Pages
Friday, June 7, 2019
ချန်ပီယံလိဂ် အကောင်းဆုံး အသင်းတွင် စီရော်နယ်ဒိုနှင့် မက်ဆီတို့ ပါဝင်
စီရော်နယ်ဒိုနှင့် မက်ဆီတို့သည် မိခင်ကလပ်များနှင့်အတူ ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ခြင်းမရှိ သော်လည်း တစ်ရာသီအတွင်း ချန်ပီယံလိဂ်အကောင်းဆုံးအသင်းတွင် ရွေးချယ် ခြင်းခံခဲ့ရသည်။ စီရော်နယ်ဒို၏ ဂျူဗင်တပ်သည် ကွာတားအထိသာတက်နိုင်ခဲ့ပြီး အေ ဂျက်ကြောင့် ပြိုင်ပွဲမှထွက်ခဲ့ရသလို မက်ဆီ၏ဘာစီလိုနာမှာလည်း ချန်ပီယံ ဖြစ်ခဲ့သောလီဗာပူးကို ဆီမီးတွင် အရေးနိမ့်ခဲ့ရသည်။ ယခုလူစာရင်းတွင် အေဂျက်မှ ဒီလစ်၊ ဒီဂျောင်၊ နီရက်စ်၊ ဇီယက်နှင့် တာဒစ် ကစားသမားငါးဦးအထိ ပါဝင်နေပြီး ဒုတိယရ စပါးအသင်းမှ ဗာတွန်ဂန်၊ မော်ရာနှင့် ဆစ်ဆိုကိုတို့ ပါဝင်ခဲ့သည်။ ချန်ပီယံလီဗာပူးမှ ဂိုးသမား အလစ်ဆန်၊ အာနိုး၊ ဗန်ဒစ်၊ ရောဘတ်ဆင်၊ ဝီနယ်လ်ဒန်၊ မာနေးတို့ပါဝင်နေပြီး ဘာစီလိုနာမှ တာစတီဂန်၊ မန်စီးတီးမှ စတာလင်းနှင့် ဒီဘရူနီ၊ လိုင်ယွန်မှ အန်ဒွန်ဘီလီတို့လည်း ရွေးချယ်ခံခဲ့ရသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment