ထို့အပြင် ဇူလိုင် ၇ ရက် နေ့ လယ်က လက်ရှိတက္ကသိုလ် ကျောင်းသား သမဂ္ဂမျိုးဆက်များ စုစည်းကာ တံတားဖြူကန်ပေါင် မှ သမဂ္ဂအဆောက်အအုံဟောင်း နေရာသို့ ချီတက်လမ်းလျှောက်ခဲ့ ရာ ထိုအဖွဲ့မှ ကျောင်းသားနှစ်ဦး ကိုလည်း ဇူလိုင် ၁၄ ရက်က လှိုင် မြို့နယ်ရဲစခန်းတွင် ငြိမ်းစုစီပုဒ်မ ၁၉ ဖြင့် အမှုဖွင့်ကာ ခေါ်ယူစစ် ဆေးခဲ့သည်။
‘‘ခွင့်ပြုချက် မတင်တာ ကြောင့် ငြိမ်းစုစီ ပုဒ်မ ၁၉ နဲ့ အမှု ဖွင့်ထားပါတယ်။ တစ်ယောက် ခေါ်စစ်ပြီး အာမခံပေးထားပါ တယ်’’ ဟု ကမာရွတ်မြို့နယ် ရဲစ ခန်းမှ ရဲအရာရှိတစ်ဦးက ပြော သည်။
ယခင်နှစ်များက ဆဲဗင်းဇူ လိုင်နေ့အထိမ်းအမှတ်အဖြစ် ချီ တက်လမ်းလျှောက်သော်လည်း အရေးယူမှုမရှိခဲ့ဘဲ ယခုနှစ်မှ ငြိမ်းစုစီပုဒ်မဖြင့် တရားစွဲခံရမှုအပေါ် မေးခွန်းထုတ်စရာဖြစ်နေသည်ဟု လှိုင်ရဲစခန်းတွင် တရား စွဲခံရသူ ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂမှ ကိုမင်းဟန်ထက်က ဆိုသည်။
‘‘ဘာလို့တရားစွဲတာလဲဆို တာကိုပဲ မေးခွန်းထုတ်ချင်တာ ပါ။ အကြောက်တရားပိုမိုလွှမ်းမိုး လာအောင် ဖိနှိပ်တယ်လို့မြင်ပါ တယ်’’ ဟု ကိုမင်းဟန်ထက်က ဆိုသည်။
(၅၇) နှစ်မြောက် ဆဲဗင်းဇူ လိုင်နေ့ အောက်မေ့ဖွယ်အဖြစ် ဇူလိုင် ၇ ရက် နံနက်တွင် ဗမာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်ကျောင်း သားမျိုးဆက်များ၊ ကျောင်းသား အရေးလှုပ်ရှားသူများက စိုက်ပျိုး ရေးမှတ်တိုင်မှ သမဂ္ဂအဆောက် အအုံဟောင်းနေရာ၊ ဆင်ရေတွင်း မှတ်တိုင်မှ သမဂ္ဂအဆောက်အအုံ ဟောင်းနေရာသို့ ချီတက်လမ်း လျှောက်ခဲ့သည်။
စိုက်ပျိုးရေးမှတ်တိုင်မှ ချီ တက်လမ်းလျှောက်သူများသည် ‘မတရားဖမ်းဆီးချုပ်နှောင်ထား သည့် ကျောင်းသား၊ ပြည်သူများ အား ချက်ချင်းလွှတ်’ ၊ ‘ဖက်ဆစ် လူသတ်ဝါဒဆန့်ကျင်ကြ’ ၊ ‘၇.၇.၆၂ မမေ့ကြနှင့်’ ဟူသည့် ဗီနိုင်းများကိုင်စွဲခဲ့သည်။ နေ့လယ်ပိုင်းတွင် ရန်ကုန်ရှိ တက္ကသိုလ်ကျောင်းသားသမဂ္ဂ များစုစည်းကာ တံတားဖြူကန် ပေါင်မှ သမဂ္ဂအဆောက်အအုံ ဟောင်းနေရာသို့ ချီတက်လမ်း လျှောက်ပြီး လွမ်းသူ့ပန်းခွေချ ခြင်း၊ သမဂ္ဂအလံတော်လွှမ်းခြုံ ခြင်း၊ အလေးပြုခြင်း၊ စစ်အာဏာ ရှင်စနစ် ချုပ်ငြိမ်းရေး ကြွေးကြော် ခြင်းများ ပြုလုပ်ခဲ့သည်။
No comments:
Post a Comment