
အစိုးရရုပ်သံ CCTV တွင် ဖော်ပြချက်အရ Air China နှင့် အခြားပြည်တွင်း လေကြောင်းလိုင်းတို့မှ ကြီးမားလှသော လေယာဉ်ကြီးများသည် လေဆိပ်၏ ပြေးလမ်းများပေါ်တွင် ဆင်းသက်ခြင်း ၊ မောင်းနှင်ခြင်းတို့ လုပ်ဆောင်နေသည်ကို တွေ့ရသည်။ လေဆိပ်၏ အထွေထွေပံ့ပိုးနိုင်မှု စွမ်းဆောင်ရည်ကို စမ်းသပ်သည့် ယခုကဲ့သို့ ပျံသန်းမှုမျိုးကို သြဂုတ်နှင့် စက်တင်ဘာလတို့တွင်လည်း ထပ်မံလုပ်ဆောင်သွားရန် စီစဉ်ထားသည်။
ပေကျင်းမြို့ထဲရှိ အခြားလေဆိပ်နှစ်ခု၏ဝန်ကို လျော့ကျစေရန် ရည်ရွယ်ဆောက်လုပ်ခဲ့သည့် Daxing လေဆိပ်သည် ၂၀၂၅ ခုနှစ်တွင် အပြည့်အဝလည်ပတ်နိုင်လိမ့်မည်ဖြစ်ပြီး ထိုအချိန်တွင် လေဆိပ်သည်တစ်နှစ်လျှင် ခရီးသည် ၇၂ သန်းကို လက်ခံပေးနိုင်မည်ဟု ခန့်မှန်းထားသည်။ အလွန်များပြားသည့် နိုင်ငံလူဦးရေထဲတွင် ကြွယ်ဝချမ်းသာမှုများ မြင့်တက်လာစဉ် တရုတ်သည် ကမ္ဘာပေါ်တွင် အမြန်ဆုံး ဖွံ့ဖြိုးနေသော လေကြောင်းနယ်ပယ်ကဏ္ဍဍတစ်ခု ဖြစ်လာသည်။
No comments:
Post a Comment