‘‘ကျွန်တော် ဆက်ပြီးတော့ ကြံ့ခိုင်မာကျောဖို့လိုပါတယ်။ ဘာလို့လဲဆိုတော့ ဒါက ကျွန် တော့်ရဲ့စရိုက် တစ်စိတ်တစ်ပိုင်း ဖြစ်တာကြောင့်ပါ။ ကျွန်တော် မန်စီးတီးမှာ သိပ်ပျော်ရွှင်နေပါ တယ်။ ပွဲကစားခွင့်နည်းပါးလို့ တခြားတစ်နေရာ ထွက်သွားမယ် ဆိုတာ မဟုတ်ပါဘူး’’ဟု မာရက်ဇ်က ပြောသည်။
ပရီးမီးယားလိဂ်ဖလားကို လက်စတာက အံ့အားသင့်ဖွယ် ကိုင်မြှောက်ခွင့်ရခဲ့သော ၂၀၁၆ က မာရက်ဇ်သည် ပရော်ဖက်ရှင် နယ်ဘောလုံးသမားများ အစည်း အရုံး (PFA)က ပေးအပ်သည့် တစ်နှစ်တာ အကောင်းဆုံးဘောလုံးဆု ရရှိခဲ့ပြီး ၂၀၁၈ ဇူလိုင်တွင် မန်စီး တီးနှင့် ငါးနှစ်စာချုပ်ချုပ်ခဲ့သည်။
လက်စတာတွင် ၁၇၉ ပွဲ ကစားရာ ၄၈ ဂိုး သွင်းယူခဲ့သော မာရက်ဇ်သည် မန်စီးတီး၌ လက်ရှိအချိန်အထိ ၁၂ ဂိုး သွင်းယူပေး ထားသည်။ မေလ ၁၈ ရက်တွင်အက်ဖ် အေဖလားဗိုလ်လုပွဲအဖြစ် ဝက်ဖို့ဒ်နှင့် ရင်ဆိုင်ရန် ပြင်ဆင် နေသော မန်စီးတီး၌ ပုံမှန်ပွဲထွက် ခွင့်ရမည်ဟု ယုံကြည်ကြောင်း မာရက်ဇ်က ထပ်လောင်းပြော သည်။
‘‘ကိုယ့်ကိုယ်ကိုယ် ယုံကြည် မှု အများကြီးရှိပါတယ်။ ကိုယ့်ရဲ့အရည်အချင်းနဲ့ ပတ်သက်လို့ဘယ်တုန်းကမှ သံသယမဖြစ်ခဲ့ဘူး။ ပရီးမီးယားလိဂ်ပြိုင်ပွဲအ ကြောင်း ကျွန်တော်သိပါတယ်။ ဒီပြိုင်ပွဲမှာ ကျွန်တော် အများကြီး စွမ်း ဆောင်ပြခဲ့ပြီးပါပြီ’’ဟု မာရက်ဇ်က ပြောကြားသည်။
No comments:
Post a Comment