
သရုပ်ဆောင်စန္ဒီမြင့် လွင်သည် ပထမဆုံးရင်သွေး လေးကို ပန်းလှိုင်ဆေးရုံ၌ ယမန် နေ့ နေ့လယ်က မီးဖွားခဲ့ပြီး မိခင် ရောကလေးပါ ကျန်းမာကြောင်း ၎င်း၏ မိခင်ဒေါ်သီတာခင်က ပြောသည်။ ‘‘မြေးမလေး Treasure ကို အောင်မြင်စွာ မွေးဖွားပြီးပါပြီ။ ဘွားဘွားကြီးရဲ့ ရင်တုန်မှုကိုပြော မပြတတ်အောင်ပါပဲ။မေမေရော သမီးလေးပါ ကျန်းမာကြပါတယ်။ အဖေနဲ့ တစ်ပုံစံတည်းပဲ’’ ဟု ၎င်း က ပြောသည်။ ဇူလိုင် ၁၄ ရက်နေ့လယ် ၁၂ နာရီ ၄၃ မိနစ်တွင် မွေးဖွားခဲ့ ခြင်းဖြစ်ပြီးခြောက်ပေါင်၊ နှစ် အောင်စရှိကြောင်း ဒေါ်သီတာ ခင်ကပြောသည်။ ကလေးကို Treasure ဟု အိမ်နာမည်ပေးထားပြီး အစ်မ ၀မ်းကွဲ စိုးမြတ်သူဇာက အမည် ရွေးချယ်ပေးနေကြောင်း ၎င်းက ဆိုသည်။ စန္ဒီမြင့်လွင်သည် ကိုယ်ဝန် ဆောင်ချိန်ကတည်းက ဆိုဖီယာနှင့်အတွဲခွေတစ်ခွေ စီစဉ်နေပြီး ရင်သွေးလေးမွေးဖွားပြီးချိန်၌ သီချင်းအသစ်များဖြင့် ပြန်လာမည်ဖြစ်ကြောင်း ပြော ကြားထားသည်။
No comments:
Post a Comment