
ဇီးကုန်းဘူတာသို့ နံနက် ၄ နာရီ ၅၅ မိနစ် ရထားဆိုက်ရောက်စဉ် ရထားလုံခြုံရေးအဖွဲ့မှ ရဲတပ်သား ဝင်းမိုးကျော်နှင့် သန့်ဇင်တို့သည် ဦးဝင်းအောင်နှင့်အတူဆင်း၍ အခင်းဖြစ်ရာ နတ်တလင်းဘူတာသို့ပြန်လာခဲ့ပြီး မြို့မရဲစခန်းသို့သွားရောက်အကြောင်းကြားကာ အခင်းဖြစ်နေရာ ရထားသံလမ်းတစ်လျှောက် မြို့မရဲစခန်းတာဝန်မှုး ဒုရဲအုပ် ဇင်လေးမေ ဦးဆောင်သောအဖွဲ့နှင့်အတူ လိုက်လံကြည့်ရှုစစ်ဆေးခဲ့စဉ် နတ်တလင်းဘူတာအဝင် မိုင်တိုင်အမှတ် (၁၂၄ / ၁၉-၁၈) အကြား သရေလွယ်အိပ်အား အိပ်ခွံအတိုင်းပြန်လည်တွေ့ရှိခဲ့သဖြင့် အနီးပတ်ဝန်းကျင်အားစုံစမ်းမေးမြန်းရာ နတ်တလင်းမြို့ပြည်သူ့ဆေးရုံရှေ့ရှိ ကွမ်းယာဆိုင်ပိုင်ရှင် ကိုအောင်ကြီးမှ မကြာသေးခင်အချိန်က မျက်နှာတွင်ဆုတ်ပြဲဒဏ်ရာများဖြင့် မသင်္ကာသူအမျိုးသားတစ်ဦး ဆိုင်ကယ်ကယ်ရီလာရောက်ငှားရမ်းကြောင်း စုံစမ်းသိရှိရသည်။
ရထားလုံခြုံရေးအဖွဲ့နှင့် မြို့ရဲစခန်းမှ နယ်ထိန်း ရဲအုပ် ထွန်းထွန်း ဦးဆောင်အဖွဲ့နှင့်အတူ ပေါင်းတည်မြို့သို့ထွက်ခွာခဲ့ပြီး ရဲစခန်းသို့အကြောင်းကြားကာ ၎င်းရဲစခန်းမှ ဒုရဲအုပ် ဇော်လင်းအောင် ဦးစီးအဖွဲ့နှင့်အတူ တရားခံအဒေါ်တော်စပ်သူ ဒေါ်စန်းစန်းဝင်း ပေါင်းတည်မြို့ ပျဉ်းပင်ကန်ရပ်ကွက် မှတ်တိုင်လမ်းနေသူ၏အိမ်တွင် တရားခံ သက်နိုင်ဦး (၃၀ နှစ်) အား ငွေကျပ် ၇၂၅၀၀၊ တစ်ပဲငါးရွေးရှိ အစိမ်းရောင်ကျောက်ပါနားကပ်တစ်ရံနှင့် ဖုန်းတစ်လုံးတို့တွေ့ရှိ၍ နတ်တလင်းမြို့မရဲစခန်းသို့ခေါ်ဆောင်လာခဲ့ကြောင်း၊သက်နိုင်ဦးအား အရေးယူပေးပါရန် ဦးဝင်းအောင်က တရားလိုပြုလုပ်တိုင်ကြားရာ မြို့မရဲစခန်းက အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
No comments:
Post a Comment