Pages
Saturday, May 11, 2019
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် မန္တလေးရုံးခွဲ ဖွင့်လှစ်
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ မန္တလေးရုံးခွဲဖွင့်ပွဲကို ချမ်းမြသာစည်မြို့နယ်၊ တမ္ပဝတီရပ်ကွက်၊ ဗာဂျီးနီးယား ဆေးလုပ်ငန်းစက်ရုံဝန်းအတွင်းရှိ အဆိုပါရုံး အဆောက်အဦ၌ ယနေ့နံနက် ၈နာရီအချိန်တွင် ကျင်းပခဲ့သည်။ ဖွင့်ပွဲအခမ်းအနားသို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဦးဇော်မြင့်မောင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်နှင့် အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ UNDP နှင့် UNODC မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ စုံညီစွာ တက်ရောက်ခဲ့ကြသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment