Pages
Saturday, June 8, 2019
ရုပ်ရှင်နှစ်တစ်ရာပြည့်အဖြစ် အပူပိုင်းဒေသမှာ သစ်ပင်နှစ်ထောင်ကျော် စိုက်မယ်
လာမယ့်နှစ် အောက်တိုဘာ ၁၃ မှာ ကျရောက်မယ့် မြန်မာ့ရုပ်ရှင် နှစ်တစ်ရာပြည့်အကြို အဖြစ် မကွေးတိုင်း ချောက်မြို့မှာ သစ်ပင် နှစ်ထောင်ကျော်ကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ကြီးမှူးပြီးစိုက်ပျိုးသွားမှာပါ။ အပူပိုင်းဒေသမှာ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့၊ ရာသီဥတုကို သမမျှတရာရောက်ပြီး ရုပ်ရှင်နှစ်တစ်ရာ ကာလအတွင်းမှာ အားပေးကြတဲ့ပရိသတ်တွေကို ကျေးဇူဆပ်တဲ့အနေနဲ့ ရုပ်ရှင်လောကသားတွေက သွားရောက်စိုက်ပျိုးတာဖြစ်တယ်လို့ အကယ်ဒမီဇင်ဝိုင်းကပြောပါတယ်။ ဒါ့အပြင် ရေရှားပါးတဲ့နေရာတွေမှာ သောက်သုံးရေကန်တွေတူးဖော်ပေးသွားဖို့စီစဉ်နေပြီး ရုပ်ရှင်လောကသားတွေနဲ့ တခြားအဖွဲ့အစည်းတွေရဲ့လှူဒါန်းမှုတွေနဲ့ မတည်ပြီး ပြုလုပ်သွားမယ်လို့ သိရပါတယ်။ ရုပ်ရှင်နှစ်တစ်ရာပြည့် အကြိုလှုပ်ရှားမှုတွေကို ဇွန်လ ၁၈ ရက်မှာ စတင်မှာဖြစ်ပြီး နှစ် တစ်ရာပြည့်ပွဲအတွက်လည်း စတင်ပြင်ဆင်လို့နေပြီလို့ဆိုပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment