Sunday, May 5, 2019

နော်ဝေတွင်တွေ့ရသည့် ကင်မရာပါ ဝေလငါး ထောက်လှမ်းရေးအတွက် လွှတ်လိုက်တာလား

နော်ဝေနိုင်ငံရဲ့မြောက်ဘက်ကမ်းလွန်မှာ beluga ဝေလငါးဖြူတစ်ကောင် ရောက်ရှိနေပြီး ဒီဝေလငါးက လောက်လှမ်းရေးအတွက် သုံးတာလား ဒါမှမဟုတ် သူ့ဘာသာသူ ဒီနေရာက ပြန်မထွက်သွားတတ်တာလား ဆိုတာနဲ့ ပတ်သက်ပြီး နော်ဝေတာဝန်ရှိသူတွေကြားမှာ ဝေခွဲရခက်နေကြပါတယ်။ ဒီဝေလငါးကို ပြီးခဲ့တဲ့သီတင်းပတ်အနည်းငယ်က ဂျော်ဟက်စ်တန်ရဲ့ ငါးဖမ်းလှေအနီးမှာ တွေ့ခဲ့ရပါတယ်။


ဟက်စ်တန်က ဒီကိစ္စကို အာဏာပိုင်တွေဆီအကြောင်းကြားခဲ့ပြီး ဒီလိုအချိန် မြောက်ဘက်ကမ်းလွန်မှာ ဝေလငါး မရှိတတ်တာကြောင့် အာဏာပိုင်တွေကလည်း ဒီကိစ္စကို စိုးရိမ်နေကြပါတယ်။

“ကျနော်တို့ ရောက်လာခင်အထိ ဒီဝေလငါးကို ဒီအတိုင်းလှေနားမှာ ဆက်ထိန်းထားဖို့ ဟက်စတန်ကို အကူအညီတောင်းခဲ့ပါတယ်” လို့ နော်ဝေနိုင်ငံရဲ့ ရေလုပ်ငန်းဆိုင်ရာ စစ်ဆေးရေးမှူး ဂျော်ဂန်ရီဝစ်ကပြောပါတယ်။

“ဒီဝေလငါးက ရန်လိုတဲ့ပုံ မရှိပါဘူး” လို့လည်း သူကဆက်လက်ပြောဆိုပါတယ်။ တွေ့ခဲ့ရတဲ့ ဝေလငါးမှာ လည်ပတ်တခုရှိနေပြီး “Equipment St. Petersburg” လို့လည်း ရေးသားထားပါတယ်။

နော်ဝေနိုင်ငံနဲ့ အနီးစပ်ဆုံးမှာရှိတဲ့ စိန့်ပီတာစဘတ်ဟာ ရုရှားနိုင်ငံမှာ ရှိနေတာကြောင့် ဒါဟာ ထောက်လှမ်းရေးအတွက်အသုံးပြုနေတဲ့ ဝေလငါး ဖြစ်နိုင်တာကြောင့် ဒီလည်ပတ်ကို ရဲတပ်ဖွဲ့ထံ ပေးပို့ထားရပါတယ်။

ဒီလည်ပတ်မှာ ကင်မရာတလုံး ပါဝင်နေတာကလည်း အာဏာပိုင်တွေရဲ့ သံသယကို ပိုမိုခိုင်စေပေမယ့် စာလုံးကိုတော့ ရုရှားစာတွေမဟုတ်ဘဲ ရောမစကားလုံးတွေနဲ့ ရေးထိုးထားတာကတော့ စဉ်းစားစရာ ဖြစ်နေပါတယ်။

ရုရှားအစိုးရဘက်က အတည်ပြုထားတာ မရှိပေမယ် ရုရှားနိုင်ငံဟာ ထောက်လှမ်းရေး အတွက် ဝေလငါးတွေကို အသုံးပြုနေတယ်လို့ သတင်းတွေ ပေါ်ထွက်ခဲ့ဖူးပါတယ်။

လက်ရှိအချိန်မှာတော့ နော်ဝေအာဏာပိုင်တွေဟာ ဒီလည်ပတ်ရဲ့ မူလနေရာကိုခြေခံရာဖို့ ကြိုးစားလျက်ရှိပြီး တဖက်မှာလည်း ဒီအဖြူရောင်ဝေလငါးဟာ ဒီနေရာကနေ ရေနက်ပိုင်းကို ဘယ်လိုပြန်သွားမလဲဆိုတာနဲ့ပတ်သတ်ပြီး စိုးရိမ်မှုတွေရှိနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒီဝေလငါးကို နာမည်ပေးဖို့အတွက် နော်ဝေသားတွေက Agent James Beluga၊ White Russian ၊Moby Dick and Hvladimir စတဲ့ နာမည်တွေပေးဖို့ စဉ်းစားနေကြတယ်လို့ လည်း သိရပါတယ်။

No comments:

Post a Comment