Sunday, May 5, 2019

အွန်လိုင်းတွင် ပျံ့နှံ့နေသော ကချင်ပြည်နယ်၌ လိုင်စင်မဲ့ယာဉ်ဖမ်းဆီးရေးကိစ္စ တရားဝင် မဆုံးဖြတ်ရသေး

လိုင်စင်မဲ့ယာဉ်များအ သုံးပြုကာ ကချင်လက်နက်ကိုင် အဖွဲ့ (KIA) က အဖျက်အမှောင့် လုပ်ငန်းများ လုပ်ဆောင်လာနိုင် ကြောင်း သုံးသပ်ရသည်ဆိုကာ ကချင်ပြည်နယ်အတွင်းရှိ လိုင် စင်မဲ့ယာဉ်များကို ဖမ်းဆီးအရေး ယူရန် လူမှုကွန်ရက်၌ ပျံ့နှံ့နေ သည့်စာမှာ တရားဝင်ထုတ်ပြန် ချက်မဟုတ်ကြောင်း ကချင်ပြည် နယ် အစိုးရအဖွဲ့ဝန်ကြီးအချို့က ပြောသည်။ အဆိုပါစာသည် ကချင်ပြည် နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးက ဝန်ကြီးချုပ်ထံ တင်ပြ ထားသည့် အဆင့်၌သာ ရှိသေး ပြီး မည်ကဲ့သို့ ပျံ့နှံ့လာသည်ကို မသိရှိသေးဟု ကချင်ပြည်နယ် အစိုးရအဖွဲ့ လီဆူတိုင်းရင်းသား ရေးရာဝန်ကြီး ဦးအားတီရောဟန် က ပြောသည်။



‘‘ကျွန်တော်တို့ သိတာတော့ နယ်လုံဝန်ကြီးက ဝန်ကြီးချုပ်ဆီ လုံခြုံရေးနဲ့ ပြည်သူအတွက် အ ကာအကွယ်ပေးဖို့ အခက်အခဲရှိ နေလို့ပါ။ ဒါတွေ (လိုင်စင်မဲ့ယာဉ် တွေ) ဖမ်းဆီးနိုင်ရေး ဝန်ကြီးချုပ် ဆီက လမ်းညွှန်ပေးနိုင်ဖို့ စာ တင်ထားတာပဲ ရှိပါတယ်။ အနီး စပ်ဆုံး လုံနယ်ဌာနနဲ့ ဝန်ကြီးချုပ် ဌာနက တစ်ယောက်ယောက်က ဖြန့်လိုက်တာဖြစ်မယ်။ ကျွန်တော် တို့ဆီကတော့ စာကို မသိရသေး ဘူး’’ ဟု ၎င်းကပြောသည်။

‘မှတ်ပုံတင်မဲ့ယာဉ်များအား ဖမ်းဆီးအရေးယူရန်ကိစ္စ’ ဟူ သော ခေါင်းစဉ်ဖြင့် ကချင်ပြည် နယ် နယ်လုံဝန်ကြီးက ပြည်နယ် ဝန်ကြီးချုပ်ထံ ပေးပို့ထားသော စာသည် မေလ ၁ ရက်ကစကာလူမှုကွန်ရက်ပေါ် ပျံ့နှံ့ခြင်းဖြစ် သည်။

အဆိုပါစာတွင် မြောက်ပိုင်း တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်း လိုင်စင်မဲ့ယာဉ်များ အသုံးပြု၍ တရားမဝင်ကုန်စည်နှင့် မူးယစ် ဆေးများ သယ်ဆောင်ခြင်း၊ KIA အဖွဲ့အနေဖြင့် လူသစ်စုဆောင်း ခြင်း၊ လက်နက်ခဲယမ်းများ သယ် ဆောင်ခြင်း၊ ဓားပြတိုက်ခြင်း၊ ဆက်ကြေးကောက်ခြင်း၊ အနု ကြမ်းစီး လုယက်ခြင်း၊ အရေးကြီး လမ်းတံတား၊ အဆောက်အအုံ များကို မိုင်းထောင်ဖောက်ခွဲခြင်းစ သည့် အဖျက်အမှောင့်လုပ်ငန်း များ လုပ်လာနိုင်သည်ဟု သုံးသပ် ရသည်ဆိုကာ ကချင်ပြည်နယ်အ တွင်းရှိ လိုင်စင်မဲ့ယာဉ်များကို စစ် ဆေး၊ ဖမ်းဆီးအရေးယူနိုင်ရေး ဆောင်ရွက်မည်ဖြစ်၍ လိုအပ်သ လို ညွှန်ကြားမှုပေးနိုင်ရန်ဟု ပါရှိ သည်။

ကချင်ပြည်နယ် အစိုးရအဖွဲ့ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်မြင့်က လူမှုကွန်ရက် တွင် ပျံ့နှံ့နေသော စာပါအ ကြောင်းအရာများအတိုင်း လိုင် စင်မဲ့ယာဉ်များအပေါ် တစ်ပြည် နယ်လုံးအတိုင်းအတာဖြင့်  လတ် တလောအရေးယူရန် မရှိသေးဘဲ အဆင့်ဆင့်ဆောင်ရွက်ရန် ပြည် နယ်အစိုးရက စီစဉ်ထားသည်ဟု ပြောသည်။

‘‘စာက အွန်လိုင်းပေါ် ဘယ် လို ပြန့်သွားလဲ ကျွန်တော်တို့ လည်းမသိဘူး’’ ဟု ၎င်းကပြော သည်။ ပြည်နယ်အတွင်း လိုင်စင်မဲ့ယာဉ် စိစစ်အရေးယူရာတွင် ကနဦး၌ လိုင်စင်မဲ့ယာဉ်များ တရားမဝင်ရောင်းဝယ်နေမှုကို ဖမ်းဆီးရန်၊ ပြည်နယ်အတွင်းသို့ အဝင်ဂိတ်များမှ စောင့်ကြည့်၍ စစ်ဆေးအရေးယူရန်၊ ခရီးသည် ယာဉ်လိုင်း ပြေးနေသော လိုင်စင် မဲ့ယာဉ်များကို အရေးယူရန် ပြု လုပ်ခြင်းဖြင့်  ဖြေရှင်းရန် ပြည် နယ်အစိုးရက စီစဉ်ထားသည်။

ပထမအဆင့်အနေဖြင့် ဌာန ဆိုင်ရာများ သုံးနေသော လိုင်စင် မဲ့ယာဉ်များကို ဖမ်းဆီးမည်ဖြစ် ကာ ဒုတိယအဆင့်တွင် အသင်း အဖွဲ့များက သုံးနေသော လိုင်စင် မဲ့ယာဉ်များကို ဖမ်းဆီးမည်ဟု ဆိုသည်။ အများပြည်သူစီးနေ သည့် လိုင်စင်မဲ့ယာဉ်များကိုမူ နောက်ဆုံးအဆင့်မှ စိစစ်အရေး ယူမည်ဟု ဦးခင်မောင်မြင့်က ရှင်း ပြသည်။

‘‘တစ်ပြည်နယ်လုံးအတိုင်း အတာနဲ့ အရေးယူဖို့ မရှိသေးပါ ဘူး’’ ဟု ၎င်းကပြောသည်။

ကချင်ပြည်နယ်ရှိ အိမ်စီး ယာဉ် ၇၀ ရာခိုင်နှုန်းခန့်သည် လိုင် စင်မဲ့ယာဉ်ဖြစ်ပြီး ဖမ်းဆီးအရေး ယူမည်ဟူသော သတင်းကြောင့် ဒေသခံများက စိုးရိမ်မှုများနှင့်အ တူ ဝေဖန်နေသည်။

ဦးအားတီရောဟန်ကမူလိုင် စင်မဲ့ယာဉ်ပြဿနာကို ပြည်နယ် အစိုးရအတွက် လူထုနှင့်ပူးပေါင်း ကာ စနစ်တကျဖြေရှင်းရမည်ဟု သုံးသပ်သည်။

‘‘လက်ရှိအစိုးရသစ်က ဝင် ခိုင်းထားတာ မဟုတ်တဲ့အတွက် ကြောင့် ဝင်ပြီးသားဟာတွေ တ ဖြည်းဖြည်း လျော့နည်းသွား အောင် လုပ်ရမယ်။ တရားမဝင် ဝင်လာတာတွေကို ဖမ်းဆီးပြီး ရှိ ပြီးသားဟာတွေကို ပညာပေးပြီးမှ  ဥပဒေဘောင်ထဲဝင်လာစေဖို့ပဲ ကျွန်တော်တို့ အရင်ကတည်းက ဆုံးဖြတ်ခဲ့တာပါ’’ ဟု ပြောသည်။

ဝန်ကြီးချုပ်အနေဖြင့်လည်း တစ်ဦးတည်းဆုံးဖြတ်မည်မဟုတ် ဘဲ ပြည်နယ်အစိုးရအဖွဲ့အစည်း အဝေး ဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်မည်ဟု ယူဆကြောင်း ဦးအားတီရောဟန်က ဆိုသည်။ ‘‘အရင်အစိုးရ လက်ထက် ကတည်းက ဖြစ်တဲ့ စိန်ခေါ်မှုကြီး ဆိုတော့ တစ်ယောက်တည်းကပဲ ဆုံးဖြတ်မှာ မဟုတ်ပါဘူး။ ကက် ဘိနက်မှာ ဆုံးဖြတ်သွားရန်လို့ပဲ မှတ်ချက်ပြုမှာလို့ ထင်ပါတယ်’’ ဟု ပြောသည်။

လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာ သည့်စာတွင် KIA အဖွဲ့က တရား မဝင်ယာဉ်များ သုံး၍ အဖျက်အ မှောင့်လုပ်ငန်းများ ပြုလုပ်နိုင် သည်ဟူသော သုံးသပ်ချက်အ ပေါ် ရှင်းရှင်းလင်းလင်းမသိရ သော်လည်း ယင်းကဲ့သို့ အဖျက် အမှောင့်လုပ်ငန်းများ မလုပ်ခဲ့ဟု အဆိုပါ လက်နက်ကိုင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ် မှူးကြီး နော်ဘူက ပြောသည်။

‘‘လိုင်စင်မဲ့ ယာဉ်ဖမ်းဆီး ရေး ကိစ္စကတော့  ကျွန်တော်တို့ KIA ကိုပဲ ဦးတည်တာတော့ မ ဟုတ်လောက်ပါဘူး။ မြို့တွင်းမှာ လည်း ဌာနဆိုင်ရာတွေရော၊ ပြည်သူလူထုကရော စီးနေတာ ဆိုတော့ တရားမဝင်ကားအ ရောင်းအဝယ် လုပ်တာတွေ တော်တော်များများ ရှိနေတော့ အဲဒါတွေကို ခြုံငုံတဲ့စာလို့ထင်ပါ တယ်။ အဲဒီလိုပဲ သဘောထားရှိပါ တယ်’’ ဟု ၎င်းကပြောသည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍  ကချင်ပြည်နယ် ဝန်ကြီးချုပ်နှင့် ကချင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးအား 7Day Daily သတင်းစာက ဆက်သွယ်သော်လည်းမရခဲ့ပေ။

No comments:

Post a Comment