
Pages
Friday, May 17, 2019
တစ်နိုင်ငံလုံးရဲ့ လျှပ်စစ်လိုအပ်ချက် ၅၀ ရာခိုင်နှုန်းအထိ ဖြည့်ပေးနိုင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြော

ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးများဖြစ်ပွားစေနိုင်သည့် ကိစ္စရပ်များအား ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးကာကွယ်စောင့်ရှောက်ပေးရန်လွှတ်တော်တွင် အဆိုတင်
ကျန်းမာရေးဆိုင်ရာဆိုးကျိုးများဖြစ်ပွားစေနိုင်သည့်ကိစ္စရပ်များအားဥပဒေနှင့်အညီထိရောက်စွာအသိပညာပေးတားဆီးကာကွယ်စောင့်ရှောက်ပေးရန်အစိုးရအားတိုက်တွန်းကြောင်းအဆိုကိုစေတုတ္တရာမဲဆန္ဒနယ်မှဦးကျော်အောင်လွင်ကယနေ့ကျင်းပသောပြည်သူ့လွှတ်တော်တွင်တင်သွင်းခဲ့သည်။
ပရီးမီးယားလိဂ် ကလပ်အသင်းတစ်သင်းဆီ အိုစမာဘင်လာဒင် မိသားစုထံက ချေးငွေရောက်လာလို့ ခုံရုံးစစ်ဆေးနေ
အဆင့်မြင့် တရားစီရင်ရေးရုံးက ၄ ရက်မြောက်အဖြစ် ကြားနာ စစ်ဆေးလျက်ရှိပြီး အသင်းပိုင်ရှင် နှစ်ဦးစလုံး ကိုလည်း ဖြေရှင်းချက်ကိုယ်စီ တောင်းဆိုထားတယ်လို့ သိရပါတယ်။ အိုစမာ ဘင်လာဒင်ရဲ့ မိသားစုထံကနေ ပရီးမီယားလိဂ်ကလပ် အသင်းတစ်သင်းဖြစ်တဲ့ ရှက်ဖီးယူနိုက်တက်အသင်းအနေနဲ့ ပေါင် ၃ သန်း ချေးငွေ ရယူခဲ့တယ်လို့ SPORT BIBLE သတင်းဌာနကဖော်ပြလာပါတယ်။
ကမ္ဘာကျော် ဗိသုကာ ပညာရှင်ကြီး IM Pei အသက် ၁၀၂ နှစ်တွင် ကွယ်လွန်
တိုက်ကြီးတွင် စက်ရုံကြို/ပို့သုံးဘီးဆိုင်ကယ်တိမ်းမှောက်၊ ၁၇ ဦး ဒဏ်ရာရ

ာတ်အားပေးစက်ရုံဖွင့်ပွဲသို့ လာသည့် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်တွင် တိုင်စာ ၄၀ ကျော်ပေးပို့
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဥ့်ကူးမြို့နယ် ဘယ်လင်းဒေသတွင် မေလ ၁၇ ရက်နေ့က ပြုလုပ်သည့် ဓာတ်အားပေးစက်ရုံဖွင့်ပွဲသို့ လာသော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်တွင် တိုင်စာ ၄၀ ကျော်ပေးပို့ကြောင်း သိရသည် ။ နိုင်ငံတော်သမ္မတ နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် တို့၏ ခရီးစဉ်များတွင် တိုင်ကြားစာလက်ခံဌာန ထားရှိပြီး ပြည်သူများတင်ပြလိုသည့် အခက်အခဲများကို လက်ခံလျှက်ရှိသည် ။
ယီမင်စစ်ပွဲအတွင်း ပါဝင်သည့် အဖွဲ့အစည်းများ ဆွေးနွေးပွဲ သဘောတူညီချက်မရဘဲ ပြီးဆုံး
ဂျော်ဒန်နိုင်ငံ မြို့တော် အမန်မှာ ကျင်းပတဲ့ ယီမင်စစ်ပွဲအတွင်း ပါဝင်တဲ့ အဖွဲ့အစည်းတွေ တွေ့ဆုံဆွေးနွေးပွဲဟာ သဘောတူညီချက်မရဘဲ ပြီးဆုံးသွားခဲ့ပါတယ်။ သန်းချီတဲ့ ယီမင်နိုင်ငံသားတွေရဲ့ အသက်သွေးကြောတခုဖြစ်တဲ့ ဟိုဒေးဒါ ဆိပ်ကမ်းကရတဲ့ ဘဏ္ဍာငွေတွေကို ဘယ်လိုစီမံခန့်ခွဲမလဲဆိုတာ ဆွေးနွေးဖို့ ကုလသမဂ္ဂ ဦးစီးပြီး အဲဒီ အစည်းအဝေးကို ကျင်းပခဲ့တာလို့ ကုလသမဂ္ဂ သတင်းရင်းမြစ်တွေက ပြောပါတယ်။
အင်းတော်ကြီးဒေသရှိ ဒေသခံတိုင်းရင်းသားတို့၏ ဓားမဦးချလုပ်ကိုင်သည့် မြေယာများပြန်လည်ပေးအပ်ရန် ဒုတိယသမ္မတထံ သိမ်းဆည်းခံတောင်သူများ တောင်းဆို
ကချင်ပြည်နယ်၊မိုးညှင်းမြို့နယ်၊အင်းတော်ကြီးဒေသရှိ ဒေသခံတောင်သူမျာူထံမှ တပ်မတော်၊ဌာနဆိုင်ရာများမှ သိမ်းဆည်းထားသည့် လယ်မြေများအား ပြန်လည်ပေးအပ်ရန် နိုင်ငံတော်ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီယူထံ သိမ်းဆည်းခံတောင်သူများက သတင်းစာရှင်းလင်းပွဲပြုလုပ်တောင်းဆိုခဲ့သည်။ အဆိုပါသတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့၊ဗိုလ်တထောင်မြို့နယ်၊ ၄၈လမ်းရှိ မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်းတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
လှိုင်သာယာမြို့နယ်မှာ ဆိုင်ကယ်ခိုးမှုကျူးလွန်သူ တစ်ဦးကို ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိ

ကလေးမုဒိမ်း ကက်သလစ်ဘုန်းကြီးတွေအကြောင်း မှတ်တမ်းရုပ်ရှင်ကြောင့် ပိုလန်တွင် ၄င်းအမှုအတွက် ထောင်ဒဏ်နှစ်တိုးမြှင့်ရန် ပြင်ဆင်နေ
ကက်သလစ်သာသနာလွှမ်းမိုးတဲ့ ပိုလန်နိုင်ငံမှာ ကက်သလစ်ဘုန်းတော်ကြီးတွေ ကျူးလွန်ခဲ့တဲ့ ကလေးမုဒိမ်းမှုတွေရဲ့ဂယက်ကြောင့် အစိုးရဟာ အဆိုပါအမှုတွေအတွက် ထောင်ဒဏ်တိုးမြှင့် ချမှတ်ရန် ပြင်ဆင်နေကြောင်း ထုတ်ဖေါ်ပြောကြားလာရပါတယ်။ ပိုလန်မှာ လက်ယာစွန်း PiS ပါတီအစိုးရ အာဏာရနေပြီး ၄င်းတို့ဟာ ပိုလန်ကက်သလစ် အသင်းတော်နဲ့ မဟာမိတ်တွေဖြစ်ကြပါတယ်။ ဒါပေမဲ့ ကလေးမုဒိမ်းမှုဂယက်တွေကြောင့် ထိုအမှုတွေ အတွက် ပြစ်ဒဏ်ကို ထောင်ဒဏ်နှစ် ၃၀ နဲ့ လိင်ကိစ္စအရွယ်ရောက်မှုအသက်ကို ၁၅ နှစ်ကနေ ၁၆ နှစ်သို့ တိုးမြှင့်ရန် ၄င်းတို့ကပဲ အဆိုပြုလာပါတယ်။
အမေရိကန်က ဟွာဝေးကုမ္ပဏီကို နာမည်ပျက်စာရင်းထဲ ထည့်သွင်း
အမေရိကန်သမ္မတထရမ့်ဟာ တရုတ်ပိုင်ဟွာဝေး ကုမ္ပဏီကို နာမည်ပျက်စာရင်းထဲ ထည့်သွင်းကြောင်း ကြေညာလိုက်ပါတယ်။ သမ္မတထရမ့်ဟာ အမေရိကန်ကုမ္ပဏီတွေနဲ့ ဟွာဝေးတို့ ပူပေါင်းဆောင်ရွက်နေတာကို ကန့်သတ်လိုက်တဲ့ အနေနဲ့ ယခုလို ကြေညာချက်ကို ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ သမ္မတထရမ့်ရဲ့ အခု လုပ်ရပ်အပေါ် အမေရိကန် စီးပွားရေးသမားတွေကတော့ မကျေမနပ်ဖြစ်နေကြတယ်လို့ ရိုက်တာသတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။
ငွေဈေး၊ ရွှေဈေး၊ စက်သုံးဆီဈေး မေ - ၁၇၊ ၂၀၁၉
ဒီကနေ့မေ ၁၇ ရက်အတွက် အမေရိကန်တစ်ဒေါ်လာလဲနှုန်းကတော့ တစ်ဒေါ်လာကို ၁၅၂၃ ကျပ် (ဘဏ်ကအဝယ်)၊ ၁၅၂၇ ကျပ် (ဘဏ်ရောင်းဈေး) ဈေးရှိနေပြီးတော့ ယူရိုလဲနှုန်းကတော့ တစ်ယူရိုကို ၁၆၈၀ ကျပ် (ဘဏ်ကအဝယ်)၊ ၁၇၀၀ ကျပ် (ဘဏ်ရောင်းဈေး) ဖြစ်ပါတယ်။ စင်ကာပူတစ်ဒေါ်လာကို ၁၁၁၀ ကျပ် (ဘဏ်ကအဝယ်)၊ ၁၁၁၅ ကျပ် (ဘဏ်ရောင်းဈေး) ရှိပြီးတော့ မလေးရှားရင်းဂစ်ကတော့ တစ်ရင်းဂစ်ကို ၃၆၃ ကျပ် (ဘဏ်ကအဝယ်) ၊ ၃၆၇ ကျပ် (ဘဏ်ရောင်းဈေး) ဖြစ်ပါတယ်။ ထိုင်းဘတ်ကတော့ တစ်ဘတ်ကို ၄၈ ကျပ် (ဘဏ်ကအဝယ်)၊ ၄၉ ကျပ် (ဘဏ်ကအရောင်း) ဖြစ်ပါတယ်။ ရွှေဈေးကတော့ အခေါက်ရွှေတစ်ကျပ်သားကို ၁၀၅၂၀၀၀ ကျပ် နဲ့ ဈေးဖွင့်ထားပါတယ်။ စက်သုံးဆီကတော့ ဒီဇယ် (500PPM) တစ်လီတာ ၁၀၀၀ ကျပ်၊ ဒီဇယ် (Premium) ကိုတစ်လီတာ ၁၀၁၀ ကျပ်၊ ဓာတ်ဆီ(Octane 92) ကို တစ်လီတာ ၉၀၀ ကျပ်၊ ဓာတ်ဆီ (Octane 95) ကို တစ်လီတာ ၉၇၀ကျပ်ဈေးဖြစ်ပါ တယ်။
တင်ဒါမခေါ်ဘဲ မြေ ကိုးဧကကျော် ငှားရမ်းခြင်းက လက်သိပ်ထိုးပေးခြင်းမဟုတ်ကြောင်း စီးပွား/ကူးသန်း ငြင်းဆို
ထိုင်းနိုင်ငံ CP ကုမ္ပဏီ အုပ်စု၏ လက်အောက်ခံ Makro ROH Company Limited အား ရန်ကုန်မြို့ရှိ မြေကိုးဧကကျော် ငှားရမ်းခြင်းသည် လက်သိပ်ထိုး လုပ်ဆောင်ခြင်းမဟုတ်ကြောင်း စီး ပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူလက်ထောက် အတွင်းဝန် ဦးခင်မောင်လွင်က ပြောသည်။ မင်္ဂလာတောင်ညွန့် စက် ဆန်းရပ်ကွက် အထက်ပုဇွန် တောင်လမ်းရှိ စားသုံးသူရေးရာ ဦးစီးဌာနပိုင် မြေကိုးဧကကျော်ကို ၁ မီတာပတ်လည်လျှင် ခုနစ်ဒေါ်လာဖြင့် စီးပွားကူးသန်း ဝန်ကြီးဌာန လက်လီ၊ လက္ကား လုပ်ငန်းများ လုပ်ကိုင်ရန် Makro ROH Company Limited ကိုငှားရမ်းခဲ့သည်။ အဆိုပါမြေငှားမှုနှင့်ပတ် သက်ပြီး စီးပွားရေးလုပ်ငန်းရှင်အ ချို့က ဝန်ကြီးဌာနကို ဝေဖန်မှုများ ရှိသကဲ့သို့ တန်းတူအခွင့်အရေးရ လိုကြောင်း တောင်းဆိုမှုများ လည်း ရှိသည်။
အဝေးသင်အနီးကပ်နှစ်ကြိမ်တက်ရမည့် စနစ်သစ်ကို ယခုနှစ်တွင် မလုပ်ဘဲ ရေရှည်စီစဉ်ထားဟုဆို
အဝေးသင်တက္ကသိုလ် ၀ိဇ္ဇာအထူးပြုဘာသာရပ်များ အ နီးကပ်နှစ်ကြိမ်တက်ရမည့်စနစ် သစ်ကို ယခုနှစ်မလုပ်ဘဲ ရေရှည် အတွက် စီစဉ်ထားသည်ဟု အ ဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာသိန်းဝင်း က ပြောသည်။ နေပြည်တော်ရှိ ပြန်ကြား ရေးဝန်ကြီးဌာန၌ မေလ ၁၅ ရက် က ပြုလုပ်သည့်နိုင်ငံတော်အစိုးရ ၏ ပြည်သူ့အတွက် တတိယတစ် နှစ်တာအတွင်း ဆောင်ရွက်ခဲ့မှု များဆိုင်ရာသတင်းစာရှင်းလင်းပွဲ တွင် 7Day Daily သတင်းစာ၏ မေးမြန်းမှုအပေါ် ဒေါက်တာသိန်း ၀င်းက ထိုသို့ပြန်လည်ဖြေကြား ခြင်းဖြစ်သည်။
လျပ်စစ်မီးအစီအမံတွေကို လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီး ချပြ
ဒီနှစ်နွေမှာ တစ်နိုင်ငံလုံးအတိုင်း လျှပ်စစ်လိုအပ်ချက်မရှိအောင် မဂ္ဂါဝပ် ၃၅၀ ကျော်အထိ တိုးထုတ်ခဲ့ပေမယ့် လိုအပ် ချက်က ၄၀၀ မဂ္ဂါဝပ်အထိ ဖြစ်ခဲ့တယ်လို့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောပါတယ်။ ဒါဟာ ရာသီဥတုပူပြင်းခြင်းနဲ့အတူ အဲကွန်း၊ ရေခဲသေတ္တာ စတဲ့ လျှပ်စစ်အဆင့်မြင့်ပစ္စည်းတွေ ပိုမိုသုံးစွဲလာတာကြောင့် ဖြစ်လို့ ဆိုပါတယ်။ လာမယ့်နှစ် နွေဆိုရင် တစ်နိုင်ငံလုံးလျပ်စစ်လိုအပ်ချက်ဟာ မဂ္ဂါဝပ် ၆၀၀ ကျော်အထိ ရှိလာနိုင်မှာဖြစ်တာကြောင့် ၂၀၂၀ နွေအတွက် တစ်ထောင်မဂ္ဂါဝပ်အထိ တိုးထုတ်ဖို့ လိုအပ်နေတယ်လို့ ဆိုပါတယ်။
မှတ်ပုံတင် တင်ဖို့ပျက်ကွက်တဲ့ ယာဉ်အစီရေ ငါးထောင်ကျော်ရှိနေ
ရန်ကုန်တိုင်းအတွင်း City Taxiမှတ်ပုံတင်ဖို့ပျက်ကွက်တဲ့ ယာဉ်အစီးရေငါးထောင်ကျော်ရှိတယ်လို့ သတင်းရရှိပါတယ်။ ဒီလိုပျက်ကွက်တဲ့ကားတွေကို အရေးယူမှာနဲ့ပတ်သက်လို့ YRTAတွဲဖက်အတွင်းရေးမှူး ဦးလှအောင်ကပြောပါတယ်။ မှတ်ပုံတင်တင်ဖို့ ပျက်ကွက်နေတဲ့ တက္ကစီယာဉ်တွေကို အရေးယူမယ့် ပုံစံကိုတော့ မသိရသေးပါဘူး ။ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ တက္ကစီယာဉ် ခြောက်သောင်းခွဲကျော် ရှိပြီး ငါးထောင်ကျော်က မှတ်ပုံတင်ဖို့ ပျက်ကွက်တာလို့ YRTAရဲ့စာရင်းတွေအရသိရပါတယ်။
သမ္မတလွတ်ငြိမ်းတွင် ပါဝင်သင့်ကြောင်း မန္တလေးအိုးဘိုအကျဉ်းသား ၄၀၀ ခန့်က လူ့အခွင့်အရေးကော်မရှင်ထံတင်ပြ
မေလ ၇ ရက်က လွှတ် ပေးခဲ့သည့် နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းသက်သာခွင့်တွင် ၎င်း တို့ပါဝင်သင့်ကြောင်း မန္တလေးအိုး ဘိုထောင်မှ အကျဉ်းသား ၄၀၀ ခန့်က မြန်မာနိုင်ငံအမျိုးသားလူ့ အခွင့်အရေးကော်မရှင်ထံတင်ပြ သည်။ မြန်မာနိုင်ငံအမျိုးသားလူ့အ ခွင့်အရေးကော်မရှင်သည် မေလ ၁၃ ရက်မှ ၁၆ ရက်အတွင်း မန္တလေးအိုးဘိုထောင်၊ ကျောက် ဆည်မြို့နယ်ရှိ ဘဲလင်း (၁) နှင့် ဘဲလင်း (၂) အကျဉ်းစခန်း၊ ပြင် ဦးလွင်မြို့နယ်ရှိ ကျောက်ထုတ် စခန်း၊ ထုံးကို (၁)၊ ထုံးဘို (၂)၊ ထုံးဘို (မ) အကျဉ်းစခန်းများသို့ သွားရောက် စစ်ဆေးစဉ် မန္တလေး အိုးဘိုထောင်မှ အကျဉ်းသား ၄၀၀ ခန့်ကအထက်ပါအတိုင်း တင်ပြသည်ဟု မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော် မရှင်အဖွဲ့ဝင် ဦးယုလွင်အောင် ကပြောသည်။
တရုတ်ရေနံသင်္ဘောများကြောင့် မတော်တဆမှုများမဖြစ်ပေါ်စေရေး ဥပဒေ၊ နည်းဥပဒေလိုအပ်နေဟု လွှတ်တော်ထောက်ပြ
ရခိုင်ပြည်နယ် မဒေးကျွန်းဆိပ်ကမ်းမှ တရုတ်နိုင် ငံသို့ ရေနံစိမ်းများတင်ပို့ရာတွင် မတော်တဆမှုများနှင့် ဆီယိုဖိတ် မှုများ မဖြစ်ပေါ်လာစေရန် ကြို တင်စီမံဆောင်ရွက်ရေး အစိုးရကို လွှတ်တော်ကိုယ်စားလှယ်များက တိုက်တွန်းပြောကြားသည်။ေ မလ ၁၅ ရက်တွင် ကျင်းပ သည့် အမျိုးသားလွှတ်တော်အ စည်းအဝေး၌ ဧရာဝတီတိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ်(၅) မှ ဦးမောင်မောင်အုန်းတင်သွင်း သည့် ရခိုင်ပြည်နယ်မဒေးကျွန်း ရေနက်ဆိပ်ကမ်းမှတစ်ဆင့် ရေ နံစိမ်းများ သယ်ယူရန် တန်ချိန် သုံးသိန်းခန့်အရွယ်ရှိ ဆီတင် သင်္ဘောကြီးများ ၀င်ရောက်နေ သဖြင့် မတော်တဆမှုများမဖြစ် ပေါ်စေရေး အစိုးရကကြိုတင်စီမံ ခြင်းများပြုလုပ်ရန် တိုက်တွန်း ကြောင်းအဆိုကို ဆွေးနွေးရာတွင် ကိုယ်စားလှယ်များက တိုက်တွန်း ပြောဆိုခြင်းဖြစ်သည်။
Batman ဖြစ်လာမယ်လို့ သတင်းထွက်နေတဲ့ Twilight မင်းသား
Batman ဇာတ်ရုပ်မှာ သရုပ်ဆောင်ဖို့ ရောဘတ် ပက်တင်ဆန်ကို ရွေးချယ်လိုက်ပြီဖြစ်ကြောင်း သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာပါတယ်။ Twilight ရုပ်ရှင်တွေနဲ့ စတင် နာမည်ကျော်လာတဲ့ မင်းသားဟာ ဒါရိုက်တာ မတ်ရိဗ်စ် တာဝန်ယူ ရိုက်ကူးမယ့် The Batmanမှာ Warner Brothers ကုမ္ပဏီက ရွေးချယ်တဲ့ Batmanဇာတ်ဆောင် ဖြစ်လာမယ်လို့ မေလ ၁၆ ရက်ကစပြီး ဟောလိဝုဒ် သတင်းဌာန အများအပြားက ဖော်ပြလာပါတယ်။
ပညာရေးဝန်ထမ်းများ အဂတိလိုက်စားပါက လုံးဝသည်းခံမည်မဟုတ်ဟု ညွှန်ချုပ်ဆို
ပညာရေးဝန်ထမ်းများ အဂတိလိုက်စားမှုရှိပါက တိုင်ကြားနိုင်ပြီး အဂတိ လိုက်စားမှုနှင့်ပတ်သက်၍ လုံးဝသည်းခံမည်မဟုတ်ကြောင်း အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောဆိုသည်။ ''ပေးရကမ်းရတာရှိရင် အချိန်မရွေး တိုင်၊ ဒီနေ့ရှိရင် မနက်ဖြန်သွားပြီး တော့ DE တို့၊ ဘာတို့စစ်ပြီးတော့ တစ်ခါတည်း သူတို့ကို အရေးယူတာ။ နောက် အခုနောက်ပိုင်းအပေးအကမ်းတွေဆိုပြည်သူ့ရဲတပ်ဖွဲ့၊ ပြည်ထဲရေးအထိ အပ်ပြီးတော့ ဆရာတို့ကအဂတိအထိအပ်မှာ။ ပေးရကမ်းရတဲ့သူရှိရင်အချိန်မရွေးပြော။အချိန်မရွေးတိုင်လို့ရတယ်။ လူသာ တိကျပါစေ။ အဂတိနဲ့ပတ်သက်ပြီး လုံးဝသည်းမခံဘူး။ Zero Dollar ပဲ''ဟု ၎င်းကပြောဆိုသည်။
"အမှိုက်ကိစ္စ သံတမန်ရေးတင်းမာမှုအဖြစ် ဖိလစ်ပိုင်က ကနေဒါနိုင်ငံဆိုင်ရာ သံအမတ်ကို ပြန်ခေါ်"
ကနေဒါနဲ့ဖိလစ်ပိုင် နှစ်နိုင်ငံကြား အမှိုက်ပြဿနာအပေါ် သံတမန်ရေးတင်းမာမှု မြင့်တက်လာခဲ့ပြီး ဖိလစ်ပိုင်က ၎င်းရဲ့သံအမတ်ကို ယမန်နေ့ (မေ ၁၆ ရက်) က ပြန်လည်ခေါ်ယူလိုက်ကြောင်း သိရပါတယ်။ ကနေဒါနိုင်ငံက လာရာက်စွန့်ပစ်ထားတဲ့ တန်ချိန်အများအပြားရှိ အမှိုက်တွေကို မေ ၁၅ ရက် နောက်ဆုံးထားပြီး ပြန်လည်သိမ်းဆည်းယူဆောင်ရန် ဖိလစ်ပိုင်က ပြောထားခဲ့ပေမဲ့ အမှိုက်တွေကို ပြန်လည်ယူဆောင်ခြင်းမရှိတာကြောင့် သံတမန်ဆက်ဆံရေး ပိုမိုတင်းမာလာခဲ့တယ်လို့ ဆိုပါတယ်။
မြဝတီမြို့၌ ငွေကျပ်သိန်း ၇၀ဝ၀ဝ ကျော်အကုန်ခံ၍ ခေတ်မီအဝေးပြေး ယာဉ်ရပ်နားစခန်းကြီးကို ၂၀၂၁ ခုနှစ်အပြီးတည်ဆောက်နေ

