်းနဲ့ တက္ကသိုလ်ရှေ့တွေမှာ ဆောင်ရွက်ခဲ့တာဖြစ်ကြောင်း ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဗကသများအဖွဲ့ချုပ်က ပြန်ကြားရေးတာဝန်ခံ ကိုမျိုးချစ်ဇော်က RFA ကို ပြောပါတယ်။

ရှမ်းပြည်နယ်တွင် သိန်း ၇,၀၀၀ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

 ရှမ်းပြည်နယ်၊မဘိမ်းမြို့နယ်တွင် သိန်း ၇,၀၀၀ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။ မဘိမ်းမြို့နယ်၊ ငါးအိုးရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များသည် မဘိမ်းမြို့နယ်၊ ဥယျာဉ်ပုကျေးရွာအနီး၊ ငါးအိုး-မဘိမ်း ကားလမ်း၊ ပိန်းလျှိုထိပ်(ဒေသအခေါ် ဒေါ်ဆောင်ရှို)ဝါးရုံတောအတွင်း မေ ၁၁ရက်က မသင်္ကာဖွယ်ပီနံအိတ်ထုပ်များ တွေ့ရှိကြောင်း သတင်းအရ မိုးမိတ်ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် လူ ၂ဦးသေဆုံး၊ တစ်ဦး ဒဏ်ရာရရှိ

  ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တွင် လေပြင်းတိုက်ခတ်ပြီး သစ်ပင်ပြိုလဲမှုကြောင့် လူနှစ်ဦးသေဆုံးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။ လေပြင်းတိုက်ခတ်ပြီး ယာတဲပေါ်သို့ သစ်ပင်လဲကျပိမိ၍ အဆိုပါတဲအတွင်းရှိ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့သည် ခါးအောက်ပိုင်းကြေမွဒဏ်ရာ များဖြင့် သေဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။အဆိုပါ ဒဏ်ရာရရှိသူကို လိပ်သို ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး လူ ၂ ဦး သေဆုံးမှုအား လိပ်သိုနယ်မြေရဲစခန်းက သေမှု သေခင်း အမှတ်စဉ်(၂/၂၀၁၉)ဖြင့် ရေးဖွင့်စစ်ဆေးလျက်ရှိကြောင်းသိရသည်

တပ်မတော်က တရားစွဲဆိုတာတွေကို ကန့်ကွက်တဲ့ လှုပ်ရှားမှု ဆောင်ရွက်မည်

တပ်မတော်က သတင်းမီဒီယာတွေနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို တရားစွဲဆိုထားတဲ့အပေါ် ဆန့်ကျင်တဲ့ လှုပ်ရှားမှုတစ်ခုကို မေလ ၁၇ ရက်နေ့ကစပြီး ဆောင်ရွက်သွားမယ်လို့ အသံအဖွဲ့က ဒါရိုက်တာ မောင်ဆောင်းခက RFA ကို ပြောပါတယ်။ တပ်မတော်နဲ့ ပြည်ထဲရေးဝန်ကြီးဌာနတို့က နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်၊ ဒါရိုက်တာ မင်းထင်ကိုကိုကြီး၊ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့၊ ဇွဲအငြိမ့်၊ အလင်္ကာကြယ် ဆရာတော် ဦးသောဘိတနဲ့ သတင်း မီဒီယာတချို့ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅ဝ၅၊  ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ဃ တို့နဲ့ အမှုဖွင့်တရားစွဲဆိုထား တာဖြစ်ပါတယ်။

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ကို တရားစွဲရတဲ့ သက်သေခံချက်မူရင်းတွေ တင်ပြဖို့ တရားရုံးကို တောင်းဆို

တပ်မတော်က နိုင်ငံတော် အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ (က)နဲ့ တရားစွဲဆိုခဲ့ထားရတဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်တွေကို ဒီနေ့ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် တရားရုံးမှာ ရုံးထုတ်ခဲ့ပြီး ဒီနေ့မှာတော့ တရားလိုဖြစ်တဲ့ ဒုတိယဗိုလ်မှူးကြီး သန်းထွန်းမြင့်ကို စစ်ဆေးခဲ့ပါတယ်။ေ ဒါင်းတို့မျိုးဆက် သံချပ်အဖွဲ့ရဲ့ သံချပ်တွေထဲက တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်ဆိုတဲ့ သံချပ်စာသားနဲ့ ဗီဒီယိုဖိုင် မူရင်းတွေကို သက်သေခံပစ္စည်း အနေနဲ့ နောက်တစ်ပတ်မှာ တင်သွင်းဖို့ တရားရုံးမှာ ပြောဆိုထားကြောင်း ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်တွေရဲ့ ရှေ့နေတစ်ဦးဖြစ်တဲ့ တရားလွှတ်တော် ရှေ့နေ ဒေါ်စမ်းစမ်းမြင့်က ပြောပါတယ်။

နေပြင်းလို့ ရေငတ်နေတဲ တောကောင်တွေကို ရွာသားတွေ စုပေါင်းပြီးရေတိုက်

တိရစ္ဆာန်ငယ်လေးတွေ ရေပြတ်လို့ မင်းကင်းမြို့နယ် ကျောက်ပန်းကုန်းရွာက ဒေသခံတချို့ စုပေါင်းပြီး ရေသွား တိုက် ကြပါတယ် ဆယ်စုနှစ်အတွင်း အပူချိန် စံချိန်တင်မြင့်တက်လို့ အထူးသဖြင့် မြန်မာနိုင်ငံ အလယ်ပိုင်းဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ မန္တလေးတိုင်း တွေမှာ စံချိန်တင် ပူပြင်းခဲ့ပါတယ်။ ဒီလိုရာသီဥတု အပူချိန် စံချိန်တင် ပူပြင်းလို့ စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့ အနီးမှာရှိတဲ့ မဟာမြိုင် တောတန်းပေါ်မှာ နေထိုင် ကျက်စားနေတဲ့ အင်းဆက်ပိုးမွှားတွေ အပြင် တိရစ္ဆာန်ငယ်လေးတွေ ရေပြတ်လပ်လို့ မင်းကင်းမြို့နယ် ကျောက်ပန်းကုန်းရွာက ဒေသခံတချို့ စုပေါင်းပြီး ရေသွား တိုက် ကြပါတယ်။

စစ်တွေမှ စစ်ဘေးရှောင်များအား ပြန်ခိုင်းသော်လည်း မငြိမ်းချမ်းလျှင် မပြန်နိုင်ဟုဆို

စစ်တွေမြို့သို့ ရောက်ရှိနေသည့် စစ်ဘေးရှောင်ပြည်သူများအား သက်ဆိုင်ရာ မြို့နယ် အသီးသီးသို့ ပြန်ရန် ရခိုင်ပြည်နယ်အဆင့် အစိုးရ တာဝန်ရှိသူများမှ ဖိအားပေးမှုများရှိနေသော်လည်း ဒေသမငြိမ်းချမ်းလျှင် မပြန်နိုင်ဟု စစ်တွေမြို့ပေါ်သို့ ရောက်ရှိနေကြသည့် စစ်ဘေးရှောင်များက ပြောကြားသည်။ စည်တောင်ရွာမှ စစ်တွေ အမျိုးသားကျောင်းတွင် တည်းခိုနေထိုင်နေသည့် စစ်ဘေးရှောင် အမျိုးသမီး တစ်ဦးက “ ရွာကနေ စစ်တွေကိုရောက်နေတဲ့လူတွေကို ပြန်လို့ရပြီလို့တော့ ပြောလာတယ်လို့ ပြောပါတယ်။

မြဝတီသွားအာရှလမ်းပေါ်တွင် အောင်စစ်သည် ခရီးသည်တင်ယာဉ် တိမ်းမှောက်ရာခရီသည် ၃၄ ဦးဒဏ်ရာရ

ကရင်ပြည်နယ်၊ ကော့ကရိတ်မှ မြဝတီဘက်သို့ အာရှလမ်းအတိုင်း မောင်းနှင်လားသော အောင်စစ်သည် ခရီးသည်တင် မှန်လုံယာဉ်သည် မေ ၁၃ ရက် နံနက် ၄ နာရီခန့်က ကွမ်းခြံကုန်းအဆင်းအရောက်တွင် မိုးရွာသွန်းထားမှုကြောင့် စလစ်ဖြစ်ကာ တိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ်လိုက်ပါလာသူ၃၄ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ အဆိုပါနေရာသည် မကြာခဏဖြစ်ပွားနေသောကြောင့် အသိပေးဆိုင်းဘုတ်များ Slow Downလမ်းခုံးငယ်များ ဆောင်ရွက်ပေးထားရပြီ

အင်း​တော်​မြို့နယ်​တွင်​​ကျောက်​တင်​ယာဉ်​တစ်​စီးတိမ်း​မှောက်​ရာ လူ(၄)ဦး​သေဆုံး

စစ်​ကိုင်းတိုင်း​ဒေသကြီး၊အင်​​တော်​မြို့နယ်​​ရွာ​ဟောင်း​ကျေးရွာအနီးတွင်​ ​ကျောက်​တင်​ယာဉ်​တစ်​စီးတိမ်း​မှောက်​ရာ ယာဉ်​​ပေါ်ပါ အမျိုးသား(၄)ဦး ​သေဆုံးသွား​ကြောင်း သိရသည်​။ ဖြစ်​စဉ်​မှာ မေ ၁၂ ရက်​​ ​နေ့လယ်​၁၂ နာရီခွဲ ခန့့်​တွင်​အင်း​တော်​မြို့မရဲစခန်းမှ ဒုရဲအုပ်​ဖြိုးသူ​ကျော်​ ဦးစီး​သောရဲတပ်​ဖွဲ့ဝင်​များသည် ​ယာဉ်​တစ်​စီးတိမ်း​မှောက်​​နေ​ကြောင်း သတင်းအရ သက်​​သေများနှင့်​အတူ အခင်းဖြစ်​​နေရာဖြစ်​​သော အင်း​တော်​မြို့နယ် ​မိုးယူ​ကျေးရွာအနီးတွင်​ သွား​ရောက်​ကြည့်​ ရှု့စစ်​​ဆေးရာ ​မောင်​​ပေါ ဆိုသူ​မောင်း​နှင်​လာ​သော9J/---- (၆)ဘီးယာဉ်​သည် ​မိုးယူ​ကျေးရွာ ရွာမဘုန်း​တော်​ကြီး​ဆောက်​လုပ်​ရန်​အတွက် ​​ကျောက်​များ တင်​​ဆောင်​​မောင်းနှင်​လာစဉ်

မိုင်းပျဉ်းမြို့နယ်၌ ခရီးသည်ယာဉ်တစ်စီး လမ်းဘေးချောက်ထဲ ထိုးကျပြီး ငါးဦးသေဆုံး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ ပိန်းဆန်းရပ်ကွက်၊ တာချီလိတ်-ကျိုင်းတုံ-တောင်ကြီး သွား ပြည်ထောင်စုကားလမ်းမကြီးပေါ် မိုင်တိုင်အမှတ် (၃၃၆/၆) နှင့် (၃၃၆/၇)ကြား တွင် မေ ၁၂ နံနက် ၆ နာရီက ခရီးသည်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ ချောက်ထဲထိုးကျခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ တာချီလိတ်မြို့မှ တောင်ကြီးမြို့သို့ ယာဉ်မောင်း သီဟ(ခ)သီဟဆွေ မောင်းနှင်သည့် မှန်လုံအနက်ရောင်ယာဉ်သည် မိုင်းပျဉ်းမြို့ အရှေ့တောင်ဘက် ၅ မိုင်ခန့်အကွာတွင် အရှိန်မထိန်းနိုင်ဘဲ ပေ ၅၀ ခန့်ရှိ ချောက်ထဲသို့ ထိုးကျတိမ်းမှောက်မှု ဖြစ်ပွားရာ ယာဉ်ပေါ်ပါသူ ၈ ဦးအနက် ယာဉ်မောင်းနှင့် ခရီးသည် ၄ ဦးသေဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် မိုင်းပျဉ်းမြို့ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူလျှက်ရှိကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်နှင့် ပက်သက်၍ မိုင်းပျဉ်းမြို့မရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

