Sunday, May 5, 2019

ပြည်ပကြွေးမြီများကို လျာထားချက်နှင့်အညီ ထုတ်ယူသုံးစွဲနိုင်မှု မရှိခြင်း၊ ချေးငွေစီမံကိန်းပါ လုပ်ငန်းရပ်များ သတ်မှတ်ချိန်အတွင်း ပြီးစီးအောင် ဆောင်ရွက်နိုင်မှု မရှိခြင်းကြောင့် စီမံကိန်း၏ ကုန်ကျစရိတ်ကို တိုးမြင့်စေသည့် ဆိုးကျိုးများ ဖြစ်ပေါ်နိုင်ဟု ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ မှတ်ချက်ပြု

ပြည်ပကြွေးမြီများကို လျာထားချက်နှင့်အညီ ထုတ်ယူသုံးစွဲနိုင်မှု မရှိခြင်း၊ ချေးငွေစီမံကိန်းပါ လုပ်ငန်းရပ်များ သတ်မှတ်ချိန်အတွင်း ပြီးစီးအောင် ဆောင်ရွက်နိုင်မှု မရှိခြင်းကြောင့် စီမံကိန်း၏ ကုန်ကျစရိတ်ကို တိုးမြင့်စေသည့် ဆိုးကျိုးများ ဖြစ်ပေါ်နိုင်ဟု ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက သဘောထား မှတ်ချက်ပြုခဲ့သည်။၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာလအထိ ခြောက်လတာ ပြည်ထောင်စု၏ ဘဏ္ဍဍာငွေ အရအသုံးဆိုင်ရာ အစီရင်ခံစာနှင့် ပတ်သက်ပြီး ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာအား ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းစဉ် ယင်းသို့မှတ်ချက် ပြုထားခြင်းဖြစ်သည်
။ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက ပြည်ပကြွေးမြီများကို လျာထားချက်နှင့်အညီ ထုတ်ယူသုံးစွဲနိုင်မှု မရှိခြင်းကြောင့် ချေးငွေစီမံကိန်းပါ လုပ်ငန်းရပ်များ သတ်မှတ်ချိန် ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်နိုင်မှု မရှိခြင်းသည် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများကို နှောင့်နှေးကြန့်ကြာ စေသည့်အပြင် စီမံကိန်း၏ ကုန်ကျစရိတ်ကို တိုးမြင့်စေခြင်းစသည့် ဆိုးကျိုးများကို ဖြစ်ပေါ်စေနိုင်ကြောင်း အစီရင်ခံစာ တင်သွင်းခဲ့သည်။ထို့အတွက် ချေးငွေရယူနိုင်ရန် စတင်ညှိနှိုင်းစဉ်ကပင် ချေးငွေရယူနိုင်ရန် ညှိနှိုင်းဆွေးနွေးချိန်၊ ချေးငွေစီမံကိန်း၏ ဖြစ်မြောက်နိုင်စွမ်း လေ့လာခြင်း ကာလအတွင်းကပင် မြီရှင်နိုင်ငံ၊ အဖွဲ့အစည်းများ၏ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများကို ကြိုတင်လေ့လာထားခြင်း၊ Feasibility Study လုပ်ငန်းများနှင့် ဆောင်ရွက်ခြင်း၊ လိုအပ်သော EIA, SIA စိစစစ်သုံးသပ်ခြင်းများ၊ စီမံကိန်းဒေသအတွင်းရှိ ပြည်သူများသို့ ပွင့်လင်းမြင်သာစွာ ရှင်းလင်းဆွေးနွေးမှုများ စသည်တို့ကို စနစ်တကျနှင့် ပြည့်စုံအောင် ဆောင်ရွက်ခြင်း၊ Feasibility Study ၏ လေ့လာတွေ့ရှိချက်များကို အခြေခံ၍ လုပ်ငန်းစီမံကိန်း၏ တည်ဆောက်ရေးကာလ၊ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မည့် အချိန်ဇယားနှင့် ချေးငွေထုတ်ယူသုံးစွဲမည့် အစီအစဉ် စသည်တို့ကို စနစ်တကျတွက်ချက်ရေးဆွဲ ဆောင်ရွက်ခြင်းနှင့် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ゞင်းအချိန်ဇယားအတိုင်း လိုက်နာဆောင်ရွက်ခြင်း၊ ချေးငွေစီမံကိန်း လုပ်ငန်းများအတွက် တာဝန်ပေးအပ်ရာတွင် တာဝန်ယူ၊ တာဝန်ခံစနစ်ကို ပီပြင်စွာ ကျင့်သုံးဆောင်ရွက်ခြင်းနှင့် တစ်ဆက် တစ်စပ်တည်း တာဝန်ပေးအပ်ခြင်းများကို စီစဉ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက သဘောထားမှတ်ချက် ပြုခဲ့သည်။ထို့ပြင် ဘတ်ဂျက်ခွင့်ပြုငွေများကို သတ်မှတ်ကာလအတွင်း အချိန်မီသုံးစွဲနိုင်မှုမရှိ၍ အထွေထွေပိုလျှံရန်ပုံငွေ (GRF) ပြန်လည်အပ်နှံခြင်း၊ ပြန်လည်အပ်နှံငွေမှ ထုတ်ယူသုံးစွဲခြင်းနှင့် ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံ ဆောင်ရွက်ခြင်းတို့သည် ဘတ်ဂျက်ရေးဆွဲ အကောင်အထည် ဖော်ရခြင်း၏ အနှစ်သာရကို ထိခိုက်စေသော လုပ်ငန်းရပ်များ ဖြစ်ကြောင်း၊ ကြိုတင်စီမံ ဆောင်ရွက်နိုင်စွမ်း မရှိသည့် မမျှော်လင့်သော လုပ်ငန်းရပ်၊ ဖြစ်ရပ်များအတွက် အရေးပေါ် လိုအပ်ချက်အရ ဆောင်ရွက်ရခြင်းမှအပ လုပ်ရိုးလုပ်စဉ်သဘော နှစ်စဉ်တောင်းခံ ဆောင်ရွက်သင့်သော လုပ်ငန်းရပ် မဟုတ်ကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက သဘောထားမှတ်ချက် ပြုခဲ့သည်။ဘတ်ဂျက်ရေးဆွဲခြင်း အနှစ်သာရနှင့် အဓိပ္ပာယ်လေးနက်မှုကို အလေးထားရန်အတွက် ဘတ်ဂျက်ရေးဆွဲ စဉ်ကပင် အမှန်တကယ် ပြီးမြောက်အောင် ဆောင်ရွက်နိုင်မည့် လုပ်ငန်းနှင့် သုံးစွဲနိုင်မည့် ပမာဏတို့ကို အနီးစပ်ဆုံး ဖြစ်စေရန် ခန့်မှန်းရေးဆွဲ ဆောင်ရွက်ခြင်း၊ ကြိုတင်စီမံ ဆောင်ရွက်နိုင်စွမ်း မရှိသည့် မမျှော်လင့်သော အကြောင်းများကြောင့် မူလရည်မှန်းချက်အတိုင်း ဆောင်ရွက်နိုင်ခြင်း မရှိသည့် အခြေအနေတွင် ပိုလျှံလာနိုင်မည့် အသုံးစရိတ်များကို အချိန်နှင့်တစ်ပြေးညီ ပြန်လည်အပ်နှံစေခြင်း၊ ကြိုတင်စီမံ ဆောင်ရွက်နိုင်စွမ်း မရှိသည့် မမျှော်လင့်သော အကြောင်းများကြောင့် မူလရည်မှန်းချက်ထက် ပိုမိုအကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်လာခြင်း သို့မဟုတ် အရေးပေါ် ဆောင်ရွက်ရန် လိုအပ်ခြင်း တို့အတွက် အရေးပေါ်ရန်ပုံငွေမှ တောင်းခံသုံးစွဲ စေခြင်းများကို ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက သဘောထားမှတ်ချက် ပြုခဲ့သည်။

No comments:

Post a Comment