Sunday, May 5, 2019

တီးတိန်မြို့နယ်အတွင်းတွင် တရားမ၀င်သစ်များ ဖမ်းဆီးရမိ

Image may contain: outdoorတီးတိန်မြို့နယ်၊ ဟိုင်မွာလ်ရွာသစ်ကျေးရွာအပိုင်နယ်မြေအတွင်းတွင် တရားမ၀င်သယ်ဆောင်လာသော သစ် ၃ တန်ခန့်ကို ယနေ့မနက်ပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်းချင်းပြည်နယ်ရဲတပ်ဖွဲ့မှ အကြီးတန်းအရာရှိတစ်ဦးကပြောသည်။ ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က ရိဒ်နယ်မြေ စခန်းမှူးဦးစီးသည့် ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ရီခေါဒါရ်မြို့မှ တီးတိန်မြို့အထွက် ကြိုဆိုပါ၏ ဆိုင်းဘုတ်အနီး စစ်ဆေးရေးဂိတ်တွင် မော်တော်ယာဉ်နှင့် ဆိုင်ကယ်များအား စစ်ဆေးမှုများပြုလုပ်နေစဉ် တီးတိန်မြို့နယ်ဘက်မှ ရိခေါဒါရ်မြို့ဘက်သို့ မောင်းနှင်လာသည့် ယာဉ်တစ်စီးသည် စစ်ဆေးမှုများပြုလုပ်နေသည့် နေရာနှင့် ၁ ဖာလုံခန့်အကွာတွင် တီးတိန်မြို့နယ်၊ ဟိုင်မွာလ်ရွာသစ်ကျေးရွာမှ မြန်မာ-အိန္ဒိယ နယ်စပ် ဇင်သဲကျေးရွာသို့သွားသော မြေသားလမ်းအတွင်းသို့ ချိုးကွေ့သွားခဲ့သည်ကိုတွေ့ရသည်။


ထို့ကြောင့် မသင်္ကာသဖြင့် လိုက်လံ၍ ရပ်တန့်စေပြီး စစ်ဆေးခဲ့ရာ အဆိုပါ SINO TRUCK အမျိုးအစား (၆)ဘီး အဖြူရောင်ယာဉ်ပေါ်တွင် တရားမ၀င် သယ်ဆောင်လာသော ကျွန်းသစ်ဓားရွေတုံး ဆိုက်စုံ ၃၃တုံး( ၃တန် ခန့်/ ကာလတန်ဖို့ ၂၄သိန်းခန့်)ကို တွေ့ရှိသိမ်းဆည်းခဲ့သည်။

ထို့ကြောင့် ဖမ်းဆီးရမိသော သစ်များနှင့်အတူ ယာဉ်မောင်းနှင့် ယာဉ်ပေါ်တွင်လိုက်ပါလာသော ယာဉ်ပိုင်ရှင်တို့အား ရိခေါဒါရ်နယ်မြေရဲစခန်းတွင် ခေတ္တထိန်းသိမ်းထားပြီး တီးတိန်မြို့နယ် သစ်တောဦစီးဌာနနှင့် တီးတိန်မြို့နယ်ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးရန်စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်း ချင်းပြည်နယ်ရဲတပ်ဖွဲ့မှ သိရသည်။

No comments:

Post a Comment