ယင်းဆန္ဒပြပွဲကို အလှူ ငွေ ကောက်ခံခြင်းမရှိဘဲ မိမိကိုယ် ပိုင်ငွေဖြင့် ဆောင်ရွက်ခြင်းဖြစ် ပြီး ဗစ်တိုးရီးယားအမှုအမှန်တရား ပေါ်ပေါက်ချိန်အထိ ပြည်သူလူ ထုနှင့်အတူ ရပ်တည်မည်ဖြစ် ကြောင်း ဦးဆောင်ပါဝင်သူ တစ်ဦးဖြစ်သည့် ဦးအောင်နိုင် ကပြောသည်။ ‘‘တကယ်ရင်ထဲ ကပါတဲ့ သူတွေကတော့ဘာအ မြတ်ထုတ်မှုမှမရှိပါဘူး’’ ဟု ၎င်း ကဆိုသည်။ ယင်းဆန္ဒပြပွဲတွင် ပါဝင်သူ ၅၀၀ ကျော်နှင့် လိုက်ပါ ၀န်းရံသူ ၂၀၀ ကျော်ရှိသည်။
‘‘အမှန်တရားကို အမြန် ဖော်ထုတ်သင့်နေပြီလေ။ ဒီ ကလေးလေးသေးသေးလေကိုမှ မယုတ်မာကြနဲ့’’ ဟု ဆန္ဒပြပွဲ တွင် ပါဝင်သူနေပြည်တော်မှ အသက် ၂ နှစ်ကျော်အရွယ် မိခင်ဒေါ်သက် ထားနွယ်ကပြောသည်။ လက်ရှိတွင် ၎င်းသမီးငယ် လေးကိုမူကြိုကျောင်းသို့ မပို့ရဲဘဲ သက်ငယ်မုဒိမ်းကို နေ့စဉ်နှင့် အမျှကြားနေသဖြင့် နေ့စဉ်စိုး ရိမ်စိတ်ဖြင့် နေထိုင်နေရကြောင်း ၎င်း ကဆိုသည်။
‘‘အရမ်းကို လွန်လွန်းနေပြီ။ တရားဥပဒေက မှတ်လောက် အောင်လုပ်ပေးလိုက်တော့လေ။ ဒီကောင်တွေကို ကျွန်မတို့ ကလေးအမေတွေဘယ်လိုနေမ လဲ၊ မြန်မာနိုင်ငံမှာ ဘယ်လိုနေ ရမှာလဲ၊ ဒီနိုင်ငံကနေ ထွက်ပြေး သွားရမှာလား၊ ဒီတရားဥပဒေစိုး မိုးရေးက ဘာလဲ၊ ဘယ်အောက် ကလဲ၊ ဘယ်လိုသွားနေတာလဲ၊ ညီမတို့ မေးခွန်းထုတ်ပြီ။ အခု ပြည်သူတွေ မိန်းကလေးမွေးထား တဲ့ ကလေးအမေတွေအရမ်းကို ရင်ထဲမှာ ပေါက်ကွဲနေပြီ’’ ဟု ဒေါ်သက်ထားနွယ်က ပြောသည်။ ဗစ်တိုးရီးယားအတွက် ရန်ကုန်မြို့အပါအ၀င် တိုင်းဒေသ ကြီးအနှံ့၌ ဆန္ဒပြတောင်းဆိုနေသည်။
No comments:
Post a Comment