Pages
Tuesday, June 25, 2019
ချန်ပီယံလိဂ်ဖလားနှင့် ဝေးကွာနေသည့် မက်ဆီကို ဗန်ဟားလ် မေးခွန်းထုတ်
လီယွန်နယ် မက်ဆီ အနေနဲ့ ၂၀၁၄-၁၅ ဘောလုံးရာသီနောက်ပိုင်း ချန်ပီယံလိဂ်ဖလားကို ဘာကြောင့် ရယူနိုင်ခြင်း မရှိတာလဲလို့ နည်းပြဟောင်း ဗန်ဟားလ်က မေးခွန်းထုတ်လိုက်ပါတယ်။ ဟော်လန်နည်းပြဟောင်း ဗန်ဟားလ်ဟာ ဘာစီလိုနာအသင်းနဲ့ မန်ချက်စတာယူနိုက်တက် အသင်းတွေမှာ နည်းပြအဖြစ် တာဝန်ယူခဲ့ဖူးပါတယ်။ တဦးချင်းအနေနဲ့ မက်ဆီကို သဘောကျပြီး သူဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတဦးဖြစ်တယ်လို့ ဗန်ဟားလ်က ပြောပါတယ်။ ဒါပေမယ့်လည်း မက်ဆီအနေနဲ့ ချန်ပီယံလိဂ် ဆုဖလားနဲ့ ဘာကြောင့် ဝေးကွာနေရတာလဲလို့ ဗန်ဟားလ်က မေးခွန်းထုတ်ခဲ့ပြီး အသင်းလိုက် အောင်မြင်မှုမှာ ကျရှုံးခဲ့ရတာနဲ့ ပတ်သက်ပြီး မက်ဆီမှာလည်း တာဝန်ရှိတယ်လို့ ဗန်ဟားလ်က ပြောကြားခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ ၂၀၁၅ ခုနှစ် နောက်ပိုင်းမှာ ချန်ပီယံလိဂ်ဆုဖလား ရယူနိုင်ခြင်း မရှိတော့ဘဲ ပြီးခဲ့တဲ့နှစ်ကလည်း လီဗာပူးအသင်းကို မထင်မှတ်ဘဲ လေးဂိုးပြတ်နဲ့ ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခဲ့ရပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment