အဲဒီနောက်တပတ်မှာတော့ ၀င်စီးတဲ့ကိစ္စကို ရှေ့နေရှေ့ရပ်တွေနဲ့ ဥပဒေကြောင်းအရ လုပ်ဆောင်သွားမယ်လို့ အိုက်တာဘတ်ရို့စ်က ပြောပါတယ်။
ဘတ်ရို့စ်က သူဟာ ဂျာနယ်လစ်အဖြစ် ကာလကြာ လုပ်ကိုင်ခဲ့တဲ့အတွက် သတင်းလွတ်လပ်ခွင့် အရေးပါပုံကိုသိရှိပြီး လောလောဆယ်မှာတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ခက်တယ်လို့ ဆိုပါတယ်။
ဇွန် ၅ ရက်က သြစတြေးလျ ဖက်ဒရယ်ရဲတပ်ဖွဲ့ဟာ ဆစ်ဒနီမြို့မှာရှိတဲ့ ABC သတင်းဌာန ရုံးချုပ်ကို ရှာဖွေရေးဝရမ်းနဲ့ ၀င်ရောက်စီးနင်းခဲ့ပါတယ်။
အဲဒီစီးနင်းမှုဟာ အာဖဂန်နစ္စတန်နိုင်ငံမှာရှိတဲ့ သြစတြေး အထူးတပ်ဖွဲ့တွေရဲ့ အပြုအမူဆိုင်ရာ အထူးစုံစမ်းရေးနဲ့ ပတ်သက်တယ်လို့ ABC သတင်းဌာနက ပြောပါတယ်။
No comments:
Post a Comment