‘‘ဒီနိုင်ပွဲက နည်းပြအဖွဲ့အ တွက်ပါ။ သူတို့အများကြီး ထိုးနှက် ခံခဲ့ရတယ်။ လူတွေအများကြီးက ကျွန်တော်တို့ကို သံသယရှိခဲ့ တယ်။ ဒါပေမဲ့ ကျွန်တော်တို့က နည်းပြအဖွဲ့ကို အရမ်းယုံကြည် တယ်။ ကျွန်တော်တို့စီမံကိန်း၊ ကျွန်တော်တို့အလုပ်ကို ယုံကြည် တယ်’’ ဟု ဂျီးဆပ်၏ ဂိုးကိုဖန်တီး ခဲ့သူ အဲလ်ဗက်စ်ပြောသည်။
အာဂျင်တီးနားကြယ်ပွင့် မက်ဆီကမူ ယခုပွဲတွင် ဗီဒီယိုအ ကူဒိုင်လူကြီးစနစ် (VAR) အသုံး မပြုခြင်းနှင့်ပတ်သက်၍ ဒေါသ ထွက်ခဲ့သည်။
‘‘ဒီကိုပါအမေရိကဒိုင်လူ ကြီးတွေက ပြစ်ဒဏ်ဘောတွေအ များကြီး ပေးခဲ့ပါတယ်။ ဒါပေမဲ့ ဒီကနေ့မှာတော့ VAR ကို တစ် ကြိမ်တောင် မသုံးခဲ့ပါဘူး’’ ဟု သာမန်အားဖြင့် စကားလုံးများ ဖြင့် တိုက်ခိုက်လေ့မရှိသော မက် ဆီက ပြောသည်။
‘‘ဒါကို ကြည့်ရှုပြီး တောင်အ မေရိကဘောလုံးအဖွဲ့ချုပ်ကတစ် ခုခုလုပ်မယ်လို့ မျှော်လင့်ပါတယ်။ အသင်းတစ်သင်းကို မျက်နှာသာ ပေးပြီး ဒီဒိုင်လူကြီးတွေက ကွင်း ထဲမှာ မညီမျှအောင် လုပ်ခဲ့တယ်’’ ဟု မက်ဆီက ဆက်လက်ပြော သည်။
ဗိုလ်လုပွဲရောက် ဘရာဇီး သည် ချီလီ (သို့မဟုတ်) ပီရူးနှင့် ဗိုလ်လုပွဲ ယှဉ်ပြိုင်ရမည်ဖြစ် သည်။
‘‘VAR က ငါးယောက် မြောက် ဒိုင်လူကြီးလို ဖြစ်မယ်လို့ သူတို့ကပြောတယ်။ ဒီလိုသာဖြစ် လာမယ်ဆိုရင် VAR မရှိတာကမှ ပိုကောင်းဦးမယ်’’ ဟု အာဂျင်တီး နားတိုက်စစ်မှူး အဂူရိုကလည်း ပြောကြားသည်။
No comments:
Post a Comment