
ယင်းဒေသန္တရ လက်လုပ်မိုင်းအား ကိုရွှေကြာနှင့် သူငယ်ချင်းဖြစ်သူ ကိုကျော်သူအောင် တို့နှစ်ဦးက စတင်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
"ဒါကတော့ ရှင်းပါတယ်၊ အဖျက်အမှောက် လုပ်တာပေါ့၊ အခု အမှတ် (၂) ချစ်ကြည်ရေးတံတားကြီးက မကြာမီ ကုန်တင်ယာဉ်တွေ ဖြတ်သန်း သွားလာကြတော့မယ်၊ စီးပွားရေး ကုန်သွယ်မှုတွေ ကောင်းလာမယ်၊ ဒါတွေကို မလိုလားဘဲ အဖျက်လုပ်ငန်း လုပ်တာပေါ့။ နောက်ပြီး ဒီဒေသန္တရ လက်လုပ်မိုင်းဟာ ပေါက်ကွဲမှုအား ပြင်းထန်ပြီး လူတွေ သေဆုံးနိုင်တယ်၊ ပြီးတော့ စစ်ဆေးတွေ့ရှိချက်အရ အဝေးထိန်း ရီမုတ်နဲ့ ဖောက်ခွဲနိုင်တဲ့ လက်လုပ်မိုင်းအဖြစ် စစ်ဆေးတွေ့ရှိရပါတယ်၊ ဒါကို စစ်မြေပြင် အင်ဂျင်နီယာတပ်က တပ်မတော်သားတွေက ပြည်သူတွေ အသက်အန္တရာယ်ကင်းစေဖို့ အချိန်မီ ရှင်းလင်း ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်၊ တွေ့ရှိတဲ့ ပြည်သူ နှစ်ဦးကိုလည်း အချိန်မီ ရှင်းလင်း ဆောင်ရွက်နိုင်အောင် သတင်းပေးတဲ့အတွက် အထူးပဲ ကျေးဇူးတင်ပါတယ်" ဟု တပ်မတော်မှ တာဝန်ရှိသူ အရာရှိတစ်ဦးက ပြောကြားသည်။
အဆိုပါ လက်လုပ်မိုင်းအား တွေ့ရှိသူများက သက်ဆိုင်ရာ တာဝန်ရှိသူများထံသို့ အကြောင်းကြားခဲ့ရာ နံနက် ၈ နာရီခွဲတွင် မြဝတီခရိုင် ရဲတပ်ဖွဲမှူး ဒုရဲမှူးကြီး မျိုးသန့်၊ ရှေတန်းစစ်မြေပြင် အင်ဂျင်နီယာတပ် (၈) ခွဲ (၂) မှ ဗိုလ်မှူး နိုင်လင်းဦးနှင့် တပ်မတော်သားများ အပါအဝင် တာဝန်ရှိသူများက ရောက်ရှိ စစ်ဆေးပြီး အသက်မဲ့ ရှင်းလင်းနိုင်ခဲ့ကြောင်း သိရသည်။
No comments:
Post a Comment