
လေဆိပ်လေးထပ်မှာ သူ့ခရီးဆောင်အိတ်ပျောက်ဆုံးသွားတယ်လို့ တိုင်ကြားခဲ့တဲ့ ဗီယက်နမ်နိုင်ငံသားတစ်ယောက်ရဲ့တိုင်ကြားချက်ကြောင့် စုံစမ်းမှုစတင်ခဲ့တာပါ။
လုံခြုံရေးကင်မရာမှတ်တမ်းကို ပြန်ကြည့်ရာမှာတော့ အသက် ၅၂ နှစ်အရွယ် ချန်က အိတ်ကို လေဆိပ်အပြင် သယ်ထုတ်သွားတာ တွေ့ခဲ့ရပါတယ်။
ချန်ကလည်း ဝန်ခံထားတယ်လို့ ဝိုရပွန်းကပြောပါတယ်။
မေ ၂၂ ရက်မှာ ရဲတွေကိုတိုင်ကြားခဲ့တဲ့ ဗြိတိန်နိုင်ငံသားတစ်ယောက်ဆီကနေ ဘတ် ၃၅၀၀၀ ခိုးယူသွားတဲ့လူပုံစံကလည်း ချန်နဲ့အတူနေတဲ့ တန်နဲ့ဆင်တူနေပါတယ်။
စွဲချက်တွေကို တန်ကငြင်းဆိုပေမဲ့ သူ့ရဲ့ဗီဇာသက်တမ်းကုန်နေတာကြောင့် ထိုင်းလူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့က သူ့ကို ထိန်းသိမ်းထားပါတယ်။
No comments:
Post a Comment