
ပူတင်ဟာ ရှေ့တန်း အလယ်နေရာကနေ ကစားပြီး အသင်းဖော်တွေက သူ့ကို ဂိုးသွင်းခွင့် အခွင့်အရေး အများအပြား ဖန်တီးပေးခဲ့ပါတယ်။
ပြိုင်ပွဲမှာ ပူတင်အနေနဲ့ ပြိုင်ဘက်အသင်း ခံစစ်ကို မရင်ဆိုင်ခဲ့ရပါဘူး။ အသက် ၆၆ နှစ်အရွယ် ပူတင်ဟာ ဒီပြိုင်ပွဲမှာ ဂိုးအများဆုံးသွင်းသူ ဖြစ်ခဲ့ပါတယ်။
ဂျူဒို ခါးပတ်နက် ရထားသူ ပူတင်ဟာ ၀န်ကြီးချုပ် ဒီမီထရီ မက်ဗီဒက်နဲ့အတူ ဆိုချီမြို့မှာ နှင်းလျှောစီးတာနဲ့ ပင်လယ်နက်ထဲ ရေငုပ်တာတွေ လုပ်ပြီး သူရဲ့ အားကစားစွမ်းရည်တွေကို ပြသဖူးပါတယ်။
No comments:
Post a Comment