Pages
Friday, June 7, 2019
အင်းတော်မြိုနယ် ပင်ဝယ်ကျေးရွာတွင်အမျိုးသားတစ်ဦး အရက်သေစာမူးယစ်သောက်စားပြီး ဓားကိုင်ရမ်းကား
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်ပင်ဝယ်ကျေးရွာတွင် အမျိုးသားတစ်ဦး အရက်သေစာမူးယစ်သောက်စားပြီး ဓားကိုင်ရမ်းကားနေသဖြင့် အရေးယူနိုင်ခဲ့သည် ။ ဖြစ်စဉ်မှာ ဇွန် ၁ရက် နေ့လယ် ၁၂နာရီခွဲက ရဲတပ်သားညီညိစိုးပိုင် သက်သေပင်ဝယ် ကျေးရွာအုပ်ချုပ်ရေးမှူးဦးထွန်းလင်းအောင် ဦးအောင်နိုင် ဦးမွန်းအောင် အဖွဲ့တို့နှင့်အတူ နယ်မြေလှည့်ကင်းဆောင်ရွက်နေစဉ် ပင်ဝယ်ကျေးရွာကချင်စုရပ်ကွက်အတွင်းရှိ လမ်းမပေါ်တွင် လူတစ်ယောက်မူးပြီးဓားကိုင်ရမ်းကားနေကြောင်း သတင်းအရ သွားရောက်ရာ ၎င်းမှာပင်ဝယ်ကျေးရွာကချင်စုရပ်ကွက်နေ အဖဦးကျော်ဝင်း၏သား သန်းစိုး ၃၃နှစ်ဖြစ်ပြီးလမ်းမပေါ်တွင် အရက်သေစာသောက်စားမူးယစ်ပြီး အရိုးအသွား၁၀ လက်မခန့်ရှိ သော သစ်သားရိုးတပ် ဓားဦးချွန်အားကိုင်ဆောင်၍ ရမ်းကားသောင်းကျန်းနေကြောင်းတွေ့ရှိရသဖြင့် သက်သေများရှေ့မောက်တွင် ရှာဖွေပုံစံဖြင့်သိမ်းဆည်းကာ ရဲအုပ်ဝင်းကိုမှ တရားလိုပြုလုပ်၍တိုင်တန်းခဲ့ကြောင်း သိရသည် ။ ဖြစ်စဉ်ကြောင့် အရက်သေစာသောက်စားမူးယစ်ပြီး အများသူငှာသွားလာရာနေရာတွင် ဓားကိုင်ရမ်းကားသူ သန်းစိုး ၃၃နှစ်အား မော်လူးနယ်မြေရဲစခန်က အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်းသိရသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment