Sunday, May 5, 2019

ဟင်္သ࿿ာတမြို့နယ် တာဂွကျေးရွာရှိ မူလတန်း ကျောင်းဆောင်သစ် တည်ဆောက်မှုအပြီး လပိုင်းအတွင်း အက်ကွဲကြောင်းများဖြစ်ပေါ်

ဧရာဝတီတိုင်းဒေသကြီး ဟင်္သ࿿ာတမြို့နယ် တာဂွကျေးရွာရှိ မူလတန်းကျောင်းဆောင်သစ် တည်ဆောက်အပြီး လပိုင်းအတွင်း အက်ကွဲကြောင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ အဆိုပါကျောင်းဆောင်သစ်အား တာဝန်ယူဆောက်လုပ်သည့် ကုမ္ပဏီက ပညာရေးဌာနထံ အပ်နှံပြီးနောက် ရှစ်လခန့်အကြာတွင် ကျောင်းနံရံနှင့် ကြမ်းပြင်၌ အက်ကွဲကြောင်းများ သိသိသာသာဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “ပြီးခဲ့တဲ့လတုန်းက ကျောင်းကို တိုင်းက စစ်ဆေးရေးတွေလာတယ်။ အပြီးသတ်လာစစ်တာလို့ ဆရာမကြီးက ပြောတယ်။ လူကြီးတွေက ကျောင်းကို လှည့်ပတ်ပြီး ကြည့်ရှုစစ်ဆေးသွားတယ်။
အဲဒီလူကြီးတွေ မလာခင် ရက်ပိုင်းမှာ ကုမ္ပဏီကလာပြီး အက်ကြောင်း၊ ကွဲကြောင်းလေးတွေကို လာပြီး ဖာထေးတယ်။ ဆေးနဲ့လုပ်တယ်။ လူကြီးတွေစစ်ဆေးချိန်မှာ ထင်ထင်ရှားရှား အက်ကြောင်းကွဲကြောင်းရယ်လို့ မမြင်သာနိုင်ဘူး။ မသိသာသေးဘူး။ အဲဒီနောက်ပိုင်း ရက် ၂၀ လောက်ကြာတော့ လူငယ်တစ်ယောက်က ကျောင်းမှာ အက် ကြောင်း၊ ကွဲကြောင်းတွေတွေ့ရတယ်။ သွားကြည့်ပါဦးလို့ပြောတာနဲ့ ကျွန်တော်တို့ သွားကြည့်တော့ အက်ကြောင်း၊ ကွဲကြောင်းတွေ တွေ့တယ်။ အဲဒီနောက် ရပ်ရွာလူကြီးတွေခေါ် ပြီးပြတော့ ဒီအက်ကြောင်း၊ ကွဲကြောင်းတွေက တော်တော်ဆိုးနေတာပဲဆိုပြီး ဆရာမကြီးကို အကြောင်းကြားတယ်။ ဆရာမကြီးလည်း ရောက်လာပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်တယ်။ ပညာရေးဌာနကိုလည်း တင်ပြပါမယ်။ လွှတ်တော် ကိုယ်စားလှယ် ဦးထိန်ဝင်းကိုလည်း တင်ပြပါမယ်လို့ပြောတယ်။ အက်ကြောင်း၊ ကွဲကြောင်းတွေက နံရံတွေမှာလည်း ရှိတယ်။ ကြမ်းပြင်မှာလည်း ရှိတယ်။ နံရံက အက်ကြောင်းတစ်ခုဆို တော်တော်ဆိုးဆိုးပဲ ဟိုဘက်ဒီဘက်တောင် လှမ်းကြည့်လို့မြင်ရတယ်” ဟု တာဂွကျေးရွာမှ ရပ်မိရပ်ဖ ဦးသန်းဝင်းက ပြောကြားသည်။