ပြည်ပကို ရွှေ့ပြောင်းလုပ်ကိုင်သူ မွန်နဲ့ ကရင်တိုင်းရင်းသားက အမြင့်ဆုံးဖြစ်
ဝေးလံခေါင်ဖျားတဲ့ ဒေသတွေမှာရှိတဲ့ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်က တိုင်းရင်းသားတွေဟာ ပြည်ပကို ရွှေ့ပြောင်းလုပ်ကိုင်မှု အမြင့်ဆုံးဖြစ်နေတယ်လို့ အလုပ်သမားဝန်ကြီးဌာနနဲ့ ရွှေ့ပြောင်း ဝင်ရောက်မှုဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (IOM) ရဲ့ နိုင်ငံတကာ လုပ်သားများ ရွှေ့ပြောင်းခြင်း စီမံခန့်ခွဲမှုဆိုင်ရာ အမျိုးသား ငါးနှစ်တာ လုပ်ငန်းစီမံချက် – ၂၀၁၈ ခုနှစ်ကနေ ၂၀၂၂ ခုနှစ် – အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ပါကစ္စတန်မှာ ဆရာဝန်ကြောင့် လူ ၅ဝဝ HIV ဗိုင်းရပ်စ်ပိုးကူးစက်
ပါကစ္စတန်နိုင်ငံတောင်ပိုင်းရှိ Larkana လာကာနာခရိုင်က ကလေးတွေ အများစုပါဝင်တဲ့ လူ၅ဝဝ ခန့်မှာ HIV ဗိုင်းရပ်စ်ပိုးတွေ လပိုင်းအတွင်း ထူးထူးခြားခြား တွေ့ရှိရတဲ့အတွက် AIDS ရောဂါရှိသူ ဒေသခံ ဆရာဝန်တဦးကို သက်ဆိုင်ရာက ဖမ်းဆီး စစ်ဆေး နေပါတယ်။ အဲဒီ ဆရာဝန်ဟာ လူတွေကို ဗိုင်းရပ်စ်ပိုးကူးစက်အောင် တမင်ရည်ရွယ်လုပ်ဆောင်ခဲ့တာလည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
KIA အဖွဲ့မှထောင်ထားသည့် နင်းမိုင်းတစ်လုံးအား နင်းမိပေါက်ကွဲ၍ ဒေသခံပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိ
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ထန်းတပင်ကျေးရွာနေ မောင်သန်းဝင်းဦး၊ ဦးညွန့်ဦး၊ ဦးမောင်လင်း၊ မောင်ကြည်မိုးထွန်း၊ မောင်မင်းစိုးနှင့် မောင်အောင်ဆန်းဝင်းတို့ ခြောက်ဦးသည် ဟင်းရွက်ခူးရန်အတွက် မေ ၁၅ ရက် နံနက်ပိုင်းတွင် ထွက်ခွာခဲ့ရာ ထန်းတပင်ကျေးရွာ၏ အရှေ့ ဘက် ၅ မိုင်ခန့်အကွာသို့အရောက်၌ KIA အဖွဲ့မှထောင်ထားသည့် နင်းမိုင်းတစ်လုံးအား မောင်သန်းဝင်းဦးမှ နင်းမိပေါက်ကွဲခဲ့သဖြင့် မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့ရာ မိုးညှင်းပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူစေလျက်ရှိသည်။ အဆိုပါ မိုင်းထိလူနာအား နယ်မြေခံတပ်မှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးပြီး ထောက်ပံ့ ငွေများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
အရေပြားကင်ဆာဖြစ်နေသည့် ခြင်္သေ့ကြီးကို လူဆေးရုံတွင် ကုသပေး
ခေးရော့စ်ဟု အမည်ရသည့် ခြင်္သေ့ ကြီးသည် အရေပြားကင်ဆာဖြစ်နေသ ဖြင့် ယင်းကို တောင်အာဖရိကရှိ အထူးကု ဆေးရုံကြီးတွင် ရေဒီယိုဓာတ်ရောင် ခြည်ဖြင့် ကုသပေးခဲ့ရကြောင်း သိရသည်။ လူအတွက် လုပ်ထားသည့်ဆေးရုံတွင် ၎င်းကို ကုပေးရမည်ဖြစ်သဖြင့် လူနာများ လန့်မသွားစေရန်အလို့ငှာ တာဝန်ရှိသူ များက ခြင်္သေ့ကြီးကို နောက်ပေါက်မှ တိုး တိုးတိတ်တိတ် သွင်းခဲ့ရသည်။ အသက် ၁၆ နှစ်ရှိပြီဖြစ်သည့် ခြင်္သေ့သည် သတိ မေ့နေပြီး ယင်းကို စင်ပေါ်တွင် ကြိုးဖြင့် တုပ်ထားသည်။ ခြင်္သေ့ကြီးနှာခေါင်းတွင် အနာများဖြစ်နေသဖြင့် ယင်းကို ဆရာ ဝန်များက ကုသပေးခြင်းဖြစ်သည်။
ရပ်စောက်ရှိ စစ်ရှောင်များ၏ လူနေမှုအခြေအနေကို ICRC မှ လာရောက်လေ့လာ

လွိုင်ကော်တွင် နေ့ရောညပါ လုံခြုံရေးတင်းကြပ်
လွိုင်ကော်တွင် ဗိုလ်ချုပ်ကြေးရုပ်ကိစ္စနှင့် ပတ်သက်၍ ကရင်နီလူငယ်အင်အားစမှ ဆန္ဒပြချီတက်မည်ဟု လူမှုကွန်ယက်စာမျက်နှာ ( Facebook) တွင် ပျံ့နှံ့နေခြင်းကြောင့် ဗိုလ်ချုပ်ကြေးရုပ်ထုထားရှိရာ ကန္ဒာဟေဝန်ပန်းခြံ၊ လွိုင်ကော်မြို့ အဝင်လမ်းများ၊ ပြည်နယ်အစိုးရဆောက်အဦးနေရာဝန်းကျင်နှင့်လမ်းမများတွင် လုံခြုံရေးရဲများထူထပ်စွာချထားကြောင်းသိရသည်။ ညဘက်အချိန်တွင်လည်း လမ်းများကိုပိတ်ဆို့တားဆီး စစ်ဆေးမှုများပြုလုပ်နေကြောင်းလည်းသိရသည်။
တပ်မတော်၊ ပြည်ခိုင်ဖြိုးပါတီနှင့် မိမိပါတီ လုံးဝမသက်ဆိုင်ဟု သူရဦးရွှေမန်းပြောဆို
မိမိတည်ထောင်ထားသည့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီသည် တပ်မတော်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီများနှင့် လုံးဝမသက် ဆိုင်ဘဲ သီးခြားလွတ်လပ်သည့် ပါတီဖြစ်ကြောင်း ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောဆိုသည်။ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ပုသိမ်ဟိုတယ်တွင် မေ ၁၆ ရက်က ကျင်းပသည့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီနှင့် ပြည်သူလူထု တွေ့ဆုံပွဲ၌ သတင်းမီဒီယာများ၏မေးမြန်းမှုကို သူရဦးရွှေမန်းက ပြန်လည်ဖြေဆိုခဲ့ခြင်းဖြစ်သည်။
ကျိုက်ထီးရိုးစေတီတော်မိုးကြိုးစက်ကွင်းထိပြီးရွှေ ၇၂ ကျပ်သားခန့် ကွာကျ
ကျိုက်ထီးရိုးစေတီ တော်အနီးရှိ တောင်ကြားတစ်ခုအား မိုး ကြိုးပစ်သဖြင့် မိုးကြိုးစက်ကွင်းဝင်ပြီး စေတီတော်ရှိ ရွှေ ၇၂ ကျပ်သားခန့်ကွာ ကျခဲ့ကြောင်းနှင့် သြ၀ါဒါစရိယဆရာတော် ကြီးများ၏ သြ၀ါဒကိုခံယူပြီး အစားထိုး ကပ်လှူပူဇော်မည်ဖြစ်ကြောင်း ဂေါပက အဖွဲ့ထံမှသိရသည်။ အဆိုပါဖြစ်စဉ်ကို မေ ၁၅ ရက်ည ပိုင်းတွင်ဖြစ်ပွားခဲ့ပြီး စေတီတော်၏ ရွှေ သားများကွာကျခဲ့သလို စေတီတော်ရှိ CCTV များကို ထိန်းချုပ်ထားသည့် ကွန် ပျူတာ စစ်စတန်ပုံးတစ်ခုလည်းပျက်စီးခဲ့ သည်ဟုဆိုသည်။
(၁၄)ကြိမ်မြောက် သုတစွယ်စုံစာပေဆု ဆုရရှိသူများစာရင်း ထုတ်ပြန်ကြေညာ
သဘာဝဓာတ်ငွေ့သုံး ဘဲလင်း ဓာတ်အားပေးစက်ရုံ အတိုင်ပင်ခံပုဂ္ဂိုလ်တက်ရောက် ဖွင့်လှစ်

