‘၀တ်လဲတော် ရွှေပုဆိုး တန်းထိုးလို့ကြိုမယ်’ ရုပ်ရှင်ကို ဇူလိုင်လလယ်တွင် အထက်ပါ ရွာများ၌ သွားရောက်ရိုက်ကူး မည်ဖြစ်ပြီး ဒေါင်း၊ ၀တ်မှုံရွှေရည် နှင့် အေးဝတ်ရည်သောင်းတို့ အဓိ ကပါဝင်သရုပ်ဆောင်မည်ဖြစ် သည်။ ယင်းဝတ္ထုသည် စာရေး ဆရာမခင်ခင်ထူး၏ နာမည်ကြီး ၀တ္ထုဖြစ်ပြီး ရုပ်ရှင်အဖြစ် ပုံဖော် ရာတွင် ရွေးချယ်ထားသည့်သရုပ် ဆောင်များနှင့် မလိုက်ဖက် ကြောင်း ဝေဖန်မှုများရှိခဲ့သည်။
‘‘စာဖတ်ပရိသတ်တွေထက် ကျော်မြင်အောင်ကြိုးစားရတယ်။ ဒါပေမဲ့ ကျော်လည်းမမြင်နိုင်ဘူး။ ဇာတ်ကောင်က ဘောင်ခတ်ပြီး သားကိုး။ ဘောင်ခတ်ပြီးသားအ ရာကို လုပ်ရတာက ကိုယ့်ရဲ့ဖန် တီးမှုကို ခဏမေ့ထားရတယ်။ ဇာတ်ကောင်အတိုင်းဖြစ်အောင် ကိုယ့်ကိုယ်ကိုယ်ဘောင်ခတ်ရ တယ်’’ ဟု ဒေါင်းက နာမည်ကြီး ၀တ္ထုများ ရိုက်ကူးရသည့်ခံစားမှု ကို ပြောသည်။ ထို့ကြောင့် ယင်းဇာတ်ကား မရိုက်ကူးမီ စာရေးဆရာမခင်ခင် ထူးနှင့်တွေ့ဆုံစဉ် ယင်းဇာတ်ရုပ် တွင် သရုပ်ဆောင်ရန် ဆရာမထံ မှ အကြံဉာဏ်များယူခဲ့ကြောင်း ဒေါင်းက ပြောသည်။
No comments:
Post a Comment