
ယာဉ်တန်း မထွက်ခွာခင် တရက်အလိုက တိုက်ခိုက်ရေးသမားတွေဟာ မော်တော်ယာဉ်တွေပေါ် ခဲယမ်းနဲ့ ကျည်ဆန်တွေ ဖြည့်တင်းပြိး အမြောက်လက်နက်တွေကိုလည်း ပြင်ဆင်ခဲ့ပါတယ်။
ဆေရက်ဂ်ျဦးဆောင်တဲ့ ထရိီပိုလီတပ်တွေဟာ ကုလသမဂ္ဂထောက်ခံမှုကို ရထားသလိုပဲ LNA ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ဟတ်ဖ်တာကလည်း အမေရိကန်မဟာမိတ် အီဂျစ်နဲ့ ယူအေအီးနိုင်ငံတွေရဲ့ ထောက်ခံမှု ရထားပါတယ်။
ဧပြီလ အစောပိုင်းကတည်းက မြို့တော် ထရီပိုလီကို ထိုးစစ်ဆင်နေတဲ့ LNA တပ်တွေဟာ ဆေရက်ဂ်ျရဲ့ အစိုးရကို ထိန်းချုပ်ထားတယ်လို့ ပြောပေမယ့် ခုချိန်ထိ မြို့ခံစစ်ကို မထိုးဖောက်နိုင်သေးဘူးလို့ ရိုက်တာသတင်းအရ သိရပါတယ်။
No comments:
Post a Comment