တာချီလိတ်၌ ဖမ်းဆီးရမိသည့် တရုတ်နိုင်ငံသား ၁၈၈ ဦးအနက် ၁ဝ ဦးကို လောင်းကစားဥပဒေဖြင့် ထပ်မံအမှုဖွင့်
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်၌ ဖမ်းဆီးရမိခဲ့သည့် တရုတ်နိုင်ငံသား ၁၈၈ ဦးအနက် ၁ဝ ဦးကို မေ ၁၄ ရက် ညပိုင်းက လောင်းကစားဥပဒေဖြင့် ထပ်မံအမှုဖွင့် အရေးယူဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ တာချီလိတ်မြို့၊ ဝိန်းကျောက်ရွက်ကွက်၊ ရန်အောင်မြေရပ်ကွက်တို့တွင် တရုတ်နိုင်ငံသားများ တရားမဝင် နေထိုင်ကြောင်း၊ လောင်ကစားများပြုလုပ်နေကြောင်း၊
ခေါက်ချိုး Screen နဲ့ Laptop တွေ ထုတ်လုပ်ဖို့ ခြေတစ်လှမ်းတိုးလိုက်တဲ့ Lenovo
ခေါက်သိမ်းနိုင်တဲ့ Screen မျိုးပါရှိတဲ့ Laptop တွေ ဖန်တီးဖို့ဆိုတာဟာ စိတ်ကူးအသစ်အဆန်းတော့ မဟုတ်ပါဘူး။ ဖုန်းတချို့မှာလည်း ဒီစိတ်ကူးကို အခြေခံဖန်တီးတဲ့ ထုတ်ကုန်တချို့မြင်နေရပါပြီ။ ဒါပေမဲ့ Laptopရဲ့ Screen တစ်ခုလုံးကို အမှန်တကယ် ခေါက်ချိုးသိမ်းဆည်းနိုင်ဖို့ဆိုတာက ထင်ထားတာထက် အခက်အခဲတွေ ရှိခဲ့ပါတယ်။ ဒါကြောင့်လည်း Lenovo က ThinkPad X1Concept ကို စတင်ပြသချိန်မှာ Laptop နည်းပညာအတွက် အချိုးအကွေ့တစ်ခုအဖြစ် ကြိုဆိုလာတာ သိပ်တော့မဆန်းပါဘူး။
ဒေသခံဘွဲ့ရများကို မူလတန်းသင် ဆရာ၊ ဆရာမ ဦးစားပေးခန့်ရေး ဆွေးနွေးမည်
အခြေခံပညာမူလတန်းသင် ဆရာ၊ ဆရာမခန့်အပ် ရာတွင် ဒေသခံဘွဲ့ရ တိုင်းရင်း သား၊ တိုင်းရင်းသူများကို ဦးစား ပေးခန့်အပ်ရေး မူဝါဒတစ်ရပ် ထည့်သွင်းချမှတ် အကောင်အ ထည်ဖော်ပေးရန် အဆိုကို ပြည် သူ့လွှတ်တော်၌ ဆက်လက်ဆွေး နွေးရန် မေလ ၁၅ ရက်တွင် ဆုံး ဖြတ်သည်။ သံဖြူဇရပ်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဉာဏ်ဟိန်းက အခြေခံပညာ မူလတန်းသင် ဆရာ၊ ဆရာမဝန် ထမ်းရွေးချယ်ခန့်ထားရာတွင် တိုင်းရင်းသားဒေသ ကျေးရွာ ကျောင်းများ၏ လိုအပ်ချက်အ လိုက် ထိုဒေသကျေးရွာရှိ ဘွဲ့ရ တိုင်းရင်းသား၊ တိုင်းရင်းသူများကို ဦးစားပေးခန့်အပ်ရေးမူဝါဒတစ် ရပ် ထည့်သွင်းချမှတ်အကောင်အ ထည်ဖော်ပေးရန် အစိုးရကို တိုက် တွန်းကြောင်းအဆို လွှတ်တော်သို့ တင်သွင်းခဲ့သည်။
လွတ်လပ်ရှင်သန်စီးဆင်းမြစ် (သို့မဟုတ်) ကျွန်ုပ်တို့၏ အသက်သွေးကြော
မြစ်ဖျားခံရာကနေ ပင်လယ် သမုဒ္ဒရာထဲစီးဝင်တဲ့အထိ တစ်စုံ တစ်ရာအနှောင့်အယှက်မရှိ သ ဘာဝအတိုင်း လွတ်လွတ်လပ် လပ်ရှင်သန်စီးဆင်းနေတဲ့ မြစ် တွေဟာ လွတ်လပ်စွာရှင်သန်စီး ဆင်းနေတဲ့မြစ်တွေပါပဲ။ တစ်စုံ တစ်ရာအနှောင့်အယှက်မရှိဆို တာ လူသားတွေက သူတို့ရဲ့ရှင် သန်ရပ်တည်ဖွံ့ဖြိုးရေးအတွက် တစ်နည်းနည်းနဲ့ ပြုပြင်ဖန်တီး ထားတာမျိုးမရှိတာကို ဆိုလိုတာ ပါ။ မြစ်တွေ လွတ်လပ်စွာရှင်သန် စီးဆင်းတယ်ဆိုတာ ကမ္ဘာ့သဘာ ၀ပဲ၊ ဘာများဆန်းလဲလို့ တွေးမိ ကောင်းတွေးမိပါလိမ့်မယ်။
သတိထား ပေါင်းရမယ့် တရုတ်
မေလ၁၃ ရက်နေ့က တာချီလိတ်မြို့မှာ အွန်လိုင်းဂိမ်း လောင်း ကစားလုပ်ကိုင်ပြီး တရားမဝင်နေ ထိုင်ကြတဲ့ တရုတ်နိုင်ငံသား ၁၈၈ ဦးကို ဖမ်းဆီးလိုက်တဲ့သတင်းကို ဖတ်လိုက်ရတယ်။ သူတို့နဲ့အတူ လက်နက်တွေ၊ မူးယစ်ဆေးဝါးတွေကိုပါ ဖမ်းဆီးမိခဲ့ပြီး ဖမ်းဆီးခံထားရတဲ့ တရုတ်လူမျိုးအများ အပြားကို သတင်းဓာတ်ပုံထဲမှာ တွေ့ရတယ်။ သိရသလောက် တော့ ခုလို တရားမဝင်နေထိုင်ပြီး တရားမဝင် လောင်းကစားလုပ် ငန်းလုပ်ကိုင်နေတဲ့ တရုတ်တွေကို ဖမ်းဆီးခဲ့တာ ဒီတစ်ကြိမ် အရေအ တွက်အများဆုံးပဲ။ ဒီသတင်းဖတ် ရတော့ အံ့အားသင့်မိတယ်။
ပထမဆုံးရုပ်ရှင်ဇာတ်ကားအတွက် ရင်ခုန်နေတဲ့ အောင်ရေချမ်း
အချစ်သစ်တွေ့နေပြီဆိုတဲ့ အိုင်ရင်းဇင်မာမြင့်
ဒေါ်အောင်ဆန်းစုကြည်နှင့် အိန္ဒိယကာကွယ်ရေးအတွင်းဝန် နယ်စပ်လုံခြုံရေးကိစ္စ ဆွေးနွေး
ဆားဘီးယားတိုက်စစ်မှူး ဂျိုဗစ်ကို ရီးရဲလ်မက်ဒရစ် ခေါ်ယူ
မင်းကင်းတွင် အမြန်ရေယာဉ်တစီးပေါ်မှ ခရီးသည်နှစ်ဦး မြစ်ထဲပြုတ်ကျ ပျောက်ဆုံး
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ လောင်းပြည့်ကျေးရွာအနီးမှာ မေ ၁၆ ရက် မနက် ၆ နာရီက အမြန်ရေယာဉ်တစီးပေါ်ကနေ ခရီးသည်နှစ်ဦး ချင်းတွင်းမြစ်ထဲ ပြုတ်ကျ ပျောက်ဆုံးနေပါတယ်။ ခရီးသည်အမျိုးသမီးတဦးဟာ စက်လှေအနောက်ဘက် အိမ်သာသွားရင်း စက်လှေကုန်းပတ် လျှောက်လမ်းကနေ ဟန်ချက်ပျက် ပြုတ်ကျခဲ့တာဖြစ်ပြီး တခြားခရီးသည် အမျိုးသားတဦးက ဆင်းဆယ်ခဲ့ရာကနေ နှစ်ဦးလုံး ရေနစ်မြုပ်သွားခဲ့တာပါ။
လေမိုးထန်ခြင်းကြောင့် ဓာတ်အားလိုင်းကြိုးများ ပြတ်ကျ၊ လျှပ်စစ်အန္တရာယ် သတိပေး
မန္တလေး သရက်သီးဈေးပွဲတော်တွင် သရက်သီး ၁ လုံး ကျပ် ၅၀ ဖြင့် ရောင်းချမည်
မန္တလေးမှာ ကျင်းပနေတဲ့ မြန်မာ့သရက်သီးနှင့် သရက်သီးတန်ဖိုးမြှင့်ထုတ်ကုန်များ ဈေးရောင်းပွဲတော် နောက်ဆုံးရက်မှာ သရက်သီးတလုံးကို ကျပ်ငွေ ၅၀ တန် တရွက်နဲ့ ရောင်းချပေးမယ်လို့ ဈေးရောင်းပွဲတော် တာဝန်ရှိသူတွေက ပြောပါတယ်။ မန္တလေးမြို့၊ ကုသိုလ်တော်ဘုရားအနီးမှာ ပြုလုပ်တဲ့ အဲဒီဈေးရောင်းပွဲတော်မှာ ပြီးခဲ့တဲ့နှစ်ကလည်း သရက်သီးတလုံးကို မြန်မာကျပ်ငွေ ၁၀ တန်တရွက်နဲ့ ရောင်းချပေးခဲ့ပါတယ်။
မက္ကဆီကိုစီးတီးတွင် လေထုညစ်ညမ်းမှုကြောင့် အရေးပေါ်အခြေအနေ ကြေညာ
ရေနံချောင်းတွင် လေယာဉ်ဆီများတင်ဆောင်လာသည့် ၂၂ဘီး တွဲကား မီးလောင်မှု ဖြစ်ပွား
မင်းဘူးနှင့် မင်းလှတွင် လေပြင်းတိုက်ခတ်မှုများ ဖြစ်ပွားခဲ့
လိင်တူချစ်သူများအပေါ် အကြမ်းဖက်ခံရမှုများရှိနေပြီး ရဲဝန်ထမ်းအချို့မှ ကျူးလွန်ဟု ပြောဆို
လိင်တူချစ်သူများအနေဖြင့် အကြမ်းဖက်ခံရမှုများရှိနေပြီး ゞင်းအကြမ်းဖက်မှုများကို ရဲအချို့က ကျူးလွန်ခဲ့ကြခြင်း ဖြစ်သည်ဟု LGBT အသိုင်းအဝိုင်းမှ လိင်တူချစ်ခင်သူများက ပြောဆိုလိုက်သည်။ေ မ ၁၅ ရက်နေ့ညက ရန်ကုန်မြို့၊ ပြင်သစ်ယဉ်ကျေးမှုဌာနတွင် ပြုလုပ်သော လိင်တူ၊ လိင်ပြောင်းနှင့် ဒွိလိင် ချစ်သူများအား ရွံ့မုန်းမှုကို ဆန့်ကျင်သော နိုင်ငံတကာနေ့ (IDAHOT) အကြိုအခမ်းအနားတွင် ပြောခဲ့ကြခြင်း ဖြစ်သည်။ေ မှာင်ရိပ်ခိုမှု ၃ဝ (ဃ) ကြောင့် ဖမ်းဆီးနှိပ်စက်ခံရမှုများကို အများဆုံးတွေ့ကြုံနေရကြောင်း Paralegal တစ်ဦး ဖြစ်သော ချာကိုးလ် (Colours Rainbow) က ပြောသည်။
ရန်ကုန်မှာ ဓာတ်ငွေ့ဓာတ်အားပေးစက်ရုံ လည်ပတ်နေတဲ့ ကုမ္ပဏီထံက အစုစပ်ရှယ်ယာတွေ ဂျပန်ကုမ္ပဏီ (၂)ခု ဝယ်ယူမည်
ဂျပန်လျှပ်စစ်ကုမ္ပဏီ (၂)ခုဖြစ်တဲ့ Shikoku Electric Power Co. နဲ့ Chugoku Electric Power Co ကုမ္ပဏီ (၂)ခုဟာ ゞင်းတို့ရဲ့ ပြည်ပလုပ်ငန်းတွေကို မြှင့်တင်ဖို့အတွက် Toyo Thai Power Myanmar Co. ရဲ့ အစုစပ်ရှယ်ယာ ၂၈ ဒသမ ၅ ရာခိုင်နှုန်း အသီးသီးကို ဝယ်ယူကြမှာဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြပါတယ်။
ကနေဒါနိုင်ငံသား နှစ်ဦးကို တရုတ်က ဖမ်းဆီးထားတာ လက်သင့်ခံစရာ မရှိဘူးလို့ ထရူဒို ပြော
တရုတ်နိုင်ငံမှာ ကနေဒါနိုင်ငံသားနှစ်ဦးကို ဖမ်းဆီးထားတာဟာ လက်သင့်ခံစရာ မရှိဘဲ ဒီလို ဖမ်းဆီးတာအတွက် တရုတ်နိုင်ငံကို ရင်ဆိုင်သွားဖို့ သံန္ဒိဌာန်ချထားကြောင်း ကနေဒါဝန်ကြီးချုပ် ဂျက်စတင်းထရူဒိုက ပြောပါတယ်။ “ကျွန်တော်တို့ဟာ ကနေဒါနိုင်ငံသားတွေအတွက် အပြောင်းအလဲ မရှိ ရပ်တည်သွားမှာ ဖြစ်တယ်။ အဓိကကတော့ ထင်သလို ဖမ်းဆီးခံရတဲ့ ဒီ ကနေဒါနိုင်ငံသား နှစ်ယောက်အတွက် အစွမ်းကုန် ရပ်တည်သွားပါမယ်။”လို့ ပြင်သစ်နိုင်ငံ၊ ပါရီမြို့ကို ရောက်ရှိနေတဲ့ ထရူဒိုက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
တိုင်းရင်းဆေးအတွက် တရုတ်သို့ မြည်းများ သတ်ဖြတ်တင်ပို့နေတာကို ရပ်တန့်ဖို့ ကင်ညာအား တိုက်တွန်
တပ်မတော်နှင့် နာဂလက်နက်ကိုင်တို့ တိုက်ပွဲ ဖြစ်ပွား
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်၊ ကော်ညှပ်နယ်အတွင်း မေ ၁၆ ရက် နေ့လယ်၂ နာရီမှ ညနေ ၆နာရီအထိ တပ်မတော်နှင့် နာဂလက်နက်ကိုင် NSCNK တပ်တို့အကြား တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု သိရသည်။ လက်ရှိအချိန်ထိ တိုက်ပွဲဖြစ်ပွားရခြင်းနှင့် ပတ်သက်ပြီး လဟယ်မြို့နှင့် ကော်ညှက်နယ်ဘက်မှ ကျေးရွာအကြား ဖုန်းလိုင်းများ ပြတ်တောက်နေသည့်အတွက်ဆက်သွယ်၍ မရသေးကြောင်း လဟယ်မြို့နယ် ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကယ်က ဆိုသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ချီးမြှင့်သည့် ဂုဏ်ပြုမှတ်တမ်းလွှာများကို လေယာဉ်မှူးကြီးနှင့် လေယာဉ်အဖွဲ့သားများထံ ပေးအပ်ချီးမြှင့်

အမျိုးသမီးတွေအတွက် အထူးအခွင့်အရေးတွေပေးထားတဲ့ တရုတ်ကုမ္ဗဏီ
တရုတ်နိုင်ငံက အင်တာနက်ကုမ္ဗဏီတစ်ခုဟာ အမျိုးသမီးဝန်ထမ်းတွေအတွက် အထူးအခွင့်အရေးတွေ ပေးခဲ့ပါတယ်။ တရုတ်နိုင်ငံ ကျဲ့ကျန်းခရိုင်ရဲ့မြို့တော်ဖြစ်တဲ့ ဟန်ကျိုးမြို့အခြေစိုက် အင်တာနက်ကုမ္ဗဏီတစ်ခုက ဒီလိုခွင့်ပြုခဲ့တာဖြစ်ပြီး အမျိုးသမီးတွေအတွက် တန်းတူညီမျှတဲ့ အခွင့်အရေးပေးတာလို့ဆိုပါတယ်။ ကုမ္ဗဏီက ကြေညာချက်မှာတော့ အမျိုးသမီးဝန်ထမ်းတွေဟာ ရင်သွေးတွေကို အလုပ်ခွင်ခေါ်လာခွင့်ပြုတဲ့အပြင် အမျိုးသမီးတွေ ရာသီလာတဲ့ရက်တွေနဲ့၊ သားဖွားတဲ့ရက်တွေမှာလဲ လစာအပြည့်ပေးမှာဖြစ်ပြီး၊ ကိုယ်ဝန်ရှိမရှိစမ်းသပ်တဲ့ပစ္စည်းနဲ့ ရာသီလာချိန်တွေမှာ အမျိုးသမီးလစဉ်သုံးပစ္စည်းကိုလဲ အခမဲ့ပေးမယ်လို့ ကြေညာခဲ့ပါတယ်။
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၇၆၀၅၀ပြား ဖမ်းဆီးရမိ

ခင်ဦးမြို့နယ်တရားသူကြီး(ယခု ကျောက်တံခါး မြို့နယ်တရားသူကြီး)၊ ရှေ့နေတစ်ဦးနှင့် ရုံးစောင့်/သန့်ရှင်းရေးတစ်ဦးတို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူ
ခင်ဦးမြို့နယ်တရားသူကြီး(ယခု ကျောက်တံခါး မြို့နယ်တရားသူကြီး)၊ ရှေ့နေတစ်ဦးနှင့် ရုံးစောင့်/သန့်ရှင်းရေးတစ်ဦးတို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူကြောင်း မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က သတင်းထုတ်ပြန်လိုက်ရာ အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်တရားရုံးတွင် ရာဇဝတ်ကြီးမှုအမှတ် ၃၁၉/၁၇ သစ်တောအမှုဖြင့် အမှုရင်ဆိုင်နေစဉ် ငှားရမ်းခဲ့သော တရားလွှတ်တော်ရှေ့နေ ဒေါ်ဇာခြည်ဝင်းမှ တရားသူကြီးနှင့် တရားရုံးဝန်ထမ်းများအား ပေးရန်အတွက်ဟုဆို၍ ငွေများပေးခဲ့ရသော်လည်း အမှု မအောင်မြင်ခဲ့ခြင်း၊ ခရိုင်တရားရုံးသို့ အယူခံတက်ရောက်ခဲ့ရာတွင် ငွေပေးခဲ့ရခြင်းအပေါ် အရေးယူပေးပါရန် ဤကော်မရှင်သို့ တိုင်ကြားခဲ့ပါသည်။
ထိုင်းနိုင်ငံတွင် အင်္ဂလိပ်ဘာသာဖြင့် ပုံနှိပ်ထုတ်ဝေသော ရာစုနှစ်ဝက်သက်တန်းရှိ The Nation သတင်းစာ ရပ်မည်

စင်ကာပူနိုင်ငံကြက်ခြေနီအသင်း၏ အင်တာနက်ဝက်ဆိုက် ဖောက်ထွင်းခံရသဖြင့် သွေးလှူရှင် လေးထောင်ကျော်၏ ကိုယ်ရေးအချက်များ ပါသွား

မြောက်ဥက္ကလာပတွင် စိတ်ကြွရူးသွပ်ဆေးပြားများ၊ ဆေးခြောက်များနှင့် ဓားရှည်များရဲဒင်းများဖမ်းဆီးရမိ
ရှန်ဟိုင်း အထပ်နိမ့် အဆောက်အအုံပြိုကျမှု သေဆုံးသူ ၁၀ ဦးရှိေ

