Sunday, May 5, 2019

စအိုအတွင်း တားမြစ်ဆေးထည့်ပြီး အကျဉ်းထောင်တွင်းသယ်သူအား ထပ်မံအရေးယူ

မန္တလေးမြို့ရှိ အိုးဘိုအကျဉ်းထောင်ထဲသို့ စအိုအတွင်း တားမြစ်ဆေးထည့်၍ သယ်သူအကျဉ်းသူအား မေလ ၃ ရက်နေ့က အကျဉ်းထောင်ဥပဒေဖြင့်ထပ်မံအရေးယူထားကြောင်း သိရသည် ။ ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများအက်ဥပဒေ ၁၆(ဂ)/၂၁ ဖြင့် မန္တလေးအိုးဘိုထောင်အတွင်း ချုပ်ခံရသူ မမေနိုင်ခေါ် (ခ) မြတ်နိုး (၂၇) နှစ် အား ချမ်းမြသာစည်မြို့နယ်တရားရုံးမှ အမှုရင်ဆိုင် ရုံးထုတ်ခဲ့သည် ။



ယင်းရုံးထုတ်မှ မန္တလေးအိုးဘိုထောင်သို့ အပြန်တွင် မမေနိုင်ခေါ် (ခ) မြတ်နိုး (၂၇) နှစ် အားစစ်ဆေးရာ ၄င်း၏ စအိုအတွင်းမှ အကျဉ်းထောင်က တားမြစ်ပိတ်ပင်ထားသည့် Dextro ဆေးပြား (၅၃) ပြား စစ်ဆေးတွေ့ရှိခဲ့သည် ။

ထို့အတွက်ကြောင့် အကျဉ်းထောင်က တားမြစ်ပိတ်ပင်ထားသည့် ဆေးအား သယ်ဆောင်လာသူ မမေနိုင်ခေါ် (ခ) မြတ်နိုးအား အမှတ် (၂) ရဲစခန်းတွင် (ပ)၃၁/၂၀၁၉ အကျဉ်းထောင်အက်ဥပဒေ ပုဒ်မ ၄၁(၁) ဖြင့် အမှုဖွင့်ထားကြောင်း သိရသည် ။

No comments:

Post a Comment