‘‘ကချင်ကတော့ အများဆုံးဖြစ်နေတယ်။ ရေဘေးသင့်ဒေသတွေကို အသက်ကယ်လှေ တွေ ထပ်ပို့နေတယ်’’ဟု ဘေးအန္တရာယ်စီမံ ခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ ထွန်းက ယမန်နေ့တွင်ပြောသည်။
ကချင်ပြည်နယ် မြစ်ကြီးနား အထက်ပိုင်း ဒေသများ၌ မလိခမြစ်ရေကြီးရာ ဇူလိုင် ၁၃ ရက်တွင် မြစ်ကမ်းဘေးအိမ်အချို့ အလုံးလိုက် ရေထဲမျောပါလာသည်ဟု မြစ်ကြီးနားမြို့ခံများက ပြော သည်။
‘‘ပြည်နယ်အစိုးရက မြို့ပေါ် မှာသာ ကယ်ဆယ်ရေးလုပ်နေ တာ။ နယ်ဒေသအချို့မှာ တော် တော်လေးအခက်တွေ့နေတယ်’’ ဟု မြစ်ကြီးနားမြို့ခံ ဇခုန်ဘရန်နူး က ပြောသည်။ လတ်တလောကာ လ၌ မြစ်ရေများ မြင့်တက်နေစဉ် မိုးရွာသွန်းမှုကလည်း များပြားနေ ၍ ရေကြီးနစ်မြုပ်မှုဧရိယာ ပို ကျယ်ပြန့်လာခြင်းဖြစ်သည်။
ဇူလိုင် ၁၃ ရက်အခြေအနေ အရ ဧရာဝတီမြစ်ရေသည် မြစ် ကြီးနား၊ ဗန်းမော်၊ ရွှေကူ၊ ကသာ မြို့တို့တွင်လည်းကောင်း၊ ချင်း တွင်းမြစ်ရေသည် ခန္တီးနှင့် ဟုမ္မ လင်းမြို့တို့တွင်လည်းကောင်း၊ စစ်တောင်းမြစ်ရေသည် မဒေါက် မြို့တွင်လည်းကောင်း စိုးရိမ် ရေမှတ်အနီး မြင့်တက်နေသည်။
ရခိုင်ပြည်နယ်တွင် ကုလား တန်မြစ်ရေသည် ကျောက်တော် မြို့၏စိုးရိမ်ရေမှတ်အထက် တစ် ပေကျော်နေပြီး လေးမြို့မြစ်ရေ သည် မြောက်ဦးမြို့တွင် စိုးရိမ်ရေ မှတ်အထက် လေးပေကျော်နေ သည်။ အထက်ပါမြို့များတွင် ရေ ဘေးဆက်လက်သတိပြုနေထိုင် ရန် မိုးလေဝသနှင့် ဇလဗေဒညွှန် ကြားမှုဦးစီးဌာနက သတင်းထုတ် ပြန်ထားသည်။
လာမည့် ရက်များတွင် ကချင်၊ ချင်း၊ ရခိုင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအပြင် နေ ပြည်တော်၊ ရန်ကုန်နှင့် ဧရာဝတီ တိုင်းဒေသကြီးတို့တွင်လည်း မိုး ကြီးနိုင်ကြောင်း သတိပေးချက် ထုတ်ပြန်ထားသည်။ ထို့အပြင် မြန်မာနိုင်ငံ ဒေသ အများအပြားတွင် ဇူလိုင် ၁၅ ရက်နောက်ပိုင်းက စတင်ကာ မိုးသိသိ သာသာ မိုးအားကောင်းနိုင်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က သတိပေးထားပြီး ရေဘေးကြိုတင်ကာ ကွယ်ရေး ဆောင်ရွက်ထားရန် အလွန်အရေးပါနေသည်။
No comments:
Post a Comment