၂၀၁၉ ခုနှစ်၊ ဇန်န၀ါရီလမှ မေလအတွင်း YBS ယာဉ်အစီးရေ ၃၅၀ ကျော်ကို လိုင်စင်ပိတ်သိမ်း အရေးယူထားကြောင်း အမှတ်(၂)ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ သိရသည်။ သတ်မှတ်ထားသည့် ယာဉ်စည်းကမ်းလမ်းစည်းကမ်း ကိုဖောက်ဖျက်သည့် ယာဉ်အစီးရေ ၂၀၀၀ ကျော်ကို လိုင်စင်ပိတ်သိမ်းအရေးယူဆောင်ရွက်ရာ၌ အဆိုပါ YBS ယာဉ်အစီးရေ ၃၅၀ ကျော်ပါဝင်ခြင်းဖြစ်ကြောင်း သိရသည်။
Pages
Thursday, June 13, 2019
ခြစားတဲ့ ဗီယက်နမ် အရာရှိဟောင်း ထောင် ၁၃ နှစ် ချမှတ်ခံရ
ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ တရားရုံးတစ်ရုံးက နိုင်ငံပိုင် သင်္ဘောတည်ဆောက်ရေးလုပ်ငန်းအဖွဲ့ရဲ့ ဥက္ကဋ္ဌဟောင်း Ngyyen Ngoc Su ငုယင် ငေါ့ စု ကို ရာထူးနဲ့ လုပ်ပိုင်ခွင့် အလွဲသုံးစားပြုလုပ်မှု ပုဒ်မနဲ့ စွဲချက်တင်ပြီး ထောင်ဒဏ် ၁၃ နှစ် မနေ့က ချမှတ်လိုက်ပါတယ်။
ငွေကြေးအရှုပ်အရှင်းနှင့်နာမည်ထွက်နေသော မြန်မာနိုင်ငံ သတင်းမီဒီယာကောင်ဝင်အား မြန်မာအမျိုးသမီး သတင်းသမားများအဖွဲ့က တာဝန်မှရပ်ဆိုင်း
ငွေကြေးအရှုပ်အရှင်းကိစ္စဖြင့် နာမည်ထွက်နေသော မြန်မာနိုင်ငံသတင်းမီဒီယာအဖွဲ့ဝင် ဒေါ်--အား အဖွဲ့ကိုယ်စားပြုပြီး ဆက်သွယ်ဆောင်ရွက်နေသော လုပ်ငန်းတာဝန်များမှ ရပ်ဆိုင်းလိုက်ကြောင်း မြန်မာအမျိုးသမီး သတင်းသမားများအဖွဲ့ (MWJS) ဇွန် ၁၂ ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာသည်။ြ မန်မာအမျိုးသမီး သတင်းသမားများအဖွဲ့ (MWJS) ကိုယ်စားပြု သတင်းမီဒီယာကောင်စီဝင် ဒေါ်-- အနေဖြင့် သက်ဆိုင်ရာအလုပ်အမှုဆောင်အဖွဲ့ဝင်များအား အသိပေးခြင်းမရှိဘဲ အဖွဲ့အမည်အားအသုံးပြုပြီး ငွေကြေးလျှောက်ထားခဲ့ခြင်း၊ ငွေကြေးသုံးစွဲမှုများကိုစီမံခဲ့သည့်အတွက် အဖွဲ့၏ ဖွဲ့စည်းပုံဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် ရုံး လုပ်ထုံးလုပ်နည်းအဆင့်ဆင့်ကို ချိုးဖောက်ရာရောက်ကြောင်း၊
ဖိလစ်ပိုင်လေတပ် ဦးစီးချုပ်နှင့်ဇနီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သို့ ရောက်ရှိ
ဖိလစ်ပိုင်လေတပ် ဦးစီးချုပ် Lieutenant General ROZZANO.D BRIGUEZ AFP နှင့်ဇနီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံသို့ ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ဇွန်လ ၁၂ ရက်နေ့ ညပိုင်းတွင် နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိကြခဲ့ကြသည်။ အဆိုပါ ကိုယ်စားလှယ်အဖွဲ့အား ကာကွယ်ရေး ဦးစီးချုပ်ရုံး(လေ)မှ စစ်ဦးစီးအရာရှိချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့်ဇနီး၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်၊ မြန်မာနိုင်ငံဆိုင်ရာ ဖိလစ်ပိုင်စစ်သံမှူး Col. Vicente Mark Antony P.Blanco ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ)မှ တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ သံရုံးမှ တာဝန်ရှိသူများက လေဆိပ်၌ကြိုဆို နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
ကင်းကျေးရွာက ကိုယ်ထူကိုယ်ထ ချင်းတွင်းမြစ် မြေထိန်းနံရံ ပြီးစီးရန် ငွေကြေးလိုအပ်နေ
စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်ကမ်းဘေးရှိ ကင်းကျေးရွာမှာ နှစ်စဉ်ရေတိုက်စားပြီး မြေပြိုတဲ့အတွက် မြစ်ကမ်းဘေးက နေအိမ်တွေ၊ စေတီတွေကမ်းပါးပြိုကျဖို့ နီးစပ်နေတာကြောင့် ရွာသားတွေစုပေါင်းကာ ရပ်ဝေးရပ်နီးက စေတနာရှင် အလှူရှင်တွေနဲ့ ကမ်းထိန်း ကျောက်စီ နံရံတခုကို တည်ဆောက်နေပါတယ်။ ဧပြီလကတည်းက မြေထိန်းနံရံတည်ဆောက်ရေးကို ကော်မတီဖွဲ့ကာ ဆောင်ရွက်နေတာ ဖြစ်ပြီး ကမ်းပါးမြင့်တဲ့အတွက် အဆင့် ၃ ဆင့်နဲ့ တည်ဆောက်နေရတာပါ။
ရာထူးတိုး စာမေးပွဲ စစ်ဆေးရာတွင် တရားမျှတ မှန်ကန်မှု မရှိဟု ဆိုကာ ရှမ်းရှေ့ဒေသမှ သူနာပြု ၄၃ ဦးက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ထံ တိုင်ကြား
သူနာပြု ရာထူးတိုး စာမေးပွဲ စစ်ဆေးရာတွင် တရားမျှတ မှန်ကန်မှု မရှိဟုဆိုကာ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံခရိုင်၊ တာချီလိတ်ခရိုင်နှင့် မိုင်းဆတ်ခရိုင်အတွင်းရှိ ဆေးရုံများမှ ရာထူးတိုးစာမေးပွဲ ဖြေဆိုခဲ့ကြသည့် သူနာပြု ဆရာ/ဆရာမ ၄၃ ဦးက နိုင် ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ကျန်း မာရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးထံသို့ တင်ပြ တိုင်ကြားထားကြောင်း သိရသည်။
.
.
နိုင်ငံတောင်ပိုင်းကို ပစ်ခတ်သည့် အစ္စရေးဒုံးကျည် အများအပြားကို ဆီးရီးယားပစ်ချ
နိုင်ငံတောင်ပိုင်းကို ပစ်ခတ်ခဲ့တဲ့ အစ္စရေးဒုံးကျည် အများအပြားကို ပစ်ချခဲ့တယ်လို့ ဆီးရီးယား နိုင်ငံပိုင်ရုပ်သံ SANA က ဇွန်လ ၁၂ ရက်မှာ ပြောလိုက်ပါတယ်။ နိုင်ငံတောင်ပိုင်း တာအယ်ဟာလာမြို့ကို ပစ်ခတ်တဲ့ အစ္စရေးဒုံးကျည်တွေကို ဆီးရီးယားလေကြောင်းကာကွယ်ရေးက ပစ်ချခဲ့တာပါ။ အစ္စရေး သိမ်းပိုက်ထားတဲ့ ဂိုလန်ကုန်းမြင့်ကနေ ကြည့်ရင် တာအယ်ဟာလာမြို့ကို ဗျူဟာမြောက်တောင်ကုန်းအဖြစ် ယူဆထားပါတယ်။
ဝက်သားဖြင့် သားသမီးတွေ ရှင်ပြုအလှူလုပ်တဲ့ အလှူရှင် (၁၆)ဦး တရားစွဲခံရ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ်၊ ဒိုးနွယ်စံပြကျေးရွာ၌ ဝက်သားဖြင့် ရှင်ပြုအလှူလုပ်တဲ့ အလှူရှင် ၁၆ဦး တရားစွဲခံရကြောင်း တရားစွဲဆိုခံရသူ ဦးသားငယ်မှ RND အေဂျင်စီသို့ ပြောတယ်။ လွန်ခဲ့သော ၃လခန့်က ရှင်ပြုအလှူလုပ်တဲ့ အလှူရှင် (၁၉)ဦးကို ကလေးမြို့နယ် စည်ပင်မှ တရားစွဲမယ် လုပ်တယ်။ (၁၉)ဦးထဲက (၃)ဦးကို ပယ်လိုက်ပြီး၊ ကျနော့်အပါအဝင် (၁၆)ဦးကို တရားစွဲတယ်။
ထိုင်းတောင်ပိုင်းက မူးယစ်ရာဇာ တစ်ဦးအား တာချီလိတ်တွင် ဖမ်းမိ
မူးယစ်ဆေးဝါး အမှုအပြင် တခြားအမှု (၆) မှုနဲ့  ဖမ်းဝရမ်း ထုတ်ခံထားရတဲ့ ထိုင်း တောင်ပိုး စူလ ဌာနီ ခရိုင် သား နိုင်စေရီ ချွေ့ ချန ဟာ ၀ တောင်ပိုင်း လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တစ်ဦးရဲ့  သားသမက်ဖြစ်သူ ၀ီရ မန်ကျဒါ ရဲ့ အကူအညီနဲ့  မြန်မာနိုင်ငံ ၀ လူမျိုးစု လက်နက်ကိုင် နယ်မြေအတွင်း တနှစ်ကျော်ကြာနေထိုင်နေသူဖြစ်ပါတယ်။
လက်ရှိတက္ကသိုလ်ဝင်တန်းနှင့် KG+12 စနစ်သစ်အကြောင်း
ခုနှစ် ဇွန်လ ၈ ရက်နေ့က တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းများထွက်ရှိခဲ့သည်။ တစ်နိုင်ငံလုံးအတိုင်းအတာအနေနှင့် စာဖြေသူပေါင်း ၈၅၁၅၂၄ ဦးဖြေဆိုခဲ့ကြကာ ၂၆၇၆၉၆ ဦး အောင်မြင်သည်ဟု ပညာရေးဝန်ကြီးဌာနက ထုတ်ပြန် ကြေညာသည်။ ကျရှုံးသူပေါင်းမှာ ၅၈၃၈၂၈ ဦးရှိလေသည်။ ရာခိုင်နှုန်းအားဖြင့်ဆိုရသော် ၃၁.၄၄ ရာခိုင်နှုန်းသာ အောင်မြင်၍ ယမန်နှစ်ကထက် နည်းပါးကြောင်း သိရသည်။ ၂၀၁၈ ခုနှစ်အောင်ချက်မှာ ၃၂.၈၃ ရာခိုင်နှုန်း ဖြစ်သောကြောင့် ၁.၃၉ ရာခိုင်နှုန်းကျဆင်းသွားသည်။
မိုင်းကိုင်မြို့နယ်အတွင်း ကျောက်မီးသွေးဆက်လက်တူးဖော်ပါက ဆန္ဒပြမည်ဟုဆို
သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်း ကျောက်မီးသွေးများ ဆက်လက် တူးဖော်ပါက ဥပဒေဘောင် အတွင်းမှနေပြီး ဆန့်ကျင်ကန့်ကွက် ဆန္ဒထုတ်ဖော်သွားမည် ဟု ဒေသခံများကပြောသည်။ မိုင်းကိုင်မြို့နယ် ၀မ့်ယတ်အုပ်စု ခမ်းနားကျေးရွာ ဘက်တွင် မည်သည့် ကုမ္ပဏီမှ ကျောက်မီးသွေး လာရောက် တူးဖော်ခြင်းမပြုကြရန် သံဃာတော် နှင့် ဒေသခံများ ပြောဆိုလိုက်သည်။
ဆော်ဒီ အရပ်ဖက်လေဆိပ်တစ်ခုကို ဟူသီသူပုန်တို့  ဒုံးကျည်နဲ့ ပစ် ယင်းလုပ်ရပ်အတွက် လက်တုံ့ပြန်သွားမည်ဟု ညွန့် ပေါင်းတပ် ပြော
ဆော်ဒီအာရေဗျနိုင်ငံ တောင်ပိုင်းရှိ အရပ်ဖက်လေဆိပ်တစ်ခုကို ဗုဒ္ဓဟူးနေ့ မှာ ဟူသီသူပုန်အဖွဲ့ က ဒုံးကျည်တစ်စင်းပစ်လွှတ်တိုက်ခိုက်ခဲ့တာကြောင့် လူ ၂၆ ဦး ဒဏ်ရာရခဲ့ပြီး ယင်းလုပ်ရပ်အတွက် အခိုင်အမာ လက်တုံ့ပြန်သွားမှာဖြစ်ကြောင်း ဆော်ဒီဦးဆောင်တဲ့ စစ်ရေးညွန့် ပေါင်းအဖွဲ့ က ပြောဆိုခဲ့ပါတယ်။ ယခုတိုက်ခိုက်မှုဟာ အီရန်ရဲ့ အထောက်အပံ့ပါနေတယ်ဆိုတဲ့ အထောက်အထားဖြစ်ပြီး နယ်စပ်ဖြတ်ကျော် အကြမ်းဖက်မှုဖြစ်ကြောင်း ယီမင်မှာ အီရန်မဟာမိတ် ဟူသီသူပုန်အဖွဲ့ နဲ့  စစ်ခင်းနေတဲ့ အနောက်တိုင်း ကျောထောက်နောက်ခံပြု ဆွန်နီမွတ်ဆလင် ညွန့် ပေါင်းအဖွဲ့ က ဇွန် ၁၃ ရက် မနက်ပိုင်းမှာ ပြောဆိုခဲ့ပါတယ်။
ဆန်ရေစပါး ပေါကြွယ်ဝစေရေး ရိုးရာဓလေ့ နတ်ကြီးတက်ပွဲ ကသာတွင် ကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ တုန်းပေါကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာနှစ်ရွာမှ ရွာသား သုံးရာကျော် စုပေါင်း၍ ဆန်ရေစပါး ပေါများကြွယ်ဝစေရေး ရိုးရာဓလေ့ နတ်ကြီးတက်ပွဲကို ပြုလုပ်ခဲ့ကြောင်း တုန်းပေါကျေးရွာနေ ဦးအဒိုးက ပြောကြားသည်။ တုန်းပေါကျေးရွာနှင့် သိမ်အင်ကျေးရွာ နှစ်ရွာမှ ရွာသား ဦးရေ ၃၀၀ ကျော် စုပေါင်း၍ ကျေးရွာနှစ်ရွာအကြားရှိ ဘိုးဘိုးကြီး နတ်စင်တွင် ရိုးရာဓလေ့အရ နတ်ကြီးတက်ပွဲကို ကျင်းပခဲ့ခြင်းဖြစ်သည်။
ထိုင်းတွင် အလှကုန်နှင့် ဖြည့်စွက်အစားအစာများ လိမ်လည်ကြော်ငြာပေးခဲ့သူ မင်းသား၊ မင်းသမီး ၁၃ ဦးကို တရားစွဲမည်
ထိုင်းနိုင်ငံတွင် လိုင်စင်မဲ့လည်းဖြစ်၊ စံချိန်စံညွှန်းလည်း မပြည့်မီသော အလှကုန်ပစ္စည်းနှင့် ဖြည့်စွက်အစားစာများကို ကြေညာပေးခဲ့သည့် မင်းသား၊ မင်းသမီး ၁၃ ဦးကို တရားစွဲဆိုသွားမည်ဖြစ်ကြောင်း The Nation သတင်းတွင် ဖော်ပြထားသည်။ အဆိုပါ မင်းသား၊ မင်းသမီးများကို ဇွန်လ ၁၁ ရက်မှ ၁၃ ရက်အတွင်း ၎င်းတို့ပေါ် တရားစွဲဆိုထားသည့်အမှုများကို လာရောက်ကြားနာရန် ထိုင်းရဲတပ်ဖွဲ့က ဆင့်ခေါ်ထားသည်။
(၅)နှစ်ခန့်အရွယ်ကလေးတစ်ဉီး မီးခြစ်အားဆော့ကစားရာမှ နေအိမ် မီးလောင်ပြီး ၂ နှစ်ခန့်အရွယ် ကလေးတစ်ဦး သေဆုံး
၂၀၁၉ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့ ၁၄၀၀ အချိန် ပခုက္ကူမြို့နယ်၊ အရာတော်ကျေးရွာနေ ဇေယျာဖြိုး(၂၅)နှစ်နှင့် ဇနီးဖြစ်သူတို့သည် နေစားအလုပ်သွားရောက်လုပ်ကိုင်နေစဉ် နေအိမ်တွင် ကျန်ရှိသည့် ၎င်းတို့၏ သား ၂ ဦးအနက် မောင်မင်းဘုန်းခန့်(၅)နှစ်မှ မီးခြစ်အားဆော့ကစားသဖြင့် အိပ်ယာခင်းမှတဆင့် နေအိမ် ၁ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး ၁၄၄၀ အချိန်တွင် မီးငြိမ်းခဲ့ပါသည်။ အဆိုပါမီးလောင်မှုကြောင့် မောင်ဖြိုးသီဟကျော်(၂)နှစ်မှာ မီးလောင်ဒဏ်ရာများရရှိပြီး သေဆုံးသွားခဲ့သဖြင့် မြစ်ခြေတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ကာ ၁၆၃၀ အချိန်တွင် ဇေယျာဖြိုး(၂၅)နှစ်အား မြစ်ခြေနယ်မြေရဲစခန်း(ပ)၅၆/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/ ၂၈၅(ပေါ့လျော့မှုကြောင့် လူသေစေမှု/ မီးပေါ့ဆမှု)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။
ပြည်တွင်းဘဏ်များနှင့်အိမ်နီးချင်းဘဏ်များတွင် နည်းပညာအသုံးချမှု ကွာခြားနေဟု ဆို
ပြည်တွင်းဘဏ်များနှင့် အိမ်နီးချင်းနိုင်ငံဘဏ်များကွာခြားချက်မှာ အိုင်တီနည်းပညာအသုံးချမှုဖြစ်ကြောင်း ရွှေဘဏ်မှ လက်ထောက်အထွေထွေမန်နေဂျာဦးခင်မောင်စိုးက ပြောသည်။ ရန်ကုန်မြို့ရှိ Park Royal ဟိုတယ်တွင် ဇွန်လ ၁၁ ရက်ကကျင်းပသော ဘဏ်များအစည်းအဝေးတွင် အကုန်သိသတင်းဌာနသို့ ဖြေကြားပေးခြင်းဖြစ်သည်။
သွေးလွန်တုပ်ကွေးဖြစ်ပွားမှု များပြားလာနိုင်သဖြင့် ကာကွယ်ရေးလုပ်ဆောင်ရန်တိုက်တွန်း
၂၀၁၉ ခုနှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု များပြားနိုင်တဲ့အတွက် ကျန်းမာရေး ၀န်ထမ်းတွေအပြင် ပြည်သူတရပ်လုံးက ကာကွယ်ရေး လုပ်ငန်းတွေကို ကြိုးစား လုပ်ကိုင်ဖို့လိုတယ်လို့ ကျန်းမာရေးဌာန တာဝန်ရှိသူတွေက တိုက်တွန်းလိုက်ပါတယ်။
ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ၏ သားသမီးများ ပညာသင်ရန် အကူအညီလိုအပ်နေ
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့အနီး လယ်ယာတွေမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာ ရွှေ့ပြောင်း အလုပ်သမားမိသားစုတွေရဲ့ သားသမီးတွေ ပညာသင်ကြားရေးအတွက် အကူအညီတွေ လိုအပ်နေပါတယ်။ ပြီးခဲ့တဲ့နှစ်က နယ်စပ်မှာ ဖွင့်လှစ်ထားတဲ့ ကျောင်း ၃ ကျောင်းမှာ ကျောင်းသူကျောင်းသား ၃၀၀ ကျော်လောက် ပညာသင်ကြားနေကြရာကနေ ဒီနှစ်မှာတော့ ကျောင်းသား ၄၀၀ လောက်အထိရှိ လာတယ်လို့ ရွှေ့ပြောင်းမြန်မာအရေး ကူညီပေးနေတဲ့ ဦးဂျော်နီက ပြောပါတယ်။
လသာမြို့နယ်မှာ လမ်းဘေးခွေးများကို စည်ပင်မှ ဖမ်းဆီးရှင်းလင်း
ရန်ကုန်မြို့လယ်ရှိ လသာမြို့နယ်တွင် စည်ပင်သာယာရေး ကော်မတီနှင့် ရပ်ကွက်အုပ်ချုပ်ရေးတာဝန်ရှိသူများ ပူး ပေါင်းပြီး လမ်းဘေးခွေးလေခွေးလွင့်များ ဖမ်းဆီးရှင်းလင်းရေးကို ဇွန် ၁၃ ရက်က လုပ်ဆောင်ခဲ့ကြသည်။ လသာမြို့နယ်၊ အမှတ် (၁) ရပ်ကွက်မှ အမှတ် (၈) ရပ်ကွက်အထိ၊ အမှတ် (၁၀) ရပ်ကွက်များတွင် ခွေးလေခွေးလွင့်များကို ဖမ်းဆီးပြီး အခြားနေရာပို့ဆောင်ရန် ဖြစ်သည်ဟု သိရသည်။ “ လမ်းမှာ တချို့ခွေးတွေက ကလေးတွေကို ကိုက်တယ်။ တချို့ခွေးတွေက မကိုက်ဘူး။ ဒါပေမယ့် လမ်းဘေးကြတော့ ခွေးဆိုတာက အစိုးမရနိုင်ဘူးပေါ့။ အဲ့အတွက် ကြိုတင်ကာကွယ်တဲ့အနေနဲ့ ခွေးတွေကို ဖမ်းမယ်။ ဖမ်းပြီးတော့ ကျွန်တော်တို့ သဘာဝတရားရိပ်သာကို ပို့မယ်။ အဲ့ဒီမှာ လွတ်ထားပြီး မွေးကြလိမ့်မယ်” ဟု လသာမြို့နယ်၊ စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌဌ ဦးကျော်စိုးအောင်က ပြောသည်။
‘မန်ယူနိုက်တက်ဟာ ကျနော့်အတွက် ပြီးပြည့်စုံတဲ့ နေရာတစ်ခုပါ။’ - ဒန်နီယဲယ် ဂျိမ်းစ်
ကျနော်ဟာ ‘ကမ္ဘာပေါ်က အပျော်ရွှင်ဆုံး ကလေးတစ်ယောက်ပါ’ - ရီးယဲလ်တိုက်စစ်မှူးသစ် လူကာဂျိုဗစ်
ONE Championship မှ အကောင်းဆုံး တရုတ် ကိုယ်ခံပညာကစားသမားများ
ဆယ်စုနှစ်တွေအတွင်း အပြင်းထန်ဆုံး ဖြစ်လာတဲ့ ဟောင်ကောင် ဆန္ဒပြပွဲ
လိုင်ယွန်မှ မန်ဒီကို ပေါင် (၄၇)သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပြီဖြစ်တဲ့ ရီးယဲလ်မက်ဒရစ်
မြန်မာဂီတပွဲတော် ရန်ကုန်တွင်ကျင်းပမည်
