
ဒီကနေ့ မေလ ၃၁ရက် မနက်ပိုင်းမှာတော့ မီးလောင်ထားတဲ့ ပစ္စည်တွေ ရှင်းလင်းမှု ပြုလုပ်စဉ်မှာ နှစ်ခန်းတွဲဆိုင်ရဲ့ ခေါင်းရင်းဘက်အခန်း အပေါ်ထပ်မှာ သူမရဲ့ ရုပ်အလောင်းကို တွေ့ရှိတာ ဖြစ်တယ်လို့ မျက်မြင်တွေ့သူ တစ်ဦးက ပြောပါတယ်။
“မနေ့ညက မီးသတ်နေတုန်းမှာ လူအော်သံလည်းမကြားရဘူး။ ဘာသံမှလည်းမကြားရတော့ အဲဒီကလေးမက ကြောက်ပြီး ထွက်ပြေးသွားတယ်လို့ပဲ ထင်ကြတာ။ ဒီမနက်ရှင်းလင်းရေးလုပ်မှ ရုပ်အလောင်းကို တွေ့ကြတာ” လို့ မျက်မြင်တွေ့ရှိသူ တစ်ဦးက ပြောပါတယ်။
ယမန်နေ့ညက ကုန်စုံဆိုင်မီးလောင်မှုဟာ အချိန်တစ်နာရီကျော်ကြာမြင့်ခဲ့ပြီး ဆိုင်အတွင်းမှာ မီးလောင်လွယ်တဲ့ ကုန်ပစ္စည်းတွေရှိတာကြောင့် ခက်ခက်ခဲခဲ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရတာဖြစ်ပါတယ်။
No comments:
Post a Comment