Sunday, May 5, 2019

တပ်မတော်အား ပြည်သူလူထု အထင်မှားစေရန်၊ ဂုဏ်သိက္ခာ ကျဆင်းစေရန်၊ နိုင်ငံတကာမှ အထင်အမြင် မှားစေရန် မမှန်မကန် ဖော်ပြခြင်းနှင့် ပုတ်ခတ်ပြောဆို ရေးသားခြင်းများကို လက်ခံမည်မဟုတ်ဟုဆို

တပ်မတော်မှ မှန်မှန်ကန်ကန် ဆောင်ရွက်နေသည့် အချိန်တွင် တပ်မတော်အပေါ် ပြည်သူလူထု အထင်မှားစေရန်၊ ဂုဏ်သိက္ခာ ကျဆင်းစေရန်နှင့် နိုင်ငံတကာမှ အထင်အမြင်မှားစေရန် မမှန်မကန် ဖော်ပြခြင်းနှင့် ပုတ်ခတ်ဖော်ပြ ပြောဆိုရေးသားခြင်းများအား လက်ခံမည် မဟုတ်ကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌဌ ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောကြားသည်။ေ နပြည်တော်ရှိ စစ်သမိုင်းပြတိုက်၌ မေ ၃ ရက်က တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ထွန်းထွန်းညီက ထိုသို့ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။



“ကျွန်တော်တို့ အနေနဲ့ ခုနကပြောတဲ့ တပ်မတော်ဆိုတာ နိုင်ငံတော်ရဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။ ပြီးရင် ပြည်သူလူထုရဲ့ တပ်မတော်သားတွေဆိုတာ ပြည်သူလူထုရဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။ အဲဒီတော့ တပ်မတော်အနေနဲ့ ဒီလိုနိုင်ငံတော်ရဲ့ အစိတ်အပိုင်း အဖွဲ့အစည်းတစ်ခု ဖြစ်ပြီးတော့ကျတော့ နိုင်ငံတော်နှင့် နိုင်ငံသားတွေ အကျိုးအတွက် ဆောင်ရွက်နေတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ မှန်မှန်ကန်ကန် ဆောင်ရွက်နေတဲ့ အချိန်မှာ တပ်မတော်အပေါ်မှာ ဟုတ်လား၊ ဂုဏ်သိက္ခာ ကျဆင်းအောင်၊ ထိခိုက်နစ်နာအောင် ဆောင်ရွက်တဲ့ ပြည်သူလူထု အထင်အမြင်မှားအောင်၊ နိုင်ငံတကာက အထင်အမြင်မှားအောင် ဆောင်ရွက်နေတဲ့ ကိစ္စတွေကတော့ ကျွန်တော်တို့ လုံးဝ လက်မခံပါဘူး” ဟု ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောကြားသည်။ တပ်မတော်က အမှုဖွင့် တရားစွဲဆိုသည့် ကိစ္စရပ်များတွင် တရားသူကြီးသည် လက်ခံဆုံးဖြတ်ရန် လိုအပ်သည်ဟု ယူဆခြင်းကြောင့် လုပ်ထုံးလုပ်နည်းနှင့်အညီ အမှုဖွင့်ခြင်းအား လက်ခံဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ တပ်မတော် အနေဖြင့် တစ်ဖက်သတ် ဖိအားပေး၍ ဥပဒေမဲ့ လုပ်ဆောင်နေခြင်း မဟုတ်ကြောင်း၊ ပြည်သူလူထုအား စောင့်ရှောက်မှု ပေးနေသည့် တပ်မတော်သည် ပြည်သူလူထုအား အသားလွတ်မည်သည့် အရာမျှ မလုပ်ကြောင်း ゞင်းက ပြောကြားသည်။

“တရားစီရင်ရေး အပိုင်းမှာလည်း တပ်မတော်ကနေပြီး ဝင်ရောက်စွက်ဖက်မှာ မဟုတ်ပါဘူး။ ဒီတရားစီရင်ဖို့ အတွက် သူ့ရဲ့လုပ်ထုံးလုပ်နည်းအရ အဖွဲ့အစည်းဖြစ်တဲ့ တရားသူကြီးက သူ့ရဲ့ဆင်ခြင်တုံတရားနဲ့ ဒီအမှုစီရင်တဲ့ အပိုင်းကို ဆုံးဖြတ်ပါလိမ့်မယ်။ အဲ့ဒီအတွက်ကို ကျွန်တော်တို့ ဒီဥပဒေနဲ့အညီ ဆောင်ရွက်တာ ဖြစ်ပါတယ်။ အဲဒီတော့ မီဒီယာတွေ အနေနဲ့လည်း ကျွန်တော်တို့ ခုနကပြောတဲ့ တပ်မတော်နဲ့ ပတ်သက်လာလို့ရှိရင် ကျွန်တော်တို့ ဒီမဟုတ်မမှန် ဖော်ပြတာတွေ၊ ပြီးရင် ခုနက ပြောသလို တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေမယ့် လုပ်ရပ်တွေအပေါ်မှာ ဒီလိုတရားစွဲဆိုမှု ဆောင်ရွက်တယ်ဆိုတာ ကျွန်တော်တို့ တရားလက်လွတ် လုပ်တာမဟုတ်ပါဘူး” ဟု ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောကြားသည်။

No comments:

Post a Comment