အမ်းမြို့နယ်မှာ တပ်ကားတန်းတစ်ခု မိုင်းခွဲတိုက်ခံရ

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေဟာ ရခိုင်ပြည်နယ် အလယ်ပိုင်းအထိ ကျယ်ပြန့်လာတဲ့အတွက် လူထုအတွင်းမှာ စိုးရိမ်မှုတွေ တိုးများလာ အမ်းမြို့နယ် တန်းတင်ကျေးရွာအုပ်စု ၊ ညောင်ချောင်းကျေးရွာနဲ့ အောင်သပြေ (ဓါတ်တော်) ကျေးရွာကြားမှာ မနေ့က တိုက်ပွဲတွေ ဖြစ်ခဲ့တယ်လို့ ဓာတ်တော် ကျေးရွာနေ တန်းတင် ကျေးရွာအုပ်ချုပ်ရေးမှူး ကိုအောင်သန်း မြင့်ပြောပါတယ်။ြ ဖစ်ရတဲ့ အကြောင်းအရင်းက ဓါတ်တော်ရွာရဲ့ တစ်မိုင်ခွဲခန့် ကားလမ်းပေါ်မှာ တပ်မတော်စစ်ကားတန်းကို ရက္ခိုင့် တပ်မတော် အေအေက မိုင်းခွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ရာကနေ ဖြစ်ခဲ့တာလို့ ရွာသားတွေက ဆိုပါတယ်။

ရခိုင် ကျောက်တော်နယ်စပ် တိုက်ပွဲပြင်းထန်

စစ်ရေးတင်းမာနေဆဲ ရခိုင်ပြည်နယ်အတွင်းက ပလက်ဝနဲ့ ကျောက်တော်မြို့နယ်အစပ်မှာ ဒီကနေ့ မြန်မာ့တပ်မတော်နဲ့ AA ရခိုင်လက်နက်ကိုင် အဖွဲ့တို့အကြား တိုက်ပွဲ ဖြစ်ပွါးခဲ့ပါတယ်။ မနေ့ကလည်း အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိရာ အမ်းမြို့နယ်အတွင်းမှာ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကနေ တပ်မတော်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ ယာဉ်တချို့ပျက်စီးခဲ့တယ်လို့ တပ်မတော်ရော AA ဘက်ကပါ ပြောပါတယ်။

ရခိုင်မှာအရပ်သားတွေအပေါ် မြန်မာစစ်တပ်အကြမ်းဖက်မှု အရေးယူပေးဖို့ ၀ါရှင်တန်မြန်မာသံရုံးရှေ့ ဆန္ဒပြတောင်းဆို

ရခိုင်ပြည်နယ်မှာ မြန်မာ့တပ်မတော်က ဖမ်းဆီးစစ်ဆေးနေစဉ်သေဆုံးသွားတဲ့ ရခိုင်တိုင်းရင်းသား အရပ်သားပြည်သူတွေအမှုကို လွတ်လပ်တဲ့ စုံစမ်းရေးကော်မရှင်တရပ် ဖွဲ့စည်းစစ်ဆေးပေးဖို့နဲ့ အပြစ်ရှိသူတွေကို ဖေါ်ထုတ်အရေးယူပေးဖို့ အမေရိကန်ရခိုင် လူမှုအဖွဲ့အစည်းက ဝါရှင်တန် မြန်မာသံရုံးရှေ့ ဆန္ဒပြတောင်းဆိုလိုက်ကြပါတယ်။ မြန်မာအစိုးရအနေနဲ့ ရခိုင်ပြည်နယ်အရေးကို အလေးထား ဆောင်ရွက်နေတယ်လို့ မြန်မာ သံအမတ်ကြီးက တုန့်ပြန်ပြောဆိုပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။

