
ဗုဒ္ဓစာပေ သင်ယူဖို့ သာသနတာဝန် ထမ်းရွက်ဖို့ ရဟန်းပြုလာသူ... ထီးလင်းမြေမှ မောင်အောင်ကောင်းဆက်။ ၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းမှာ မလ -၄၁၂ ခုံအမှတ် - ဘာသာစုံ ဂုဏ်ထူးဖြင့် မလှိုင် မိသားစု ကိုယ်ပိုင်အထက်တန်းကျောင်းမှ အောင်မြင်ခဲ့ပေပြီ။ ထီးလင်းမြို့နယ်ရဲ့ဂုဏ်ကို ဆောင်နိုင်လို့အတိုင်းမသိ ဂုဏ်ယူဝမ်းမြောက်ပါတယ်။ ထို့ ထက် ပို၍ ဂုဏ်ယူ ဝမ်းမြောက်မိသည်မှာ အောင်စာရင်း မထွက်ခင်ကပင် ပြတ်ပြတ်သားသား သာသနဝန်ထမ်းအဖြစ်ခံယူ၍ ရှင်ကုဏ္ဍလ အဖြစ်... စစ်ကိုင်း မြစကြာ စာသင်တိုက်တွင် ဗုဒ္ဓစာပေများကို သင်ယူနေမှုပင် ဖြစ်ပါသည်။ေ လာင်းမြတ်ဝေဿန္တရာ ထုံး နှလုံးမူ၍ သာသနာတော်အား လူကို (တနည်း) ထူးချွန်လိမ္မာသော သားကို လှူရဲ လှူဝံ့ပါသော မိဘများ၏ စိတ်စေတနာကိုလည်း သာဓုခေါ်မိပါ၏။ သက်ဆုံးတိုင် ကျန်းမာ ချမ်းသာ ကြည်နူးစွာဖြင့် သာသနဝန်ထမ်းကောင်း ရှင်ရဟန်းမြတ် ဖြစ်ပါစေ။
ထပ်တူဝမ်းသာလျက်
No comments:
Post a Comment