ယင်းဇာတ်ကားကို လွန်ခဲ့ သည့် လေးနှစ်ခန့်က ရိုက်ကူးပြီး Visual Effect အတွက် ၂ နှစ်ခွဲခန့် အချိန်ပေးခဲ့ရကြောင်း ၎င်းက ဆိုသည်။ ‘‘ပုံမှန်ကားထက်တော့ သုံး ဆလောက်တော့ကုန်တယ်။ အတိအကျကို မမေးထားဘူး။ မသိချင် လို့၊ သိနေရင် ခေါင်းလေးမှာစိုးလို့။ ထုတ်လုပ်သူ စိတ်ဝင်လာမှာစိုး လို့’’ဟု ညိုမင်းလွင်က ပြော သည်။
ယင်းဇာတ်ကားကို ၎င်းတို့၏ ကိုယ်ပိုင်ထုတ်လုပ်ရေးဖြစ်သည့် ‘ညကျောင်း’ ရုပ်ရှင်ထုတ်လုပ်ရေး က ရိုက်ကူးခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၌ ရှိသင့်သည့် ဇာတ်ကားဖြစ် သောကြောင့် ကြိုးစားဖန်တီးခဲ့ ကြောင်း ၎င်းက ဆိုသည်။
အနန္တရုပ်ရှင်တွင် ဖြိုးငွေစိုး၊စိုင်းလွှမ်း၊ နန်းဆုဦး၊ သက်ထား ဝေဇင်တို့အပါအဝင် မျက်နှာသစ်သရုပ်ဆောင်များ ပါဝင်ရိုက်ကူး ထားပြီးယနေ့ကစ၍ ရန်ကုန်၊ မန္တလေးအပါအဝင် တစ်နိုင်ငံလုံးရုံတင်ပြသမည်ဖြစ်သည်။ ‘‘ရင်ခုန်လားမေးရင်တော့ ပရိသတ်ရဲ့မှတ်ချက် ဘယ်လိုရှိမလဲဆိုပြီး ဒါရိုက်တာအသစ်တစ် ယောက်လို ရင်ခုန်ပါတယ်’’ဟု ညိုမင်းလွင်က ယင်းဇာတ်ကားနှင့် ပတ်သက်၍ ပြောသည်။
No comments:
Post a Comment