Sunday, May 5, 2019

သြစတြေးလျရှိ သက်ကြီးလင်မယားထံသို့ ICE မူးယစ်ဆေးများ လိပ်စာမှားယွင်းပြီးရောက်ရှိခဲ့

သြစတြေးလျနိုင်ငံ မဲလ်ဘန်းမြို့ရှိ သက်ကြီးလင်မယားထံသို့ သြစတြေးလျဒေါ်လာ ၁၀သန်းခန့်(ကန်ဒေါ်လာ ၇သန်း)တန်ဖိုးရှိ ICE မူးယစ်ဆေး ကီလို ၂၀ခန့် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က လိပ်စာ မှားယွင်းရောက်ရှိလာခဲ့သည်။ ပါဆယ်ထုတ်ဖြင့် မှားယွင်းရောက်ရှိလာခြင်းဖြစ်ပြီး ဖွင့်ကြည့်သောအခါတွင် မူးယစ်ဆေးများကိုတွေ့ရှိသဖြင့် အဆိုပါ လင်မယားက ရဲတပ်ဖွဲ့အား ဖုန်းဆက်အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ပြောခွင့်ရပုဂ္ဂိုလ်ကပြောသည်။
ရဲတပ်ဖွဲ့မှ စုံစမ်းထောက်လှမ်းမှုများပြုလုပ်ခဲ့ပြီး မဲလ်ဘန်းမြို့တစ်နေရာရှိ အိမ်တစ်အိမ်ကို ထိုနေ့တွင်ပင် ၀င်ရောက်စီးနင်းခဲ့ရာ နောက်ထပ် ICE မူးယစ်ဆေး ၂၀ ကီလိုမျှကို ဖမ်းဆီးရမိခဲ့ပြီး အသက် ၂၁နှစ်အရွယ် လူငယ်တစ်ဦးကိုပါ ဖမ်းဆီးခဲ့သည်။ အဆိုပါလူငယ်ကို ပြီးခဲ့သည့် ကြာသပတေးနေ့က ရုံးတင်တရားစွဲဆိုခဲ့ပြီး ဥပဒေအတိုင်းဆက်လက်ဆောင်ရွက်နေကြောင်းသိရသည်။ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိနိုင်စေရန် ကူညီခဲ့သည့် သက်ကြီးလင်မယား၏ အမည်တို့ကိုမူ သူတို့၏ လုံခြုံရေးအတွက် ရဲတပ်ဖွဲ့မှ ထုတ်ဖော်ပြောကြားခြင်းမရှိချေ။

No comments:

Post a Comment