
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်ရှိ ကျောက်မီးသွေး စွမ်းအင်သုံး ဘိလပ်မြေစက်ရုံစီမံကိန်းသို့ ကျေးရွာချင်းဆက် လမ်းပေါ်မှ သွားလာနေသည့် ကုမ္ပဏီကားများကို ဒေသခံရွာသားများက မေ ၁၄ ရက်က စတင်၍ တားဆီးပိတ်ဆို့ ထားမှုကို ရဲတပ်ဖွဲ့က မေ ၁၅ ရက် နံနက် ၄ နာရီခွဲ အချိန်တွင် ရဲတပ်ဖွဲ့အင်အား ၁၀၀ ကျော် အသုံးပြုပြီး သေနတ်အချက်ပေါင်းများစွာ ပစ်ခတ်လူစုခွဲခဲ့ရာ အောင်သပြေကျေးရွာမှ ဒေသခံရွာသား အများအပြား သေနတ်ဒဏ်ရာများ ရရှိခဲ့ပြီး ဒေသခံအချို့ ဖမ်းဆီးခံထားရကြောင်းလည်း သိရသည်။ လက်ရှိတွင် ရဲတပ်ဖွဲ့၊ ကုမ္ပဏီနှင့် ဒေသခံများအကြား ပဋိပက္ခများ ဆက်လက်ဖြစ်ပွားလျက်ရှိကာ ဒေသခံများက ကုမ္ပဏီအတွင်းရှိ အဆောက်အအုံများအား မီးရှို့ဖျက်ဆီးထားကြောင်း သိရပြီး ရဲတပ်ဖွဲ့က သေနတ်များ ပစ်ဖောက်လူစုခွဲ နေဆဲဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment