Sunday, May 5, 2019

မန္တလေးကျုံးအရှေ့တွင် ဆိုင်ကယ်စီးအုပ်စုက ရဲဒင်းဖြင့်ခုတ်မှု ဖြစ်ပွား

Image may contain: one or more people and people sittingမန္တလေးမြို့ ကျုံးအရှေ့ဘက် (၆၆)လမ်း ၊ ၁၈ လမ်း နှင့် ၁၉ လမ်းကြားတွင် ဆိုင်ကယ်စီးနေသည့် လူ (၃) ဦးအား ဆိုင်ကယ်စီးအုပ်စုက ရဲဒင်းဖြင့်ခုတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည် ။ ဖြစ်စဉ်မှာ ရေသန့်စက်ရုံ အလုပ်သမားများဖြစ်ကြသည့် လူငယ် (၃) ဦးသည် ဆိုင်ကယ်စီး၍ အပန်းဖြေနေစဉ် ဆိုင်ကယ် (၃) စီး လူ (၈) ဦးက ရဲဒင်းဖြင့်ခုတ်၍ ထိုးကြိတ်မှုများပြုလုပ်ခဲ့ခြင်းဖြစ်သည် ။ ``သူတို့ ပြောပုံအရတော့ သူတို့က အပန်းဖြေဆိုင်ကယ်စီးနေရင်း ဒီလိုလုပ်ခံလိုက်ရတာ ။ တစ်ယောက် က နောက်စေ့ ခုတ်ခံလိုက်ရတယ် ။ ကျန်တဲ့သူတွေက ပွန်းပဲ့ ဖူးယောင် ဒဏ်ရာလောက်ပဲတွေ့ရတယ်။
´´ ဟု နန်းတော်ရှေ့ လူမှုကယ်ဆယ်ရေးအဖွဲ့မှ ဦးသိန်းထွန်းအောင် က ပြောသည် ။ ထိုသို့ ရဲဒင်းဖြင့်ခုတ်ခံရသည့် သူများအား နန်းတော်ရှေ့ လူမှုကယ်ဆယ်ရေးအဖွဲ့က မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ တင်ပို့ပေးခဲ့ကြောင်း သိရသည် ။ ထို့အပြင် မန္တလေးမြို့တွင် ကားတစ်စီးဖြင့် ဆိုင်ကယ်စီး၍ လမ်းပေါ်သွားလာနေသူများကို ဓားဖြင့်လိုက်ခုတ်မှုတစ်ခု ဧပြီလ ၂၉ ရက်နေ့ ညပိုင်းအချိန်က ဖြစ်ပွားခဲ့သည်။

No comments:

Post a Comment