Sunday, May 5, 2019

ဗီယက်နမ်က စွန့်ပစ် ရေပန်းဥယျာဉ် ခရီးသွားတွေကို အထူးဆွဲဆောင်နေ

  ဗီယက်နမ်နိုင်ငံ ဟွေမြို့က ဂရပ်ဖစ်တီ လက်ရာတွေ နေရာအနှံ့ ပြည့်နှက်နေလျက်ရှိတဲ့ ရေပန်းဥယျာဉ်ဟောင်းတစ်ခုကတော့ ယခုအခါ ခရီးသွားတွေကို အထူးဆွဲဆောင်နေတဲ့ နေရာတစ်ခု ဖြစ်လာနေလျက် ရှိပါတယ်။ ဟွေမြို့စွန်မှာ ရှိတဲ့ အဆိုပါ အပန်းဖြေ ဥယျာဉ်ကိုတော့ လွန်ခဲ့တဲ့ ၂၀ဝ၄ ခုနှစ်က တည်ဆောက်ခဲ့တာဖြစ်ပြီး ယင်းနောက် ခုနှစ်နှစ်အကြာမှာပဲ ဘဏ္ဍဍာရေးအခက်အခဲကြောင့် ပိတ်ထားခဲ့ရတာဖြစ်ပါတယ်။ ယနေ့အချိန်မှာတော့ ခရီးသွားတွေဟာ “ဧည့်သည့် မဝင်ရ” ဆိုတဲ့  ဆိုင်းပုဒ်နဲ့ အဓိက ဂိတ်ပေါက်က လုံခြုံရေးဂိတ်စောင့်တို့ကို လျစ်လျူရှုပြီး ဘေးဘက်ခြမ်း ဝင်ပေါက်တစ်ခုကနေတဆင့် ယင်း စွန့်ပစ်ဆိုဒ်ထဲကို ဝင်ရောက်လည်ပတ်ကြည့်ရှုနေကြလျက် ရှိပါတယ်။

ခရီးသွားတွေအတွက်ကတော့ Instagram အတွက် ပုံကောင်းကောင်း ရနိုင်မယ့် နေရာတစ်ခုလည်း ဖြစ်လို့ နေပါတယ်။ “ ဒီထဲ ရောက်တော့  ကျောချမ်းသလိုကြီး ခံစားရပါတယ်၊ တကယ် ကြောက်ဖို့လည်း ကောင်းပါတယ်၊ ဒါပေမယ့် ဝင်မကြည့်ပဲနဲ့လည်း မနေနိုင်ပြန်ပါဘူး” လို့ ကျောင်းသားတစ်ဦးဖြစ်တဲ့ ငုရင် သီဒယူ က ပြောပါတယ်။ ယင်း ဥယျာဉ်ထဲက ရေကန်တစ်ခု အလယ်ရှိ ကွန်ကရစ် နဂါးရုပ်တုကြီးကတော့ ခရီးသွားအများစု စိတ်ဝင်အစားဆုံး နေရာတစ်ခု ဖြစ်တယ်လို့ သိရပါတယ်။

No comments:

Post a Comment