‘‘ရေမြုပ်နေတော့ တော် တော်အခက်အခဲရှိတယ်။ အိပ်စရာ၊ နေစရာမရှိဘူး ဖြစ်နေကြ တယ်။ နဂိုတည်းက စခန်းတွေက မြေနိမ့်ပိုင်းမှာ မြေနဲ့တစ်ထွာ လောက်အကွာမှာပဲ ၀ါးလေးနဲ့ ဆောက်ထားကြတာဆိုတော့ ထပ်လည်းအခက်အခဲ ဖြစ်ဦးမယ်’’ဟု ၎င်းကဆိုသည်။
မြောက်ဦးမြို့နယ်ရှိ တိမ်ညို၊ မြတန်ဆောင်း၊ ချောင်းသစ် စသည့်ဒုက္ခသည်စခန်းများ ရေနစ်မြုပ်နေ ပြီး မင်းပြားမြို့နယ် ရွှေကျန်ကျေး ရွာနှင့် အနီးရှိ ရွာများမှ ဒုက္ခသည် များအခက်တွေ့နေကြောင်း ကူညီနေသူများက ပြောသည်။
စခန်းတစ်ခုလုံး ရေမြုပ်၍ နေထိုင်ရန် အဆင်မပြေတော့ သဖြင့် တိမ်ညိုဒုက္ခသည်စခန်းရှိ ဒုက္ခသည်များ တိမ်ညိုကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေရပြီးအချို့သည် ကျေးရွာတွင်း နီးစပ်ရာဆွေမျိုးနေအိမ်များ၌ ခိုလှုံနေရကြောင်းယင်းကျေး ရွာသား ဦးဝေလှအောင်က ပြော ကြားသည်။
စခန်းရေမြုပ်ရာတွင် စားနပ် ရိက္ခာအချို့ ပါသွားသဖြင့် ထိုဒုက္ခသည်များရေရှည်တွင် ရိက္ခာအခက်အခဲရှိနိုင်ကြောင်း ၎င်းကဆို သည်။ တိမ်ညိုစခန်း၌ ဒုက္ခသည် ၃,၀၀၀ ခန့် ရှိသည်။
‘‘လူတစ်ယောက်တောင် တစ်နေရာကို ပြောင်းရင် မလွယ် ဘူး။ အခု လူ ၂,၀၀၀ ကျော်ဆို တော့ အခက်အခဲရှိတာပေါ့။ ကြာ ရင်မလွယ်ဘူး’’ ဟု ဦးဝေလှအောင်က ပြောသည်။
ယင်းအပြင် အခြား ဒုက္ခ သည်စခန်းမှ ဒုက္ခသည်များလည်း နီးစပ်ရာ ဆွေမျိုးအိမ်နှင့် ဘုန်းတော်ကြီးကျောင်းများတွင် ခိုလှုံနေရကြောင်း ကူညီနေသူများက ဆိုသည်။
‘‘ရေကြီးတာ သုံး၊ လေးရက် ရှိပြီ။ ဒုက္ခသည်စခန်းတွေရော၊ စခန်းမဟုတ်တဲ့ ရွာတွေရောပဲ။ စားနပ်ရိက္ခာက အဓိကအခက် အခဲပဲ။ နောက်ထပ်ဒီလိုမျိုး သုံး ရက်လောက်ဆိုရင် တော်တော် ဒုက္ခရောက်ကြမှာ’’ဟု မင်းပြားမြို့ နယ် ပြည်နယ်လွှတ်တော်ကိုယ် စားလှယ် ဦးလှသိန်းအောင်က ပြောသည်။
ထပ်မံ၍ မိုးအဆက်မပြတ် ရွာသွန်းကာ မြစ်ရေတက်ပါက အခြေအနေ ပိုဆိုးနိုင်ကြောင်း ကိုဇော်ဇော်ထွန်းက ပြောသည်။ ထို့အပြင် ရေကြီးမှုနှင့်အတူ ဒုက္ခသည်များ အနာရောဂါများ ဖြစ်လာနိုင်သဖြင့် ကျန်းမာရေးစောင့် ရှောက်ပေးသင့်ကြောင်း ၎င်းကအကြံပြုသည်။ စစ်ဘေးရှောင် ဒုက္ခသည် များအတွက် ပြည်နယ်အစိုး ရက နေအိမ်များ ဆောက် လုပ်ပေးနေသော်လည်း လက်ရှိအထိ မပြီးစီးသေးဘဲ ယခုလကုန်ခန့် ပြီးစီးနိုင်မည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရက ပြောကြားထားသည်။
No comments:
Post a Comment