
မိခင်များနေ့ အထိမ်းအမှတ်အဖြစ် အဲဒီ ထောင်ထဲက အကျဉ်းကျမိခင်တွေဟာ အကျဉ်းသူတွေ ဒီဇိုင်းဆွဲ ဖန်တီးထားတဲ့ ဖက်ရှင်တွေကို ဝတ်ဆင်ပြီး အလှပြလျှောက်လှမ်းရင်း ဖက်ရှင်ပွဲ ကျင်းပကြတာ ဖြစ်ပါတယ်။
အဲဒီ ဖက်ရှင်ပွဲကိုတော့ ဒေသိယဘာသာစကားတစ်ခုအရ ‘အမျိုးသမီးများ၏ နှလုံးသည်းပွတ်’လို့ အမည်ပေးကာ ကျင်းပတာ ဖြစ်ပါတတယ်။
အဲဒီ ဖက်ရှင်ပွဲမှာ ‘ထုတ်ကုန်စွမ်းအား အကျဉ်းထောင်များ’အစီအစဉ်အောက်ကနေ ဖန်တီးထုတ်လုပ်ထားတဲ့ အကျဉ်းသူတွေရဲ့ လက်ရာ ဖိနပ်တွေ၊ ပိုက်ဆံအိတ်တွေ၊ အဝတ်အထည်တွေ၊ ညနေခင်း ပွဲတက်ဂါဝန်တွေအပြင် မင်္ဂလာသတို့သမီးဝတ်စုံနဲ့ လက်ဝတ်ရတနာတွေကိုပြ ဖက်ရှင်ပြသခဲ့ကြတာပါ။
“မိခင်များနေ့အတွက် ပွဲလမ်းသဘင်ကျင်းပခွင့်ကို ကျွန်တော်တို့ ဖော်ဆောင်လိုက်တာပါ။ အကျဉ်းကျနေတဲ့ မိခင်တွေအားလုံးကို ဂုဏ်ပြုတာပါပဲ။ တကယ့် ထူးခြားတဲ့ လက်ရာအမျိုးမျိုးကို ကျွန်တော်တို့ မြင်တွေ့လိုက်ရတာပါပဲ။”လို့ အမျိုးသား အကျဉ်းဦးစီးဌာန ဥက္ကဌဖြစ်သူ ကားလို့စ်ရိုမာရိုက ပြောပါတယ်။
မူးယစ်မှောင်ခိုမှုနဲ့ ထောင်ဒဏ် ၁၂ နှစ် ကျခံနေရတဲ့ သားနှစ်ဦး မိခင် အီဆေးပါလိုမီနိုကလည်း “ကျွန်မတို့တွေ အမှားတွေ လုပ်ခဲ့ကြပါတယ်။ ဒါပေမယ့် ဒီ အမှားတွေကို ပြင်ဆင်ဖို့ ကျွန်မတို့ လိုက်နာနေတယ်။ ဒီ နေရာက ကျွန်မတို့ရဲ့ ဘဝကို ပြောင်းလဲပေးမှာ ဖြစ်တယ်။”လို့ ပြောပါတယ်။
No comments:
Post a Comment