ဂီတအနုပညာကတဆင့် မြန်မာနိုင်ငံနဲ့ မြန်မာ့ယဉ်ကျေးမှုတွေကို ကမ္ဘာကသိရှိအောင် ရည်ရွယ်ကျင်းပတဲ့ Myanmar Music Festival 2019 မြန်မာဂီတပွဲတော်ကို ဇွန်လ ၁၆ရက်နေ့ ရန်ကုန်မှာ ကျင်းပဖို့ ရှိပါတယ်။ ဒီပွဲတော်အတွက် နိုင်ငံတကာက ဂီတပညာရှင်တွေနဲ့ မြန်မာနိုင်ငံဒေသအသီးသီးက ဂီတ ဝါသနာပါသူတွေ ပူးပေါင်းလေ့ကျင့်နေတာကို မြန်မာနိုင်ငံအခြေစိုက် အမေရိကန်သံရုံးက စီမံကိန်း ဒုတိယအကြီးအကဲ မစ္စတာဂျော့စဘ်လေက လာရောက်ကြည့်ရှုခဲ့ ပါတယ်။ ၆ ကြိမ်မြောက် မြန်မာဂီတပွဲတော်ဖျော်ဖြေပွဲကို လာမယ့် ဇွန်လ ၁၆ ရက်နေ့ ညနေ ၅ နာရီမှာ ရန်ကုန်မြို့တော်ခန်းမမှာ ကျင်းပဖြစ်ပါတယ်။
ဆူဒန်တွင် အရပ်ဘက်အုပ်ချုပ်ရေး ကူးပြောင်းရန် ကြိုးပမ်းမှု အမေရိကန် ထောက်ခံ
ဆူဒန်အတိုက်အခံတွေရဲ့ အရပ်ဘက်အုပ်ချုပ်ရေး ကူးပြောင်းဖို့ ကြိုးပမ်းမှုကို အမေရိကန်က ထောက်ခံအားပေးတယ်လို့ အဓိက အတိုက်အခံ မဟာမိတ်ခေါင်းဆောင်တယောက်က ဇွန်လ ၁၂ ရက်နေ့မှာ ပြောပါတယ်။ လွတ်လပ်ခွင့်နဲ့ ပြောင်းလဲရေး မဟာမိတ်တပ်ဖွဲ့ (DFCF) ခေါင်းဆောင်တဦးဖြစ်တဲ့ မာဒါနီ အာဘက်စ် မာဒါနီဟာ ဗုဒ္ဓဟူးနေ့က အာဖရိကဆိုင်ရာ အမေရိကန် ထိပ်တန်းသံတမန် တေဘိုနာဂျီနဲ့ တွေ့ဆုံအပြီး အခုလို ပြောလိုက်တာပါ။
ဒေါ်အောင်ဆန်းစုကြည်၏ တစ်ကျော့ပြန် ဥရောပခရီးစဉ်
အခြေခံပညာဆရာ၊ ဆရာမများကို ပညာရေးဘတ်ဂျက်ဖြင့် ကျောင်းစိမ်းလုံချည်တစ်ထည်စီ ထောက်ပံ့မည်
ပညာရေးဝန်ကြီးဌာန အောက်ရှိ အခြေခံပညာကျောင်း များ၊ ပညာရေးတက္ကသိုလ်လေ့ ကျင့်ရေးအထက်တန်းကျောင်း များ၊ ပညာရေးကောလိပ်လေ့ ကျင့်ရေးအလယ်တန်းကျောင်း များရှိ ဆရာ၊ ဆရာမများကို ကျောင်းစိမ်းလုံချည်တစ်ထည်စီ ထောက်ပံ့မည်ဟု အခြေခံပညာဦး စီးဌာန ဒုတိယညွှန်ကြားရေးမှူး ချုပ် ဦးရဲလင်းမြင့်က ပြောကြား သည်။ ဆရာတစ်ဦးလျှင် ကျပ် ၅,၀၀၀ တန်ဖိုးရှိ စက်မှုဝန်ကြီးဌာ နထုတ် အသင့်ဝတ်ကျောင်းစိမ်း ပုဆိုးတစ်ထည်၊ ဆရာမတစ်ဦး လျှင် ကျပ် ၅,၀၀၀ တန်ဖိုးရှိ စက် မှုဝန်ကြီးဌာနထုတ် ကျောင်းစိမ်း ထဘီ(မချုပ်ရသေး)နှင့် လုံချည် အထက်ဆင့်တစ်ခုစီ ပညာရေးဝန်ကြီးဌာန ဘတ်ဂျက်မှ ထောက်ပံ့မည်ဖြစ်သည်။
ငွေဈေး၊ ရွှေဈေး၊ စက်သုံးဆီဈေး ဇွန်- ၁၃၊ ၂၀၁၉
ဒီကနေ့ ဇွန် ၁၃ ရက်အတွက် အမေရိကန်တစ်ဒေါ်လာလဲနှုန်းကတော့ တစ်ဒေါ်လာကို၁၅၂၃ ကျပ် (ဘဏ်ကအဝယ်)၊ ၁၅၂၇ ကျပ် (ဘဏ်ရောင်းဈေး) ဈေးရှိနေပြီးတော့ ယူရိုလဲနှုန်းကတော့ တစ်ယူရိုကို ၁၆၉၃ ကျပ် (ဘဏ်ကအဝယ်)၊၁၇၀၅ ကျပ် (ဘဏ်ရောင်းဈေး) ဖြစ်ပါတယ်။ စင်ကာပူတစ်ဒေါ်လာကို ၁၁၀၈ ကျပ် (ဘဏ်ကအဝယ်)၊ ၊၁၁၁၃ ကျပ် (ဘဏ်ရောင်းဈေး) ရှိပြီးတော့ မလေးရှားရင်းဂစ်ကတော့ တစ်ရင်းဂစ်ကို ၃၆၃ ကျပ် (ဘဏ်ကအဝယ်) ၊ ၃၆၇ ကျပ်(ဘဏ်ရောင်းဈေး) ဖြစ်ပါတယ်။ ထိုင်းဘတ်ကတော့ တစ်ဘတ်ကို ၄၈ ကျပ် (ဘဏ်ကအဝယ်)၊၄၉ ကျပ် (ဘဏ်ကအရောင်း) ဖြစ်ပါတယ်။ ရွှေဈေးကတော့ အခေါက်ရွှေတစ်ကျပ်သားကို ၁၀၇၃၅၀၀ကျပ် နဲ့ ဈေးဖွင့်ထားပါတယ်။ စက်သုံးဆီကတော့ ဒီဇယ် (500PPM) တစ်လီတာ ၉၁၅ ကျပ်၊ ဒီဇယ် (Premium) ကိုတစ်လီတာ ၉၂၅ ကျပ်၊ ဓာတ်ဆီ(Octane 92) ကို တစ်လီတာ ၈၁၅ ကျပ်၊ ဓာတ်ဆီ (Octane 95) ကို တစ်လီတာ ၈၉၅ ကျပ်ဈေးဖြစ်ပါ တယ်။
ချစ်သူနဲ့တွေ့တာ ၆ လပဲ ရှိသေးလို့ လေ့လာနေဆဲလို့ သင်ဇာဝင့်ကျော် ပြော
နိုင်ငံခြားသားတယောက်နဲ့ ချစ်သူတွေ ဖြစ်နေကြတဲ့ သင်ဇာဝင့်ကျော်ကတော့ ချစ်သူနဲ့ တွေ့ဆုံတာ ၆ လသာ ရှိသေးတာကြောင့် တယောက်အကြောင်း တယောက်သိအောင် လေ့လာနေဆဲလို့ ပြောပါတယ်။ “ချစ်သူက စိတ်ကူးထဲက အိမ်ထောင်ဖက်နဲ့ ကိုက်ညီမှုရှိလားဆိုတော့ ဒီလိုပါပဲ။ အခုသူနဲ့ တွေ့တာ ၆ လလောက်ပဲ ရှိဦးမယ်ဆိုတော့ ၆ လလောက်နဲ့ လူတယောက်ကို ခန့်မှန်းလို့ မရသေးဘူး။ ပြီးတော့ သင်ဇာတို့က Distance Relationship ဆိုတော့ နေ့တိုင်း တွေ့နေရတာလည်း မဟုတ်ဘူးဆိုတော့ အခုချိန်ထိ သူ့အကြောင်းအားလုံးကို လေ့လာလို့ မရသေးဘူး”
အမေရိကန်က ပိုလန်သို့ တပ်ဖွဲ့ဝင် ၁၀၀၀ ခန့် ထပ်မံစေလွှတ်ရန် စီစဉ်
ရုရှားစစ်တပ်၏ လှုပ်ရှားမှုနှင့် ပတ်သက်ပြီး စိုးရိမ်ပူပန်နေသည့် ပိုလန်နိုင်ငံ၏ ကိုယ့်ကိုယ်ကိုယ်ကာ ကွယ်ရေးစွမ်းရည်ကို အားဖြည့်ပေးရန်အတွက် အမေရိကန်က နောက်ထပ်တပ်ဖွဲ့ဝင် ၁ဝဝဝနှင့် Reaper ဒရုန်းတပ်ဖွဲ့တစ်ဖွဲ့ကို စေလွှတ်မည့်အကြောင်း ဇွန် ၁၂ ရက်တွင် ထုတ်ပြန်မည်ဟု အမေရိကန်တာဝန်ရှိသူများက ပြောကြားခဲ့သည်။ေ နာက်ဆုံး အသေးစိတ်အချက် အလက်များကို ဇွန် ၁၁ ရက်အထိ ဆွေးနွေးနေဆဲဖြစ်သည်။ ပိုလန်တွင် အမေရိကန်အခြေစိုက်စခန်းတစ်ခုထားရှိရန် မျှော်လင့်နေသည့် ပိုလန်ခေါင်းဆောင်များက လနှင့်ချီ တောင်းဆိုခဲ့ပြီးနောက် ယင်းနိုင်ငံတွင် အမေရိကန်တပ်ဖွဲ့ဝင်များ ချထားမှုကိုချဲ့ထွင်မည့် ဆုံးဖြတ်ချက် ချမှတ်မည်ဖြစ်သည်။
ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်း စေတနာဆေးကုခန်း ဆက်လက်ရပ်တည်ရန်ခက်ခဲနေ
ကျုံးအရှေ့ရှိ အပန်းဖြေနေရာတွင် မည်သူမဆို အခမဲ့စားသုံးနိုင်မည့် Food Box များ စတင်ထားရှိ
ပြည်သူများနှင့် ခရီးသွားများ လာရောက်ကြသော မန္တလေးမြို့ ကျုံးအရှေ့ဘက်ခြမ်းရှိ အပန်းဖြေရာနေရာတွင် မည်သူမဆို အခမဲ့ရယူနိုင်သော အအေးပုလင်းများ၊ မုန့်များ ထည့်ထားသည့် Food Box ကို စတင်ထားရှိခဲ့ကြောင်း သိရသည်။ ကလေးငယ်များ၊ အခြေခံလူတန်းစားများနှင့် ခရီးသွားများအတွက် အဆင်ပြေစေလိုသော ရည်ရွယ်ချက်ဖြင့် စတင်လှူဒါန်းပြုလုပ်ခြင်းဖြစ်ပြီး လက်ရှိတွင် နေ့စဉ်နှင့်အမျှ လာရောက်လှူဒါန်းသူများလည်း ရှိနေပြီဖြစ်သည်။ ယခုကဲ့သို့လှူဒါန်းမှုမှအစပြုကာ Food Box များပိုမိုထားရှိနိုင်ရေးအတွက် ဆက်လက်ကြိုးစားလုပ်ဆောင်သွားမည်ဖြစ်ကြောင်း Food Box ကို စတင်ထားရှိ လှူဒါန်းသူ ဦးဝမ်း (One to One ပြည်သူ့ကူညီရေးပရဟိတအဖွဲ့) မှ မဇ္ဈိမကို ပြောသည်။
သီးသန့်ခွဲခြားထားခြင်းဖြင့် အာဖရိက ဝက်တုပ်ကွေးဖြစ်ပွားမှုကို နှိမ်နင်းနေဟု မြောက်ကိုရီးယား ထုတ်ပြန်

မိုးပျံကား ဝန်ဆောင်မှုအတွက် Uber က မဲလ်ဘုန်းအား အမေရိကန်ပြင်ပမှ ပထမဆုံးမြို့အဖြစ် ရွေးချယ်

သိုလှောင်ထားသော ဒေါ်လာသန်း ၃၀ဝ တန်ဖိုးရှိ ဆင်စွယ်များအား ရောင်းချခွင့်ရရန် ဇင်ဘာဘွေတောင်းဆို
ထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ဆောင်ရန် ရန်ပုံငွေ ရှိစေရေးအတွက် သိုလှောင်သိမ်းဆည်းထားသည့် ဆင်စွယ်များအား ရောင်းထုတ်ခွင့်ပြုရန် ဇင်ဘာဘွေက တောင်းဆိုခဲ့ကြောင်း တောရိုင်းတိရစ္ဆာန် အာဏာပိုင်များက ဇွန် ၁၁ ရက်တွင် ပြောကြားခဲ့သည်။ ထို့ကြောင့် ကမ္ဘာလုံးဆိုင်ရာ ဆင်စွယ်ရောင်းချမှု ပိတ်ပင်ထားခြင်းကို ဖြေလျှော့ပေးရန် တောင်းဆိုနေသည့် တောင်အာဖရိကနိုင်ငံများထဲတွင် ဇင်ဘာဘွေလည်း ပါဝင်လာပြီဖြစ်သည်။
ဟောင်ကောင်ပါလီမန်သို့ ဝင်ရောက်ရန် ကြိုးပမ်းသည့် ဆန္ဒပြသူများအား ရဲတပ်ဖွဲ့က ပိတ်ဆို့ဟန့်တား

အိန္ဒိယအနောက်ပိုင်းသို့ ဦးတည်လာသည့် ဆိုင်ကလုန်းမုန်တိုင်း ပိုမိုအားကောင်းလာ
အိန္ဒိယအနောက်ပိုင်းသို့ ဦးတည်လာသည့် ဆိုင်ကလုန်းမုန်တိုင်းသည် တစ်နာရီလျှင် လေတိုက်နှုန်း ၁၇၀ ကီလိုမီတာအထိ ပိုမိုအားကောင်းလာပြီး ဇွန် ၁၃ ရက် အစောပိုင်းတွင် ဝင်ရောက်တိုက်ခတ်နိုင်ခြေရှိသည်ဟု မိုးလေဝသပညာရှင်များက ပြောကြားခဲ့သည်။ အားအလွန်ပြင်းထန်သည့် ဆိုင်ကလုန်းမုန်တိုင်းတစ်လုံးဟု အဆင့်သတ်မှတ်ခဲ့သည့် Vayu ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်မည့် ကမ်းရိုးတန်းဒေသများတွင် နေထိုင်သည့်သူ ၃၀ဝ၀ဝ၀ နီးပါးကို ဘေးကင်းရာသို့ ပြောင်းရွှေ့ပေးရန် ဂူဂျရတ်ပြည်နယ်မှ တာဝန်ရှိသူများက ကြိုးစားနေကြသည်။
ဆန္ဒပြမှုကို ရပ်တန့်ပြီး စစ်တပ်နှင့် ဆွေးနွေးပွဲများ ပြန်လည်လုပ်ဆောင်ရန် ဆူဒန်ဆန္ဒပြသူများ သဘောတူခဲ့
ဆူဒန်ဆန္ဒပြခေါင်းဆောင်များသည် အာဏာသိမ်း ဆူဒန်အကြီးအကဲများနှင့် ဆွေးနွေးပွဲများ ပြန်လည်လုပ်ဆောင်ရန် သဘောတူခဲ့ပြီး ဆန္ဒပြသူများအား ဆူဒန်စစ်တပ်က အပြင်းအထန် ဖြိုခွင်းခဲ့ပြီးနောက်ပိုင်း လုပ်ဆောင်ခဲ့သည့် လူထုဆန္ဒပြမှုကြီးကို အဆုံးသတ်ရန်လည်း သဘောတူခဲ့ကြောင်း ကြားဝင်ညှိနှိုင်းခဲ့သည့် အီသီယိုးပီးယားက ဇွန် ၁၁ ရက်တွင် ပြောကြားခဲ့သည်။
ဒီမိုကရေစီစနစ်နှင့် ကောင်းမွန်သောအုပ်ချုပ်မှု
ပြည်သူများအတွက် ထိရောက်သော ဆောင်ရွက်မှုများကို ချပြနိုင်သည့် အစိုးရတစ်ရပ်သည် မိမိတို့၏ တာဝန်ဝတ္တရားများကို ကြန့်ကြာနှောင့်နှေးမှုမရှိဘဲ ဆောင်ရွက်တတ်ကြသည်။ ကောင်းမွန်စွာ ဖွဲ့စည်းတည်ဆောက်ထားခြင်း၊ ကဏ္ဍဍတိုင်းတွင် ကျွမ်းကျင်ပိုင်နိုင်ခြင်း၊ အကောင်းဆုံးသော ဖြေရှင်းဆောင်ရွက်ပုံ နည်းလမ်းဖြင့် အုပ်ချုပ်နိုင်ခြင်းတို့သည် ပြည်သူတို့ သဘောကျနှစ်ခြိုက်သော အစိုးရတစ်ရပ်၏ လုပ်ဆောင်ပုံများပင်ဖြစ်သည်။
အဋ္ဌမတန်း မြန်မာစာတွင် ပယ်ဖျက်ခဲ့သည့် မယ်ခွေ၏ “လက်ဆောင်” ကဗျာကို ဒသမတန်း သင်ရိုးညွှန်းတမ်းတွင် ပြန်လည် ထည့်သွင်း ပြဋ္ဌဌာန်းမည်
အဋ္ဌမတန်း မြန်မာစာတွင် ပယ်ဖျက်ခဲ့သည့် စာဆိုမယ်ခွေ၏ “လက်ဆောင်” ကဗျာ ကို ဒသမတန်း သင်ရွှိုးညန်းတမ်းတွင် ပြန်လည်ထည့်သွင်း ပြဋ္ဌဌာန်းမည် ဖြစ်ကြောင်း ဇွန် ၁၂ ရက်တွင် ပညာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ လက်ရှိ အဋ္ဌမတန်း မြန်မာဖတ်စာတွင် ယခင်ပြဋ္ဌဌာန်းခဲ့သော စာဆိုမယ်ခွေ၏ “လက်ဆောင်” ကဗျာကို ကျောင်းသူ ကျောင်းသားများ၏ အသက်အရွယ်၊ အတန်းအဆင့်နှင့် ပိုမိုသင့်လျော်မည့် စနစ်သစ် အခြေခံပညာ အထက်တန်း ဒသမတန်း (Grade 10) မြန်မာဖတ်စာတွင် အခြေခံပညာ မြန်မာစာ ဘာသာရပ်၊ သင်ရိုးညွှန်းတမ်း ကော်မတီဝင်များ၏ သဘောတူညီမှုဖြင့် ထည့်သွင်းပြဋ္ဌဌာန်းမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆောင်ရွက်ရာတွင် အခန်း ၁၄ အထိ ပြီးစီးနေပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ လုပ်ပိုင်ခွင့်လျှော့ချရန်နှင့် ပုဒ်မ ၄၃၆ ၌ပါဝင်သော ရာခိုင်နှုန်းကို လျှော့ချရန် တင်ပြချက်များရှိကြောင်း သိရ
၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆောင်ရွက်ရာတွင် အခန်း ၁၄ အထိ ပြီးစီးနေပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ လုပ်ပိုင်ခွင့်လျှော့ချရန်နှင့် ပုဒ်မ ၄၃၆ ၌ပါဝင်သော ရာခိုင်နှုန်းကို လျှော့ချရန် တင်ပြချက်များရှိကြောင်း သိရသည်။ြ ပည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀ဝ၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီ အစည်းအဝေး(၂၀/၂၀၁၉)ကို ဇွန် ၁၂ ရက်က ပြည်ထောင်စုလွှတ်တော် D ဆောင် ဒုတိယထပ် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အခန်း ၁၃နှင့် အခန်း ၁၄ တို့နှင့် ပတ်သက်သော ပြင်ဆင်ရန် တင်ပြခြင်းလုပ်ငန်းများ ပြီးစီးခဲ့ခြင်းဖြစ်သည်။
ကန်-အီရန် စစ်ဖြစ်နိုင်ဖွယ် ဂျပန်ဝန်ကြီးချုပ်သတိပေး
တကယ်လို့ အမေရိကန်နဲ့ အီရန်တို့ကြားက အရှိန်မြင့်လာတဲ့ တင်းမာမှုတွေ လျော့ပါးရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာက စိတ်ရှည်သည်းခံမှု မရှိဘူးဆိုရင် အရှေ့အလယ်ပိုင်းဒေသမှာ နောက်ထပ် စစ်ရေးပဋိပက္ခတွေနဲ့ ကြုံရနိုင်တယ်လို့ ဂျပန်ဝန်ကြီးချုပ် Shinzo Abe က သတိပေးလိုက်ပါတယ်။
အမေရိကန် ၁၃-ဝ ထိုင်း၊ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတစ်လျှောက် အကြီးမားဆုံးဂိုးပြတ်နိုင်ပွဲအဖြစ် မှတ်တမ်းရေးထိုးခဲ့တဲ့ အမေရိကန်
အမေရိကန်အမျိုးသမီးအသင်းဟ ထိုင်းအမျိုးသမီးအသင်းကို (၁၃-ဝ)ဂိုးနဲ့ ဂိုးပြတ်နိုင်ပြီး ဖီဖာအမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းကြောင်းတစ်လျှောက် အကြီးမားဆုံးဂိုးပြတ်နိုင်ပွဲအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ၂၀၁၅ ကမ္ဘာ့ဖလားချန်ပီယံ အမေရိကန်အသင်းဟာ ပထမပိုင်းမှာ (၃-ဝ)ဂိုးပြတ်နဲ့ဦးဆောင်ခဲ့ပြီး ဒုတိယပိုင်းမှာ (၁၀)မိနစ်အတွင်း (၄)ဂိုး ဆက်တိုက် သွင်းယူခဲ့ပြီး အဲဒီနောက် ပွဲချိန်နောက်ဆုံး (၁၆)မိနစ်အတွင်း နောက်ထပ် (၆)ဂိုး သွင်းယူခဲ့ပြန်ပါတယ်။
စွမ်းအင်ကဏ္ဍဍကို နိုင်ငံရေးနှင့်ယှဉ်ပြီး အသုံးချနေကြောင်း အရပ်ဖက်အဖွဲ့အစည်းများဘက်မှဆို
နိုင်ငံတော်က လာမည့် ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား အပြည့်အဝရရှိရေး ဦးတည်ဆောင် ရွက်နေသည်ဟုဆိုသော်လည်း စွမ်းအင်ကဏ္ဍဍကို နိုင်ငံရေးနှင့်ယှဉ်ကာ အသုံးချနေသည်ဟု ထင်မြင်ကြောင်း စွမ်းအင်ဆိုင်ရာ အရပ်ဖက်အဖွဲ့အစည်းတစ်ခုမှ ပြောဆိုလိုက်သည်။
ကျပ်ငွေ ၁၆ ဘီလီယံ သုံးစွဲမည့် တိုင်းအစိုးရ၏ လုပ်ဆောင်မှု သုံးခုကို လွှတ်တော်ကိုယ်စားလှယ်များ သဘောမတူ
ကျပ်ငွေ ၁၆ ဘီလီယံအထိသုံးစွဲပြီး အကောင်အထည်ဖော်သွားမယ့် ရန်ကုန်တိုင်းအစိုးရ၏ ဘတ်ဂျက်လျာထားချက် အစီအစဉ် သုံးခုကို ဇွန်လ ၁၂ ရက်နေ့က ပြုလုပ်တဲ့ တိုင်းလွှတ်တော်အရေးပေါ်အစည်းအဝေး ဒုတိယနေ့မှာ လွှတ်တော် ကိုယ်စားလှယ်တွေက ကန့်ကွက်လိုက်ပါတယ်။ လွှတ်တော်ရုံးအတွင်းမှာ ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံး တည်ဆောက်မယ့်ကိစ္စ ၊ အင်းစိန်မြို့နယ်မှာ စုပေါင်းရာဇဝတ်ရုံး အဆောက်အဦ တည်ဆောက်မယ့်ကိစ္စ နဲ့ ကိုကိုးကျွန်းသို့ ပြေးဆွဲရန် သင်္ဘောဝယ်ယူမယ့်ကိစ္စတွေကို ကန့်ကွက်ခဲ့တာပါ။
ကျောင်းသားလူငယ်များအကြား အရက်နှင့် ကွမ်းယာ၊ ဆေးလိပ် သောက်သုံးမှု သိသိသာသာ မြင့်တက်နေ
ကျန်းမာရေးဝန်ကြီးဌာနက ကောက်ယူထားတဲ့ စစ်တမ်းအရ ဆယ်နှစ်အတွင်း ကျောင်းသားလူငယ်တွေကြားမှာ အရက်အပါအဝင် ကွမ်းယာ၊ ဆေးလိပ် သောက်သုံးမှုတွေ သိသိသာသာ မြင့်တက်လာတယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး(ကျောင်းကျန်းမာ(တာဝန်) ဒေါက်တာစိုးမင်းဦးက ပြောပါတယ်။ ဒီအတိုင်းသာဆိုရင် နောက်ဆယ်နှစ်မှာ ကျန်းမာရေးပြဿနာတွေ ရင်ဆိုင်ရမှာဖြစ်တဲ့အတွက် ဒါတွေကို ထိန်းချပ်ြဖို့ ကျောင်းကျန်းမာရေးမူဝါဒတွေ၊ ဥပဒေတွေ လိုအပ်တယ်လို့ ဒေါက်တာစိုးမင်းဦးက သုံးသပ်ပါတယ်
ဟောင်ကောင်အဓိကရုဏ်း ထိန်းထိန်းသိမ်းသိမ်း လုပ်ကြဖို့ ကန်တိုက်တွန်း

Ronaldo လက်မှတ် နဲ့ ဘောလုံးပုံ ဆုတံဆိပ်ရခဲ့တဲ့ မောင်ကျော်လင်းသန်း

တရုတ်၏ ဈေးသက်သာသည့်ဆန်များ တိုးမြှင့်တင်ပို့မှုက ထိုင်းဆန်တင်ပို့မှုကို ခြိမ်းခြောက်လာ
အာဖရိကဈေးကွက်သို့ ဈေးသက်သာသည့် တရုတ်ဆန်များကို ယခုနှစ်အတွင်း တိုးမြှင့်တင်ပို့ဖွယ်ရှိသဖြင့် ထိုင်းဆန်တင်ပို့မှုအတွက် စိုးရိမ်ဖွယ်ဖြစ်လာနေကြောင်း သိရသည်။ တရုတ်နိုင်ငံက ပျမ်းမျှအားဖြင့် နှစ်စဉ် ဆန်တန်ချိန် သန်း(၁၂၀)ဝန်းကျင် ထုတ်လုပ်နေပြီး ဆန်တင်ပို့မှုလည်း မြင့်တက်လာနေရာ လွန်ခဲ့သည့်နှစ်က ဆန်တန်ချိန် (၁)သန်းခွဲမှ (၂)သန်းအထိတင်ပို့နေရာမှ ယခုနှစ်တွင် တန်ချိန်(၃)သန်းအထိ တင်ပို့ဖွယ်ရှိသည်ဟု ထိုင်းဆန်တင်ပို့သူများအသင်း ဂုဏ်ထူးဆောင် ဥက္ကဌ ချူခေတ်အော့ဖ်ဝန်းဆီက ပြောကြားသည်။
ဗီဒီယိုဈေးကွက်ပျက်သွားသဖြင့် သရုပ်ဆောင်အသစ်များ အခက်အခဲနှင့်ရင်ဆိုင်လာရဟု အကယ်ဒမီပြေတီဦး ပြော
မြန်မာ့ရုပ်ရှင်လောကတွင် သရုပ်ဆောင်အသစ်များမှာ အခက်အခဲနှင့်ရင်ဆိုင်လာရကြောင်း ပြေတီဦးက ပြောသည်။ မျိုးဆက်သစ်များကို မြေတောက်မြှောက်ပေးသည့်ဗီဒီယိုဈေးကွက်ပျက်စီးသွားသည့်အပေါ် ယခုကဲ့သို့ သုံးသပ်ပြောကြားခြင်း ဖြစ်သည်။ “ ဗီဒီယိုလောကက အသစ်တွေကိုမြေတောင်မြှောက်ပေးနေတဲ့နေရာ ဖြစ်ပါတယ်။ အခုက ဗီဒီယိုဈေးကွက် ပျက်စီးသွားတဲ့အတွက် အသစ်တွေအနေနဲ့အခက်အခဲရှိလာပါတယ်။ ရုပ်ရှင်မှာသရုပ်ဆောင်သစ်တွေ ပေါ်လာဖို့ အတွက်ကျတော့ ခက်ခဲနေတာအမှန်ပဲ။
ဆေးကုသခွင့်လိုင်စင်ပိတ်သိမ်းခံရသည့် မော်ဒယ်လ် နန်းမွေစံ အယူခံတင်သွားမည်ဟုဆို
မြန်မာ့ရိုးရာ ယဉ်ကျေးမှုနှင့် သင့်လျော်မှုမရှိသော ၀တ်စားဆင်ယင်မှုများဖြင့် ဖေ့စ်ဘွတ်ခ် ပေါ် ဓာတ်ပုံများတင်မှုကြောင့် အ ထွေထွေဆေးကုသခွင့်လိုင်စင် ပိတ် သိမ်းခံရမှု ပြန်လည်ရရှိရန် အယူခံ တင်သွားမည်ဖြစ်ကြောင်း မော်ဒယ်လ် နန်းမွေစံက ဒီမိုကရေစီတူဒေးသို့ အတည်ပြုပြောကြားလိုက်သည်။ "ဆရာဝန်လက်မှတ် သိမ်းလိုက် တာဟုတ်တယ်။ ကျွန်မကပြန်ပြီးတော့ ဆရာကြီးတွေကို တောင်းပန်မယ်။ အယူခံဝင်ပြီး အသနားခံမယ်။ အပြီး အပိုင်သိမ်းတာမျိုးမလုပ်ဘဲနဲ့ တစ် ချိန်ကျရင် ပြန်အသုံးပြုခွင့်ရအောင် ယာယီအပ်နှံတဲ့သဘောမျိုးနဲ့ ဆောင် ရွက်ချင်တယ်။ အခုက သူတို့ရဲ့အ ရေးအသားအရဆို အပြီးအပိုင်သိမ်း လိုက်တာ။ အဲ့ဒါကိုပြန်ပြီးတော့ အသ နားခံမှာပါ " ဟု ၎င်းင်းက ဒီမိုကရေစီ တူဒေးသို့ ဇွန် ၁၁ရက်တွင် ပြောသည်။
ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲ တောင်ကိုရီးယားနှင့် ယူကရိန်း ဗိုလ်လုမည်
ပိုလန်နိုင်ငံတွင် ကျင်းပနေသော ဖီဖာယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲ၌ တောင်ကိုရီးယားက အီကွေဒေါကို ၁-၀ ဂိုးဖြင့် အနိုင် ရရှိပြီး ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့သည်။ ပထမဆုံးအကြိမ် ဗိုလ်လုပွဲ ရောက်အသင်းနှစ်သင်းတွေ့ဆုံမှုတွင် တောင်ကိုရီးယားက ယူကရိန်း နှင့် ဗိုလ်လုမည်ဖြစ်သည်။ အီ ကွေဒေါနှင့် အီတလီက တတိယနေရာ ယှဉ်ပြိုင်မည်ဖြစ်သည်။
လာလီဂါက ထွက်ခွာနိုင်ခြေရှိဟု ဂရစ်ဇ်မန်း အရိပ်အမြွက်ပြောကြား
လီဂူးဝမ်းချန်ပီယံ ပီအက်စ် ဂျီနှင့် လာလီဂါချန်ပီယံဘာစီလို နာတို့နှင့် ချိတ်ဆက်ပြောဆိုမှုများ ရှိနေစဉ် မိမိအနေဖြင့် လာလီဂါ တွင်ဆက်နေရန် မသေချာဟု ပြင် သစ်တိုက်စစ်မှူး ဂရစ်ဇ်မန်းက ပြောသည်။ ဂရစ်ဇ်မန်းသည် အက်သ လက်တီကိုမက်ဒရစ်တွင် ငါးနှစ် ကြာကစားပြီး နောက် ပြောင်းရွှေ့ မည်ဟု ပြောကြားထားပြီးဖြစ်ကာ ဘာစီလိုနာသို့ ရောက်ရှိမည်ဟု တစ်ပေးခံထားရသည်။ သို့သော် နေမာ၊ မက်ဘီတို့ နှင့်ပတ်သက်၍ မရေရာမှုကြုံနေရ သော ပီအက်စ်ဂျီသို့ပြင်သစ်တိုက် စစ်မှူး ရောက်ရှိနိုင်သည့်အခြေ အနေလည်း ရှိနေသည်။
ဒေါက်တာလဲ့လဲ့မော် ကျန်းမာရေးမကောင်းဟု ဦးဝင်းထိန်ပြော
အဂတိလိုက်စားမှု ကြောင့် ထားဝယ်အကျဉ်းထောင် အတွင်း ထိန်းသိမ်းခံနေရသည့် တနင်္သာရီတိုင်း ၀န်ကြီးချုပ် ဟောင်းဒေါက်တာလဲ့လဲ့မော်ကို ထောင်ဝင်စာသွားတွေ့ရာ ကျန်း မာရေးမကောင်းကြောင်း တွေ့ရ သည်ဟု ဒီချုပ်ဗဟိုသဘာပတိအ ဖွဲ့ဝင် ဦးဝင်းထိန်က 7Day Daily သတင်းစာအား ယမန်နေ့ကပြော သည်။ ဦးဝင်းထိန်သည် ဒေါက်တာ လဲ့လဲ့မော်နှင့် ထောင်ဝင်စာတွေ့ ဆုံရန် ဇွန်လ ၁၀ ရက်တွင် ထား ၀ယ်မြို့သို့ ရောက်ရှိလာခဲ့ပြီး ဇွန်လ ၁၂ ရက်တွင် ဒေါက်တာလဲ့ လဲ့မော်၏ခင်ပွန်းနှင့် ခဲအိုဖြစ်သူ ဒီချုပ်ဗဟိုအလုပ်အမှုဆောင်အ ဖွဲ့ဝင် ဦးအောင်စိုးတို့နှစ်ဦးနှင့်အ တူ ထားဝယ်အကျဉ်းထောင်အ တွင်း ထောင်ဝင်စာသွားရောက် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
ဆယ်ကျော်သက်လူငယ် ၄ ရာခိုင်နှုန်းကျော် အရက်သောက်သုံးနေ အရက်သောက်သုံးသော လူငယ်များ၏ ထက်ဝက်ခန့်သည် (၁၄) နှစ်အရွယ်ကပင် စတင်သောက်သုံးခြင်းဟုဆို
မြန်မာနိုင်ငံရှိ အသက် (၁၃) နှစ်မှ (၁၇) နှစ် ကြား ဆယ်ကျော်သက်လူငယ် ၄ ဒသမ ၃ ရာခိုင်နှုန်းခန့်သည် အ ရက်သောက်သုံးနေပြီး ၎င်းတို့အ နက် ထက်ဝက်ခန့်သည် အသက် (၁၄) နှစ်ရွယ်ကပင် အရက်စတင် သောက်သုံးခြင်းဖြစ်ကြောင်း နိုင် ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြော ကြားသည်။ ကျန်းမာရေးအဆင့်မြှင့် ကျောင်းလုပ်ငန်းများအရှိန်အ ဟုန်မြှင့်တင်ရေး အမျိုးသားအ ဆင့် နှီးနှောဖလှယ်ပွဲကို ဇွန်လ ၁၂ ရက်က နေပြည်တော်၌ ကျင်း ပရာ အဖွင့်မိန့်ခွန်းတွင် ဒေါ် အောင်ဆန်းစုကြည်ကထည့်သွင်း ပြောကြားခြင်းဖြစ်သည်။
ဒိုင်အသစ်တွေပါဝင်လာတဲ့ Myanmar Idol
အာရှပိုက်ကျော်ခြင်း ဖိတ်ခေါ်ပြိုင်ပွဲတွင် မြန်မာအမျိုးသမီးအသင်းငွေတံဆိပ်ရရှိ
တရုတ်နိုင်ငံ၌ ကျင်းပ သည့် အာရှပိုက်ကျော်ခြင်းချန်ပီ ယံရှစ် ဖိတ်ခေါ်ပြိုင်ပွဲတွင် မြန်မာ အမျိုးသမီးအသင်း ဗိုလ်လုပွဲအ ဆင့်သို့ တက်ရောက်သော်လည်း ထိုင်းအသင်းကို ရှုံးနိမ့်ပြီး ငွေတံ ဆိပ်ဖြင့်သာ ကျေနပ်ခဲ့ရသည် ဇွန်လ ၁၂ ရက် နံနက်က တရုတ်နိုင်ငံကူမင်းမြို့၌ ကျင်းပ သည့် အာရှပိုက်ကျော်ခြင်း အမျိုး သမီး သုံးယောက်တွဲပြိုင်ပွဲ ဗိုလ် လုပွဲတွင် မြန်မာအသင်းက ထိုင်း အသင်းကို အကြိတ်အနယ် ယှဉ် ပြိုင်သော်လည်း နှစ်ပွဲပြတ်ဖြင့် ရှုံး နိမ့်ခဲ့သည်။
မောရစ်သျှနိုင်ငံတကာ ကြက်တောင်ပြိုင်ပွဲတွင် သက်ထားသူဇာဝင်ပြိုင်မည်
မောရစ်သျှနိုင်ငံ၌ကျင်း ပမည့် နိုင်ငံတကာကြက်တောင် ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် ကြက်တောင်မယ် သက်ထားသူ ဇာ ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ် သည်။ အာဖရိက ကြက်တောင်အ ဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် အ ဆိုပါနိုင်ငံတကာ ကြက်တောင် ပြိုင်ပွဲကို ဇွန်လ ၁၃ ရက်မှ ၁၆ ရက်အထိ ကျင်းပမည် ဖြစ်သည်။ ပြိုင်ပွဲတွင် နိုင်ငံအသီးသီးမှ ကစားသမား ၅၀ ကျော်ပါဝင်ယှဉ် ပြိုင်မည်ဖြစ်ပြီး သက်ထားသူဇာ ၀င်ပြိုင်မည့် အမျိုးသမီးတစ်ဦး ချင်းပြိုင်ပွဲတွင် အိမ်ရှင်မောရစ် သျှ၊ ဆလိုဗက်ကီးယား၊ အိန္ဒိယ၊ နိုင်ဂျီးရီးယား၊ ဖိလစ်ပိုင်နှင့် အီ ဂျစ်နိုင်ငံတို့မှ ကစားသမားများ ပါ ၀င်သည်။
စင်ကာပူကို နိုင်ခြင်းကြောင့် အဓိကပြိုင်ပွဲများအတွက် စိတ်ဓာတ်ခွန်အားဖြစ်စေကြောင်း မြန်မာနည်းပြဆို
ဖီဖာနိုင်ငံတကာ ခြေ စမ်းပွဲတွင် အိမ်ရှင်စင်ကာပူအ သင်းကို ၂-၁ ဂိုးဖြင့် အနိုင်ရ သဖြင့် အဓိကပြိုင်ပွဲများဖြစ်သည့် ဆူဇူကီးဖလားနှင့် ကမ္ဘာ့ဖလား ခြေစစ်ပွဲများအတွက် ကြိုတင်ပြင် ဆင်ရန် စိတ်ဓာတ်ခွန်အားဖြစ်စေ ကြောင်း မြန်မာအသင်း နည်းပြ ချုပ်ရာဂျူလိုဗစ်က ပြောသည်။ ဇွန်လ ၁၁ ရက် ညက စင် ကာပူနိုင်ငံ အမျိုးသားအားကစား ကွင်း၌ ယှဉ်ပြိုင်သည့် စင်ကာပူ လက်ရွေးစင်နှင့် မြန်မာ့လက်ရွေး စင်အသင်းတို့ပွဲတွင် မြန်မာအ သင်းက အောင်သူ၊ ကျော်ကိုကို၊ ဇော်မင်းထွန်းစသည့် အဓိကက စားသမား အစုံအလင်ဖြင့် ပွဲ ထွက်ခဲ့သည်။
လ၀က၀န်ထမ်းခုနစ်ဦးကို အဂတိတိုက်ဖျက်မှုဖြင့် အမှုဖွင့်
နိုင်ငံသားစိစစ်ရေး ကတ်ပြုလုပ်ခြင်း၊ အိမ်ထောင်စု ဇယားပြုလုပ်ခြင်းနှင့် မွေးတိုးစာ ရင်းပြုလုပ်ခြင်းတို့တွင် ငွေကြေး တောင်းခံသော လားရှိုးမြို့နယ် အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင် အားဆိုင်ရာ ဦးစီးမှူးအပါအ၀င် ဝန်ထမ်းခုနစ် ဦးနှင့် ပူးပေါင်းပါဝင်သူတစ်ဦး စုစုပေါင်းရှစ်ဦးကို အဂတိလိုက် စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အ မှုဖွင့်အရေးယူထားသည်။
အင်းလျားကန်ပေါင်တွင် လက်ပစ်ဗုံးနှင့်ပုံစံတူ မီးခြစ်တွေ့၍ အလုပ်ရှုပ်
ရန်ကုန်မြို့ အင်းလျား ကန်ပေါင်တွင် လက်ပစ်ဗုံးနှင့် ပုံသဏ္ဌာန်တူပြုလုပ်ထားသော ဂက်စ်မီးခြစ်တစ်လုံး တွေ့ရှိမှု ကြောင့် ဗုံးလန့်မှုဖြစ်ပွားခဲ့သည်။ ယမန်နေ့ နေ့လယ် ၁ နာရီ တွင် အင်းလျားကန်ပေါင် မြက် ခင်းပြင်လှေကားအနီး၌ လက်ပစ် ဗုံးနှင့် ပုံသဏ္ဌာန်တူပြုလုပ်ထား သည့် ဂက်စ်မီးခြစ်တွေ့ရှိ၍ အ မှတ်(၂)စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်လင်း၊ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ မှူး ရဲမှူးချုပ်မျိုးမင်းထိုက်နှင့် အ မှတ်(၉၀၅)စစ်မြေပြင်အင်ဂျင်နီ ယာတပ်ရင်း (ညောင်တုန်း)မှ ဒုဗိုလ်မှူးကြီးမြတ်သိန်းတို့ လာ ရောက်စစ်ဆေးခဲ့သည်။
ရန်ကုန်အပါအဝင် ဒေသအချို့ ၁၀ ရက်ခန့် လျှပ်စစ်မီး ယာယီပြတ်တောက်မည်
မိုးနည်းနေသောကြောင့် ရေအားလျှပ်စစ်စက်ရုံကြီးအချို့ ဓာတ်အားထုတ်လုပ်မှု ထက်ဝက်ကျော် လျော့ကျခြင်းကြောင့် စက်ရုံအချို့ ရပ်တန့်ထားရသဖြင့် ရန်ကုန်တိုင်းဒေသကြီး အပါအဝင် ဒေသအချို့၌ ၁၀ ရက်ခန့် လျှပ်စစ်မီးယာယီပြတ်တောက်မည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်သည်။ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးစိုးမြင့်က ‘‘အရင်က မေလကုန်ဆို ရေဝင်ပြီ။ အခုက မိုးနောက် ကျနေတယ်။ လျှပ်စစ်မီးပြတ်တောက်မှုအနည်းအကျဉ်း ရှိမယ်’’ ဟု ပြောသည်။
ကျပ်သိန်းတစ်ထောင်ကုန်သည့် ဥရုချောင်း မြေထိန်းနံရံ တစ်လခန့်အကြာတွင်ပြို လွှတ်တော်အမတ်နှင့် ဒေသခံများက ဝေဖန်၊ အသစ်ပြန်တည်ဆောက်ပေးရန် တောင်းဆို
တိုးတက်လာသည့် တရုတ်ခရီးသွားဝင်ရောက်မှုနှင့် နောက်ဆက်တွဲပြဿနာဖြေရှင်းရေး မန္တလေးတွင် ဆွေးနွေး
မြန်မာနိုင်ငံသို့ တရုတ် ခရီးသွားများ ၀င်ရောက်မှု မြင့် တက်လာခြင်းနှင့်အတူ ပြည်တွင်း၌ ၀န်ဆောင်မှုများ ပိုမိုကောင်းမွန်လာစေရန်နှင့် အဆင်မပြေမှုများ ဖြေရှင်းနိုင်ရေး အသိပညာပေး ဆွေးနွေးပွဲကို မန္တလေးမြို့၌ ပြုလုပ်ခဲ့သည်။ ‘‘တရုတ်လူမျိုးတွေရဲ့ အ လေ့အထက ဘယ်လိုရှိလဲ၊ သူတို့ တရုတ်ဈေးကွက်က အခြေအနေ ဘယ်လိုရှိလဲ၊ သူတို့အဆင်မပြေ မှုတွေကို ဘယ်လိုဖြေရှင်းမလဲ။ အဲဒါမျိုးတွေကို အသိပညာပေးဖို့ အတွက် ဒီဆွေးနွေးပွဲကို ပြုလုပ်ရ ခြင်းဖြစ်ပါတယ်’’ဟု ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ နိုင် ငံတကာနှင့် ဒေသတွင်းပူးပေါင်း ဆောင်ရွက်ရေးဌာန ညွှန်ကြား ရေးမှူး ဦးလှမြင့်က ပြောသည်။
မွန်ပြည်နယ်ရှိ တောင်တက်ယာဉ်များ ဥပဒေနှင့်အညီပြေးဆွဲရန် လွှတ်တော်တွင် ခေါ်ယူညှိနှိုင်း
မွန်ပြည်နယ်ရှိ တောင်တက်ယာဉ်များ ဥပဒေ နှင့်အညီပြေးဆွဲနိုင်ရန် မြို့နယ် တိုင်းရှိ တောင်တက်ယာဉ် အ သင်းများကို မွန်ပြည်နယ်လွှတ် တော်ဥပဒေပြုရေးကော်မတီက ခေါ်ယူညှိနှိုင်းခဲ့သည်။ြ ပည်နယ်အတွင်း ကျိုက်ထီး ရိုးတောင်တက်ယာဉ်အသင်း၊နွား လပို့တောင်တက်ယာဉ်အသင်း၊ ကျောက်ပိ-မဲလံတောင်တက် ယာဉ်အသင်း၊ ကေလာသတောင် တက်ယာဉ်အသင်းနှင့် ဇင်းကျိုက် တောင်တက်ယာဉ်အသင်းတို့ကို မွန်ပြည်နယ်လွှတ်တော်၌ ဇွန်လ ၁၁ ရက်တွင် တွေ့ဆုံညှိနှိုင်းခဲ့ သည်။
သက်တမ်း နှစ် (၁၈၀)ခန့်ရှိ ရှေးဟောင်းကျွန်းခုတင်နှင့် သေတ္တာကို ပုဂ္ဂလိကသို့ ပထမဆုံးအကြိမ် ကိုယ်ပိုင်ထိန်းသိမ်းစောင့်ရှောက်ခွင့်ပြု
မန္တလေးမြို့ရှိ မိသားစု တစ်စုက ၎င်းတို့ပိုင်ဆိုင်သောသက်တမ်း နှစ် (၁၈၀) ခန့်ရှိ ရှေး ဟောင်းကျွန်းခုတင်နှင့် သေတ္တာ ကို တရားဝင်ထိန်းသိမ်းစောင့် ရှောက်ရန် ရှေးဟောင်းသုတေ သနနှင့် အမျိုးသားပြတိုက်ဦးစီး ဌာနသို့ လျှောက်ထားရာ ဌာနက ပထမအကြိမ် ခွင့်ပြုခဲ့သည်။ မင်းတုန်းမင်း၏ ငယ်ဆရာ ပခန်းမင်းကြီး ဦးရန်ဝေး အသုံးပြုသော ကျွန်းခုတင်နှင့် ကျွန်း သေတ္တာကို ယခင်က မကွေးတိုင်း ဒေသကြီး ရေစကြိုမြို့နယ် ပခန်းကြီးဒေသ၌ မျိုးဆက်ခြောက်ဆက် တိုင် ထိန်းသိမ်းစောင့်ရှောက်ခဲ့ပြီး မန္တလေးမြို့သို့ ၂၀၁၅ တွင် ရွှေ့ ပြောင်းသယ်ယူခဲ့သည်။ ထို့နောက် ၂၀၁၉ တွင် ကိုယ်ပိုင်ထိန်း သိမ်းစောင့်ရှောက်ခွင့် ရှေး ဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနသို့ တင်ပြ လျှောက်ထားခဲ့ကြောင်း ယင်းရှေးဟောင်းပစ္စည်းပိုင်ရှင် ဦးစိုးဝင်း မြင့်က ပြောသည်။
လူမှုကူညီရေးအသင်းယာဉ်ပေါ်မှ တရားမ၀င် သစ်ခွဲသားများဖမ်းမိ
အစည်းအဝေးကို တားမြစ်သည့် မြန်မာစစ်သံမှူး၏လုပ်ရပ် NCA ချိုးဖောက်ရာရောက်ဟု KNU အထွေထွေအတွင်းရေးမှူးချုပ်ပြော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုထိခိုက်လာနိုင်ကြောင်း မြန်မာစစ်သံမှူးက သုံးသပ်ကာ အစည်းအဝေးကိုတားမြစ်ခြင်းဖြစ်နိုင်ကြောင်း တပ်မတော်ပြောရေးဆိုခွင့်ရှိသူပြော
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုး ၁၀ ဖွဲ့၏ ချင်းမိုင်မြို့တွင် ပြုလုပ်မည့် အစည်းအဝေးကို တားမြစ်သော ထိုင်းနိုင်ငံရှိ မြန်မာစစ်သံ မှူး၏ လုပ်ဆောင်ချက်သည် NCAကို ချိုးဖောက်ရာရောက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) အထွေထွေအတွင်းရေး မှူးချုပ် ပဒိုစောတာဒိုမူးက ပြော သည်။
ကုန်ပစ္စည်းအုပ်စု ခုနစ်မျိုးကို နိုင်ငံခြားကုမ္ပဏီများအား တင်ပို့ခွင့်ပြု
ဆန်၊ ဆန်ကွဲနှင့် လယ် ယာထွက်ကုန်များ၊ ရေထွက်ကုန် များအပါအ၀င်ကုန်ပစ္စည်းအုပ်စု ခုနစ်မျိုးကို ထုတ်လုပ်သူများထံမှ တစ်ဆင့်ဝယ်ယူပြီး ပြည်ပသို့ တင်ပို့ခြင်းကို နိုင်ငံခြားကုမ္ပဏီများ အားလုပ်ကိုင်ခွင့်ပြုကြောင်း စီး ပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနက ဇွန်လ ၆ ရက် တွင်အမိန်ကြော်ငြာစာထုတ်ပြန် သည်။ အရည်အသွေးမြင့်ထုတ် ကုန်များပြည်ပဈေးထွက်သို့ချဲ့ ထွင်တင်ပို့နိုင်ရန်နှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု မြှင့်တင်နိုင်ရန် ရည်ရွယ် ဆောင်ရွက်ခြင်းဖြစ် ကြောင်း အဆိုပါဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင် မောင်လွင်က ပြောသည်။ ‘‘ပို့ကုန်တိုးမြှင့်နိုင်ရေးအ တွက်ဆောင်ရွက်ပေးတာပါ’’ ဟု ၎င်းက ပြောသည်။
လွိုင်ကော်ဗိုလ်ချုပ်ရုပ်တု ကန့်ကွက်သူခြောက်ဦးကို တရားစွဲထားမှု အမြန်ရုပ်သိမ်းပေးရန် ထုတ်ပြန်
ကယားပြည်နယ်ဝန်ကြီး ချုပ် ဦးအယ်လ်ဖောင်းရှိုနှင့် ပြည် နယ်စီမံဘဏ္ဍာဝန်ကြီး ဦးမော်မော်တို့၏ လုပ်ရပ်အပေါ် အပြင်းအထန်ရှုတ်ချပြီး တရားစွဲခံနေရသည့် လူငယ်ခြောက်ဦးအမှု အမြန်ဆုံး ရုပ်သိမ်းပေးရန် ကယား လီဖုလူ ငယ်ဗဟိုကော်မတီက ယမန်နေ့ တွင် ကြေညာချက်ထုတ်ပြန် သည်။ ပြည်နယ်အစိုးရအဖွဲ့က ဗိုလ်ချုပ်ရုပ်တု ကန့်ကွက်သည့် လူငယ်များကို နည်းလမ်းအမျိုးမျိုး ဖြင့် ဖိနှိပ်ခြင်းသည် နိုင်ငံသားတစ် ဦး၏ မူလအခွင့်အရေးကို ပိတ်ပင်သည်သာမက ဒီမိုကရေစီနည်း လမ်းနှင့် သတ်မှတ်စံနှုန်းများ လုံးဝဆန့်ကျင်နေကြောင်း ဇွန်လ ၁၂ ရက်စွဲဖြင့် ထုတ်ပြန်သည်။
ဦးဝီရသူ ဘေးကင်းရေး ချီတက်ဆုတောင်းပွဲနှစ်ခုအတွက် သံဃာခြောက်ပါးအပါအဝင် ၁၄ ဦးကို အမှုဖွင့်ထား
မုံရွာတွင် ဆိုင်ကယ်ခိုးသူသုံးဦး ဖမ်းမိ၊ တစ်ဦးထွက်ပြေးနေ
မုံရွာမြို့တွင် GPS တပ် ဆင်ထားသော ဆိုင်ကယ်နှစ်စီးခိုး ယူသူသုံးဦးကိုဖမ်းမိပြီး တစ်ဦး ထွက်ပြေးနေကြောင်း မုံရွာမြို့ နယ်မြေရဲတပ်ဖွဲ့စခန်းမှူး ရဲအုပ် ဆန်းလင်းက ပြောသည်။ မုံရွာစီးပွားရေးတက္ကသိုလ် နယ်မြေတွင် ရပ်ထားသည့် စကူ ပီဆိုင်ကယ်နှစ်စီး ဇွန်လ ၉ ရက် က ခိုးယူခံရပြီး ခိုးယူသွားသော ဆိုင်ကယ်၌ တပ်ဆင်ထားသော GPS စနစ်ခြေရာခံ၍ ရဲတပ်ဖွဲ့က စုံစမ်းရာမှ ဖမ်းမိခဲ့သည်။
ဆိုင်ကယ်တူးဘောက်စ်အတွင်းမှ ဘဏ်ထုတ်ငွေများ ခိုးယူနေသူကို ပြည်သူများက ဖမ်းဆီးပြီး ရဲတပ်ဖွဲ့ထံ အပ်နှံ
ဆိုင်ကယ်တူးဘောက်စ်အ တွင်းမှ ဘဏ်ထုတ်ငွေများ ခိုး ယူနေသူကို ပြည်သူများက ဖမ်း ဆီးပြီး ရဲတပ်ဖွဲ့ထံအပ်နှံသည့်ဖြစ် ရပ် ပြည်မြို့တွင် ဖြစ်ပွားခဲ့ ကြောင်း ပြည်မြို့အမှတ် (၁) ရဲစ ခန်းမှူး ရဲအုပ်အောင်လှိုင်ဝင်းက ပြော သည်။ ဇွန်လ ၁၁ ရက် မွန်းလွဲက ပြည်မြို့ တီတွက်ကျေးရွာအုပ် စုနေအသက် (၄၆) နှစ်အရွယ် အ မျိုးသားသည် ကမ္ဘာ့ရတနာဘဏ် မှ ကျပ် ၁၀ သိန်းထုတ်ယူခဲ့သည်။ ယင်းနောက်ဘဏ်ထုတ် ငွေများ ကို ဆိုင်ကယ်တူးဘောက်စ်အ တွင်းထည့်ကာ လမ်းရှည်လမ်းအ တိုင်း မောင်းနှင်ခဲ့သည်။ လမ်း ရှည်လမ်း ရွှေစင်မုန့်တိုက်ရှေ့တွင် ဆိုင်ကယ်ခေတ္တရပ်ပြီး မုန့်ဝင် ဝယ်နေစဉ် ခိုးယူခံရခြင်းဖြစ် သည်။ ခိုးယူနေသည်ကို အနီးဝန်း ကျင်ရှိပြည်သူများ မြင်တွေ့ပြီး ဖမ်းဆီးခဲ့ကြောင်း ရဲမှတ်တမ်း၌ ဖော်ပြထားသည်။
ကျပ်သန်းငါးထောင်ကုန်ကျမယ့် ရန်ကုန်တိုင်းရဲတပ်ဖွဲ့ ရုံး တည်ဆောက်ဖို့ ကန့်ကွက်ခံရ
ရဟတ်ယာဉ် ကွင်းပါဝင်ပြီးကျပ်သန်းငါးထောင်ကုန်ကျမယ့် ရန်ကုန်တိုင်းရဲတပ်ဖွဲ့ ရုံးတည်ဆောက်မယ့် လုပ်ငန်း ကို တိုင်းလွှတ်တော်ကိုယ်စားလှယ်တွေက ကန့်ကွက်လိုက်ပါတယ်။ ဒီနေရန်ကုန်တိုင်းလွှတ်တော်အစည်းအဝေးမှာကန့်ကွက်ဆေွးနွေးခဲ့ကြတာပါ။ လွှတ်တော်ကိုယ်စားလှယ်တွေက ကန့်ကွက်ရာမှာတော့ ရဲတပ်ဖွဲ့ ရုံးကို လွှတ်တော်ဝန်းထဲမှာ တည်ဆောက်မယ့်အရေးကို ပါ ထောက်ပြခဲ့ကြပါတယ်။
တရုတ်တွင် လူကုန်ကူးခံရပြီး ပျောက်ဆုံးနေသော အမျိုးသမီးကို ပြန်တွေ့ပြီဟု ဆို
လူကုန်ကူးမှုတားဆီးနှိမ် နင်းရေးရဲတပ်ဖွဲ့က ပညာပေးအ နေဖြင့် ဗီဒီယိုဖိုင်ထုတ်ပြန်ခဲ့သည့်တရုတ်နိုင်ငံတွင် လူကုန်ကူးခံရပြီး ရိုက်နှက်ခံနေရသော မြန်မာအ မျိုးသမီးကို ယခု ပြန်ရှာတွေ့ပြီဖြစ် ကြောင်း၊ တရုတ်နိုင်ငံ၌ အိမ်ထောင်ကျနေပြီဖြစ်ကြောင်း ကာယကံရှင်၏အိမ်နီးချင်းများက ပြောသည်။ တရုတ်နိုင်ငံ၌ လူကုန်ကူး ခံရသူ မြန်မာအမျိုးသမီးတစ်ဦး ကို အခြားမြန်မာအမျိုးသမီးတစ် ဦးက ရိုက်နှက်နေသည့် နှစ်မိနစ် နှင့် ၅၆ စက္ကန့်ကြာဗီဒီယိုဖိုင်ကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က ၂၀၁၉ မတ်လ ၁၂ ရက်တွင် လူမှုကွန်ရက်မှတစ်ဆင့် ထုတ်ပြန်ခဲ့သည်။ ရိုက်နှက်ခံနေရ သူသည် ကချင်ပြည်နယ် ၀ိုင်းမော် မြို့နယ် ၀ူယန်ကျေးရွာမှ လန်း နာမ်ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်သည့် ဗီဒီယိုဖိုင်ကိုကြည့် ပြီး ကာယကံရှင်၏မိသားစုဝင် များက 7Day Daily သတင်းစာ အား ပြောသည်။
ရန်ကုန်အစိုးရတောင်းသည့်ဘတ်ဂျက် အမတ်များ ကန့်ကွက်
၂၀၁၉-၂၀ ဘဏ္ဍာနှစ် တွင် ခုနစ်ထပ်မြင့်သည့် တိုင်း ရဲဌာနချုပ် ဆောက်လုပ်ရန် တိုင်းအစိုးရအဖွဲ့က ကျပ်သန်း ၅,၀၀၀တောင်းခံထားခြင်းကို ယမန်နေ့က ကျင်းပသည့် ရန်ကုန်တိုင်း လွှတ်တော်၌ အမတ်များက ကန့် ကွက်ခဲ့သည်။ ရန်ကုန်တိုင်းလွှတ်တော် ဝင်းအတွင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့ မှူးရုံး ဆောက်လုပ်မည့် ကိစ္စအပါ အဝင် ကိုကိုးကျွန်းမြို့နယ်အ တွက် ကျပ်သန်း ၅,၀၀၀ အသုံးပြု ကာ ရေယာဉ်ဝယ်ယူရန်၊ အင်းစိန်မြို့နယ်တွင် ကျပ်သန်း ၆,၀၀၀ အသုံးပြုပြီး စုပေါင်းတရားရုံးကြီး ဆောက်လုပ်ရန်၊ ကျေးလက်မီး လင်းရေး ကျပ်သန်း ၄,၅၀၀ စသည်ဖြင့် ၂၀၁၉-၂၀ ဘဏ္ဍာ နှစ်အတွက် သုံးစွဲရန် ဌာနဆိုင်ရာ၊အဖွဲ့အစည်းများက တောင်းခံ ထားခြင်းကို အမတ်များက ကန့် ကွက်ခဲ့သည်။
ရေသူမဇာတ်ရုပ်အတွက် အသေအချာပြင်ဆင်ခဲ့တဲ့ အိချောပို
ပလက်ဝဒေသတွင် တပ်မတော်နှင့် AA တိုက်ပွဲကြောင့် စစ်ဘေးရှောင်ဦးရေတိုးလာ
ချင်းပြည်နယ်ပလက် ၀ဒေသတွင် တပ်မတော်နှင့် ရခိုင် လက်နက်ကိုင်အဖွဲ့ (AA) တိုက်ပွဲ ကြောင့် တိမ်းရှောင်လာသူပိုများ လာပြီး သုံးရက်အတွင်းလူ ၇၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေး လာကြောင်း ပလက်ဝဒေသခံအရပ်ဘက်အဖွဲ့အစည်းများက ပြောသည်။ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် ထိစပ်သောချင်းပြည်နယ်ပလက် ၀မြို့နယ် ရှိ ပိန္နဲတပင်၊ သဲမချောင်း ထဲနှင့် သဲမချောင်းဝကျေးရွာဒေ သခံ ၆၀၀ ခန့်သည် ပလက် ၀မြို့ပေါ်သို့ ဇွန်လ ၈ ရက်တွင် ထွက်ပြေးလာပြီး ဇွန်လ ၁၀ ရက် တွင် စစ်ဘေးရှောင်များထပ်မံ ရောက်ရှိလာသည်။
မြန်မာလိဂ်-၂ ဒုတိယအကျော့ပြိုင်ပွဲကို ဇွန်လ ၁၃ နှင့် ၁၄ ရက်တွင် ပြန်လည်စတင်
မြန်မာလိဂ်-၂ ပြည် တွင်း အမှတ်ပေးဘောလုံးပြိုင်ပွဲ ဒုတိယအကျော့ရာသီ အဖွင့်ပွဲစဉ် များကို ဇွန်လ ၁၃ ရက် နှင့် ၁၄ ရက်တွင် ပြန်လည်စတင်ကျင်းပ မည်ဖြစ်သည်။ အဆိုပါ ဒုတိယအကျော့ အ ဖွင့်ပွဲစဉ်များကို ပဒုမ္မာနှင့် စလင်း ကွင်း၌ ကျင်းပမည်ဖြစ်ပြီး ယခု တစ်ပတ်တွင် ထိပ်ဆုံးမှ အားကာ သိပ္ပံအသင်းက တတိယနေရာမှ ချင်းယူနိုက်တက်နှင့် ပွဲကျပ်ရင် ဆိုင်ရမည် ဖြစ်သည်။
မြန်မာမြို့ပြများ စနစ်တကျ ချဲ့ထွင်ဖို့ ကမ္ဘာဘဏ်အကြံပြု
မြို့ ပြဖြစ်ထွန်းမှုတိုးတက်လာတဲ့ မြန်မာနိုင်ငံမှာ မြို့ ပြတွေကို စနစ်တကျချဲ့ ထွင်မှု မလုပ်နိုင်ရင် သဘာဝ ညစ်ညမ်းမှုတွေ လူဦးရေ ထူထပ်မှုတွေနဲ့ အတူ လူတန်းစား ကွာဟမှုတွေနဲ့ ဖွံ့ ဖြိုးမှုကိုပါ ထိခိုက်လာနိုင်တယ် လို့ ကမ္ဘာ့ဘဏ်က သတိပေးလိုက်သလို၊ မြို့ပြပညာရှင်တွေကလည်း ဒီအချက်ကို ထောက်ပြနေပါတယ်။ ဒါကြောင့်လည်း တနိုင်ငံလုံးအတိုင်းအတာနဲ့ လူဦးရေဖြန့်ဖြူးမှု စီမံကိန်းဆွဲပြီး၊ မဖွံဖြိုးသေးတဲ့ ပြည်နယ်တွေမှာလည်း မြို့ ပြဖွံ့ဖြိုးမှုကို အကောင်အထည်ဖော်ဖို့ ပညာရှင်တွေက တိုက်တွန်းနေပါတယ်။ ဗွီအိုအေသတင်းထောက် ကိုဇော်ထက် သတင်းပေးပို့ ထားပါတယ်။
နိုင်ငံတကာသတင်းသမားများ ညီလာခံ မြန်မာကိုယ်စားလှယ် တက်ရောက်

မြန်မာမီဒီယာလောက အခက်ကြုံ
မြန်မာနိုင်ငံရဲ့စတုတ္ထမဏ္ဍိုင် သတင်းနဲ့ စာနယ်ဇင်း လောကဟာ ဆယ်စုနှစ်အတွင်း အခက်ခဲဆုံး အနေအထားနဲ့ ရင်ဆိုင်နေရတယ်လို့ သတင်းပညာရပ် ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။ ဘဏ္ဍာရေး အကျပ်အတည်းက အစ၊ စစ်တပ်က သတင်းမီဒီယာ သမားတွေကို တရားစွဲဆိုနေတာတွေ အဆုံး စိန်ခေါ်မှုတွေနဲ့လည်း ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ ပြည်သူလူထု အကြား သတင်းပညာကို နားလည် သဘောပေါက်စေဖို့ ကျောင်း သင်ရိုးညွှန်းတမ်းတွေမှာ ထည့်သွင်းပေးဖို့ လိုပါတယ် လို့လည်း သတင်း ပညာရှင်တွေက တိုက်တွန်းပါတယ်။ VOA သတင်းထောက် စိုင်းပြည့်သူကပြောပြပေးမှာပါ။
