Pages
Saturday, May 11, 2019
သားသမီးနှစ်ယောက်ရပြီးမှ စေ့စပ်ကြတဲ့ မက်သရူးကိုမာနဲ့ ဟီလာရီဒပ်ဖ်
Younger ရုပ် ရှင်မှ မင်းသမီးဟီလာရီဒပ်ဖ် သည် ချစ်သူသက်တမ်းနှစ်များ စွာကြာပြီဖြစ်သော ဂီတပညာ ရှင်မက်သရူးကိုမာနှင့် တရားဝင် စေ့စပ်ခဲ့သည်။ ၎င်းတို့စုံတွဲသည် ယင်းသ တင်းကို လူမှုမီဒီယာတွင် ဖော်ပြခဲ့ ပြီးမက်သရူးက မိမိကိုလက်ထပ် ခွင့်တောင်းခဲ့ကြောင်း ဟီလာရီ ဒပ်ဖ်က ပရိသတ်များအား အသိ ပေးသည်။ ဟီလာရီဒပ်ဖ်၏ စေ့စပ် လက်စွပ်တွင် ပါဝင်သည့်စိန် သည် ခြောက်ကရက်ခန့်ရှိမည့် ပုံပေါ်ပြီးတန်ဖိုးကန်ဒေါ်လာ နှစ် သိန်းရှိသည်။ ၂၀၁၇ ကတည်းကလက်တွဲ ခဲ့သော ၎င်းတို့စုံတွဲ၏ချစ်ခရီး လမ်းတွင်ကွဲလိုက်၊ ပြန်တွဲလိုက် ဖြစ်ရပ်များရှိခဲ့ကာ ပြီးခဲ့သည့် ဆောင်းဦးရာသီက သမီးလေး တစ်ဦးမွေးဖွားပြီး သားဖြစ်သူ လူကာကွမ်ရီနှင့်ဆိုပါက မိသား စု ၀င်လေးဦးရှိလာပြီးမှ စေ့စပ်ခြင်း ဖြစ်သည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment