Sunday, May 5, 2019

Notre Dame ဘုရားကျောင်းကြီး ပြန်လည်ပြုပြင်ရန် ငါးနှစ်သာ သတ်မှတ်ပေးခြင်းကို ပြန်လည်စဉ်းစားပေးဖို့ ပြင်သစ်သမ္မတအား ကျွမ်းကျင်သူပညာရှင်များတိုက်တွန်း

မီးသင့်လောင်ကျွမ်းခဲ့တဲ့ Notre Dame ဘုရားကျောင်းကြီးကို ပြန်လည်ပြုပြင်ဖို့အတွက် ၅နှစ်သတ်မှတ် အချိန်ပေးထားတာကို ပြန်လည်စဉ်းစားပေးဖို့ ပြင်သစ်သမ္မတ အန်မန်နျူယယ်လ် မိုက်ခရွန်ကို ပိသုကာပညာရှင်တွေနဲ့ ရှေးဟောင်းအနုပညာကျွမ်းကျင်သူ ၁၀၀၀ ကျော်က တောင်းဆိုလိုက်ပါတယ်။ အဲဒီလို တောင်းဆိုလိုက်တဲ့ စာကို ကျွမ်းကျင်သူပညာရင် ၁၁၇၀ က လက်မှတ်ထိုးပြီး ပြင်သစ်သမ္မတဆီပေးပို့ခဲ့တယ်လို့ အဲဒီလက်မှတ်ထိုးသူပညာရှင်တွေထဲမှာ တစ်ယောက်အပါအ၀င်ဖြစ်တဲ့ Art Philippe de Montebello ပြတိုက်က ဒါရိုက်တာဟောင်း တစ်ဦးကပြောတာပါ။



”အချိန်ယူပြီး သေသေချာချာလုပ်ကြရမယ့်ကိစ္စဖြစ်တဲ့အတွက် အလောတကြီးလုပ်ဖို့မသင့်ပါဘူး။ မီးမလောင်ပဲ ကျန်ရစ်ခဲ့တဲ့ လက်ရာမွန်တွေကို မထိခိုက်စေပဲ ပျက်စီးသွားတဲ့ဟာတွေကို မူလအတိုင်းပြန်ဖြစ်အောင် လုပ်ကြရမယ့်ကိစ္စအတွက် ဒီထက်အချိန်လိုပါတယ်”လို့ အဲဒီပညာရှင်ကပြောပါတယ်။

ပြင်သစ်သမ္မတဆီကိုပို့တဲ့စာမှာ လက်မှတ်ထိုးကြတဲ့အထဲမတော့ ပိသုကာပညာရှင်တွေ၊ ရှေးဟောင်းအမွေအနှစ်ဆိုင်ရာပညာရှင်တွေနဲ့အတူ ကမ္ဘာကျာ် လုဗ်ပြတိုက်ကြီးက အထွေထွေညွှန်ကြားရေးမှူးနဲ့ ပြင်သစ်နိုင်ငံ ရှေးဟောင်းအမွေအနှစ်ပိသုကာပညာရှင်များအသင်း ဥက္ကဌတို့လဲ ပါတယ်လို့ ပြင်သစ်သတင်းစာတစ်စောင်ကရေးသားထားပါတယ်။

ပြီးခဲ့တဲ့လအတွင်းက Noter Dame ဘုရားကျောင်းကြီး မီးသင့်လောင်ကျွမ်းပြီးနောက် ပြည်သူကို ရုပ်သံမိန့်ခွန်းပြောကြားရာမှာ ဒီဘုရားကျောင်းကြီးကို ငါးနှစ်အတွင်း အပြီးပြန်လည်ပြင်ဆင်ပေးမယ်လို့ ပြင်သစ်သမ္မတက ကတိပေးခဲ့တာဖြစ်ပါတယ်။

No comments:

Post a Comment