မြန်မာစစ်တပ်နဲ့ နီးစပ်မှုရှိတဲ့ စွပ်စွဲချက် MIPS သုတေသနအဖွဲ့ လက်မခံပါယ်ချ

ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျု (MIPS) အမှုဆောင်ညွန်ကြားရေးမှူး ဒေါက်တာ မင်းဇော်ဦးမြန်မာနိုင်ငံမှာ လူမျိုးရေး၊ ဘာသာရေး ခွဲခြား၊ မုန်းတီးမှုတွေကို ဆိုရှယ်မီဒီယာကနေ ဖြန့်ဝေလှုံဆော်ပြီး အကြမ်းဖက်မှုတွေ ဖြစ်ခဲ့ရာမှာ တာဝန်ရှိကြောင်း ပြင်းပြင်းထန်ထန် ဝေဖန်ခံနေရတဲ့ Facebook ကုမ္ပဏီ ဟာ နောက်ထပ် လှုံဆော်ဖြန့်ချိမှုတွေ မဖြစ်ပေါ်ရေး ပိတ်ပင်တားဆီးနိုင်ဖို့ မြန်မာနိုင်ငံနဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေနဲ့ အနီးကပ် ပူးပေါင်း ဆွေးနွေးမှုတွေရှိနေပါတယ်။

မြန်မာ ရွှေ့ပြောင်းတွေ လုပ်ခွင့်သက်တမ်းတိုးပေးရေး ထိုင်းအစိုးရသဘောတူ

ထိုင်းအစိုးရအလုပ်သမားဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံအလုပ်သမားညွန်ကြားမူဦးစီးဌာနတို့ ဟာ အလုပ်သမားရေးရာကိစ္စများနဲ့ ပတ်သက်လို့ထိုင်းနိုင်ငံဖူးခက်မြို့မှာ မေလ၁၃ရက်နေ့က ဆွေးနွေးမူလုပ်ခဲ့ရာမှာ တရားဝင်နှစ်နိုင်ငံသဘောတူစာချုပ်နဲ့ လာတဲ့အလုပ်သမားတွေကိုသာ က်ခံတော့မှာမို့၂၀၂၀ ခုနှစ်မတ်လ ၃၁ရက်နေ့ သက်တမ်းကုန်ဆုံးမယ့် မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထားစာအုပ်နဲ့ ပတ်သက်လို့ နောက်ထပ် သက်တမ်း၉ လ ထပ်မံတိုးပေးလိုက်ကြောင်း မေလ ၁၃ရက်နေ့ မှာ သဘောတူညီမူရခဲ့တယ်လို့ မြန်မာအလုပ်သမားသံအရာရှိရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။ ထိုင်းအခြေစိုက် VOA မြန်မာပိုင်းသတင်းထောက် မအေးမာက သတင်းပေးပို့ ထားပါတယ်။

ပြည်နယ်နှင့်တိုင်းဒေသကြီး ၁၁ ခုတွင်နေ့အပူချိန်များ ပြန်လည်မြင့်တက်လာနိုင်ကြောင်း ဒေါက်တာထွန်းလွင်ပြော

မြန်မာနိုင်ငံသိှု့မုတ်သုံလေဝင်ရောက်မှုနောက်ကျခြင်းနှင့် မုန်တိုင်းမရှိခြင်းကြောင့် ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၁ ခုတွင် နေ့အပူချိန်များ ပြန်လည်မြင့်တက်လာနိုင်ကြောင်း မိုးလေဝသ ပညာရှင် ဒေါက်တာထွန်းလွင်က ပြောသည်။ "မုတ်သုံက အ၀င်နောက်ကျနေပြီးမုန်တိုင်းကလည်း ထပ်မဖြစ်သေးတာကြောင့် အပူချိန်မြင့်တက်မှုကို အထူး ဂရုစိုက်ဖို့လိုအပ်နေပါတယ်။ မေလ ၁၅ ရက်ကနေ ၂၁ ရက်နေ့အထိ ရက်တစ်ပတ်အတွင်း ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဧရာဝတီတိုင်းနဲ့တနင်္သာရီတိုင်းတို့မှလွဲပြီး ကျန်တပြည်လုံးမှာ အပူချိန်များမြင့်တက်လာနိုင်ပါတယ်"ဟု ဒေါက်တာထွန်းလွင်ကသူ၏လူမှုကွန်ရက်စာမျက်နှာမှတဆင့်သတင်းထုတ်ပြန်သည်။

မြန်မာနဲ့ ဗီယက်နမ် စစ်ရေး၊ ရာဇဝတ်မှု နှိမ်နင်းရေးတွေ တိုးချဲ့ ပူးပေါင်းမယ်

မြန်မာနဲ့ ဗီယက်နမ်ဟာ ရေတပ်၊ စစ်တပ်သုံး ဆေးဝါး၊ ကာကွယ်ရေးလုပ်ငန်း၊ ကုန်စည်ပို့ဆောင်ရေး၊ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေး၊ ရာဇဝတ်မှု နှိမ်နင်းရေးတွေမှာ နိုင်ငံအဆင့်၊ ဒေသဆိုင်ရာအဆင့် ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူခဲ့ပါတယ်။ ကုလသမဂ္ဂက ဦးဆောင်ကျင်းပမယ့် ဝိသာခါနေ့ အထိမ်းအမှတ်အခမ်းအနားကို တက်ရောက်ဖို့ ဗီယက်နမ်ကို ရောက်ရှိနေတဲ့ သမ္မတ ဦးဝင်းမြင့်နဲ့ ဗီယက်နမ် ဝန်ကြီးချုပ် ငုယင် ကျန် ဖု တို့ ဟနွိုင်းမြို့မှာ တွေ့ဆုံဆွေးနွေးစဉ် အခုလို သဘောတူညီခဲ့တာ ဖြစ်ပါတယ်။ ရာဇဝတ်မှု တိုက်ဖျက်ရေး လုပ်ငန်းမှာလည်း အပြန်အလှန် ကူညီကြဖို့ နားလည်မှု စာချွန်လွှာကိုလည်း နှစ်နိုင်ငံ ခေါင်းဆောင်တွေ လက်မှတ်ရေးထိုးခဲ့ပါတယ်။ မေလ ၁၁ ရက်နေ့မှာ ဗီယက်နမ် အမျိုးသား ညီလာခံ ဥက္ကဋ္ဌ မစ္စ ငူယင် သီကင်ငန်နဲ့လည်း သမ္မတ ဦးဝင်းမြင့်က တွေ့ဆုံခဲ့ပါတယ်။

ယခုနှစ် ဒီဇင်ဘာလအတွင်း တစ်နိုင်ငံလုံး၏မီးသုံးစွဲနိုင်မှု ရာခိုင်နှုန်း ၅၀ ပြည့်မီအောင် စီမံဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား

ယခုနှစ် ဒီဇင်ဘာလအတွင်းတစ်နိုင်ငံလုံး၏ မီးသုံးစွဲနိုင်မှု ရာခိုင်နှုန်း ၅၀ ပြည့်မီအောင် စီမံဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားဝန်အားလျှော့ခြင်း ဆောင်ရွက်ရာတွင် ပြည်သူလူထု အဆင်မပြေနစ်နာမှု အနည်းဆုံးဖြစ်စေရန် ဆောင်ရွက်မည့် အစီအမံများနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မေ ၁၁ ရက် နံနက် ၉ နာရီတွင် ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်း၊ (ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် ယင်းကဲ့သို့ ပြောကြားခဲ့ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။