ထိုသို့ အာဏာနှင့် လုပ်ပိုင် ခွင့်အပေါ် အလွဲသုံးစားပြု၍ လုပ် ဆောင်ခဲ့သော ပြည်နယ်ဝန်ကြီး ချုပ် ဦးအယ်လ်ဖောင်းရှို၊ ပြည် နယ်စီမံဘဏ္ဍာဝန်ကြီး ဦးမော် မော်နှင့် ကြေးရုပ်ဖြစ်မြောက်ရေး ကော်မတီတို့ကို နိုင်ငံရေး ရာဇ ဝတ်ကောင်များ၊ တိုင်းရင်းသား သွေးစည်းချစ်ကြည်ရေး၏ ရန်သူ များအဖြစ် သတ်မှတ်ကြောင်း ဗိုလ်ချုပ်ရုပ်တု ကန့်ကွက်ရာတွင် ပါဝင်သည့် လူငယ်ကိုးဦး လက်မှတ်ထိုးထားသည့် ကြေညာချက် တွင် ဖော်ပြသည်။
‘‘ယခင်လူငယ်ခြောက်ဦးက လက်မှတ်ထိုးကြေညာချက်ထုတ် လို့ တရားစွဲခံရတာ။ အခု အဲဒီ လူငယ်ခြောက်ဦးကို ဝန်းရံတဲ့အ နေနဲ့ လက်မှတ်ကမ်ပိန်းလုပ်တာ ပါ’’ဟု ဗိုလ်ချုပ်ရုပ်တု ကန့်ကွက် မှုများတွင် ပါဝင်သည့် ကရင်နီ လူငယ်တစ်ဦးက ယမန်နေ့ ကြေ ညာချက်နှင့် ပတ်သက်၍ ပြော သည်။
မတ်လ ၂၅ ရက်က ကိုဒီးဒီ အပါအဝင် ဗိုလ်ချုပ်ရုပ်တုကန့် ကွက်သည့် လူငယ်ခြောက်ဦးက အထက်ပါအတိုင်း ကြေညာချက် ထုတ်ပြန်ရာ ပြည်နယ်အစိုးရအဖွဲ့ က ယင်းလူငယ်ခြောက်ဦးကို မေလ ၁၇ ရက်တွင် ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုဥပဒေပုဒ်မ ၁၀ ဖြင့် အမှုဖွင့်ခဲ့သည်။
ယင်းနောက် အဆိုပါ လူ ငယ်ခြောက်ဦးသည် အဖမ်းခံ ခြင်းမရှိဘဲ တိမ်းရှောင်နေသဖြင့် ရဲတပ်ဖွဲ့က တရားခံပြေးအဖြစ် သတ်မှတ်၍ လိုက်လံဖမ်းဆီးခဲ့ရာ လူငယ် ခူးကြူးဖဲကေး (ခ) ဂူးဂူး ကို ဖမ်းမိပြီး လက်ရှိတွင် ၎င်းကို လွိုင်ကော်အကျဉ်းထောင်၌ ထိန်း သိမ်းထားသည်။ ကိုဒီးဒီအပါအဝင် ကျန်လူငယ်ငါးဦးကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးမိရေးလုပ်ဆောင်နေသည်။
တစ်နှစ်ခန့်ကြာအောင် နှစ် ဖက်တင်းမာမှုများ ဖြစ်ပေါ်နေ သည့် ဗိုလ်ချုပ်ရုပ်တုကိစ္စနှင့် ပတ် သက်၍ ဆွေးနွေးမှု ပျက်ပြယ်ခဲ့ပြီးနောက် ပြည်နယ်အစိုးရအဖွဲ့က ဗိုလ်ချုပ်ရုပ်တု ကန့်ကွက်သည့် လူငယ်များအပေါ် တရားစွဲဆိုခြင်းဖြစ်သည်။
ယင်းကိစ္စနှင့် ပတ်သက်၍ ကယားပြည်နယ် စီမံဘဏ္ဍာဝန် ကြီး ဦးမော်မော်ထံ ယမန်နေ့ ညနေတွင် ဖုန်းဖြင့်ဆက်သွယ်မေးမြန်း ရာ ဝန်ကြီး အစည်းအဝေးခန်းအ တွင်း ရှိနေသဖြင့် ပြန်လည်ဖြေ ကြားရန် အဆင်မပြေကြောင်း ဖုန်း လက်ခံဖြေဆိုသည့် ၎င်း၏ တာဝန်ရှိသူက ပြောသည်။ ဗိုလ်ချုပ်ရုပ်တု တည် ဆောက်ခြင်းအတွက် ပြည်နယ် အစိုးရအဖွဲ့က လွှတ်တော်သို့ အသိပေးခြင်းမရှိဘဲ ငွေကြေးများ သုံးစွဲခဲ့ကြောင်း ကြေညာချက်နှင့် ပတ်သက်၍ ကယားပြည်နယ် လွှတ်တော်ဒုဥက္ကဋ္ဌ ဦးတင်မြင့်ထံ ဇွန်လ ၇ ရက် ညနေတွင် ဆက် သွယ်မေးမြန်းရာ နေပြည်တော်၌ အလုပ်ရုံဆွေးနွေးပွဲတက်ရောက် နေသဖြင့် ယင်းကိစ္စနှင့် ပတ်သက် ၍ ဖြေကြားနိုင်ခြင်းမရှိသေး ကြောင်း ပြောသည်။
No comments:
Post a Comment