အိန္ဒိယ-မြန်မာ ချိတ်ဆက်ရေး မကွေးဝန်ကြီးချုပ် သွားရောက်ဆွေးနွေး 1

ကျွန်းစုမြို့နယ် ငမန်းချောင်းတောင်ကျေးရွာချောင်းအတွင်း၌ ခရီးသည်တင် စက်လှေတစ်စီး မီးလောင်းမှုဖြစ်ပွား

အမ်းမြို့နယ်က ခရစ်ယာန်ဘာသာဝင်တွေကို ဘာသာ ကူးပြောင်းခိုင်းတာတွေ လုပ်ဆောင်နေကြောင်း CHRO ထုတ်ပြန်
ရခိုင်ပြည်နယ် အမ်းမြို့နယ် ပဒေကြောကျေးရွာမှာရှိတဲ့ ချင်းတိုင်းရင်းသား ခရစ်ယာန်ဘာသာဝင်တွေကို ကျေးရွာအုပ်ချုပ်ရေးမှူးကနေ ဗုဒ္ဓဘာသာကို ကူးပြောင်းဖို့ ခြိမ်းခြောက်လက်မှတ်ရေးထိုးခိုင်းတာတွေ ပြုလုပ်နေတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO က ဇွန်လ ၁၀ ရက်နေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ မေလ ၂၄ ရက်နေ့တုန်းက ပဒေကြောကျေးရွာမှာ ချင်းတိုင်းရင်းသား သုံးဦးကို ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ရပ်မိရပ်ဖတွေက ခရစ်ယာန်ဘာသာကနေ ဗုဒ္ဓဘာသာကို ကူးပြောင်းကြောင်း လက်မှတ်ရေးထိုးဖို့၊ လက်မှတ်မရေးထိုးပါက ရွာကနေ မောင်းထုတ်မယ်ဆိုပြီး ခြိမ်းခြောက်ပြောဆိုခဲ့တာကြောင့် လက်မှတ်ရေးထိုးပေးခဲ့ရတယ်လို့ ချင်းလူ့အခွင့်အရေးထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်တွေ စားဝတ်နေရေး အခက်အခဲရှိနေ
ရှမ်းပြည်နယ်နဲ့ ဆက်စပ်နေတဲ့ ထိုင်း-မြန်မာနယ်စပ်က စစ်ဘေးဒုက္ခသည်စခန်း ခြောက်ခုမှာ ခိုလှုံနေတဲ့ ဒုက္ခသည် ၆၀၀၀ ကျော်အတွက် စားဝတ်နေရေး အခက်အခဲရှိနေတယ်လို့ ဒုက္ခသည်စခန်း တာဝန်ရှိသူတွေနဲ့ ကူညီကယ်ဆယ်ရေးဆောင်ရွက်နေသူတွေက ပြောပါတယ်။ ထိုင်းမြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေကို နယ်စပ်ဒေသ ကူညီပေးရေး ညွန့်ပေါင်းအဖွဲ့ (TBC) က ကူညီထောက်ပံ့မှုတွေကို ဖြတ်တောက်လိုက်တာကြောင့် ဒုက္ခသည်တွေ စားသောက်ရေး အခက်အခဲဖြစ်နေတာဖြစ်ကြောင်း ရှမ်းပြည်နယ် ဒုက္ခသည်များဆိုင်ရာကော်မတီက ဦးစိုင်းလျဲန်း ပြောပါတယ်။
အကျအဆုံးစာရင်း AA ထုတ်ပြန်ချက် တပ်မတော်ငြင်းဆန်
စစ်ရေးပဋိပက္ခတွေရှိနေတဲ့ ရခိုင်မြောက်ပိုင်းမှာ အခုနှစ်ဆန်းပိုင်း တိုက်ပွဲတွေအတွင်း မြန်မာစစ်တပ်က ၁,၂၀၀ ကျော်ကျဆုံးခဲ့တယ်လို့ AA ရခိုင်လက်နက်ကိုင်အဖွဲ့က ထုတ်ပြန်လိုက်ပြီး မြန်မာ တပ်မတော်ဘက်ကတော့ ဒါဟာ ၀ါဒဖြန့်ချီမှု သက်သက် ဖြစ်တယ်လို့ဆိုပြီး ငြင်းဆိုပါတယ်။ ဒါ့အပြင် အခု ဇွန်လအတွင်း ရခိုင်မြောက်ပိုင်းမှာ တိုက်ပွဲတွေ လျော့ကျလာပြီး လုံခြုံရေးအခြေနေ တိုးတက်လာတယ်လို့လည်း မြန်မာ့တပ်မတော် ပြောခွင့်ရသူက ဗွီအိုအေကို ပြောပါတယ်။ စုံစမ်းမေးမြန်းထားတဲ့ ဗွီအိုအေ သတင်းထောက် ကိုနိုင်ကွန်းအိန် သတင်း ပေးပို့ထားတာပါ။
မဲဆန္ဒရှင်စာရင်းမူကြမ်း ရွေးကောက်ပွဲကော်မရှင် ကောက်ခံပြုစုမည်
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အနေနဲ့ လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ အတွက် မဲဆန္ဒရှင်စာရင်း မူကြမ်းတခု ကောက်ယူပြုစုဖို့ ပြင်ဆင်ဆောင်ရွက် နေပါတယ်။ ယခင်ရွေးကောက်ပွဲ တွေမှာ မဲဆန္ဒရှင် စာရင်း အငြင်းပွား မှုတွေ ကြုံခဲ့ရတာမို့၊ ဒီဇွန်လကုန် ကစပြီး ၃လကြာ ဆောင်ရွက်မယ့် ဒီစီမံချက်ဟာ နိုင်ငံတွင်းက မဲပေးခွင့်ရှိသူတိုင်း မဲပေးနိုင်ရေး အတွက်ဆောင်ရွက် ပေးနိုင်ဖို့ ဖြစ်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။ ဗွီအိုအေ သတင်းထောက် မမေခ သတင်းပေးပို့ ထားပါတယ်။
ကျောင်းအနီး အရက်၊ ဆေးလိပ်၊ ကွမ်းယာ သုံးစွဲမှု ဖြေရှင်းရေး အတိုင်ပင်ခံတိုက်တွန်
ကျောင်းသားလူငယ်တွေအကြားမှာ အရက်၊ ဆေးလိပ်၊ ကွမ်းယာ သုံးစွဲမှု များပြားလာတာကြောင့် သက်ဆိုင်သူတွေက အဖြေရှာပေးဖို့ကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အစိုးရအဖွဲ့ကို ပြောလိုက်ပါတယ်။ နေပြည်တော်က အပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းစင်တာ ၂ မှာ ကျင်းပတဲ့ ကျန်းမာရေး အဆင့်မြှင့် ကျောင်းလုပ်ငန်းတွေ အရှိန်မြှင့်တင်ရေး အမျိုးသားအဆင့် နှီးနှောဖလှယ်ပွဲအဖွင့်မှာ ပြောသွားတာပါ။
ဦးဝီရသူ ထောက်ခံဆန္ဒပြတဲ့ သံဃာ နှစ်ပါးနဲ့ လူ သုံးဦးကို အမှုဖွင့်

မိုင်းဖြတ်မြို့မှာ ဆိုင်ကယ်နဲ့ လမ်းဘေးဓာတ်တိုင်ကိုဝင်တိုက်၍ ဆိုင်ကယ်မောင်းသူသေဆုံး
တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၊ ဝမ်မိုင်းရပ်ကွက်၊ တာချီလိတ် -မိုင်းဖြတ်သွား ပြည်ထောင်စု ကားလမ်းမကြီးပေါ် မိုင်တိုင်အမှတ် ၇၁၀/ ၇၁၁KMကြားမှာ ယနေ့ ဇွန်လ ၁၂ရက် နံနက် ၆နာရီခွဲခန့်က ဆိုင်ကာတစ်စီး အရှိန်ပြင်းစွာမောင်းနှင်ပြီး လမ်းဘေးရှိ ဓာတ်တိုင်ကိုဝင်တိုက်ကာ နေရာမှာ သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။ တာချီလိတ်ဘက်မှ မိုင်ဖြတ်ဘက်ကို ဖြိုးကိုကိုဦး (၂၀)နှစ်၊ မိုင်းဖြတ်မြို့နေသူ မောင်းနှင်လာတဲ့ Wave 110 (နီ/နက်) ဆိုင်ကယ်မှာ မိုင်တိုင်အမှတ် ၇၁၀/ ၇၁၁KMကြားအရောက် လမ်းအကွေ့ ကားလမ်းမကြီး၏ဘေးရှိ ကွန်ကရစ်လမ်းမီးတိုင်အား အရှိန်ပြင်းစွာဝင်တိုက်မိပြီး အခင်းဖြစ်ပွားရာ နေရာမှာပင် သေဆုံးခဲ့ကြောင်း သိရပြီး ဆိုင်ကယ်အား မဆင်မခြင် အရှိန်ပြင်းစွာဖြင့်မောင်းနှင်သေဆုံးသူ ယာဉ်မောင်း ဖြိုးကိုကိုဦးအား မိုင်းဖြတ်မြို့မ ရဲစခန်းမှာ ယာဉ်(ပ) ၆/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၀၄ က အရ အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရပါတယ်။
လားရှိုးလဝကဦးစီးအပါ လဝကအရာရှိ(၇)ဦးနဲ့ ပူးပေါင်းပါဝင်သူ တစ်ဦးကို အဂတိမှုနဲ့ အရေးယူ
လားရှိုး လဝက မြို့နယ်ဦးစီးမှူးအပါအဝင် လားရှိုးမြို့နယ် လဝက အရာရှိ(၇)ဦးနဲ့ အားပေးကူညီသူတစ်ဦးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူလိုက်တယ်လို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က ဇွန်လ ၁၂ရက် ညနေပိုင်းက သတင်းထုတ်ပြန်လိုက်ပါတယ်။ လားရှိုးမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဦးကျော်ကျော်လင်း၊ ဒုတိယလူဝင်မှုကြီးကြပ်ရေမှူး ဒေါ်ကြည်ကြည်ညွန့်၊ ဒုတိယလူဝင်မှုကြီးကြပ်ရေးမှူး ဦးရန်ဝင်းအောင်၊ လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူး ဦးထက်ဝင့်အောင်၊ လက်ထောက်လူဝင်မှု ကြီးကြပ်ရေးမှူး ဒေါ်အိအိမွန်အောင်၊ လက်ထောက် လူဝင်မှုကြီးကြပ်ရေးမှူး ဒေါ်ခင်မေထွန်း၊ လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူး ဦးကျော်သူဟိန်းနဲ့ အားပေးကူညီသူ ဒေါ်မာရှောက်ဆန်းတို့ဟာ နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်ခြင်း၊ အိမ်ထောင်စုဇယားပြုလုပ်ခြင်းနဲ့ မွေး/တိုး စာရင်းပြုလုပ်ခြင်း တို့အပေါ် ငွေကြေးတောင်းခံရယူ ဆောင်ရွက်ပေးနေခြင်းတို့ကို စစ်ဆေးတွေ့ရှိခဲ့တာကြောင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေအရ အရေးယူလိုက်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Subscribe to:
Posts (Atom)