ယင်းကိစ္စနှင့်ဆက်စပ်ပြီး ကျောင်းအကျိုးတော်ဆောင်တစ်ဦးဖြစ်သူ ဦးတက်စိုးထံ မေးမြန်းခဲ့ရာ “ကျောင်းဆောက်တာတော့ သိတယ်။ စာချုပ်စာတမ်းကလည်း မသိရ၊ ဘယ်ပုံဆောက်မယ်ဆိုတာလည်း မသိရ။ သွားကြည့်လိုက်၊ ပြန်လာလိုက်နဲ့၊ ကိုယ့်လက်ထဲမှာ မိတ္တူလည်းမရှိ။ ကိုယ်က ပညာရှင် မဟုတ်တော့လည်း သွားကြည့်ရုံပဲ ကြည့်ပြီး ပြန်လာရတာပေါ့။ အဘကတော့ ဝါးကျောင်း ကလေး စဆောက်ကတည်းက အခုကျောင်းကြီးဆောက်တဲ့အထိ ပါလာတဲ့ ကော်မတီဝင် တစ်ယောက်ပါ။ အခုလိုအက်တယ်၊ ကွဲတယ် ဆိုတော့ ဆရာမကြီးကို အကြောင်းကြားတယ်။ ဆရာမကြီးနဲ့ အစည်းအဝေးထိုင်ပြီး ပညာရေးဌာနကို အကြောင်းကြားတယ်။ အဆင့်ဆင့်လာစစ်ပြီးတော့ ရေရှည်တည်တံ့ ခိုင်မြဲပြီး ကလေးတွေ အန္တရာယ်မဖြစ်အောင် ဖြစ်စေချင်တယ်” ဟု ပြောကြားသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မြို့နယ်ပညာရေးမှူးထံ မေးမြန်းခဲ့ရာ ကျောင်းအုပ် ဆရာမကြီး၏တင်ပြလာမှုအပေါ် ကွင်းဆင်းကြည့်ရှုခဲ့ပြီး မှန်ကန်မှုရှိသဖြင့် တိုင်းပညာရေးမှူးရုံးသို့ ဆက်လက်တင်ပြပေးထားကြောင်း ဖြေကြားသည်။

“ကုမ္ပဏီက ၂၀၁၈ ခုနှစ်၊ မေလမှာ စပြီး ဆောက်လုပ်ခဲ့တယ်။ ဆရာကြီးတို့ဌာနကို ၁၄.၉.၂၀၁၈ ရက်နေ့က လွှဲပြောင်းအပ်နှံတယ်။ လွှဲပြောင်းတဲ့အခါမှာ မြို့နယ် အရည်အသွေးစစ်ဆေးရေးကော်မတီက သွားရောက် ကြည့်ရှုတဲ့အခါမှာ အရည်အသွေးကောင်းမွန် တာတွေ့ရတယ်။ ၈.၄.၂၀၁၉ ရက်နေ့မှာ လည်း တိုင်းဒေသကြီးစာရင်းစစ်အဖွဲ့က လုပ်ငန်းပြီးစီးမှုနဲ့ အရည်အသွေး လာရောက်စစ်ဆေးတဲ့အခါမှာလည်း အရည်အသွေးကောင်းမွန်တာ တွေ့ရတယ်။ ဒါပေမဲ့ ဆရာမကြီးက ၂၄.၄.၂၀၁၉ ရက်နေ့မှာ ကျောင်းကို လှည့် လည်ကြည့်ရှုတဲ့အခါ ကျောင်းဆောင်က နံရံတွေအက်ကွဲတယ်။ အောက်ခြေတမံသလင်းတွေ ကွဲအက်တာတွေ့တဲ့အတွက် မြို့နယ် ပညာရေးမှူးရုံးကို ၂၆.၄.၂၀၁၉ ရက်နေ့မှာ တင်ပြလာတယ်။ တင်ပြလာတော့ ဆရာကြီး ရော၊ ဒုတိယမြို့နယ်ပညာရေးမှူးရော ဧပြီ ၃၀ ရက်နေ့မှာ အဲဒီကျောင်းကို ကွင်းဆင်း စစ်ဆေးခဲ့တယ်။ ဆရာမကြီးရဲ့တင်ပြချက်တွေက မှန်ကန်တဲ့အတွက် လိုအပ်သလို ဆက်လက်ဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီး ပညာရေးမှူးရုံးကို ဓာတ်ပုံမှတ်တမ်းနဲ့တကွ တင်ပြထားပါတယ်” ဟု ဟင်္သ࿿ာတမြို့နယ် ပညာရေးမှူး ဦးတင်လှကဖြေကြားသည်။

တာဂွအခြေခံပညာမူလတန်းကျောင်း ပေ ၆၀ _ ၃၀ တစ်ထပ်အဆောက်အအုံကို ဘဏ္ဍဍာငွေ ကျပ် ၂၇ သန်းဖြင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍဍာနှစ်၌ နှုန်းစံမီကုမ္ပဏီက တာဝန်ယူ ဆောက်လုပ်ထားခြင်းဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment