အာဆီယံဆန်းစစ်လေ့လာ ရေးအဖွဲ့၏ ရခိုင်ပြည်နယ်အရေး ဖြေရှင်းမှုသည် လက်တွေ့ကျပြီး အပြုသဘောဖြင့်ချဉ်းကပ်ဆောင် ရွက်သဖြင့် အာဆီယံအတွင်းရေး မှူးချုပ်နှင့် AHA Centre (လူသား ချင်းစာနာမှုအကူအညီပေးရေး အာဆီယံ ညှိနှိုင်းရေးစင်တာ)တို့ကို ကျေးဇူးတင်ကြောင်းနှင့် လိုအပ်ချက်များပဏမဆန်းစစ် လေ့လာရေးအဖွဲ့၏ အစီရင်ခံ စာသည် အပြုသဘောဆောင် သည်ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောကြားသည်။
ရခိုင်ပြည်နယ်အရေးကိစ္စ သည် သိမ်မွေ့ရှုပ်ထွေးပြီး နေရပ် စွန့်ခွာသူများပြန်လည်လက်ခံရေး လုပ်ငန်းစဉ်အတွက် ပြင်ဆင် ဆောင်ရွက်ရမည့်လုပ်ငန်းပမာ ဏများစွာကြီးမား၍ အာဆီယံက တိုးမြှင့်ကူညီရန် လိုအပ်ကြောင်း အာဆီယံခေါင်းဆောင်များက ဆွေးနွေးခဲ့သည်။
သို့သော် နေရပ်စွန့်ခွာသူများ ပြန်လည်ဝင်ရောက်ရာတွင် လုံခြုံ စိတ်ချသည့် ပတ်ဝန်းကျင်ကောင်း များဖန်တီးရန်နှင့် ပဏာမ ဆန်းစစ်လေ့လာရေးအဖွဲ့၏အကြံပြုချက်များအကောင်အထည် ဖော်ရာတွင် အချိန်ဇယားသတ်မှတ်ရေးကို ထည့်သွင်းစဉ်းစားရန် အရေးကြီးသည်ဟု အာဆီယံခေါင်းဆောင်များက ဆွေးနွေးသည်။
နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ဇွန်လ ၂၂ ရက်တွင်ကျင်းပ သည့် အာဆီယံထိပ်သီးအစည်းအဝေး(မျက်နှာစုံညီ)နှင့် ဇွန်လ ၂၃ ရက်တွင်ကျင်းပသည့် အာဆီ ယံထိပ်သီးအစည်းအဝေး (သီး သန့်)များသို့တက်ရောက်ခဲ့သည်။ မျက်နှာစုံညီအစည်းအဝေး တွင် စဉ်ဆက်မပြတ်တည်တံ့ခိုင် မြဲသည့်အာဆီယံအသိုက်အ၀န်း တည်ဆောက်ရာတွင် မိတ်ဖက် ဆက်ဆံရေးကို ပိုမိုတိုးတက်ခိုင် မာစေရေးကိစ္စရပ်များကို လည်း ကောင်း၊ သီးသန့်အစည်းအဝေး တွင် အာဆီယံ၏ပြင်ပဆက်ဆံ ရေးနှင့် အနာဂတ်ဦးတည်ချက်၊ ဒေသတွင်းနှင့် နိုင်ငံတကာရေးရာ ကိစ္စရပ်များကိုလည်းကောင်း ဆွေးနွေးခဲ့သည်ဟု နိုင်ငံခြားရေး ၀န်ကြီးဌာနက ထုတ်ပြန်သည်။
No comments:
Post a Comment