Sunday, May 5, 2019

အပူ​ရှောင်သည့်အနေဖြင့် နမ့်ဗေး​ရေတံခွန်​တွင် လာ​ရောက်​အပန်း​ဖြေသူ များပြား

နွေရာသီ အလွန်​ပူပြင်းတဲ့အချိန်​မှာ အပူ​ရှောင်​တဲ့အ​နေနဲ့ ​တောင်​ကြီးမြို့နယ်​ နမ့်​​ဗေးရွာ အနီး နမ့်​​ဗေး​ရေတံခွန်​မှာ လာ​ရောက်​အပန်း​ဖြေ ​ရေကစားသူ ပိုမိုများပြား​နေပါတယ်​။ ​တောင်​ကြီးမြို့​တောင်​ဘက်​ မိုင်​တိုင်​ ၃၀ ​ကျော်​ရှိ နမ့်ဗေး​ရေတံခွန်​ဟာ အလွန်​သာယာ​ အေးမြတဲ့​ရေ​တွေ​ကြောင့်​ လာ​ရောက်​အပန်း​ဖြေသူ များ​နေတာပါ။ ​​ရေတံခွန်မှာ လာ​ရောက်​အပန်း​ဖြေသူအတွက်​​ ရေကစားရာမှာ ​နမ့်ဗေး​ရွာသား​​တွေက ၅ ​ယောက်​ အဖွဲ့ဖွဲ့ပြီး ရှစ်ဖွဲ့ကို အလှည့်ကျ​​ကယ်​ဆယ်​​ရေး​နဲ့ လုံခြုံ​ရေး​တွေ ထား​ပေးပါတယ်​။


နမ့်​​ဗေး​ရေတံခွန်​ဟာ သဘာဝ​ရေတာ​ဘောင်​​ကြောင့် အလွန်​လှပတဲ့ ​ရေတံခွန်​ဖြစ်​ပြီး လူမှုစာမျက်​နှာမှ လူသိများပြီး လာ​ရောက်​အပန်း​ဖြေကြတာပါ။ အထူးသဖြင့် အခါကြီးရက်​ကြီး၊ လပြည့်လကွယ်​နဲ့ ရုံးပိတ်​ရက်​​တွေမှာ လာ​ရောက် ​အပန်း​ဖြေ သူပိုများတယ်​လို့ ဆိုပါတယ်​။

လာ​ရောက်​အပန်း​ဖြေ ​ရေကစားသူ​တွေအတွက်​ အသက်​အန္တရယ်​မရှိဖို့ ​ရေနက်​တဲ့​ နေရာမှာ ကြိုးတန်းထား​ပေးပြီး စည်းကမ်းချက်​​တွေလည်းသတ်​မှတ်​​ပေးပါတယ်​။ အဲဒီ​ရေတံခွန်​ဟာ​ တောင်​ကြီးမြို့မှ ကားနဲ့တနာရီ​ကျော်​ခရီးနဲ့ သွား​ရောက်​လည်​ပတ်​လို့ ရပြီး နမ့်​​ဗေးရွာအဝင်​နားမှာ ဖုန်​ထူတဲ့လမ်းဖြစ်​တဲ့အတွက်​​ ဒေသခံ​တွေပြင်​ဖို့ကြိုးစား​နေပါတယ်​။ တရက်တရက် လာ​ရောက်​အပန်း​ဖြေသူ ၂၀၀ ဝန်းကျင်​ရှိပြီး ဂိတ်​​ပေါက်​ဝမှာ အလှူခံ ထားသလို ရရှိလာတဲ့အလှူငွေကို လမ်း​တွေပြုပြင်​သွားမယ်​လို့ ​ဒေသခံ ​တွေက​ပြောပါတယ်​။

No comments:

Post a Comment