ချယ်လ်ဆီးကွင်းလယ်လူ လို့ဖ်တပ်ချိတ် ခြေချင်းဝတ်ဒဏ်ရာကြောင့် ယူရိုပါလိဂ် ဗိုလ်လုပွဲလွဲချော်နိုင်
လမ်းပတ်၏ ဒါဘီအသင်း ချန်ပီယံရှစ် ရှုံးထွက်ဗိုလ်လုပွဲသို့ တက်ရောက်
လာဇီယိုကို ရှုံးပြီးနောက် အတ္တလန်တာနည်းပြက ဒိုင်များကိုအပြစ်တင်
အီတာလီယာဖလား ဗိုလ်လုပွဲတွင် လာဇီယိုကိုနောက် ကျဂိုးများဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် အတ္တလန်တာနည်းပြ ဂီယန်ပီယာ ရိုဂတ်စပရီနိုက မိမိတို့ပင်နယ်တီ တစ်လုံးရသင့်သည်ဟု ပြောပြီး ဒိုင်များကို ဒေါသတကြီးပြစ်တင် ဝေဖန်သည်။ ဆာဂျီမီလန်ကိုဗစ်ဆာဗစ် နှင့် ဂျိုအာကွင်းကော်ရီယာတို့၏ ဂိုးများဖြင့် လာဇီယိုက ၂-၀ ဂိုး ဖြင့် နိုင်ကာ ၎င်းတို့၏ သတ္တမ မြောက်ကိုပါအီတလီယာဖလား ရရှိခဲ့သည်။
အေဂျက်ဇ်အသင်း ပြည်တွင်းဖလားနှစ်လုံး ဆွတ်ခူး
ယာဉ်လုပ်ငန်းဆိုင်ရာ မူဝါဒတွင် ပြည်ပဈေးကွက်သို့ ပြန်လည်တင်ပို့နိုင်ရေး မျှော်မှန်းချက် ပါဝင်
လာမည့် ၁၅ နှစ်အတွင်း နိုင်ငံ့လူဦးရေ ၂၀ ရာခိုင်နှုန်း ကား ပိုင်ဆိုင်၍ ပြည်ပဈေးကွက်သို့ ပြန် လည်တင်ပို့နိုင်မည်ဟု မျှော်မှန်း ရေးဆွဲထားသည့် ယာဉ်လုပ်ငန်း ဆိုင်ရာ မူဝါဒကို ၂၀၁၉ မေလ ၁၄ ရက်တွင် စက်မှုဝန်ကြီးဌာနက ထုတ်ပြန်သည်။ ယာဉ်လုပ်ငန်းဆိုင်ရာ မူဝါဒ ကို ယာဉ်နှင့် အစိတ်အပိုင်းများ တင်သွင်းခြင်း၊ တပ်ဆင်ခြင်း၊ ရောင်းချခြင်းနှင့် ပြုပြင်ထိန်းသိမ်း ခြင်းလုပ်ငန်းများ စနစ်တကျတိုး တက်စေရေးနှင့် စီးပွားရေးမဏ္ဍိုင် ကြီးတစ်ခု ဖြစ်လာစေရန် ရည် ရွယ်၍ ထုတ်ပြန်သည်ဟု ဆိုသည်။
ထိုင်းဟိုတယ်လုပ်ငန်းနှင့် KMA ကုမ္ပဏီအုပ်စု ဒေါ်လာသန်း ၆၀ တန်ဖိုးရှိ ဟိုတယ်လုပ်ငန်းခြောက်ခုတွင် ပူးပေါင်းလုပ်ကိုင်မည်
ထိုင်းဟိုတယ်လုပ်ငန်း Centara နှင့်ပြည်တွင်းမှ KMA ကုမ္ပဏီအုပ်စုတို့ ပူးပေါင်း၍ မြန် မာနိုင်ငံတွင် ကန်ဒေါ်လာသန်း ၆၀ တန်ဖိုးရှိ ဟိုတယ်လုပ်ငန်း ခြောက်ခု၌ ရင်းနှီးမြှုပ်နှံရန်သ ဘောတူကြောင်း နှစ်ဖက်ကုမ္ပဏီ က သတင်းထုတ်ပြန်သည်။ ထိုဟိုတယ်များသည် အင်း လေး၊ ပုဂံ၊ နေပြည်တော်၊ တောင်ငူနှင့် သံတောင်တွင် တည်ရှိမည်ဖြစ်ပြီး အင်းလေး၊ နေပြည်တော်နှင့် တောင်ငူရှိဟို တယ်များကို ထိုင်းလုပ်ငန်းစုနာ မည်ဖြင့် ပြန်လည်မွမ်းမံမည်ဖြစ် သည်။ ‘‘ခရီးသွားလုပ်ငန်းအတွက် အလားအလာကောင်းတွေရှိနေ တဲ့ မြန်မာနိုင်ငံကို ထိုင်းအမှတ်တံ ဆိပ်ကို ယူဆောင်လာတာပါ။ ထိုင်းအမှတ်တံဆိပ်ကြောင့် မြန် မာ့ခရီးလုပ်ငန်းကို ပိုမိုဖွံ့ဖြိုးစေမှာ ဖြစ်ပါတယ်’’ ဟု Centara ဟို တယ်လုပ်ငန်းစုအမှုဆောင်အရာ ရှိချုပ်က ပြောသည်။
မိုးနှင့်လေပြင်းကြောင့် မြောက်ဦးစစ်ရှောင်စခန်း ၁၀ ခုကျော်ရှိ နေအိမ် ၅၀ ကျော်ပျက်စီး
ရခိုင်ပြည်နယ် မြောက် ဦးမြို့နယ်၌ မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှု ကြောင့် စစ်ဘေးရှောင်စခန်း ၁၀ ခုကျော်မှ အိမ်ထောင်စု ၅၀ကျော် နေအိမ်များ ပျက်စီးခဲ့ကြောင်း နယ်မြေခံ လွှတ်တော်ကိုယ်စား လှယ်နှင့် ဒေသခံများက ပြော ကြားသည်။ မေလ ၁၅ရက် မွန်းလွဲပိုင်း တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်း တိုက်ခတ်ခြင်းကြောင့် တောင်မြင့်၊ တိမ်ညို၊ ရွာဟောင်း တော၊ ကုန်ဘောင် (ရွာသစ်)၊ လက်ကောက်ဈေး၊ သပြေကန်၊ ၀က်လှ၊ ကြက်ဈေး၊ သရက်အုပ် စသည့် ကျေးရွာများရှိ စစ်ရှောင် စခန်းများမှ နေအိမ်များအမိုး လန်ခြင်း၊ တစ်စိတ်တစ်ပိုင်း ပျက် စီးခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း မြောက်ဦးမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦး ထွန်းသာစိန်က ပြောသည်။
အာဆီယံပြိုင်ပွဲဝင်ရန် မြန်မာယူ-၁၈ အသင်းကို ပဏာမ ၂၆ ဦးဖြင့် ဖွဲ့စည်း
အသက် (၁၈) နှစ်အောက် အာဆီယံချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲအတွက် မြန်မာ ယူ-၁၈ ဘောလုံးအသင်းကို ပဏာမ ကစားသမား ၂၆ ဦးဖြင့် ဖွဲ့စည်းခဲ့သည်။ မြန်မာ့လက်ရွေးစင်ယူ-၁၈ အသင်းပဏာမစာရင်းတွင် ပြီးခဲ့သည့် ဟောင်ကောင် ဖိတ်ခေါ်ဖလား၌ ဗိုလ်စွဲခဲ့သည့် ကစားသမားများကို အခြေခံပြီး ကစားသ မားသစ်အချို့ ထပ်မံဖြည့်တင်း ထားသည်။
တိုကျိုတွင် ကျင်းပမည့် ဂျပန် - မြန်မာ ရိုးရာလက်ဝှေ့ ပြိုင်ပွဲ၌ တွဲဆိုင်း ငါးဆိုင်းပါဝင်
မြန်မာ့လက်ဝှေ့ကျော် များနှင့် ဂျပန်လက်ဝှေ့သမားများ ထိုးသတ်မည့် ဂျပန်-မြန်မာရိုးရာ လက်ဝှေ့ပြိုင်ပွဲ (lethwei in japan 12)တွင် တွဲဆိုင်း ငါးဆိုင်း ပါဝင်မည်ဖြစ်သည်။ မြန်မာနှင့် ဂျပန်လက်ဝှေ့ အဖွဲ့ချုပ်တို့ ပူးပေါင်းပြုလုပ်မည့် ယင်းပြိုင်ပွဲကို မေလ ၁၇ ရက် တွင် ဂျပန်နိုင်ငံတိုကျိုမြို့ရှိ ခိုလခုအန်ခန်းမ၌ ကျင်းပမည် ဖြစ်ပြီး မြန်မာ့လက်ဝှေ့သမားသုံး ဦး ပါဝင်ထိုးသတ်မည်ဖြစ်သည်။
ကျောင်းကားလိုအပ်တဲ့ ကျောင်းတွေကို ကျောင်းကားပံ့ပိုးပေးမယ်လို့ YRTA ပြော
လာမယ့်ကျောင်းဖွင့်ရာသီမှာ ရန်ကုန်တိုင်းအတွင်းက ကျောင်းကားလိုအပ်ချက်ရှိတဲ့ ကျောင်းတွေကို ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု အာဏာပိုင် အဖွဲ့ (YRTA ) က ကျောင်းကားတွေ ပံ့ပိုးပြေးဆွဲပေးသွားမယ်လို့ သိရပါတယ်။ ကျောင်းကားလိုအပ်ချက်ကို ပံ့ပိုးပေးဖို့ အတွက် YRTA အနေနဲ့ နည်းလမ်းနှစ်မျိုး ကို စီစဉ်ထားတယ်လို့ YRTA ရဲ့ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောပါတယ်။ ကျောင်းကားပြေးဆွဲရာမှာ ရန်ကုန်တိုင်းအစိုးရ က ချ မှတ်ထားတဲ့ မူဝါဒ ၁၂ ချက်နဲ့ ကိုက် ညီရမှာဖြစ်ပြီး ဒီအချက်တွေထဲမှာတော့ ဘယ်မောင်းဖြစ်ရမှာ ၊ ထိုင်ခုံတိုင်းမှာ ခါးပတ်ပါရမှာ ၊ ကျောင်းအမည်နဲ့ ဆက်သွယ်ရမယ့် ဖုန်းနံပတ်တွေကို ရေးသားထားဖို့ စတဲ့အချက်တွေပါဝင်တာပါ။
အသက် (၁၀) နှစ်အောက် ဘောလုံးပွဲတော်(ရန်ကုန်)တွင် ဒလမြို့နယ်အသင်း ဗိုလ်စွဲ
အာရှဘောလုံးပွဲတော် အထိမ်းအမှတ်နေ့အဖြစ် ကျင်းပသည့် အသက်(၁၀) နှစ်အောက် ဘောလုံးပွဲတော် (ရန်ကုန်) တွင်ဒလမြို့နယ်အသင်းက လှိုင်မြို့နယ်အသင်းကို ပင်နယ်တီ အဆုံးအဖြတ်ဖြင့် အနိုင်ရ ဗိုလ်စွဲခဲ့ သည်။ မေလ ၁၆ ရက် နံနက်က အမျိုးသားဘောလုံး အကယ်ဒမီ (ရန်ကုန်)၌ ကျင်းပသည့် ယင်းပြိုင်ပွဲ ဗိုလ်လုပွဲတွင် ဒလမြို့နယ် အသင်းနှင့် လှိုင်မြို့နယ် အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ရာ တစ်ဂိုးစီ သရေကျသဖြင့် ပင်နယ်တီအဆုံးအဖြတ် ကန်သွင်းခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ကွာတားအဆင့်ပွဲစဉ်အားလုံး ထွက်ပေါ်
ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ်အဆင့်တွင် ရှမ်းနှင့် ဟံသာဝတီ၊ မကွေးနှင့် ရခိုင်၊ ရတနာပုံနှင့် စစ်ကိုင်း၊ ဆောက်သမ်းနှင့် ရန်ကုန်အသင်းတို့ ထိပ်တိုက် တွေ့ဆုံနေသည်။ မေလ ၁၅ ရက်က အောင်ဆန်းကွင်း၌ ယှဉ်ပြိုင်သည့် ရှုံးထွက်ပြိုင်ပွဲ ဒုတိယအဆင့် နောက်ဆုံးပွဲစဉ်တွင် စစ်ကိုင်းအသင်းက ဒဂုံအသင်းကို အကြိတ်အနယ် ယှဉ်ပြိုင်ပြီး ၁-၀ ဂိုးဖြင့် အနိုင်ရကာ ကွာတားအဆင့်သို့ တက် ရောက်ခဲ့သည်။
ပြည်ထောင်စု လွှတ်တော်အမတ်များ စမတ်ကျစေရန် သင်တန်းပေး
ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များကို ဝတ်စားဆင်ယင် သွားလာမှုပုံစံ များနှင့်ပတ်သက်၍ နာမည် ကျော် အစီအစဉ် တင်ဆက်သူနှင့် မော်ဒယ်ဒေါ်တင်မိုးလွင်က လာ ရောက်ပို့ချကြောင်း အဆိုပါ သင်တန်းသို့ တက်ရောက်သူ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်( ၉) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်လတ်က ပြောသည်။
NCA စာချုပ်ကြောင့် ရရှိနေသည့် နိုင်ငံရေးဆွေးနွေးခွင့်ရပ်တန့်မသွားရေး သတိထားရန် ချင်းမိုင်ထိပ်သီးညီလာခံသဘာပတိ တိုက်တွန်း
တိုင်းရင်းသားအဖွဲ့များ ရရှိနေသည့် နိုင်ငံရေးဆွေးနွေးခွင့် အခွင့်အရေး ရပ်တန့်မသွားရေး သတိထားရန် တစ်နိုင်ငံလုံး ပစ် ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုး ထားသည့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့၏ ထိပ်သီးခေါင်းဆောင်များ ညီလာခံတွင် သဘာပတိ ခိုင်စိုးနိုင်အောင်က ပြောသည်။ အပစ်ရပ် ၁၀ ဖွဲ့၏ ထိပ်သီး ညီလာခံ တတိယနေ့ကို ယမန်နေ့ (မေလ ၁၆ ရက်)က ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ဆက်လက်ကျင်းပ ရာ ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ(ALP) ဒုဥက္ကဋ္ဌ ခိုင်စိုးနိုင် အောင်က ညီလာခံသဘာပတိအ ဖြစ် တာဝန်ယူပြီး မိန့်ခွန်းပြော ကြားရာတွင် အထက်ပါအတိုင်း သတိပေးသည်။
ယူအီးအက်ဖ်အေ၏ ကလပ်ဘဏ္ဍာငွေ ထိန်းချုပ်ရေးအဖွဲ့သို့ လွှဲအပ်ခံရ၍ မန်စီးတီးအသင်း ဒေါသတကြီးတုံ့ပြန်
ယူအီးအက်ဖ်အေ၏ ကလပ်ဘဏ္ဍာငွေ ထိန်းချုပ်ရေး အဖွဲ့သို့ လွှဲအပ်ခံရပြီးနောက် မန် စီးတီးက ၎င်းတို့အနေဖြင့် စိတ် ပျက်မိသော်လည်း မအံ့သြမိဟု ပြောကြားသည်။ မန်စီးတီးအနေဖြင့် ဘဏ္ဍာ ရေးစည်းကမ်းများကို ချိုးဖောက် ကြောင်း စစ်ဆေးတွေ့ရှိပါက ၎င်းတို့ကို ချန်ပီယံလိဂ်မှ တစ်ရာ သီပိတ်ပင်ရန် ယူအီးအက်ဖ်အေ စုံစမ်းစစ်ဆေးရေးမှူးများက အ လိုရှိနေသည်ဟု ဘီဘီစီအားက စားသတင်းက ယခုသီတင်းပတ် အတွင်း ဖော်ပြသည်။ စုံစမ်းရေးမှူးချုပ် ယဲဗက်စ် လီတာမီက ယူအီးအက်ဖ်အေသို့ ၎င်း၏အကြံပြုချက်ကိုတင်ပြထား သော်လည်း တားမြစ်မှုကိုထောက် ခံသလားဆိုသည်ကို မသိရပေ။
မကွေးတိုင်း တောင်သူများ ပုံစံ (၇) ပေးအပ်နိုင်မှု ရာနှုန်းပြည့်နီးပါး ပြီးစီးဟုဆို
မကွေးတိုင်းဒေသကြီး ရှိတောင်သူများကို လယ်ယာမြေ ပိုင်ဆိုင်မှုပုံစံ (၇) ပြုလုပ်ပေးရာ တွင် ၉၉ ရာခိုင်နှုန်းပြီးစီးပြီဖြစ် ကြောင်း တိုင်းဒေသကြီးလယ်ယာ မြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန တိုင်းဦးစီးမှူး ဦးဇော် ၀င်းကပြောသည်။ မကွေးတိုင်းတွင် ပုံစံ (၇) ပြု လုပ်ပေးရမည့် တောင်သူ ဆယ့် ခုနစ်သိန်းခွဲရှိသည့်အနက် ဆယ့် ခုနစ်သိန်းတစ်သောင်းငါးထောင် ကျော်လုပ်ပေးသဖြင့် ရာနှုန်းပြည့်ပြီးစီးရေး ဆောင်ရွက်နေကြောင်း ၎င်းကပြောသည်။
ကျိုက်ထီးရိုးစေတီတော် မိုးကြိုးစက်ကွင်းထိမှန်၍ ရွှေများကွာကျ
မဲဆောက်မြို့တွင် မြန်မာလုပ်သား ၁၀၀ ဦးဖမ်းဆီးခံရ CI လက်မှတ်ရှိ မြန်မာလုပ်သားများကို ထိုင်းအစိုးရက သက်တမ်းကိုးလ ထပ်မံတိုးပေး
တောင်သူများ ဒေသမျိုးရင်းကြက်မွေးမြူခြင်းဖြင့် လူမှုစီးပွားဘ၀ အဆင်ပြေနိုင်ဟုဆို
မကွေးမြို့နယ်ရှိ တောင် သူများ မကွေးတိုင်းဒေသကြီး ဒေ သမျိုးရင်း ကြက်(ဗမာကြက်)များ တစ်နိုင်တစ်ပိုင် ခြံခတ်မွေးမြူခြင်း ဖြင့် လူမှုစီးပွားဘ၀များ ပိုမိုအ ဆင်ပြေနိုင်ကြောင်း မကွေးတိုင်း ဒေသကြီးတိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေး မှူးဒေါက်တာမောင်မောင်စိုးဦး က ပြောသည်။ ဒေသမျိုးရင်း တိုင်းရင်း ကြက်များသည် နိုင်ငံခြားမျိုးဥစား ကြက်၊ အသားစားကြက်များ ထက် ကြက်ဥဈေး၊ အသားဈေး နှစ်ဆကျော်ပိုရသဖြင့် စီးပွားရေး တွက်ခြေကိုက်ကြောင်း ၎င်းကဆို သည်။
မီးပြတ်၍ အခက်အခဲကြုံတွေ့နေသော ရန်ကုန်တိုင်းရှိ မြို့နယ်အချို့သို့ နေ့စဉ်ရေဂါလန်တစ်သိန်းကျော် ဖြန့်ဝေနေ
မီးပြတ်၍ ရေတွန်းစက် များ စွမ်းအားပြည့်မောင်းနှင်နိုင်မှု မရှိသည့်ကာလအတွင်း ရေအ ခက်အခဲရှိသည့်မြို့နယ်များသို့ ရေသယ်ယာဉ်များဖြင့် တစ်ရက် လျှင် ရေဂါလန်တစ်သိန်းကျော် ဖြန့်ဝေနေကြောင်း ရန်ကုန်မြို့ တော် စည်ပင်သာယာရေးကော် မတီ ရေရှိရေးနှင့် ရေပေးဝေရေး လုပ်ငန်းတာဝန်ခံအဖွဲ့ အကြီး တန်းအရာရှိတစ်ဦးကပြောသည်။ ရန်ကုန်တိုင်းဒေသကြီးအ တွင်း ရေတွန်းစက်များတည်ရှိရာ မြို့နယ်များတွင် လျှပ်စစ်မီးမကြာ ခဏပြတ်တောက်နေခြင်းကြောင့် ရေတွန်းစက်များစွမ်းအားပြည့် မောင်းနှင်နိုင်ခြင်းမရှိသဖြင့် မြို့ နယ်အချို့၌ ရေအားမကောင်း ခြင်း၊ ရေပြတ်ခြင်းများ ဖြစ်ပေါ်နေ သည်။
မြန်မာက ကန့်ကွက်သော်လည်း တရုတ်က နယ်စပ်ဂိတ်အချိန်စောပိတ်
မူဆယ်ရှိ နယ်စပ်ဂိတ် နှစ်ဂိတ်ဝင်၊ ထွက်ချိန်ကို တရုတ် နိုင်ငံဘက်မှ အချိန်လျှော့ချသည့် အပေါ် မြန်မာဘက်က ကန့်ကွက် ထားသည့်တိုင် တရုတ်က ကြေညာထားသည့်အတိုင်း အချိန်စော ပိတ်ခဲ့သည်။ မြန်မာ-တရုတ်နယ်စပ် မူ ဆယ်တွင် နယ်စပ်ဂိတ်သုံးခုရှိ သည့်အနက် လူအဝင်၊ အထွက် ပြုလုပ်သော နန်းတော်ဂိတ်နှင့် ဆင်ဖြူဂိတ်ကို ယခင်က မြန်မာစံ တော်ချိန် ည ၁၀ နာရီခွဲအထိ ဝင်၊ ထွက်ခွင့်ပြုရာမှ မေလ ၁၅ ရက်က စတင်ကာ ည ၈ နာရီအထိသာခွင့်ပြုမည်ဟု တရုတ်က ကြေညာ ခဲ့သည်။ မေလ ၁၄ ရက်တွင် ကြေညာခြင်းဖြစ်ပြီး မူဆယ်ခရိုင်နယ် စပ်ရေးရာဌာနက ကန့်ကွက်ထား သော်လည်း မေလ ၁၅ ရက်တွင် ည ၈ နာရီက စ၍ နယ်စပ်ဂိတ်ကို တရုတ်က ပိတ်ခဲ့သည်။
လွိုင်ကော်ဗိုလ်ချုပ်ရုပ်တုကိစ္စ ဆွေးနွေးမှုပျက်ပြီးနောက် အရေးကြီးကာလအဖြစ် ပြည်နယ်အစိုးရ သတ်မှတ်
တစ်နှစ်ခန့်ကြာ တင်းမာနေသည့် လွိုင်ကော်မြို့ရှိ ဗိုလ်ချုပ် ရုပ်တု ပြောင်းရွှေ့ရေး ဆွေးနွေးပွဲများ ပျက်ပြယ်ပြီးနောက် ပြည်နယ် တစ်ခုလုံးကို မေလ ၁၄ ရက်ကစ၍ အရေးကြီးကာလအဖြစ်သတ်မှတ် ကြောင်း ကယားပြည်နယ်အစိုးရက သတိပေးချက်ထုတ်ပြန်သည်။
အဂတိမှုဖြင့် တရားစွဲထားသော ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနစာရေးမကို အလုပ်နှင့် ထောင်ဒဏ်လေးနှစ်ချ
အဂတိလိုက်စားသည် ဆိုကာ အမှုနှစ်မှုဖြင့် တရားစွဲခံ ထားရသော မန္တလေးတိုင်းကျေး လက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဌာနခွဲစာရေးမကို တိုင်းတရား လွှတ်တော်က မေလ ၁၆ရက်တွင် အလုပ်နှင့်ထောင်ဒဏ်လေးနှစ် အမိန့်ချမှတ်ခဲ့သည်။ အမှုတစ်ခုစီကို အလုပ်နှင့် ထောင်ဒဏ် ၂ နှစ်အမိန့်ချမှတ်ပြီး သီးခြားကျခံစေရန် အမိန့်ချမှတ် သဖြင့် လေးနှစ်ကျခံရခြင်းဖြစ် သည်။
ပထွေးနှင့် စကားများပြီး နေအိမ်မီးရှို့
ကွမ်းခြံကုန်းမြို့နယ်တွင် ပထွေးဖြစ်သူနှင့် စကားများရန် ဖြစ်ပြီး နေအိမ်မီးရှို့သူ အမျိုးသား ကို ဖမ်းဆီးအရေးယူထားကြောင်း ကွမ်းခြံကုန်းမြို့နယ်ရဲမှူးလှသူက ပြောသည်။ ကွမ်းခြံကုန်းမြို့နယ် အင်္ဂလုံးကျေးရွာနေ အသက် (၂၅)နှစ်ရှိ ထက်လှိုင်ဝင်းဆိုသူသည် မေလ ၁၄ ရက် ည ၁၀ နာရီခွဲတွင် ပထွေး ဦးဝင်းဇော်နှင့် စကားများရန်ဖြစ်ပြီး ၎င်းတို့ နေထိုင်သည့် နေအိမ်ကို မီးရှို့ခြင်းဖြစ်ကြောင်း ရဲမှူးလှသူက ပြောသည်။
စစ်ကိုင်းတိုင်းတွင် GAP စနစ်ဖြင့် သခွားမွှေး၊ ဖရဲဧက တစ်ထောင်ခန့် စိုက်ပျိုးရန် စီစဉ်
စစ်ကိုင်းတိုင်းတွင် စိုက် ပျိုးရေးဆိုင်ရာ အလေ့အကျင့် ကောင်းများစနစ် (GAP) ဇုန်ဖြင့် သခွားမွှေးနှင့် ဖရဲဧကတစ်ထောင် ခန့် စိုက်ပျိုးရန်စီစဉ်နေကြောင်း တိုင်းဒေသကြီး ဖရဲနှင့် သခွားမွှေး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချ သူများအသင်း ဥက္ကဋ္ဌဦးစိုးလွင် က ပြောသည်။ ၂၀၁၉-၂၀၂၀ ဖရဲ၊ သခွား မွှေး စိုက်ပျိုးရာသီတွင် GAP ဇုန် အကောင်အထည်ဖော်ရန် အ စည်းအဝေးကို မေလ ၁၅ ရက်က မုံရွာခရိုင် ချောင်းဦးမြို့နယ်ရှိ အ ဆိုပါ အသင်းရုံးအစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။
အခြေခံပညာကျောင်းတက်ရက် အပြောင်းအလဲရှိ၊ မရှိ ညှိနှိုင်းပြီးမှ ထုတ်ပြန်မည်ဟုဆို
အခြေခံပညာကျောင်း များကို မတ်လကုန်အထိဖွင့်လှစ် ရန် ပညာရေးဝန်ကြီးဌာနက စီစဉ် ထားသော်လည်း ကျောင်းတက် ရက်အပြောင်းအလဲရှိ၊ မရှိထပ်မံ ညှိနှိုင်းကာ ထုတ်ပြန်မည်ဟု အခြေခံပညာဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်ဦးကိုလေးဝင်းကပြော ကြားသည်။ေ နပြည်တော် ပြန်ကြား ရေးဝန်ကြီးဌာန၌ မေလ ၁၅ ရက် ကပြုလုပ်သည့် နိုင်ငံတော်အစိုးရ ၏ ပြည်သူ့အတွက် တတိယတစ် နှစ်တာအတွင်းဆောင်ရွက်ခဲ့မှု များဆိုင်ရာသတင်းစာရှင်းလင်းပွဲ တွင် 7Day Daily သတင်းစာ၏ မေးမြန်းမှုအပေါ် ဦးကိုလေးဝင်း ကထိုသို့ပြန်လည်ဖြေကြားခြင်း ဖြစ်သည်။
တောင်ဒဂုံ ဝတ်ပြုဆုတောင်းပွဲ တားမြစ်သည့် မိုက်ကယ်ကျော်မြင့်နှင့် တစ်ဦးကို အမှုဖွင့်
ဒဂုံမြို့သစ်တောင်ပိုင်း၌ ဖြစ်ပွားခဲ့သည့် အစ္စလာမ်ဘာသာဝင်များ၏ ဥပုသ်လဝတ်ပြုဆုတောင်းပွဲ တားဆီးပိတ်ပင်ရာတွင် ပါဝင်သူမိုက်ကယ်ကျော်မြင့်ပါ နှစ်ဦးကို ပုဒ်မ ၅၀၅ (ခ) ဖြင့် ယမန်နေ့က အမှုဖွင့်ခဲ့သည်။ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးဦးလှမြင့်က တရားရုံးတွင် ဦးတိုက်လျှောက်၍ အမှုဖွင့်လိုက်ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး က ပြောသည်။ ‘‘အမှုဖွင့်လိုက်တဲ့အတွက် ဖမ်းဆီးရေးတွေ လုပ်နေပါတယ်’’ ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ တာ ဝန်ရှိသူတစ်ဦးက ပြောသည်။
အဂတိဖြင့် အမှုဖွင့်ထားသော မြို့နယ်တရားသူကြီး ထွက်ပြေး
ကျောက်တံခါးမြို့နယ် တရားသူကြီး ဒေါ်ရည်ရည်မွန်ကို ကျပ်သိန်း ၂၀ လာဘ်ယူမှုဖြင့် အ ဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်လိုက်ပြီး ထွက် ပြေးတိမ်းရှောင်နေ၍ အမြန်ဆုံး ဖမ်းဆီးနိုင်ရေး ဆောင်ရွက်နေ ကြောင်း အဂတိလိုက်စားမှုတိုက် ဖျက်ရေးကော်မရှင်က မေလ ၁၆ ရက်တွင် သတင်းထုတ်ပြန်သည်။ မြို့နယ်တရားသူကြီး ဒေါ် ရည်ရည်မွန်သည် စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်တွင် ၂၀၁၇ က တာ ဝန်ထမ်းဆောင်နေစဉ် တရားခံထံ မှ ငွေကြေးရယူပြီး အမိန့်ချခဲ့ခြင်း ကြောင့် ရာထူးတာဝန်ကို အလွဲ သုံးစားပြု၍ အဂတိလိုက်စားမှု ကျူးလွန်ကြောင်း စစ်ဆေးပေါ် ပေါက်သဖြင့် အရေးယူခြင်းဖြစ် ကြောင်း ကော်မရှင်က ဆိုသည်။
ခန္တီး-မုံရွာ ရေယာဉ်မှ ခရီးသည်နှစ်ဦး ချင်းတွင်းမြစ်အတွင်း ပြုတ်ကျပျောက်ဆုံး
ခန္တီးမှ မုံရွာသို့ ထွက်ခွာလာသော ခရီးသည်တင်အမြန်ရေယာဉ်တစ်စီးပေါ်မှ ခရီးသည်နှစ်ဦး သည် ရေယာဉ်နောက်ပိုင်းအိမ်သာသို့ သွားခိုက်ဆော့ကစားစဉ် ပြုတ်ကျပျောက်ဆုံးနေကြောင်း မင်းကင်းမြို့နယ် ပုဂ္ဂလိကရေယာဉ်များ စနစ်တကျပြေးဆွဲရေးကော်မတီ အတွင်းရေးမှူးဦးမန်းရီက ပြောသည်။ ရေယာဉ်ပေါ်ပါ အသက် (၁၉)နှစ်အရွယ်ရှိ အမျိုးသားနှင့် အမျိုးသမီးတို့သည် မေလ ၁၆ရက်နံနက် ၇ နာရီခန့်က မင်းကင်းမြို့နယ် လောင်းပြည့်ကျေးရွာအနီး ချင်းတွင်းမြစ်အတွင်း ပြုတ်ကျပျောက်ဆုံးခြင်းဖြစ်သည်။
ဟန့်တားခံရတဲ့ အစ္စလာမ် ဝတ်ပြုနေရာ ပြန်လည်ခွင့်ပြုမည်
ဒဂုံမြို့သစ်တောင်ပိုင်း အစ္စလာမ်ဘာသာဝင်တွေရဲ့ ရမ္မဒန် ဥပုသ်ကာလအတွင်း တရားဝင်ခွင့်ပြုသတ်မှတ်ထားတဲ့ ဝတ်ပြု ဆုတောင်းတဲ့နေရာတခုကို လူအင်အား ၁၀၀ ကျော်လောက်က မေလ ၁၅ ရက်က ဝင်ရောက်တားဆီးခဲ့တဲ့အတွက် ဝတ်ပြု ဆုတောင်း တာတွေကို ယာယီရပ်ဆိုင်းခဲ့ရပါတယ်။ ဒါပေမယ့် ဒီကနေ့မှာတော့ ဥပုဒ်အပြီးဝတ်ပြု ဆုတောင်းမှုတွေကို သက်ဆိုင်ရာ မြို့နယ် အာဏာပိုင်တွေက အဲဒီနေရာမှာ ပြန်လည် ခွင့်ပြုလိုက်တယ်လို့သိရပြီး ရဲ လုံခြုံရေးအစောင့်အကြပ်တွေပါ ချထားပေးမယ်လို့ အာဏာပိုင်တွေက အာမခံတဲ့အကြောင်း သိရပါတယ်။ စုံစမ်းမေးမြန်းထားတဲ့ ဗွီအိုအေ သတင်းထောက် ကိုဇော်ထက် သတင်းပေးပို့ ထားပါတယ်။
မြန်မာနိုင်ငံကို ဥရောပသမဂ္ဂက အခိုင်အမာ ဆက်လက်ထောက်ခံသွားမည်

မြန်မာစစ်တပ်နဲ့ စီးပွါးဘက်ကုမ္ပဏီတွေ ဖိအားပေးခံရဖွယ်ရှိ
မြန်မာဗိုလ်ချုပ်တွေကို ဘဏ္ဍာရေးအရ အထီးကျန်စေဖို့ ကုလသမဂ္ဂက ကြိုးပမ်းနေချိန်မှာ မြန်မာစစ်တပ်ပိုင် ကုမ္ပဏီတွေနဲ့ ဖက်စပ် အလုပ်လုပ်နေတဲ့ နိုင်ငံခြား ကုမ္ပဏီတွေအနေနဲ့ စစ်တပ်နဲ့ ဆက်ဆံရေး ရပ်ဆိုင်းဖို့ နိုင်ငံတကာရဲ့ ဖိအားပေးမှုကို ခံရပါတော့မယ်။ ဒီ အကြောင်း ဗွီအိုအေ သတင်းထောက် Joshua Carroll ပေးပို့ထားတဲ့ သတင်းလွှာကို ကိုရဲမင်းထွန်းက တင်ပြပေးထားပါတယ်။
သတင်းထောက်တစ်ဦးအပါအ၀င် အောင်သပြေရွာသား ၁၄ ယောက် အမှုဖွင့်ခံရ
ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံကို မနေ့က ကန့်ကွက်ဆန္ဒပြရင်း ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပဋိပက္ခဖြစ်ပွားခဲ့တဲ့ မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာက သတင်းထောက်တစ်ဦးအပါအ၀င် ရွာသား ၁၄ ယောက်ကို ရဲတပ်ဖွဲ့က မြို့နယ်ရဲစခန်းမှာ ပုဒ်မ သုံးခုနဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။ ပုဒ်မ - ၃၃၃ ပြည်သူ့ဝန်ထမ်းကို ၀တ္တရားနှောင့်ယှက်မှု၊ ပုဒ်မ - ၄၃၅ ဆုံးရှုံးစေရန်အကြံနဲ့ မီးဖြင့်သော်လည်းကောင်း ပေါက်ကွဲစေတတ်တဲ့အရာနဲ့ အကျိုးဖျက်ဆီးမှု၊ ပုဒ်မ- ၁၁၄ ပြစ်မှုကျုးလွန်ရာမှာ အားပေးကူညီမှုတို့နဲ့ ရဲတပ်ဖွဲ့က အမှုဖွင့်ထားတာလို့ ရွာသားတွေရဲ့ အရင်အမှုတွေမှာ လိုက်ပါကူညီပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ကိုစည်သူက ပြောပါတယ်။
ရခိုင်မြောက်ပိုင်း ကျေးရွာအုပ်ချုပ်ရေးမှူးတဦးကို တပ်ကဖမ်းဆီး
AA ရခိုင်လက်နက်ကိုင်အဖွဲ့အတွက် ရိက္ခာစုဆောင်းတယ်ဆိုတဲ့ စွဲချက်နဲ့ ရခိုင်မြောက်ပိုင်း ကျောက်တော်မြို့နယ်တွင်းက ရပ်ရွာအုပ်ချုပ်ရေးမှူး တဦးကို မြန်မာစစ်တပ်က ဖမ်းဆီး ခဲ့ပြီး အဲဒီ ကျေးရွာတွင်းကိုလည်း တပ်က ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့တယ်လို့ ဒေသခံတွေ က ပြောပါတယ်။ ဒီရက်ပိုင်းအတွင်း အဲဒီကျေးရွာအနီးအနားမှာ မြန်မာစစ်တပ်နဲ့ AA အဖွဲ့တို့ တိုက်ပွဲတွေဖြစ်ခဲ့တာကြောင့် စစ်တပ်က ရွာကိုဝင်ပြီး သံသယနဲ့ စစ်ဆေးနေတာ ဖြစ်နိုင်တယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။ စုံစမ်းမေးမြန်းထားတဲ့ ဗွီအိုအေ သတင်းထောက် ကိုနိုင်ကွန်းအိန် သတင်းပေးပို့ထားပါတယ်။
ထိုင်း X Ray စစ်ဆင်ရေး မြန်မာနိုင်ငံသားတွေ ဖမ်းဆီးခံရ

တောင်ဒဂုံ ဖြစ်စဉ်အတွက် အစ္စလာမ် အဖွဲ့အစည်း ၅ ဖွဲ့က နိုင်ငံ့ခေါင်းဆောင်တွေဆီ စာပို့
မေလ ၁၅ ရက်နေ့ညက ရန်ကုန်မြို့ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ ဥပုသ်လ စုပေါင်း ဝတ်ပြုမှုတွေကို လူတစ်စုက တားဆီးခဲ့တဲ့ ဖြစ်ရပ် နောက်ဆက်တွဲ အဖြစ် မေလ ၁၆ ရက်နေ့ ညနေပိုင်းမှာတော့ သက်ဆိုင်ရာက မူလ ခွင့်ပြုထားတဲ့ နေရာတွေမှာ ပြန်လည် ဝတ်ပြုနိုင်ကြောင်း အကြောင်းကြား ခွင့်ပေးခဲ့တယ်လို အိုလမာအစ္စလာမ် သာသနာပညာရှင် များအဖွဲ့ချုပ်က ပြောပါတယ်။ေ တာင်ဒဂုံမြို့နယ် အုပ်ချုပ်ရေးမှူးက ဒေသခံ စုပေါင်း ဝတ်ပြုဖို့ ဦးဆောင် ဆောင်ရွက်တဲ့ ဘာသာရေး လူကြီးတွေကို မူလ ခွင့်ပြုခဲ့တဲ့ နေရာ ၃ နေရာစလုံးမှာ ပုံမှန် အတိုင်း ဝတ်ပြုဖို့ နဲ့ ရဲလုံခြုံရေး အစောင့်တွေလည်း ချပေးမယ့် အကြောင်း ဖုန်းဆက်သွယ် ပြော ဆိုလာကြောင်း အိုလမာအစ္စလာမ် သာသနာပညာရှင် များအဖွဲ့ချုပ်ရဲ့ ဥပဒေ အကြံပေး ဦးကျော်ငြိမ်းက ဘီဘီစီကို အတည်ပြုပါတယ်။
လာအိုမှတစ်ဆင့် မဲခေါင်မြစ်အား စက်လှေဖြင့် ကူးလာသော တရုတ်နိုင်ငံသား(၄)ဦးကို ဖမ်းဆီးရမိ
လာအိုမှတစ်ဆင့် မဲခေါင်မြစ်အား စက်လှေ ဖြင့် ကူးလာသော တ ရုတ်နိုင် ငံသား (၄)ဦးကို တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)ကျေွးရွာအုပ်စု၊ ဝမ်ပုံ-တာချီလိတ် ကားလမ်းမပေါ်၌ မေ ၁၅ ရက်နေ့ လည်ပိုင်းက ဖမ်းဆီ ရမိတယ်လို့ ၀မ်ပုံနယ်မြေရဲစခန်းမှ သိရပါတယ်။
မြန်မာနိုင်ငံသား ၇၀ ကျော် ဖမ်းမိ

ဝတ်ပြုဆောင်တွေ ပိတ်ပေးဖို့ ဖိအားပေးတောင်းဆိုတဲ့ကိစ္စ အရေးယူထားတာမရှိကြောင်း မြို့မစခန်းမှူးပြော
ရန်ကုန်တိုင်း ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်အတွင်း အစ္စလာမ်ဘာသာဝင်တွေရဲ့ ၀တ်ပြုဆောင် ၃ခုကို ပိတ်ပေးဖို့ မနေ့ညက အုပ်စုဝိုင်းဖွဲ့ပြီး ခြိမ်းခြောက်ဖိအားပေး တောင်းဆိုခဲ့တဲ့ဖြစ်ရပ်နဲ့ ပတ်သက်လို့ ဦးဆောင်ပါဝင်ခဲ့သူတွေ ထဲက တစ်စုံတစ်ယောက်ကို အရေးယူထားတာမရှိကြောင်း တောင်ဒဂုံမြို့နယ် မြို့မစခန်းမှူး ဦးစိုးဝင်းက RFA ကို ဒီနေ့ ပြောပါတယ်။
ရပ်ထားသည့်ကားကို ဆိုင်ကယ်ဖြင့် ဝင်တိုက်မိပြီး ဆိုင်ကယ်မောင်းသူသေဆုံး
မေလ (၁၆)ရက် မနက်အစောပိုင်းက တာချီလိတ်မြို့၊ တာချီလိတ်-ကျိုင်းတုံသွား ကားလမ်းပေါ်မှာ စက်ပျက်ပြီး ရပ်ထားတဲ့ မော်တော်ကားကို ဆိုင်ကယ်တစ်စီးက ဝင်တိုက်မိပြီး ဆိုင်ကယ်မောင်းသူ သေဆုံးသွားတယ်လို့ တာချီလိတ်မြို့မ ရဲစခန်းက သိရပါတယ်။ မေလ(၁၆)ရက်နေ့ မနက်(၅)နာရီခန့်က တာချီလိတ်မြို့ စစ်ဗျူဟာကုန်းအဆင်း တာချီလိတ်-ကျိုင်းတုံသွားကားလမ်းမပေါ်မှာ ဟောင်လိတ်လမ်းဆုံမီးပွိုင့်ဘက်ကနေ ဟွေခိုက်ရွာဘက်ကို မောင်းနှင်လာတဲ့ PCX အမျိုးအစားမော်တော်ဆိုင်ကယ်ဟာ လမ်းညာဘက်အခြမ်းမှာ စက်ပျက်ပြီး ရပ်ထားတဲ့ NissanDesel အမျိုးအစား မော်တော်ကားကို ဝင်တိုက်မိခဲ့တာ ဖြစ်ပါတယ်။
အထောက်အထားမဲ့မြန်မာရွှေ့ပြောင်းလုပ်သား ၁၃ ယောက်ကို စာပို့ကားထဲထည့်ပြီး ဆောင်ခလာကို ပို့ပေးခဲ့တဲ့စာတိုက်ဝန်ထမ်းကို ထိုင်းရဲဖမ်းဆီး

ထနောင်းပင်ဝင်တိုက်မိရာမှ ယာဉ်တိမ်းမှောက်မှုဖြစ်ပွား၊ ယာဉ်ပေါ်လိုက်ပါလာသူ (၃) ဦးသေဆုံး

နေပူရေရှားတဲ့ ချောက်မှာ အခမဲ့ ရေချိုးစခန်းဖွင့် ကုသိုလ်ယူသူ

Subscribe to:
Posts (Atom)