မကွေးတိုင်းဝန် ကြီးချုပ်နှင့် ၀န်ကြီးသုံးဦးကို နိုင်ငံ ရေးအရ အဂတိလိုက်စားမှုရှိသည် ဟု အမျိုးသားလွှတ်တော်ဥက္ကဋ္ဌထံ စာပေးပို့ထားကြောင်း အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးတင် အောင်ထွန်းက ယမန်နေ့တွင် ပြောသည်။ ဦးတင်အောင်ထွန်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှ နုတ်ထွက်ထားသူဖြစ် သည်။ ၂၀၁၈ မန်းရွှေစက်တော် ဘုရားပွဲကာလတွင် နမ္မဒါ (၁)တည်းခိုဆောင်၌ ၀န်ကြီးချုပ်နှင့် ၀န်ကြီးသုံးဦးတို့က တည်းခိုစရိတ် ကျပ် ၉၆ သိန်းမပေးဘဲ တည်းခို သည်ဟုဆိုကာ တိုင်ကြားထား ခြင်းဖြစ်သည်။
အဂတိလိုက်စားမှု တိုက် ဖျက်ရေးဥပဒေအရ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌထံ ပြီးခဲ့သည့် အောက်တိုဘာတွင် စာရေးသား တိုင်ကြားထားသည်ဟု မကွေး တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၅) အမျိုးသားလွှတ်တော် ကိုယ် စားလှယ် ဦးတင်အောင်ထွန်းက မေလ ၂၃ ရက် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးခေတ္တ ရပ်နားစဉ် သတင်းထောက်များ ကို အသိပေးသည်။
‘‘နိုင်ငံရေးအရ လက်ရှိရှိတဲ့ လူတွေအနေနဲ့ အဂတိလိုက်စား တာနဲ့ပတ်သက်ပြီးတော့ ကျွန် တော်က အဂတိလိုက်စားမှုတိုက် ဖျက်ရေး ဥပဒေမှာပါတဲ့အတိုင်း ဘဲ ကိုယ့်ရဲ့သက်ဆိုင်တဲ့ အမျိုး သားလွှတ်တော်ဥက္ကဋ္ဌဆီကို ကျွန် တော်ပေးပို့ခဲ့ပါတယ်။ ၂၀၁၈ က တည်းက။ အဲဒီလိုပို့ခဲ့ပေမယ့် အ ရေးယူဆောင်ရွက်ခြင်းတစ်စုံတစ် ရာ ကျွန်တော့်အနေနဲ့ မတွေ့မြင် ခဲ့ရဘူး’’ ဟု ဦးတင်အောင်ထွန်းက ပြောသည်။
၂၀၁၈ အောက်တိုဘာ ၈ ရက်တွင် လွှတ်တော်ဥက္ကဋ္ဌထံ ၎င်းပေးပို့စာ၌ မကွေးတိုင်းဝန် ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန် ကြီး ဗိုလ်မှူးကြီးမင်းဦး၊ သယံဇာ တနှင့် သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်၊ လူမှုရေးဝန်ကြီးဒေါက် တာခင်မောင်အေးတို့ ပါဝင် ကြောင်း ၎င်းကဆိုသည်။
ယင်းနောက် ၂၀၁၈ ဒီဇင် ဘာတွင် ပေးပို့စာဆောင်ရွက် ထားမှုအခြေအနေကို အမျိုးသား လွှတ်တော်၌ မေးခွန်းမေးမြန်းရန် ကြိုးစားခဲ့သော်လည်း ဥက္ကဋ္ဌထံမှ ခွင့်ပြုချက်မရဟု ဦးတင်အောင် ထွန်းကပြောသည်။
