ယင်းအိမ်တွင်ပင် MillionsDream အမည်ဖြင့် စတူဒီယိုအသစ်တစ်ခုဖွင့်လှစ်ပြီး နောက်ပိုင်း အနုပညာနှင့် ပတ်သက်သည့် အ လုပ်များပါ တွဲဖက်လုပ်ကိုင်မည် ဟု ဆိုသည်။
‘‘ပိုပို့မှာ အိပ်မက်တွေ အများကြီးရှိတယ်။ တခြားသော အနု ပညာရှင်တွေမှာလည်း အိပ်မက် များစွာရှိတယ်။ အဲဒီအိပ်မက်တွေ ကို ဒီစတူဒီယိုမှာ လာဖန်တီးလို့ရ တယ်ဆိုတဲ့ အဓိပ္ပာယ်ပေါ့’’ ဟု ပိုပိုက ပြောသည်။
နောက်ပိုင်းတွင် ကိုယ်တိုင် သီချင်းဖန်တီးမည်ဖြစ်သကဲ့သို့ တော်သည့် ကလေးများကိုလည်း မြူးဇစ်ပရိုဂျူဆာလုပ်ပေးမည်ဟု ဆိုသည်။
‘‘သီချင်းက ကိုယ်ကိုယ်တိုင် လည်း လုပ်မယ်၊ ပရိုဂျူဆာလည်းလုပ်မယ်။ နောက်ပိုင်းကလေ အရမ်းတော်တဲ့ ကလေးတွေခေါ် ပြီး ပရိုဂျူဆာ လုပ်မယ်။ အခုကစုစန္ဒီထွန်းကို Produce လုပ်ပေး နေတယ်။ နောက်ပိုင်းကတော့ အကုန်လုံးလုပ်မယ်။ နောက် ၂ နှစ်၊ သုံးနှစ်ကြာရင်တော့ အင်တာတိန်းမန့် အကြီးကြီးတွေလုပ်ဖို့ ရှိတယ်။ ပိုပို ပရိုဂျူဆာလုပ်မယ် ဆိုတာက ဝါသနာပါလို့ပေါ့။ ကိုယ်က မြူးဇစ်ဖန်တီးချင်တဲ့သူဆို တော့လေ အရင်ကတည်းက ဝါသနာပါတယ်’’ဟု ၎င်းက ဆို သည်။ လက်ရှိ အနုပညာလှုပ်ရှားမှု အနေဖြင့် ဇူလိုင် ၇ ရက်တွင် 'Bird'ဟု အမည်ရသည့် သီချင်း တစ်ပုဒ်ထွက်ရှိမည်ဖြစ်ကြောင်း၊ Bird သီချင်းထွက်ပြီးလျှင် 'Holiday'ဟုအမည်ရသည့် သီချင်းသစ်တစ် ပုဒ်နှင့် အချစ်သီချင်းတစ်ပုဒ်ထွက် ရှိမည်ဖြစ်ပြီး တေးသံသာ Application တွင် နားထောင်နိုင်မည်ဖြစ် ကြောင်း ပိုပိုက ပြောသည်။
No comments:
Post a Comment