
""ဒီကျောင်းဆောင်တွေက ပြု ပြင်မှရမယ်။ မပြုပြင်ဘူးဆိုရင်တော့ စာသင်ဖို့အတွက်ကို အဆင်ပြေမှာ မဟုတ်ဘူး""ဟု ကချင်ပြည်နယ် ပညာ ရေးမှူးရုံးမှ လက်ထောက်ညွှန်ကြား ရေးမှူး ဦးရဲအောင်က ပြောကြား သည်။အဆိုပါ ကျောင်းဆောင်နှစ် ဆောင် ပြုပြင်ရန်အတွက် ယခုအ ခါ တင်ဒါခေါ်ယူထားပြီး လာရောက် လျှောက်ထားသည့် ကုမ္ပဏီသုံးခုကို စစ်နေဆဲဖြစ်ကာ ယခုနှစ်ပညာသင် နှစ်တစ်နှစ်လုံးကို ယင်းကျောင်း ဆောင်ဟောင်းနှစ်ဆောင်၌သာ သင် ကြားပေးသွားမည်ဖြစ်ပြီး ကျောင်း ဆောင်သစ် တိုးချဲ့တည်ဆောက် သွားရန် ယခုနှစ်အတွင်း၌ စီမံချက် မရှိကြောင်း သိရသည်။
""ဒီနမ်ဆန်ယန် ကျောင်းပြင် ဖို့အတွက် ကုမ္ပဏီသုံးခုကနေ တင်ဒါခေါ်ယူထားတယ်။ စိစစ်နေ တုန်းပဲ။ မထွက်သေးဘူး။ နှစ်ထပ် ဆောင်ပြင်ဖို့က ကျပ် ၅၃၆ သိန်း၊ နောက်တစ်ဆောင်ပြင်ဖို့က ကျပ် ၈၃ သိန်းချပေးထားတယ်""ဟု ပြည် နယ်ပညာရေးမှူးရုံးမှ ဒုတိယညွှန် ကြားရေးမှူး(ဘဏ္ဍာ) ဦးမြင့်စိုးက ပြောကြားသည်။
နမ်ဆန်ယန်ကျောင်း၌ ယခု ပညာသင်ယူနေသည့် ကျောင်းသား ကျောင်းသူများမှာ ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာ၌ ကန်တော်ယန် အမည်ဖြင့် ဖွင့်လှစ်ထားသည့် အလက နမ်ဆန်ယန်ကျောင်းမှ ကျောင်းသားကျောင်းသူ အများဆုံး ဖြစ်ပြီး လိုင်ဇာဘက်မှ စစ်ရှောင်စ ခန်းများရှိ ကျောင်းသားကျောင်းသူ များလည်း ပါဝင်ကြောင်း သိရ သည်။
No comments:
Post a Comment