Sunday, July 14, 2019

လွှတ်တော်အမတ်၏ လက်ဝတ်ရတနာခိုးသူသည် အမတ်တစ်ဦး၏ချွေးမဖြစ်နေ အမှုမှန်ပေါ်စေရန်ကူညီပေးခဲ့ပြီး ချွေးမဖြစ်သူ ကိုယ်ဖြစ်ကိုယ်ခံရဲရမည်ဟု ခိုးသူ၏ယောက္ခမအမတ်ပြော

နေပြည်တော် စည်ပင်ဧည့်ရိပ်သာ(၂)ရှိ ဒီချုပ် လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ၏အခန်းမှ ကျပ်သိန်း ၁၀၀ ကျော် တန်ဖိုးရှိ လက်ဝတ်ရတနာများ ခိုး ယူသူသည် ပါတီတူလွှတ်တော် ကိုယ်စားလှယ်တစ်ဦး၏ ချွေးမ ဖြစ်နေပြီး ဇူလိုင် ၁၃ ရက်မွန်းလွဲ က ဖမ်းဆီးခဲ့သည်။ ‘‘တရားခံမိပါပြီ။ ပစ္စည်း တွေလည်း ပြန်ရပါတယ်’’ ဟု ဇမ္ဗူသီရိရဲစခန်းမှ တာဝန်ကျရဲ အရာရှိတစ်ဦးက ပြောသည်။



လက်ဝတ်ရတနာများခိုးယူ ခဲ့သော အသက်(၃၀)အရွယ်မမိုး သူသူအောင်သည် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်တစ်ဦး၏ ချွေးမဖြစ်ပြီး စည်ပင်ဧည့်ရိပ်သာ တွင် ခေတ္တတည်းခိုနေခြင်းဖြစ် သည်။

ပြည်သူ့လွှတ်တော်အမတ် တစ်ဦး၏ ဇနီးသည် ဇူလိုင် ၁၁ ရက် ည ၇ နာရီ မိနစ် ၂၀တွင် ခင်ပွန်းအပြင်သွားစဉ် လက်ဝတ်ရတနာများ ထည့်ထား သော ဆလင်းဘက်အိတ်ကို ခုတင်ပေါ်တင်၍ ရေချိုးခန်းဝင်ခဲ့ သည်။ ၁၀ မိနစ်ခန့်ရေချိုးပြီး ပြန်ထွက်လာရာ ဆလင်းဘက် အိတ်ကို ခုတင်ဘေးရှိ ပြတင်း ပေါက်မှ လူတစ်ဦးက လက်ဖြင့် နှိုက်နေသဖြင့် လှမ်းဆွဲရာ လူ ထွက်ပြေးလွတ်မြောက်သွား၍ အ နီးဝန်းကျင်သို့ သူခိုးဟုအော်ဟစ် အကူအညီတောင်းခံခဲ့သည်။ ထို့ နောက် ဆလင်းဘက်အိတ်ကို စစ်ဆေးရာ စိန်လက်စွပ်နှစ်ကွင်း၊ စိန်လက်ကောက်တစ်ကွင်း၊ ရွှေ လက်ကောက်ကိုးကွင်း၊ ရွှေခြေ ချင်းတစ်ကွင်းစုစုပေါင်း တန်ဖိုး ကျပ် ၁၀၄ သိန်းခန့် လက်ဝတ်ရတ နာများထည့်ထားသော ဘူးခိုးခံရ ခြင်းဖြစ်သည်။ ခုတင်ပေါ်ရှိ ဆ လင်းဘက်အိတ်အတွင်းမှ လက် ၀တ်လက်စားများ ခိုးယူခံရ ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြ ထားသည်။

ဇူလိုင် ၁၁ ရက်ညတွင် အမှု ဖွင့်ခဲ့ပြီး ဇူလိုင် ၁၃ ရက်မွန်းလွဲ ၁၂ နာရီခွဲ၌ လက်ဝတ်ရတနာ ခိုးယူသူကို သက်သေခံပစ္စည်း များနှင့်အတူ ဖမ်းဆီးနိုင်ခဲ့သည်။

ခိုးယူခံရသည့်စိန်ထည်နှင့် ရွှေထည်ပစ္စည်းများကို ခိုးယူခံရ သည့် လွှတ်တော်အမတ်၏ဇနီးထံ ပြန်ပေးအပ်ထားသည်။

အခင်းဖြစ်ပြီးချိန် နောက်မှ နေ၍  လူတစ်ယောက်ထွက်လာ ခြင်းမှာ ၎င်းချွေးမဖြစ်နေကြောင်း မျက်မြင်သက်သေက ထွက်ဆို၍ ရဲတပ်ဖွဲ့က စစ်ဆေးရာ ချွေးမ ဖြစ်သူက ဘူးခံငြင်းဆိုနေသဖြင့် အမှန်အတိုင်းဖြေဆိုရန်နှင့်ပစ္စည်း ထားသည့်နေရာကို တန်းပြောရန် ၎င်းကိုယ်တိုင် ပြောဆိုခဲ့၍မိခဲ့ခြင်း ဖြစ်ကြောင်း ရွှေခိုးသူ၏ယောက္ခမ လွှတ်တော်အမတ်က ပြောသည်။

‘‘ဦးပဲ ဖော်ထုတ်ပေးခဲ့တယ်။ ဦးပဲ အပ်ပေးခဲ့တယ်။ ဒါ လက် မခံဘူး။ ဥပဒေမဏ္ဍိုင်အနေနဲ့ အ လုပ်လုပ်နေပြီး ကိုယ့်လူကျမှ ညှာ ချင်လို့မရဘူး’’ ဟု ၎င်းကဆို သည်။

အမှုကို ကျေအေးအလျှော့ ပေးရန် အခိုးခံရသည့်အမတ်ထံ တောင်းဆိုမည်မဟုတ်ဘဲ တရား လိုဆန္ဒ၊ ဥပဒေအတိုင်းသာ ဆောင်ရွက်မည်ဟု ၎င်းကဆို သည်။

‘‘ကိုယ်ဖြစ်ရင်တော့ ကိုယ်ခံ ရဲရမယ်။ ဥပဒေအတိုင်းပဲ’’ ဟု ၎င်းကဆက်လက်ပြောသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ နေပြည်တော် စည်ပင်သာယာ ရေးကော်မတီဒုတိယဥက္ကဋ္ဌ၊ ဒုတိ ယမြို့တော်ဝန် ဦးရဲမင်းဦးက ‘‘စည်ပင်ဧည့်ရိပ်သာအတွင်းမှာ တည်းခိုနေထိုင်တဲ့ ပုဂ္ဂိုလ်တွေ လုံ လောက်တဲ့လုံခြုံမှုရစေဖို့အတွက် စည်ပင်သာယာရေးကော်မတီက ညှိနှိုင်းဆောင်ရွက်ပေးသွားမှာ ပါ’’ ဟု 7Day Daily သတင်းစာ အား ပြောသည်။

စည်ပင်ဧည့်ရိပ်သာ(၂) သည် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ လွှတ်တော်သို့တက်ရောက် ခွင့်ရသည့် ကိုယ်စားလှယ်များနေ ထိုင်ပြီး ၎င်းတို့၏မိသားစုဝင်များ လည်း လိုက်ပါနေထိုင်သည်။

လာမည့်ဇူလိုင် ၁၅ ရက်တွင် လွှတ်တော်အစည်းအဝေးများ ပြန်လည်စတင်မည်ဖြစ်၍ လွှတ် တော်အမတ်များ စည်ပင်ဧည့်ရိပ် သာသို့ ပြန်လည်ရောက်ရှိနေ သည်။ ကိုယ်စားလှယ်များနေထိုင် သည့် စည်ပင်ဧည့်ရိပ်သာ(၂) တွင် ၀င်ပေါက်နှစ်ခုရှိပြီး ယင်းနေ ရာများတွင် စည်ပင်ဝန်ထမ်းများ နှင့် ရဲတပ်ဖွဲ့ဝင်များကို လုံခြုံရေး ချထားပြီး အ၀င်၊ အထွက်များကို ပုံမှန်စစ်ဆေးလေ့ရှိသည်။

No comments:

Post a Comment