ထို့အပြင် ပြီးခဲ့သည့်ရက်များ အတွင်း ပြည်ထောင်စုလွှတ်တော် ၌ အဂတိလိုက်စားမှု တိုက်ဖျက် ရေးကော်မရှင်၏ အစီရင်ခံစာအ ပေါ် လွှတ်တော်ကိုယ်စားလှယ် များ ဆွေးနွေးရာတွင် ကိုယ်တိုင်ပါ ၀င်ပြီး အထက်ပါကိစ္စကို ထည့် သွင်းဆွေးနွေးခဲ့သော်လည်းကော် မရှင်ဥက္ကဋ္ဌထံမှ အဖြေတစ်စုံတစ် ရာမရခဲ့ဟု ၎င်းက ပြောသည်။
မကွေးတိုင်းဒေသကြီးဝန် ကြီးချုပ် ဒေါက်တာအောင်မိုးညို ကမူ မန်းရွှေစက်တော်ရှိ နမ္မဒါ (၁) နှင့် နမ္မဒါ (၂) တို့တွင် တပ်မ တော်အတွက် အခန်းလေးခန်း၊ အရပ်ဘက်အတွက် အခန်းလေး ခန်းတို့ကို အစဉ်အလာဖြင့် တည်း ခိုလေ့ရှိနှင့်ပြီးဖြစ်သည်ဟု ပြော သည်။
သို့သော် ယခင်ကမည်သည့် ပြဿနာမျှမရှိခဲ့ဘဲ နမ္မဒါ(၁)သည်၂၀၁၈ မန်းရွှေစက်တော်ဘုရား ပွဲတော်၌ သတ်မှတ်ခွင့်ပြုထား သည့် အခန်းအရေအတွက်ထက် တိုးမြှင့်ဆောက်လုပ်သဖြင့် မ ကွေးတိုင်းအစိုးရက ကျပ်သိန်းပေါင်းများစွာ ဒဏ်တပ်လိုက်ပြီး နောက် အထက်ပါပြဿနာ ဖြစ်ပွားရခြင်း ဖြစ်သည်ဟု ၀န်ကြီးချုပ်ကဆို သည်။
‘‘စည်းမျဉ်းစည်းကမ်း ချိုး ဖောက်လို့ ဒဏ်တပ်လိုက်လို့ ဇယားတွေရှုပ်ပြီး သူကကျွန်တော် တို့ကို တင်အောင်ထွန်းကို ငှားပြီး တရားစွဲတာ။ ဒါပဲ’’ ဟု ၎င်းကဆို သည်။
ဝန်ကြီးချုပ်က ဆက်လက်၍ ‘‘ဘာမှမှုစရာမလိုဘူး။ ကျွန် တော်က နည်းနည်းမှမမှုဘူး။ အဲ ဒီကိစ္စနဲ့ပတ်သက်ပြီး နည်းနည်း မှပူစရာမလိုဘူး။ နေပြည်တော် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရဲ့ စုံစမ်းစစ်ဆေးမှုခံဖို့ အဆင်သင့်ပဲ’’ ဟု 7Day Daily သတင်းစာအား ပြောသည်။
အမျိုးသား လွှတ်တော်ကိုယ် စားလှယ် ဦးတင်အောင်ထွန်း နှင့် အခြားအမျိုးသားလွှတ်တော် ကိုယ်စား လှယ်တစ်ဦးတို့ကို ၂၀၁၈ စက်တင်ဘာလ ၂၃ ရက် တွင် ကျင်းပခဲ့သော အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအ လုပ်အမှုဆောင်အဖွဲ့ အစည်းအ ဝေးဆုံးဖြတ်ချက်အရ ပါတီမှနုတ် ထွက်ခွင့်ပြုထားသည်။ ထိုသို့နုတ်ထွက်ရမှုနှင့် စပ် လျဉ်း၍ မီဒီယာများထံပြောဆိုခဲ့ သည့် မှတ်ချက်အချို့ကြောင့် ဒီ ချုပ်ပြောရေး ဆိုခွင့်ရှိသူ ဒေါက် တာမျိုးညွန့်ကို ဦးတင်အောင် ထွန်းက ၂၀၁၈ အောက်တိုဘာလ အတွင်း နိုင်ငံသားများ၏ ပုဂ္ဂလိကဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့်ထား ပြီး ယနေ့တိုင်ပြီးပြတ်ခြင်း မရှိ သေးပေ။
No comments:
Post a Comment